သားရဲထိန်းခြင်း
Vol. 19 Ch. 3.34
ပထမအဆင့် ဝိညာဉ်သားရဲဖြစ်တဲ့ ကောင်းကင်ကျားသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က စွမ်းအားရှင်နှင့် နှိုင်းယှဉ်နိုင်သည်။ အဓိပတိနယ်ပယ်ပင် သူ့ရှေ့တွင် ကလေးတစ်ယောက်နှင့် တူညီပြီး ခုခံရန် နေရာမရှိနိုင်ပေ။
မော့ချုံက လုရွှမ်ကို ဒုက္ခပေးချင်တာကြောင့်မဟုတ်ဘဲ သူ့ကို နောက်ဆုတ် စေချင်တာကြောင့် ရွေးချယ်ခဲ့တာ ဖြစ်သည်။။
ဝူး!
သေချာတာကတော့ သူ့ရှေ့က လူအနည်းငယ်ရောက်လာတာနဲ့ ကောင်းကင်ကျားသည် ချက်ချင်း နိုးလာပြီး မတ်တပ်ရပ်လိုက်ကာ သူ့ခန္ဓာကိုယ်ကြီးဟာ ပြင်းထန်တဲ့ ရောင်ဝါတွေ ထွက်လာသည်။ ဟောက်သံနဲ့အတူ လေထုကလည်း ပြင်းထန်လာကာ အဓိပတိနယ်ပယ်က လူတောင် ယိမ်းထိုးပြီး ခေါင်းမူးသွားနိုင်သည်။
လျောက်ချင်း မျက်နှာက ဖျော့တော့သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။
အကြားအမြင်နှင့် မွေးဖွားလာသော ဝိညာဉ်သားရဲတို့သည် ဉာဏ်ပညာ ရှိကြပြီး လုံလုံလောက်လောက် အင်အားမရှိလျှင် ၎င်း၏ ဖိအားကို မခံနိုင်ကြပေ။
"မင်း ဟိုဘက်ကို အရင်သွားလိုက်!"
လျောက်ချင်း၏ အသွင်အပြင်က မခံနိုင်မှန်းသိသောကြောင့် လုရွှမ် လက်ကို ဝှေ့ယမ်းလိုက်သည်။ လျောက်ချင်းသည်လည်း အပိုစကား မပြောဝံ့ဘဲ ဘေးသို့ အလျင်အမြန် ပုန်းနေလိုက်သည်။
"ရှင် ဘာမှမဖြစ်ဘူး?"
မော့ချုံသည် မူလက ကောင်လေး၏ ပြက်လုံးများကို မြင်ချင်သော်လည်း သူမသည် ကောင်လေး၏ မလှုပ်မယှက် မတ်တပ်ရပ်နေတာကိုသာ မြင်ရမည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူ၏အမူအရာမှာ မပြောင်းလဲသလို တုန်လှုပ်ခြောက်ခြားမှုလည်း မရှိပေ။
"တံခါးကို အသာဖွင့်လိုက်!"
လုရွှမ်က သူမအမေးကို မဖြေဘဲ အေးအေးဆေးဆေး ပြောလိုက်သည်။
သူ့ရှေ့ရှိ လှောင်အိမ်ထဲတွင် သေးငယ်သော တံခါးပေါက် တစ်ခုရှိပြီး သားရဲလေ့ကျင့်ပေးသူ အတွက် အဝင်အထွက် လုပ်ရန် ပြုလုပ်ထားခြင်း ဖြစ်သည်။
"ဒါ...."
သူသွားချင်နေတာကို မြင်တော့ မော့ချုံက တုံ့ဆိုင်းစွာဖြင့် သူ့ကို ဘယ်လို ဖျောင်းဖျရမလဲ စဉ်းစားနေတုန်းမှာ လူငယ်လေးက လှောင်အိမ်ကို လက်ဖဝါးနဲ့ ပွတ်ဆွဲလိုက်တာနဲ့ သံသော့က ကျိုးသွားတာကို တွေ့လိုက်ရသည်။ သူက တံခါးကို တွန်းဖွင့်ပြီး ဝင်သွားပြီ။
"အာ သတိထား!"
မော့ချုံ၏ အမူအရာ ပြောင်းလဲသွားသည်။
သူမသည် မူလက အခက်အခဲများကြားမှ တစ်ဖက်သားကို ဆုတ်ခွာသွားစေရန် ရည်ရွယ်ထားသော်လည်း ဤလူကို တကယ်ဝင်သွားရန် မမျှော်လင့်ထားပေ။ တစ်ခုခုဖြစ်ခဲ့ပါက သူမရှင်းပြနိုင်မည် မဟုတ်။
ဝေါင်း!
တစ်စုံတစ်ယောက် ဝင်လာတာကို မြင်တော့ ကောင်းကင်ကျားသည် ဒေါသတကြီးနဲ့ ဟောက်ပြီး လုရွှမ်ဆီကို တန်းတန်းမတ်မတ် ပြေးဝင်သွားသည်။ ပြိုင်ဘက်၏ အရပ်ရှည်ပြီး ထွားကြိုင်းသော ခန္ဓာကိုယ်နှင့် ယှဉ်လျှင် လုရွှမ်သည် အရေးမပါလှပေ။
"သခင်လေး!!"
လျောက်ချင်း၏ တကိုယ်လုံး တုန်တုန်ယင်ယင် ဖြစ်သွားသည်။ သခင်လေးသည် သားရဲများကို ထိန်းကျောင်းနိုင်သည်ဟု တစ်ခါမျှ မကြားဖူးပါ။ ဒီလိုဝင်သွားတာက အရမ်းအန္တရာယ် များလွန်းသည်။
သခင်လေး၏ အစွမ်းသတ္တိကို အခြားသူများက မသိကြသော်လည်း သူကတော့ ကောင်းကောင်းသိသည်။
"အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်"
စိတ်ထဲမှာ ဆုတောင်းနေရုံကလွဲလို့ ဘာမှ မတတ်နိုင်တော့ပါ။ သူ ထိတ်လန့်သွားသလို မော့ချုံလည်း အေးခဲသွားသည်။ ကောင်လေးက သူပြောပြီးတာနဲ့ လုံးဝမရပ်ဘဲ ဝင်သွားတာဟာ သူမဘဝမှာ တစ်ခါမှ မကြုံဖူးပေ။
"ဟမ့်... သေရင်လည်း ထိုက်တန်တာပဲ... ဒါနင့်ဘာသာ သေလမ်းရှာတာ!"
သွားများကို အံကြိတ်ရင်း အေးစက်စွာ ဆိုလိုက်သည်။ ဒီလိုစိတ်ပျက်စရာ ကောင်းတဲ့လူကို ပထမဆုံး အကြိမ်တွေ့ဖူးတာပဲ။
ကောင်လေး သေတော့မယ် ဆိုတာ ခံစားလိုက်ရတော့ ခေါင်းယမ်းပြပြီး အလောင်းကို ကောက်ယူဖို့ တစ်စုံတစ်ယောက်ကို သွားရှာတော့မယ့် အခိုက် သူမမျက်လုံးတွေက လှောင်အိမ်ထဲကို ရောက်သွားတဲ့အခိုက် ရုတ်တရက် မျက်လုံးတွေ ဝိုင်းစက်သွား၏။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?"
သူမ၏ ခန္ဓာကိုယ် တုန်လှုပ်သွားသည်နှင့် တပြိုင်နက် ခြေချော်လဲလုနီးပါးပင် ယိမ်းယိုင်သွားသည်။ သူမ တင်မကပဲ အဝေးက လျောက်ချင်းပင် သူမြင်နေရတာကို မယုံနိုင်စွာ သူ့မျက်လုံးတွေကို ပြင်းပြင်းထန်ထန် ပွတ်သပ်နေမိသည်။
ခုနက အလွန်ရက်စက်တဲ့ ကောင်းကင်ကျားဟာ ဒီအချိန်မှာ သူ့ဂုဏ်သိက္ခာတွေ ဆုံးရှုံးသွားခဲ့သလိုပင်။ လုရွှမ်ဆီကို အပြုံးနဲ့ ရောက်လာပြီး သူ့သခင်ကို မြင်လိုက်ရတဲ့ ခွေးတစ်ကောင်လို အမြီးတွန့်ကာ သူ့ခေါင်းကြီးကို တိုးဝေ့ပွတ်သပ်နေတာ မြင်လိုက်ရသည်။
"ငါ...."
မော့ချုံ၏ သိမ်မွေ့သော ခန္ဓာကိုယ်သည် တုန်လှုပ်သွားပြီး စကားမပြောနိုင် ဖြစ်သွားတော့သည်။
တကယ်ကြီးလား? သားရဲက ယဥ်သွားတာလား? ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?
တစ်ဖက်သားသည် အလွန်မာနကြီးသော ဝိညာဥ်သားရဲ ဖြစ်သည်။ အခု ဘာလို့ ခွေးတစ်ကောင်လို လုပ်နေရတာလဲ။ ကိုယ့်မျက်စိနဲ့ မြင်ရတာတောင် အစစ်အမှန်ဆိုတာ မယုံနိုင်ဘူး။
ထို့အပြင် အခြားသူများသည် ဝိညာဉ်သားရဲကို ထိန်းနိုင်ရန် ဆယ်ရက်ကစလို့ တစ်လခွဲခန့် အချိန်ယူရသည်။ ခဏလေးအတွင်း အပြီးသတ်ရန် မဖြစ်နိုင်ပေ။
"ကောင်းပြီ.... ဒီမှာ နာခံပြီး နေခဲ့တော့"
လူငယ်သည် ကောင်းကင်ကျားကို ခေါင်းပုတ်ပေးကာ လှောင်အိမ်ထဲမှ ထွက်သွား၍ မော့ချုံကို တည်ငြိမ်စွာ ကြည့်ကာ
"ငါ အောင်မြင်စွာ ထိန်းနိုင်ပြီလား?"
"ထိန်းနိုင်ပါပြီ"
မော့ချုံ တံတွေ မျိုချလိုက်ရင်း ထိတ်လန့်တုန်လှုပ်ခြင်းမှ မသက်သာသေးဘဲ အနည်းငယ် မတည်မငြိမ် ဖြစ်နေဆဲ။ ကောင်းကင်ကျားကိုတောင် ဒီလိုငြိမ်သွားအောင် ထိန်းလိုက်နိုင်မှတော့ သေချာပေါက် အောင်မြင်ပြီပေါ့။
ဒီလိုလူမျိုးမှ မအောင်မြင်ရင် ဘယ်သူတွေကို အောင်မြင်ပါတယ်လို့ သူမပါးစပ်က ထုတ်ပြောနေရဦးမှာလဲ။
အောင်နိုင်မှုအရှိန်က အရမ်းမြန်နေတယ်။ အတိအကျ ဘယ်လိုများ လုပ်ခဲ့တာလဲ?
"ဒါဆို ငါ အခု သားရဲထိန်းသူ ဖြစ်ပြီလား?"
"ဖြစ်ပါပြီ"
မော့ချုံ အထပ်ထပ် အခါခါ ခေါင်းညိတ်ပြပြီး နောက်လှည့်ကာ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။ ခဏအကြာတွင် တစ်စုံတစ်ခုကို ယူဆောင်လာကာ လုရွှမ်ဆီ ပေးအပ်လိုက်သည်။
၎င်းသည် ပထမအဆင့် ဂိုဏ်းဆရာနယ်ပယ် သားရဲထိန်းကျောင်းသူ၏ တံဆိပ်ဖြစ်သည်။
"သံသွားသင်းခွေချပ်ကို သွားကြည့်ဖို့ ခေါ်သွားပေးပါ!"
လုရွှမ်သည် တံဆိပ်ကို ပေါ့ပေါ့တန်တန် ကောက်ကိုင်လိုက်သည်။
"ဟုတ်ကဲ့ ဟုတ်ကဲ့!"
မော့ချန် အလျင်အမြန် ခေါင်းညိတ်လိုက်သည်။ ယခုအချိန်တွင် သူမသည် သူမရှေ့မှ လူငယ်ကို လျှော့မတွက်ရဲတော့ပေ။ အသက်ငယ်ငယ်ဖြင့် ပထမအဆင့် ဝိညာဉ်သားရဲကို ထိန်းနိုင်သူကို သူမအလွန် အံ့သြနေမိပြီ။
အရင်ကတော့ တစ်ဖက်လူက သူမအာရုံကို စွဲဆောင်ဖို့ တမင်တကာ ပြပွဲတစ်ခု လုပ်နေတယ်လို့ ထင်မိပေမယ့် အခုပြန်တွေးကြည့်တော့ ဒီအတွေးက ဘယ်လောက် ရယ်စရာ ကောင်းလိုက်လဲဆိုတာ သိလာရသည်။
ထိုကဲ့သို့သော အရည်အချင်း ရှိသူများသည် သူမ၏ အာရုံစိုက်မှုကို ဆွဲဆောင်ရန် လိုအပ်နေပါ့မလား။ တစ်ဖက်လူရဲ့ မျက်လုံးထဲမှာ သူမဟာ ဘာမှ အဖြစ်မရှိမှာကိုတောင် ကြောက်ရတယ်။
မော့ချုံသည် တခဏမျှပင် သူမပါးကို တစ်စုံတစ်ယောက်က ရိုက်လိုက်သကဲ့သို့ ပူလောင်သောဝေဒနာကို ခံစားလိုက်ရသည်။
"သခင်လေး... အဲဒီကောင်ကြီးကို တကယ် ထိန်းနိုင်သွားတာလား?"
လျောက်ချင်းသည် သူ့အား တွေ့ဆုံရန် တက်လာပြီး သူ့မျက်နှာမှာ မယုံနိုင်စရာများဖြင့် ပြည့်နှက်နေသည်။ ထိုမယုံနိုင်စရာကို သူတွေ့နေရဆဲ ဖြစ်ပေ၏။
၎င်းသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က ဝိညာဥ်သားရဲကို သခင်လေး၏ ချက်ချင်း ယဉ်ပါးနိုင်သော အစွမ်းသတ္တိကြောင့် ဖြစ်သည်။
ငယ်ရွယ်သော သခင်လေးသည် အဂ္ဂိရတ်ပညာရှင်၊ လက်မှုပညာရှင် နှင့် အခင်းအကျင်း ဖွဲ့စည်းမှု ကျွမ်းကျင်သူ မဟုတ်လော။ ဘယ်တုန်းက သားရဲထိန်းကျောင်းသူ ဖြစ်လာတာလဲ။
သူထက်ငယ်တဲ့ ဒီသခင်လေးမှာ သူမသိသေးတဲ့ အရည်အချင်း ဘယ်လောက်တောင် ရှိသေးတာလဲ။
"အင်း!" လုရွှမ်က ခေါင်းညိတ်လိုက်ပြီး
"ဒီကျားကို ထိန်းဖို့ မခက်ပါဘူး!"
"မခက်ဘူး?"
မော့ချုံ ခါးသက်စွာ ပြုံးလိုက်သည်။ ကိုယ့်မျက်စိနဲ့ မမြင်ခဲ့မိရင် ဒီလူငယ်က ကြွားလုံးထုတ်နေသလားလို့ တွေးမိလိမ့်မည်။
တကယ်တမ်း ပြောရလျှင် ဤကောင်းကင်ကျားတွင် သားရဲထိန်းကျောင်းသူ နှစ်ဦးရှိနေပြီဖြစ်ပြီး ၎င်းတို့နှစ်ဦးစလုံးသည် ဒုတိယအဆင့်ရှိသော်လည်း နောက်ဆုံးတွင် ၎င်းတို့အားလုံး မအောင်မြင်ခဲ့ပေ။
ဒီစကားကို တခြားသူတွေကြားရင် သေတောင်သေချင်သွားလိမ့်မည်။
"ဘယ်လိုယဥ်အောင် ထိန်းရမလဲ ဆိုတာ သခင်လေး ကျွန်တော့်ကို သင်ပေးလို့ရမလား?"
သူစိတ်မဝင်စားရုံ သာမက မော့ချုံတောင်မှ သူ့အမေးကို ကြားလိုက်သော အခါတွင်ပင် လှည့်မကြည့်ဘဲ မနေနိုင်ပေ။
အချို့က သားရဲများကို ယဉ်ပါးစေရန် အစာမျိုးစုံကို ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပြီး ဖွဲ့စည်းဖော်ပြရန် နည်းလမ်းရှာကာ ဝိညာဉ်ဆက်သွယ်မှုကို လုပ်ဆောင်ရန် ဤနည်းလမ်းတွေကို အသုံးပြုကြကြောင်း ကိုယ်တိုင် တွေ့မြင်ခဲ့ရသည်။
"သင်ပေးရမယ်? ရတယ်လေ!" လုရွှမ် ခေါင်းညိတ်လိုက်သည်။
"ငါ့အတွက် တခြားဝိဉာဉ်သားရဲဖြစ်ဖို့ ဒီလောက်မလွယ်ပါဘူး... ဒီကောင်းကင်ကျားက နည်းနည်း ထူးခြားနေလို့ ဖြစ်မှာပါ!"
"ထူးခြားတယ်?"
လျောက်ချင်းမှာ လုရွှမ်ကို မကြည့်ဘဲ မနေနိုင်တော့ပေ။ ခဏလောက် ကြည့်ပြီးနောက် ဘာမှထူးခြားတာမှ သူရှာမတွေ့ဘူး။
"အဟက်.."
တစ်ဖက်လူရဲ့ အမူအရာကို မြင်တော့ လုရွှမ်က သူဘာတွေ တွေးနေလဲ ဆိုတာကို သိသွားဟန်ဖြင့် ပြုံးပြီး ရှင်းပြလေသည်။
"ဝိညာဉ်သားရဲ တစ်ကောင်အနေနဲ့ ကောင်းကင်ကျားက လူသားတွေကို သဘာဝအတိုင်း မကြိုက်ကြဘူး... သူ့ကိုဖမ်းမိရင် အရမ်းသတိထား ရလိမ့်မယ်..သာမာန် အခြေအနေအရ တစ်စုံတစ်ယောက် ချဉ်းကပ်လာတာကို ကြားတာနဲ့ မတ်တပ်ရပ်ပြီး ခုခံကာကွယ်မှု ပြုလုပ်လိမ့်မယ်... ဒါပေမဲ့ ငါတို့ရောက်လာတဲ့ အချိန်မှာ သူအိပ်ပျော်နေပြီး မရောက်မချင်း မထသေးတာကို သတိထားမိလား?"
လျောက်ချင်းသည် ဘာကြောင့်မှန်း မသိတာကြောင့် မျက်တောင်ခတ်လိုက်သည်။
"အဲဒါက သူခန္ဓာကိုယ်က နေလို့မကောင်းဘူးလို့ ဆိုလိုတာပဲ!"
လုရွှမ်က ပေါ့ပါးစွာ ပြောလိုက်သည်။