ငွေသံချပ်နဂါး
Vol. 19 Ch. 3.32
"အိုး?"
မော့ချုံကလည်း ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး
"ဒါက ကျွန်မတို့သားရဲခန်းမရဲ့ အရောင်းအဝယ်စာရင်းပဲ ကျွန်မတို့က လှည့်စားနေတယ်လို့ ဘယ်လိုပြောနိုင်မလဲ?"
“သံကျောကို ထောက်နောက်ခံ ပြုထားတဲ့ သံခေါင်းနဂါးက လေးနဲ့ အကြေးခွံတွေလို နောက်ကျောရှိပြီး အဆင့်၇ ရှိတဲ့ သားရဲကြီး... သံခေါင်းနဂါးလို့ ခေါ်ပေမယ့် တကယ်တမ်းမှာတော့ လိပ်ခေါင်းကြီးပဲ ရှိတယ်။ နက်နဲတဲ့ ရေကန်ထဲမှာ နေတဲ့ အေးခဲရေနဂါးနဲ့ ချော်ရည်မုန်တိုင်းနဂါးကလည်း အတူတူပဲ.... သူတို့က နဂါးပုံသဏ္ဌာန်ရှိတဲ့ သတ္တဝါ အကိုင်းအခက် နှစ်သွယ်ဖြစ်ပေမယ့် အမှန်တကယ်တော့ ကျားနဲ့ ကျားသစ်တွေလို မျိုးစိတ်တူတဲ့ ဧရာမသတ္တဝါကြီး တစ်ကောင်ပဲ"
လုရွှမ်သည် အဓိပ္ပါယ်မဲ့ စကားများ မပြောချင်သောကြောင့် ဤ "နဂါးခုနစ်ကောင်" ၏ သီးခြားဝိသေသလက္ခဏာများကို ပေါ့ပေါ့တန်တန် ပြောပြလိုက်သည်။
"ရှင်.... ရှင်.."
သူဤသို့ အသေးစိတ် ပြောသည်ကို ကြားသော် စားပွဲထိုးသည် အံ့အားသင့်သွားကာ မော့ချုံသည်လည်း ထိတ်လန့်ပြီး မယုံနိုင် ဖြစ်သွားသည်။ ဤသည်မှာ ခိုင်လုံသော အသိပညာအသိုက်အဝန်း ရှိရုံမျှမက ဉာဏ်ကြီးရှင် တစ်ယောက်လည်း ဖြစ်ပေသည်။
ဤသားရဲခုနစ်မျိုးသည် အရေအတွက် အားဖြင့် အလွန်ရှားပါးပါသည်။ မုဆိုးများစွာသည် ၎င်းတို့အနက်မှ တစ်ကောင်ကိုပင် တစ်သက်လုံး မတွေ့ရနိုင်ပေ။ ၎င်းတို့၏ လက္ခဏာများကို လွယ်လွယ်ကူကူ ပြောပြနိုင်သည့် သူတို့ရှေ့မှ ကောင်လေးသည် အသက်၁၆ ၁၇နှစ်သာ ရှိသေးပြီး သူပြောသမျှဟာ ကွက်ကွက်ကွင်းကွင်း မှတ်မိနေသကဲ့သို့ ဤအသိပညာနှင့် ကျယ်ပြန့်သော ဗဟုသုတသည် လူတို့ကို မယုံနိုင်လောက်အောင် အံ့သြသွားစေ၏။
"ဒါကို ရှင် ဘယ်လိုသိလဲ?"
ခြေလှမ်းနှစ်လှမ်း ဆုတ်ပြီးနောက် မော့ချုံသည် တုန်လှုပ် ချောက်ချားမှုမှ ပြန်လည်ကောင်းမွန်လာရန် အချိန်အတော် ကြာခဲ့သည်။
သားရဲကြီး ခုနစ်ကောင်အကြောင်း မှတ်တမ်းတွေကို သားရဲခန်းမထဲက အနက်ရှိုင်းဆုံး စာအုပ်ထဲမှာ ဝှက်ထားခဲ့ပြီး အဲဒီအကြောင်းကို သူမ မတော်တဆ သိလိုက်ရပေမယ့် သူ့ရှေ့က လူငယ်လေးက ရှင်းရှင်းလင်းလင်း ပြောနိုင်တာကြောင့် တစ်ဖက်လူက တခြားသားရဲခန်းမက ဟုတ်မဟုတ်ကို သံသယ ဝင်လာစေ၏။
"ငါပြောတာ ဟုတ်လားမဟုတ်ဘူးလား? ငါဘယ်လိုသိလဲ ဂရုစိုက်နေစရာ မလိုဘူး!"
လုရွှမ်သည် ထပ်ရှင်းပြရမှာ ပျင်းလွန်းလှသည်။
သူ့အရင်ဘဝတုန်းက သားရဲခန်းမရဲ့ ဌာနချုပ်ကို ရောက်ဖူးပြီး အဲဒီထဲက လျှို့ဝှက်ချက် အားလုံးကို သူသိသည်။ ဒါကြောင့် ဒီအချက်ရဲ့ ပရိယာယ်တွေကို ဘာကြောင့် နားမလည်ရမှာလဲ။
"ဒါ....."
ခဏတာ အသက်ရှုကြပ်သွားပြီး မော့ချုံသည် သူမရဲ့ ချစ်စရာကောင်းတဲ့ ပုံစံကို ပြန်ရခဲ့သည်။
"သခင်လေးက ဉာဏ်ကောင်းတဲ့ သူတစ်ယောက် ဖြစ်ပုံရတယ် ဒါကြောင့် သားရဲခန်းမက နောက်ထပ် အရောင်းအဝယ် စာရင်းကို ထပ်ထုတ်ယူလာပေးပါ့မယ်!"
စကားပြီးတာနဲ့ သူမ လှည့်ပြီး ပြန်ထွက်သွားသည်။ တစ်ဖက်လူကို လိမ်လို့မရတဲ့အတွက် မှန်ကန်တဲ့ အရာကို ထုတ်ယူလိုက်တာ ပိုကောင်းပါ၏။
"တော်လိုက်တာ!"
သခင်လေး၏ စာကြောင်း နှစ်ကြောင်း သုံးကြောင်းနဲ့ တစ်ဖက်က တင်ပြလာသော စာရင်းသည် အတုဖြစ်ကြောင်း သေချာသွားခဲ့သည်ကို မြင်လိုက်ရသောအခါ လျောက်ချင်း အလွန် သဘောကျသွားသည်။
သူသည် ယခုစာရင်းတွင်ရှိ "နဂါးမျိုးဆက်များ" အကြောင်းကို တစ်ခါမှ မကြားဖူးသေးပေ။ နဂါးဟူသည့် အမည်ကသာ လွှမ်းမိုးထားပြီး အတုလား အစစ်လား ဆိုတာလည်း မသိပါ။
သားရဲခန်းမသည် တိုက်ကြီးတစ်ခုလုံးတွင် သြဇာအရှိဆုံး အင်အားစုများထဲမှ တစ်ခုဖြစ်သည်။ ၎င်းတို့ကိုယ်တိုင် မျက်စိဖြင့် မမြင်ဘဲ ကုန်ပစ္စည်းအတုများကို ရောင်းချမည်ဟု ယုံရန် မဖြစ်နိုင်ပေ။
"တကယ်တော့ အဲဒီအကောင်ကြီး ခုနစ်ကောင်မှာ နဂါးသွေး မပါပေမယ့် သူတို့ရဲ့သွေးက ပြင်းထန်ကြမ်းတမ်းပြီး အလွန်ပြင်းထန်တဲ့ စွမ်းအားတွေ ပိုင်ဆိုင်ထားတယ်။ အဂ္ဂိရတ်ဆေးအဖြစ် ရိုးရိုးရှင်းရှင်း သန့်စင်ထားရင် နဂါးသွေးအဖြစ် သုံးရတာက ပြဿနာကြီးတော့ မဟုတ်ပါဘူး။ တကယ့် နဂါးသားစဉ် မြေးဆက်တွေနဲ့ ယှဉ်ရင် လိုက်မမီနိုင်တဲ့ အားသာချက်တွေ ရှိသေးတယ်"
လုရွှမ်က သူဘာတွေ တွေးနေလဲ ဆိုတာကို မြင်နေရသလိုပဲ ရှင်းပြလာသည်။
"ဒါက ပြောရရင် သားရဲခန်းမက အတုအယောင်တွေပဲ ရောင်းနေတာ မဟုတ်ပါဘူး ဒါက ကွဲပြားတဲ့ ရှုထောင့်တစ်ခုပဲ... ခရုနွားနဲ့ နွားတစ်ကောင်လိုပဲ။ ခရုနွားဟာ နွားမဟုတ်ဘူးလို့ ပြောလို့ရပါတယ် ဒါပေမဲ့ သူ့နာမည်မှာ နွားဆိုတဲ့ စာလုံးပါနေတယ်... ငါလိုချင်တဲ့ နဂါးသွေးလိုပဲ... သူတို့က နဂါးသားရဲနာမည်နဲ့ သွေးပေးတယ် အဲဒါက စည်းမျဥ်းကို ချိုးဖောက်တာ မဟုတ်ဘူး ငါလိုချင်တာ မဟုတ်ရုံပဲ!"
"ဒါပေမဲ့ သူတို့က လူတွေကို လှည့်စားဖို့ စကားလုံတွေနဲ့ ကစားနေတယ်လို့ ခံစားနေရတုန်းပဲ!"
လျောက်ချင်း မထိန်းနိုင်ဘဲ ပြောလိုက်သည်။ ဤသည်မှာ ဝယ်သူ၏ ခံစားချက်ကို လှည့်စားရန် စကားလုံးများဖြင့် ကစားခြင်း ဖြစ်သည်။
လုရွှမ် ခေါင်းယမ်းလိုက်သည်။
"သခင်လေးက မဟုတ်ဘူးလို့ ထင်လို့လား?"
"ဒါက သားရဲခန်းမကို အပြစ်တင်လို့ မရဘူး!" လုရွှမ်က ပေါ့ပါးစွာ ရှင်းပြလာသည်။
"နဂါးမျိုးနွယ်က ကမ္ဘာပေါ်မှာ နံပါတ်တစ် သက်ရှိသတ္တဝါလို့ လူသိများတယ်။ သူ့ရဲ့သွေးသားက မွန်မြတ်ပြီး တုနှိုင်းမဲ့တဲ့ သားရဲတွေပဲ.... မွေးကတည်းက ခွန်အားကြီးတယ် မျိုးဆက်တွေမှာ နဂါးသွေး ဘယ်လောက်ပဲ ရှားပါးနေပါစေ ပြင်းပြင်းထန်ထန် လေ့ကျင့်နေသမျှ အနှိုင်းမဲ့ မွန်မြတ်ပြီး နောက်ဆုံးမှာ ကောင်းကင်ကို ပျံတက်သွားနိုင်တယ်လို့တောင် ပြောလို့ရတယ်..."
"ဒါ့ကြောင့် ဒီအသွေးရှိတဲ့ သားရဲတွေက မရေမတွက်နိုင်တဲ့ အစွမ်းထက် လူတွေကို မွေးထုတ်ပေးနိုင်တယ်...သူ့သွေးက အရမ်းအဖိုးတန်တယ်... နဂါးသွေးကို အမဲလိုက်ဖို့ အပြင်းအထန် တားမြစ်ထားတာတွေ ရှိတယ် အဲဒါကြောင့် သားရဲခန်းမက ဒီလိုသွေးမျိုးနဲ့ နဂါးသွေးအစစ်က လွယ်လွယ် မရောင်းဝံ့ဘူး မဟုတ်ရင် နဂါးသွေးရှိတဲ့ သန်မာတဲ့လူက ပြဿနာလာရှာရင် သားရဲခန်းမတောင် ခံနိုင်မှာ မဟုတ်ဘူး!"
နဂါးသည် မြင့်မြတ်သော သွေးဖြင့် ကမ္ဘာတစ်ဝှမ်းလုံးတွင် နံပါတ်တစ် ဝိညာဉ်သားရဲ ဖြစ်သောကြောင့် လူများက စိတ်ဆန္ဒအရ သတ်ပစ်ရန် မည်သို့ ဖြစ်နိုင်မည်နည်း။
"အိုး!"
ထိုမှသာ လျောက်ချင်း နားလည်သွားသည်။ သားရဲခန်းမကို အပြစ်မတင် နိုင်သော်လည်း နဂါးသားရဲသည် အစွမ်းထက်လွန်းသဖြင့် နဂါးသွေးအစစ်ကို ပေါ်ပေါ်ထင်ထင် မရောင်းနိုင်ပေ။
မကြာမီ မော့ချုံသည် သူမ၏လက်ထဲတွင် လုံးဝခြားနားသော အရောင်းအဝယ် စာရင်းတစ်စောင်ကို ကိုင်ဆောင်ကာ နောက်တစ်ကြိမ် လှည့်ပြန်လာခဲ့သည်။
"သခင်လေး... ဒါက ကျွန်မတို့သားရဲခန်းမ အတွင်းက အရောင်းအဝယ် စာရင်းပါ... ကျေးဇူးပြုပြီး ကြည့်ပါ!"
ပြောပြီးတာနဲ့ စာရင်းကို လက်လွှဲပေးလာသည်။
အတုရှိလျှင် အစစ်အမှန် တစ်ခု ရှိပါမည်။ ဤစာရင်းသည် သားရဲခန်းမတွင် ရောင်းဝယ်သည့် အစစ်အမှန် စာရင်း ဖြစ်သည်။ လုရွှမ်သည် ၎င်းကိုယူကာ တစ်ချက်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
"မင်းတို့ဆီမှာ ငွေသံချပ်နဂါးရဲ့ သွေးတွေပဲ ရှိတာလား?"
ငွေသံချပ်နဂါးသည် ယခင် သံခေါင်းနဂါး၊ အေးခဲရေနဂါးတို့နှင့် ကွဲပြားသည်။ ၎င်း၏ ခန္ဓာကိုယ်တွင် နဂါးသွေးများ ပါဝင်နေသော်လည်း ၎င်းသည် ပါးလွှာလွန်းသည်။ အရွယ်ရောက်ပြီးသော ငွေသံချပ် နဂါးတစ်ကောင် သေဆုံးပြီး သွေးအားလုံးကို ထုတ်ယူလိုက်လျှင်ပင် နဂါးသွေး အစစ်အမှန် တစ်စက်တည်းကိုပင် ထုတ်ယူ၍ မရနိုင်ပေ။
နဂါးမီးငြိမ်းဆေးကို သန့်စင်ရန် အရည်အချင်း မပြည့်မီသေးပါ။
"ဟုတ်ပါတယ်!" မော့ချုံ ခေါင်းညိတ်လိုက်သည်။
"ကြည့်ရတာ ငါဒီသားရဲခန်းမကို အမြင့်ကြီး တွေးထားမိပုံပဲ"
တစ်ဖက်လူရဲ့ အတည်ပြု အဖြေကို ကြားတော့ လုရွှမ်က ခေါင်းခါပြီး စာရင်းကို ပြန်ပေးလိုက်သည်။ ဒီသားရဲခန်းမမှာ နဂါးသွေးကို ဝယ်နိုင်မယ်လို့ ထင်ခဲ့ပေမယ့် သူအတွေး လွန်သွားပုံရသည်။
တကယ့် သားရဲခန်းမ ဌာနချုပ်မှာတော့ ပြဿနာမရှိသည်မှာ သေချာပါသည်။ ၎င်းသည် ပေရွှီးအင်ပါယာ၏ အခွဲပိုင်းမျှသာ ဖြစ်ပြီး အမျိုးအစားများစွာ လိုအပ်နေသေး၏။
"ဒီကသခင်လေးက ငွေသံချပ်နဂါးရဲ့ သွေးကိုလည်း သဘောမကျဘူးလား?"
သူ့အသွင်အပြင်ကို မြင်တော့ မော့ချုံ အလွန်အံ့သြသွားသည်။ ဒီလူငယ်က အရမ်းပညာ ထက်မြတ်တာနဲ့တင် ကောင်းနေပါပြီ။ ဒါပေမဲ့ သူ့အမြင်ကပါ အရမ်းမြင့်နေတယ်လေ။
ငွေသံချပ်နဂါးသည် ၎င်းတို့၏ သားရဲခန်းမတွင် အဖိုးတန်ဆုံး နဂါးသွေး ဖြစ်နေပြီ ဖြစ်သော်လည်း လူငယ်သည် ၎င်းကို စိတ်ကူးယဉ်ခြင်း မရှိပေ။
"လျောက်ချင်း သွားရအောင်!"
လုရွှမ်သည် ၎င်းကို မဝယ်နိုင်ခဲ့သောကြောင့် နဂါးမီးငြိမ်းဆေးကို အစားထိုးနိုင်သော ဆေးညွှန်းရှိမည် မရှိလေရာ အဓိပ္ပါယ်မဲ့စွာ ပြောဆိုရန် စိတ်မ၀င်စားပေ။ အတန်ကြာအောင် စဉ်းစားပြီးနောက် ခေါင်းကို ခါယမ်းလိုက်ပြန်သည်။
စိတ်ထဲတွင် ခန္ဓာကိုယ်ကို ပျော့ပျောင်းစေသော နည်းလမ်းများစွာ ရှိသော်လည်း ဤအဆင့်တွင် နဂါးမီးငြိမ်းဆေးသည် အသင့်တော်ဆုံး ရွေးချယ်မှု ဖြစ်သည်။ အခြားနည်းလမ်းများသည် အလွန်အမင်း ပြင်းထန်လွန်းသလို လုံလောက်မှုလည်း မရှိပေ။
"ထားလိုက်ပါတော့... မရဘူးဆိုတော့လည်း မရဘူးပေါ့ ဒီလို သေးငယ်တဲ့နေရာမှာ မရှိတာ ဖြစ်သင့်ပါတယ်...."
လုရွှမ် သူ့ခေါင်းကို ခါယမ်းလိုက်ပြီး တခြားရွေးချယ်စရာ မရှိတော့ပေ။
ပေရွှီးအင်ပါယာသည် အထက်တန်းစား အင်ပါယာဖြစ်ကာ ဝူယန်အင်ပါယာထက် နှစ်ဆပိုမို အားကောင်းသော်လည်း ယခင်ဘဝက ဂိုဏ်းကြီးခြောက်ခုထက် အနည်းငယ် ဆိုးရွားနေသေးသည်။
ယခင်ဘဝက အဓိကဂိုဏ်းကြီး ခြောက်ဂိုဏ်းသည် ဤဘဝတွင် အထက်အင်ပါယာများထက် ပိုမိုအားကောင်းခဲ့သည်။
ဗုန်း!
လုရွှမ်သည် စိတ်ပျက်အားငယ်မှု အပြည့်ဖြင့် လျောက်ချင်း နှင့်အတူ ထွက်ခွာခါနီးတွင် သားရဲခန်းမ တစ်ခုလုံး ရုတ်တရက် တုန်ခါသွားကာ ဆူညံပွက်လော ရိုက်သံများ ထွက်ပေါ်လာခဲ့သည်။
ဝူး!!!
အသံသည် တိတ်ဆိတ်နေသော်လည်း လူများကို အလိုအလျောက် တုန်လှုပ်စေသည့် စိတ်ဝိညာဉ်၌ ဖိနှိပ်မှုကို ခံစားရစေသည်။