← Chapters

ခဏနေရင်

Vol. 19 Ch. 3.33

ခဏနေရင်

Vol. 19 Ch. 3.33

"ဒါက"

ဟိန်းဟောက်သံကို ကြားသော် လုရွှမ်၏ မျက်ခုံးများ တွန့်သွားပြီး သူ့မျက်လုံးထဲတွင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။

"အို... အဲဒါက သံသွားသင်းခွေချပ် ဝိညာဥ်သားရဲပဲ.... ကျွန်မတို့ခန်းမသခင် အပြင်ကနေ ဖမ်းမိလာတဲ့ ဝိညာဉ်သားရဲ ရက်အတော်ကြာအောင် ယဉ်ပါးသွားအောင် လုပ်ပေမယ့် ကံမကောင်းတာက အဲဒီကောင်က ခေါင်းမာလွန်းတယ် အခုအချိန်အထိ မအောင်မြင်သေးဘူး!"

မော့ချုံက ရှင်းပြလာသည်။

လူတို့သည် သေမျိုးတို့၏ အနှောင်အဖွဲ့ကို ဖောက်ထွင်း၍ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်သို့ ရောက်ရှိသွားသလို သားရဲများသည်လည်း ရိုင်းစိုင်းသော သားရဲ၏ ခြေစည်းများကို ဖြတ်၍ ဝိညာဥ်သားရဲများ ဖြစ်လာကြသည်။

ဆိုလိုသည်မှာ ဝိညာဥ်သားရဲ အနိမ့်ဆုံးအဆင့်ပင်လျှင် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်က လူသားတစ်ဦးကို တိုက်ခိုက်နိုင်သော စွမ်းအားရှိသည်။

"သံသွားသင်းခွေချပ်?" လုရွှမ်၏ အမူအရာက ထူးဆန်းနေသည်။

"ဟုတ်တယ်!" မော့ချုံ ခေါင်းညိတ်လိုက်သည်။

"ငါ့ကိုခေါ်သွားပြလို့ ရမလား?"

မော့ချုံ ခဏရပ်ပြီး "ရပါတယ်... ဒါပေမဲ့"

"ဘာဖြစ်လို့လဲ? ပြဿနာရှိလို့လား?"

"ခန်းမသခင်က ဒီသံသွားသင်းခွေချပ်ကို အရမ်းချစ်ပေမယ့် မရေမတွက်နိုင်တဲ့ နည်းတွေနဲ့ ကြိုးစားပြီးတောင် မယဉ်ပါးနိုင်ဘူး။ အခု သူနဲ့ အတူတူ ထိန်းကျောင်းဖို့ သားရဲထိန်းဆရာကို ခေါ်ထားရတယ်... တကယ်လို့ သခင်လေးက သားရဲထိန်းသူ ဆိုရင် တိုက်ရိုက်ဝင်လို့ရတယ် မဟုတ်ရင်တော့ ဘာမှမတတ်နိုင်တော့မှာ ကြောက်ရတယ်!"

မော့ချုံက ပြုံးလိုက်ပြီး

"ဒါက ခွဲခြားဆက်ဆံတာ မဟုတ်ပါဘူး... အခု အခြေအနေကို သခင်လေးလည်း ခံစားမိမှာပါ... သံသွားသင်းခွေချပ် ဝိညာဥ်သားရဲက ဒေါသလည်း ဆိုးတယ်။ သားရဲ လေ့ကျင့်ပေးသူ မဟုတ်ရင် တစ်ဖက်လူကို ပိုစိတ်ဆိုး သွားစေလိမ့်မယ်"

သားရဲလေ့ကျင့်ပေးသူသည် တောရိုင်းသားရဲများနှင့် ဝိညာဥ်သားရဲများနှင့် ဆက်သွယ်နိုင်သောကြောင့် သားရဲများသည် သူ့အား သဘာဝအတိုင်း ချစ်ခင်ကြင်နာကြသည်။ သာမန်သားရဲနှင့် မတူဘဲ သံသွားသင်းခွေချပ် ဝိညာဥ်သားရဲသည် ဒေါသကြီးလို့ အခုဘယ်သူ့ကို တွေ့သည်ဖြစ်စေ စိတ်တိုနေပြီ ဖြစ်သည်။

"ဒါပေါ့"

လုရွှမ် ခေါင်းညိတ်လိုက်သည်။ ဒီအမှန်တရားကို သူလည်း နားလည်တယ်လေ။

"သခင်လေးက သားရဲကို ထိန်းကျောင်းသူလား"

လူငယ်လေး၏ သားရဲအကြောင်း နားလည်မှုကို တွေးရင်း မော့ချုံက မတတ်နိုင်စွာ မေးလိုက်သည်။

"ဒီမှာ အကဲဖြတ်လို့ရလား?"

လုရွှမ်က တချက်ကြည့်လိုက်ပြီး တစ်ဖက်က ခေါင်းညိတ်ပြလာသော အခါ ချက်ချင်း ပြန်ကြည့်လိုက်သည်။

"မဟုတ်သေးဘူး... ခဏနေရင် အကဲဖြတ်မယ်..."

"ခဏနေရင်?"

မော့ချုံသည် ပထမတွင် တစ်ဖက်လူ၏ ဆိုလိုရင်းကို နားမလည်သော်လည်း ခဏအကြာတွင် သူမနားလည်လာပြီး မူးလဲလုနီးပါး ဖြစ်သွားသည်။

"သခင်လေးက အခုအကဲဖြတ်ဖို့ ရည်ရွယ်ထားတာ မဟုတ်ဘူးမလား"

သားရဲထိန်းသူ အကဲဖြတ်မှုက ကစားစရာ မဟုတ်ဘူးလေ။ လာနောက်နေတာလား?

"ဟုတ်တယ်!"

လုရွှမ်က သေချာနေဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

"သားရဲလေ့ကျင့်ရေး ဆရာကို အကဲဖြတ်ဖို့ အရမ်း အန္တရာယ်များတဲ့ သားရဲတွေနဲ့ ဆက်သွယ်ရမှာ"

မော့ချုံက မကူညီနိုင်ဘဲ ပြောလိုက်ပါ၏။

သားရဲကို လေ့ကျင့်ပေးသူအနေနဲ့ သားရဲတွေနဲ့ နီးနီးကပ်ကပ် ဆက်ဆံပြီး ထိန်းကျောင်းဖို့ နည်းလမ်း ရှာရပါမည်။ သို့သော်လည်း သားရဲတွေက ရက်စက်တတ်ပြီး ကောင်းကောင်း မလုပ်နိုင်ရင် ရူးသွားနိုင်သည်။

သားရဲထိန်းသူ အကဲဖြတ်မှုသည် အန္တရာယ်အရှိဆုံး အရာများထဲမှ တစ်ခုဖြစ်သည်။ ၎င်းသည် ခြေတစ်လှမ်း မှားသွားပါက သားရဲ၏ ဒေါသနှင့် လောင်ကျွမ်းကာ သေဆုံးသွားလိမ့်မည်။

ဤအကြောင်းကြောင့်လည်း သားရဲလေ့ကျင့်ပေးသူ အရေအတွက်သည် အလွန်ရှားပါးသော အရည်အချင်းနှင့် ယှဉ်တွဲလျက် ရှိသည်။ အကဲဖြတ်မှုသည် ပါးစပ်ဖွင့်ပြီး အကဲဖြတ်မည်ဟု ပြောလိုက်တာနဲ့ ရတဲ့ ဟာသမဟုတ်ဘူး။

"ငါသိတယ်!"

လုရွှမ်က တစ်ဖက်လူရဲ့ စကားကို ဝင်နှောင့်ယှက်လိုက်သည်။ သားရဲလေ့ကျင့်ပေးသူသည် ရှက်ဖွယ်ကောင်းသော အလုပ်မဟုတ်ပါ။ သေချာသည်မှာ သူအကဲဖြတ်နည်းကို သိထားပါသည်။

"တကယ်တော့ သခင်လေး အကဲဖြတ်ရရင်လည်း အရေးမကြီးဘူး... သခင်လေးရဲ့ ဗဟုသုတကို ကြည့်တာနဲ့တင် နိမ့်ပါးတဲ့ သားရဲတွေ ဒုက္ခမပေးနိုင်မှန်း ခန့်မှန်းမိပါတယ် ဒါပေမဲ့...."

၎င်း၏ အခိုင်အမာ ပြောဆိုမှုကို ကြည့်ပြီး မော့ချုံ စကားမပြောတော့ဘဲ ခဏတာ တုံ့ဆိုင်းသွားကာ

"သံသွားသင်းခွေချပ်က ဝိညာဉ်သားရဲဖြစ်ပြီး ခန်းမသခင်က ဖမ်းခေါ်လာတဲ့ သားရဲမလို့ ဂိုဏ်းဆရာနယ်ပယ်မှာ ရှိပါတယ်... တကယ်လို့ သခင်လေး အဆင့်တစ်ခုကို အောင်နိုင်မယ်ဆိုရင်တော့ ကြည့်ရှုဖို့ အရည်အချင်း ပြည့်မီမှာပါ..."

အဂ္ဂိရတ် ပညာရှင်ကဲ့သို့ သားရဲများကို အဆင့်တစ်မှ ကိုးအထိ ခွဲခြားထားပြီး အဆင့်တစ်မှ ကိုးအထိ သားရဲများကို ယဉ်ပါးစေရမည်။ အဆင့်၉ အထက်တွင်မှ ဂိုဏ်းဆရာ ရှိလေသည်။

ကျွမ်းကျင်အဆင့်ရှိ သားရဲလေ့ကျင့် ပေးသူများသည် ဝိညာဥ်သားရဲများကို ယဉ်ပါးစေနိုင်သည်။ ဆိုလိုသည်မှာ သားရဲမျိုးနွယ်များသည် လူသားများအဖြစ်သို့ ပြောင်းလဲနိုင်သော စွမ်းအားရှိသူများ ဖြစ်သည်။

သံသွားသင်းခွေချပ်များသည် ဝိညာဉ်သားရဲများဖြစ်ပြီး မော့ချုံ၏ လေသံဖြင့် သုံးသပ်ကြည့်လျှင် အဆင့်သည် မနိမ့်ကျပေ။ သာမန်သားရဲ ထိန်းကျောင်းသူများသည် ၎င်းကို မလုပ်ဆောင်နိုင်ဘဲ ဂိုဏ်းဆရာအဆင့်သို့ ရောက်ပြီးသူများသာ ၎င်းတို့အား ယဉ်ပါးစေရန် အရည်အချင်းပြည့်မီသည်။ မဟုတ်ရင် တစ်ဖက်သားရဲ့ ဒေါသကိုသာ နှိုးဆော်ပေးမိလိမ့်မည်။

သူမရှေ့ရှိ လုရွှမ်သည် ပထမတန်းစား သားရဲထိန်းသူပင် မဟုတ်ပေ။ အကယ်၍ သူအောင်မြင်သွားသော်လည်း ယခုပင် အကဲဖြတ်ရန် အရည်အချင်း ပြည့်မီမည် မဟုတ်ပေ။

"ပထမအဆင့်ကစပြီး အကဲဖြတ်မှုကို စရမှာလား? သားရဲထိန်းသူက ဘယ်အဆင့်ကနေ အကဲဖြတ်ပါစေ အကဲဖြတ်မှု အောင်မြင်ရင် အဆင်ပြေတယ်မလား?"

လုရွှမ် မျက်မှောင်ကြုတ်လိုက်သည်။ သားရဲထိန်းသူများအတွက် အကဲဖြတ်ချက်သည် အဂ္ဂိရတ်ပညာရှင်များနှင့် ကွဲပြားသည်။

အဂ္ဂိရတ်သမားများက အဆင့်အလိုက် အကဲဖြတ်ရမည် ဖြစ်ပြီး အလွှာအလိုက် တိုးတက်မှုကို အကဲဖြတ်ရမည် ဖြစ်သည်။ ယခင်အဆင့်တွင် အခြေခံအုတ်မြစ် မရှိဘဲ နောက်တစ်ဆင့်တွင် အကဲဖြတ်ရန် အခွင့်အလမ်းပင် ရှိမည် မဟုတ်ပေ။

သားရဲထိန်းသူသည် ကွဲပြားသည်။ သင်ယဉ်နိုင်သည့် သားရဲအဆင့် ဘယ်အဆင့်ကိုမဆို အကဲဖြတ်နိုင်သည်။

"ဒါပေါ့"

မော့ချုံက ခေါင်းညိတ်လိုက်ပြီး ဆက်ပြောတော့မည်ဖြစ်သော်လည်း လူငယ်က ဝင်နှောင့်ယှက်ခဲ့သည်။

"ငါ့ကို ဂိုဏ်းဆရာအဆင့်ကို အကဲဖြတ်ဖို့ ခေါ်သွားပေး!"

"အဟွတ် အဟွတ်... ဂိုဏ်းဆရာအဆင့်?"

မော့ချုံသည် သူမ၏ တံတွေးနှင့် သီးလုနီးပါး ဖြစ်သွားခဲ့သည်။ သူက ပထမအဆင့် သားရဲထိန်းသူတောင် မဟုတ်သေးတာကို ဂိုဏ်းဆရာအဆင့်ကို အကဲဖြတ်မယ်ဆိုပြီး လာနောက်နေတာလား။

"ဂိုဏ်းဆရာအဆင့်ကို အကဲဖြတ်ချင်ရင် ဝိညာဥ်သားရဲကို ရင်ဆိုင်ရမယ်.... ဝိညာဥ်သားရဲ ရူးသွားရင် အရမ်းအန္တရာယ် များတယ်နော်"

ရူးသွပ်သွားသည့် ခံစားချက်ကို တွန်းလှန်ရင်း မော့ချုံ ကမန်းကတန်းပြောလိုက်သည်။

ဝိညာဉ်သားရဲတို့သည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်ရှိ တန်ခိုးရှင်များနှင့် ညီမျှ၏။ ယဉ်ပါးစေနိုင်လျှင် ကောင်းပေစွ မဟုတ်ရင်တော့ ဝိညာဥ်သားရဲ၏ ညစာသာ ဖြစ်သွားလိမ့်မည်။

"ငါသိတယ်.... ငါ့ကိုခေါ်သွားပေး!"

လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

"ရှင်"

လူငယ်လေး၏ မျက်လုံးများ တင်းတင်းမာမာ ဖြစ်နေတာကို မြင်လိုက်ရတော့ မော့ချုံလည်း သူ့ကို မတားနိုင်မှန်း သိလိုက်သောကြောင့် သူမ လှည့်ပြီး ရှေ့ကို လှမ်းလာခဲ့သည်။

"ကျွန်မနဲ့ လိုက်ခဲ့!"

ထိုအချိန်တွင် သူမ၏ မျက်နှာသည် အေးခဲလာသည်။ အရင်ကတော့ လူငယ်လေးဟာ ဗဟုသုတရှိပြီး အထင်ကြီးစရာ ကောင်းတယ်လို့ မြင်မိပေမယ့် အခုချိန်မှာတော့ သူမကို လာလှည့်စားနေသလိုပင်။

တခြားသူတွေလိုပဲ သူမကို ဆွဲဆောင်ဖို့ တမင်တကာ ဟန်ဆောင်ပြနေတာပဲ။

သူမရဲ့ လှပပြီး ကျက်သရေရှိမှုကြောင့် ဒီလိုမျိုး နေ့တိုင်း နေ့တိုင်း လာပြီး စွဲဆောင်လိုတဲ့ သူတွေ မရေမတွက်နိုင်အောင် များပြားနေတာကို တွေ့ခဲ့ဖူးသည်။ ပြီးခဲ့တဲ့ တစ်ခေါက်မှာတော့ စိတ်ဓာတ်ကို ယဉ်ပါးအောင် ထိန်းဖို့ တမင်တကာ ပြောခဲ့တဲ့ ကောင်လေူတစ်ယောက် ရှိခဲ့သည်။

သို့သော် နောက်ဆုံးမှာတော့ ဝိညာဥ်သားရဲဆီ မရောက်ခဲ့ဘဲ အရမ်းထိတ်လန့်သွားပြီး မြေကြီးပေါ်မှာ လှဲချလိုက်တော့ မစင်နဲ့ ဆီးတွေကပင် စီးကျသွားခဲ့ရသည်။

ဒီကောင်လေးကလည်း အတူတူပဲလို့ ခန့်မှန်းရပါတယ်။ သူမကို အထင်ကြီးစေရန် ရည်ရွယ်ချက်ရှိရှိ ခြိမ်းချောက်ခဲ့သည် မဟုတ်ပါလား။

"ဟမ့် ပိုကြောက်စရာကောင်းတဲ့ ဝိညာဥ်သားရဲတစ်ကောင်ကို ရှာပြီး နင့်ကို မေ့သွားတဲ့အထိ ခြောက်လန့်ပစ်မယ်!"

မော့ချုံသည် သူမ၏ နှလုံးသားထဲတွင် အေးစက်သော နှာမှုတ်သံနှင့်အတူ မျက်လုံးများကို မှိတ်ထားလိုက်သည်။

သားရဲထိန်းသူများ၏ အကဲဖြတ်မှုသည် သက်ဆိုင်ရာအဆင့်ရှိ တောရိုင်းသားရဲများနှင့် ဝိညာဉ်သားရဲများကို ယဉ်ပါးစေရန် ဖြစ်သော်လည်း ရက်စက် ကြမ်းကြုတ်သော သားရဲနှင့် သိမ်မွေ့သော သားရဲများနှင့် တူညီသောအဆင့်ရှိ ဝိဉာဉ်သားရဲများအကြား ကွာခြားချက် များစွာရှိသည်။

သိမ်မွေ့သော ကောင်များသည် ယဉ်ပါးရန် အတော်လေး လွယ်ကူသည်။ ရက်စက်ကြမ်းကြုတ်သော သားရဲများသည် ၎င်းတို့ မနီးကပ်မီ တိုက်ခိုက်ခံရနိုင်ပြီး ၎င်းတို့ကို ယဉ်ပါးစေရန်မှာ ရိုးရှင်းစွာ မဖြစ်နိုင်ပေ။

မော့ချုံ၏အမြင်အရ ဤကလေးသည် အလွန်မာနကြီးပြီး သူမအာရုံစူးစိုက်မှုကို ဆွဲဆောင်ရန်အတွက် ဤကဲ့သို့ တမင်တကာ ပြောခဲ့ခြင်း ဖြစ်မည်ဖြစ်ပြီး ရက်စက်ကြမ်းကြုတ်သော ဝိညာဥ်သားရဲ တစ်ကောင်ကို တွေ့ပါက အခက်အခဲများကြားမှ ဆုတ်ခွာသွားမည် ဖြစ်သည်။

ဒါကိုတွေးပြီး စိတ်ထဲမှာ ဆုံးဖြတ်ချက်တစ်ခုကို အမြန်ချလိုက်သည်။ သူလမ်းပြပြီး ခဏအကြာတွင် လုရွှမ် နှင့် လျောက်ချင်းတို့သည် သံလှောင်အိမ်ကြီး တစ်ခုဆီသို့ ရောက်လာခဲ့ကြသည်။

"ကောင်းပြီ...ဒါက ဝိညာဉ်သားရဲ တစ်ကောင်ပဲ... ကောင်းကင်ကျား... ရှင်အောင်နိုင်ရင် သားရဲကို ထိန်းကျောင်းတဲ့ ဂိုဏ်းဆရာအဆင့် ဖြစ်လာမယ်... မအောင်မြင်ရင် ပြန်သွားလိုက်ပါ ဒါက ဟာသလုပ်စရာ မဟုတ်ဘူး!"

မော့ချုံသည် လှောင်အိမ်အား ညွှန်ပြပြီး အေးစက်စွာ ဆိုလိုက်သည်။

သူမ၏ လက်ချောင်းများ တစ်လျှောက် ကြည့်လိုက်လျှင် အမြင့်သုံးမီတာကျော်ရှိ သံလှောင်အိမ်အတွင်း၌ ကြီးမားသော ဝိညာဉ်သားရဲကြီး တစ်ကောင် ရှိနေသည်။ ၎င်းသည် ကြီးကျယ်ခမ်းနားပြီး အိပ်ပျော်နေသော်လည်း လူတို့ကို သူ့အပေါ် လွှမ်းမိုးနိုင်စွမ်း မရှိသည့် ခံစားချက်ကို ပေးစွမ်းနေဆဲ ဖြစ်သည်။

ဘာသာပြန်သူ - ဒီထဲကမိန်းကလေးတွေ သူတို့အလှကိုပဲ ဂုဏ်မောက်နေကြပါလား။ မလွယ်ဘူး လုရွှမ်ရေ။

All Chapters