ပထမအဆင့် ဝိညာဥ်သားရဲထိန်းသူ
Vol. 19 Ch. 3.35
"နေမကောင်းဘူးလား? လှောင်အိမ်ထဲမှာ အဖမ်းခံထားရလို့ အဆင်မပြေတာလား?"
လျောက်ချင်းအတွက် ပဟေဠိဆန်သွားသည်။ ဒါကိုအခြေခံပြီး တစ်ဖက်သားက စိတ်မသက်မသာ ဖြစ်နေတယ်လို့ နည်းနည်းလေးမှ မထင်မိဘူးရော။ အမှန်မှာ ဝိညာဥ်သားရဲများပင် အနားယူအိပ်စက်ရန် လိုအပ်သည်လေ။
"ဒါကိုအခြေခံပြီး ငါတို့ဒီလို စီရင်ဆုံးဖြတ်လို့ မရပါဘူး!"
လုရွှမ်က ဆက်ပြောသည်။
"ပုံမှန် ကောင်းကင်ကျား တစ်ကောင်က သူ့ခန္ဓာကိုယ်ပေါ်မှာ တောက်ပပြီး စွဲမက်ဖွယ်အမှတ်အသားတွေ ရှိတယ်... သူ့ရဲ့အမွေးတွေက အရောင်အမှင် အတက်အကျ မရှိဘဲ ချောမွေ့သပ်ရပ်နေတယ် အခုရှေ့မှာရှိတဲ့ ကောင်းကင်ကျားက အမဲစက်တွေနဲ့ အမွေးကြမ်းတွေ ရှိတယ်။ ဟိန်းဟောက်သံတွေက အားအင်တွေ ကင်းမဲ့နေတယ်.... အဲဒါက ခန္ဓာကိုယ်မှာ တစ်ခုခု မှားနေတာပဲလေ ဒါကို မမြင်နိုင်ဘူး ဆိုတော့ မင်းတကယ် တုံးတာပဲ!"
"ဟင်"
လျောက်ချင်း ရှက်ရွံ့စွာ ခေါင်းကုတ်လိုက်သည်။
သခင်လေးပြောသော စကားအတိုင်းကို သူတကယ် မမြင်ခဲ့တာ ဖြစ်သည်။ လုံလောက်သော သတိပေးချက်များသာ မရှိခဲ့ပါက သူသိမည်မဟုတ်။
"ဒါပေမဲ့ သူနေမကောင်းတာကို မြင်ရုံနဲ့ တစ်ဖက်သားကို ထိန်းကျောင်းဖို့ မဖြစ်နိုင်သေးဘူး!" လုရွှမ်က ဆက်ပြောသည်။
"ကိုယ်ခန္ဓာရဲ့ အသွင်အပြင်အရ ဒီကောင်းကင်ကျားက အမတစ်ကောင်လို့ အလွယ်တကူ မြင်နိုင်တယ်... ဒါက အရမ်းပင်ပန်းပြီး သွေးအလွန်အကျွံ ထွက်လို့ဖြစ်နိုင်တယ် ဒါပေမဲ့ ခန္ဓာကိုယ်မှာ သိသာထင်ရှားတဲ့ ဒဏ်ရာတွေ မရှိဘူး.... ဒါကြောင့် သွေးဆုံးရှုံးမှုက ကိုယ်တိုင်ကြောင့် ဖြစ်ရတာ ဖမ်းမိတာနဲ့ ဘာမှမဆိုင်ဘူးလို့ ယူဆလို့ရတယ်"
"ပြီးတော့ စိုးရိမ်စိတ်နဲ့ ကြည့်ရင်တော့ ဒီကောင်းကင်ကျားက ကလေးမွေးပြီး သိပ်မကြာခင်မှာပဲ ဖမ်းမိခဲ့တာလို့ သေသေချာချာ ကောက်ချက်ချလို့ ရတယ်!"
"ဒီအရာတွေကို ကောက်ချက်ချဖို့က လွယ်ပါတယ်... ငါသဘောတူသရွေ့ ငါ့ရဲ့အမိန့်ကို နာခံလိမ့်မယ်... ကလေးကို ရှာတွေ့ဖို့ ပြန်လွှတ်ပေးမယ်လို့ ကတိပေးလိုက်ရင် သဘာဝအတိုင်း သူ့ကိုယဥ်ပါးအောင် လုပ်ဖို့ အောင်မြင်လိမ့်မယ်!"
လုရွှမ်က ပေါ့ပေါ့ပါးပါးသာ ပြောသွားပေမယ့် မော့ချုံမှာတော့ အံ့သြနေရသည်။
လျောက်ချင်းသည် အနည်းငယ်မျှ သတိမထားမိ သော်လည်း သူမကိုယ်တိုင် သားရဒထိန်းကျောင်းနိုင်သော လူတစ်ဦးဖြစ်ပြီး အစွမ်းထက်သော သားရဲကို အောင်နိုင်သူ ဝိညာဉ်သားရဲများကို ကြည့်ရှုလေ့ရှိသည်။ သူမသည် သားရဲကို ထိန်းကျောင်းခြင်း အကြောင်းကို များစွာ သိသည်။ လူငယ်တစ်ယောက်အတွက် ပြောရလွယ်ကူသော်လည်း သူမအတွက်တော့ အကောင်အထည်ဖော်ဖို့ ခက်လေ၏။
ဒါကို တစ်ချက်ကြည့်လိုက်ရင် ဝိညာဥ်သားရဲတွေရဲ့ နားလည်မှုကို ယူဖို့ ဘယ်လောက်နက်နဲလဲ ဆိုတာကို တွေ့နိုင်သည်။
ဒီစွမ်းရည်က သူတို့သားရဲခန်းမရဲ့ အစွမ်းအထက်ဆုံး ခန်းမသခင် ဖြစ်ရင်တောင် အောင်မြင်ဖို့ ခက်ခဲမှာကို ကြောက်ရ၏။
ထို့အပြင် ဝိညာဥ်သားရဲများနှင့် လူသားများသည် ၎င်းတို့အား ထိန်းကျောင်းခြင်း မပြုနိုင်ဘဲ ဆက်သွယ်၍ မရပေ။ လူငယ်က ဘယ်လိုလုပ်ပြီး ဝိညာဥ်သားရဲရဲ့ တောင်းဆိုမှုကို သိနေရတာလဲ။
"ဒါက တကယ်ပဲ ရှင်မြင်နိုင်ခဲ့တာလား"
ကောင်းကင်ကျား အကြောင်းကို သူမ တော်တော်များများ သိထားပါသည်။ အများစုကတော့ တစ်ဖက်သားရဲဟာ အမဖြစ်ကြောင်း ပြောနိုင်ပါ၏။ ကိုယ်လက် မအီမသာဖြစ်မှုနဲ့ သွေးအလွန်အကျွံ ကျဆင်းတာကလွဲလို့ ဘာမှ သတိမထားမိပါဘူး။
"ဒီလို ရိုးရှင်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး လိမ်ညာဖို့ လိုသေးလို့လား"
"ရိုးရှင်းတဲ့ကိစ္စ?"
မော့ချုံ ခါးသက်စွာ ပြုံးလိုက်ရသည်။ ဒါတွေအားလုံးဟာ အသေးအမွှား ရိုးရှင်းတာတွေဆိုရင် အားလုံးဟာ ရိုးရှင်းပြီး ခက်ခဲတာတွေရော ရှိပါဦးမလား။
ကောင်လေးက ဒီလိုပြောရင် တစ်ဖက်လူက ကြွားလုံးထုတ်နေတယ်လို့ သူမထင်မှာ သေချာပေမယ့် အခုချိန်မှာတော့ သူမ လုံးဝခံစားလို့ မရတော့ပါ။ မသေချာရင် လှောင်အိမ်ထဲကို ဘယ်လိုလုပ် ရောက်သွားနိုင်မလဲ။
ဤအရာအားလုံးကို တစ်ချက် ကြည့်လိုက်ရုံနှင့် အလွန် ယုံကြည်မှုရှိပြီး ၎င်းသည် အမှန်တကယ်ပင် သူ့မျက်လုံးထဲတွင် အသေးအဖွဲ့ ကိစ္စတစ်ခု ဖြစ်နိုင်သည်။
"ဒီကောင်းကင်ကျားကို ငါယဥ်အောင် ထိန်းထားပြီးပြီ... ငွေဘယ်လောက်ကျကျ သေချာကျွေးမွေးပြီး ပြန်လွှတ်ပေးလိုက် သူ့မှာ မွေးပြီးခါစ သားပေါက်လေး ရှိတယ်..."
လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဟုတ်ကဲ့ပါ!" မော့ချုံ ခေါင်းညိတ် သဘောတူသည်။
တကယ်တော့ သူမဟာ တစ်ဖက်လူကို ပြောပြဖို့ မလိုအပ်ပါဘူး။ ဒါကိုသိပြီးနောက် ကောင်းကင်ကျားကို လွှတ်လိုက်ဖို့ စဥ်းစားထားပြီးသား ဖြစ်သည်။
သားရဲခန်းမနှင့် သားရဲမျိုးနွယ်တို့သည် သားမွေးပြီးသော ဝိညာဉ်သားရဲမျိုးအား ဖမ်းယူ၍ မရနိုင်ကြောင်း သဘောတူညီမှု ရရှိထားကြသည်။ တိုက်ခိုက်ခံရသော အခါတွင် ဖမ်းမိသူပင် ဤအရာများကို မသိခဲ့ပေ။
"လူကြီးမင်း ဒီဘက်ကိုကြွပါ... သံသွားသင်းခွေချပ် ဝိညာဥ်သားရဲကို ကြည့်ဖို့ အခုပဲ ခန်းမသခင်ဆီ ခေါ်သွားပေးပါ့မယ်"
လုရွှမ်၏ စွမ်းရည်ကို သိလိုက်သဖြင့် မော့ချုံသည် မာနကြီးစွာ မပြုဝံ့ဘဲ လမ်းလျှောက်နေတာကတင် ပြေးလုနီးပါး ဖြစ်သွားသည်။
သံသွားသင်းခွေချပ် ဝိညာဥ်သားရဲသည် သားရဲခန်းမ၏ သခင်ကိုယ်တိုင် ဖမ်းယူမိ၍ ယဉ်ပါးလိုသော ဝိညာဉ်သားရဲဖြစ်ပြီး ၎င်းကို သားရဲခန်းမ၏ အနက်ရှိုင်းဆုံး နေရာတွင် သော့ခတ်ထားသည်။
စင်္ကြန်များစွာကို ဖြတ်လျှောက်ပြီးနောက် ကျယ်ပြန့်သော ခြံဝင်းတစ်ခုဆီသို့ ရောက်လာကြသည်။
"ခန်းမသခင်နဲ့ တခြားသူတွေ ဒီခြံဝင်းထဲမှာ ရှိနေတယ်။ ကျွန်မကဝင်ဖို့ အရည်အချင်း နည်းပါးလွန်းလို့ လူကြီးမင်း ကိုယ့်ဘာသာ ဝင်သွားလိုက်ပါ"
ခြံဝင်း တံခါးဝမှာ ရပ်နေတဲ့ မော့ချုံက ပြောလိုက်သည်။
"အင်း!" လုရွှမ်က ခေါင်းညိတ်လိုက်ပြီး လျောက်ချင်းကို တစ်ချက် ကြည့်လိုက်ကာ
"မင်းလည်း အပြင်မှာ စောင့်နေလိုက်!"
ပြောပြီးနောက် ခြေထောက်ကို မြှောက်ကာ ခြံထဲသို့ ဝင်သွားသည်။
ယဉ်ပါးခြင်းမရှိသော အဆင့်မြင့် ဝိညာဥ်သားရများနှင့် ရင်ဆိုင်ရသောအခါတွင် သင်သည် အဆင့်မြင့် သားရဲထိန်းသူ မဟုတ်ပါက ၎င်းတို့ထံ မချဉ်းကပ်ခြင်းသည် အကောင်းဆုံး ဖြစ်ပေသည်။ သို့မဟုတ်ပါက ကြမ်းတမ်းသော ဒေါသနှင့် မလိုအပ်သော ပြဿနာများကို အလွယ်တကူ ဖြစ်စေနိုင်သည်။
ခြံကြီးသည် အလွန်ကျယ်ဝန်းပြီး အထဲမှာ လူအများအပြား ရပ်နေကြသည်။ အလယ်တွင် သံလှောင်အိမ်ကြီးတစ်ခု ရှိနေပြီး ဒေါသမထွက်ဘဲ ကြီးကျယ်ခမ်းနားစွာ လဲလျောင်းနေသော ဝိညာဥ်သားရဲ တစ်ကောင်သည် ရင်တုန်ဖွယ် ရောင်ဝါများကို ထုတ်လွှတ်လျက်ရှိသည်။
"ဟင်? မင်းက ဘယ်သူလဲ!! မြန်မြန်ထွက်သွား၊ ဒါ မင်းလာသင့်တဲ့ နေရာမဟုတ်ဘူး!"
သံလှောင်အိမ် အနီးသို့ မရောက်မီတွင် အသံတစ်ခု ထွက်ပေါ်လာသည်။ အသံနှင့်အတူ အခြားလူများလည်း လုရွှမ်ကို တွေ့လိုက်ရသည်။
"ဒီလိုလူလေးလည်း ဒီကို လာနိုင်တယ်?? ခန်းမသခင် မင်းရဲ့ လက်အောက် ငယ်သားတွေကို ဘယ်လို သင်ပြထားတာလဲ? မင်း ဘာလို့ လူတိုင်းကို ဝင်ခွင့်ပေးလိုက်တာလဲ?"
အရပ်မြင့်မြင့် လူတစ်ယောက် ဖြစ်ကာ အာဏာရှိသော အဖိုးအိုက အော်ဟစ်လိုက်သည်။ သားရဲထိန်းသည့် အတတ်ပညာကို ကျွမ်းကျင် ပိုင်နိုင်စေရန်အတွက် အနိမ့်ဆုံးအသက်မှာ သုံးဆယ်ကျော် ဖြစ်ရမည်။ ၁၆ ၁၇အရွယ် ကောင်လေးတစ်ယောက် ဝင်လာတာက လူတိုင်းကို စိတ်မသက်မသာ ဖြစ်စေသည်။
လူတိုင်းရဲ့အမြင်အရတော့ ဒီလောက်ငယ်တဲ့ အရွယ်နဲ့ လူငယ်ဟာ ခိုးဝင်ခဲ့တာ ဖြစ်မယ်။ သူလည်း သားရဲကို ထိန်းကျောင်းနိုင်တဲ့ သခင်တစ်ယောက်ဖြစ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။
လူတိုင်းရဲ့ အသံကိုကြားတော့ သံလှောင်အိမ်ရှေ့မှ အဖိုးအိုတစ်ယောက် ထွက်လာပြီး မျက်မှောင်ကြုတ်ကာ လက်ဝှေ့ယမ်းပြလိုက်သည်။
"မင်းက ဘယ်သူလဲ? ဒီမှာ အန္တရာယ်များတယ် မင်းလာသင့်တဲ့ နေရာမဟုတ်ဘူး!! ဒါကြောင့် မြန်မြန်ထွက်သွားတော့!!"
ဤလူသည် သားရဲခန်းမ၏ ခန်းမသခင် ဖြစ်သင့်ပုံရသည်။
"သားရဲတွေကို ထိန်းကျောင်းတတ်သရွေ့ ဒီသံသွားသင်းခွေချပ် ဝိညာဥ်သားရဲကို ဘယ်လို ယဉ်အောင် လုပ်ရမလဲဆိုတာ ဆွေးနွေးနိုင်တယ်လို့ ကြားတယ်... ကျုပ်ကြားမိတာများ မှားနေသလား" လုရွှမ်က လှမ်းကြည့်သည်။
"ဟုတ်ပါတယ် သားရဲကို ထိန်းကျောင်းနိုင်တဲ့ သားရဲထိန်းသူဆိုရင် လာနိုင်ပါတယ်... မင်းက သားရဲထိန်းသူလို့ ပြောချင်တာလား?"
"မင်းငါ့ကိုနောက်နေတာလား? မင်းဆံပင်တောင် အမွေးစုံအောင် မပေါက်သေးဘူး သားရဲထိန်းသူ ဖြစ်မယ်??"
"ပေရွှီးမြို့မှာ ဝိညာဥ်သားရဲ ထိန်းတဲ့ ဂိုဏ်းဆရာဆိုလို့ ငါတို့တွေပဲ ရှိတယ်... ပြီးတော့ ဘယ်ကနေ ပေါ်လာတာလား? နောက်တစ်ယောက် ရှိတာကို ငါ တစ်ခါမှ မကြားဖူးဘူး"
သူ့စကားကြားတော့ အဘိုးကြီး တော်တော်များများက ညည်းတွားကြလေသည်။
ပေရွှီးမြို့တွင် သားရဲ ထိန်းကျောင်းသူများ များများစားစား မရှိပါ။ စုစုပေါင်းမှ ခုဂဏန်းမျှသာ ရှိပြီး နောက်တစ်ယောက်က ဘယ်နားကနေ ပေါ်လာခဲ့တာလဲ။
သို့သော် လူတိုင်းရဲ့စကား မဆုံးခင်မှာပဲ လူငယ်က တံဆိပ်ပြားကို ထုတ်ယူလိုက်သည်။
"ဒါက သားရဲထိန်းသူရဲ့ သင်္ကေတ?"
လူတိုင်း ထိတ်လန့်သွားကြသည်။
"မင်းက အခုနက ကောင်းကင်ကျားကို ယဥ်ပါးစေခဲ့သူလား?"
တံဆိပ်ပြားကို မြင်တော့ ခန်းမသခင်ဖုန်းသည် သူ့မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာဖြင့် အေးခဲသွားသည်။
အစောပိုင်းက မော့ချုံက ကောင်းကင်ကျားကို တစ်စုံတစ်ယောက်က ယဉ်ပါးသွားစေကြောင်း သတင်းပို့ခဲ့ပါသည်။ သူနဲ့ တခြားသူတွေက အရေးကြီးတဲ့ အပိုင်းကို ဆွေးနွေးနေကြတာကြောင့် အပြင်မထွက်ဘဲ ဂိုဏ်းဆရာ တံဆိပ်ကိုသာ လွှဲပေးခဲ့ပါ၏။
အသက်၅၀ ကျော် လူကြီးတစ်ယောက် ဖြစ်မယ်လို့သာ တွေ့ခဲ့ပြီး ဒီလောက်ငယ်မယ်လို့ မထင်ထားခဲ့ပေ။
"အင်း!" လုရွှမ် ခေါင်းညိတ်ပြသည်။
"ဒါ..." ခန်းမသခင်ဖုန်း ခါးသက်စွာ ပြုံးလိုက်ပြီး
"တကယ် အရည်အချင်းရှိတဲ့ ကောင်လေးပဲ... မင်းက ကောင်းကင်ကျားကို ယဥ်ပါးစေနိုင်တဲ့အတွက် သံသွားသင်းခွေချပ်ကို ဘယ်လို ထိန်းကျောင်း ရမလဲဆိုတာ ဆွေးနွေးဖို့ သဘာဝအတိုင်း အရည်အချင်း ပြည့်မီနေပြီ!"
"ကောင်းကင်ကျားကို ထိန်းကျောင်းခဲ့တာ?"
"သူက ပထမအဆင့် ဝိညာဉ်သားရဲ ကောင်းကင်ကျားကို ယဥ်ပါးအောင် လုပ်နိုင်ခဲ့တာလား"
"၁၆ ၁၇နှစ်အရွယ် ကောင်လေးက ပထမအဆင့် ဝိညာဥ်သားရဲထိန်းသူ?? ဒါ...."
နှစ်ယောက်ကြား စကားစမြည်သံကို ကြားတော့ လူအိုတစ်စုက တစ်ခဏလောက် ထိတ်လန့်သွားပြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
သူတို့အားလုံးသည် အသက်၆၀ သို့မဟုတ် ၇၀မှသာ ဝိညာဥ်သားရဲထိန်းသည့် ဂိုဏ်းဆရာများ ဖြစ်လာခဲ့ကြသည်။ မျက်စိရှေ့က ကောင်လေးက ဒီလောက်ငယ်တာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။