အကြေးခွံ ရှာဖွေမှု
Vol. 20 Ch. 3.36
သားရဲကို ထိန်းကျောင်းတဲ့ တံဆိပ်ပြားကို အတည်ပြုပြီးနောက် တခြားသူတွေက ဘာမှ မပြောနိုင်ဘဲ တုန်လှုပ်သွားပြီးနောက်မှ သံသွားသင်းခွေချပ် ဝိညာဥ်သားရဲကို အာရုံစိုက်နေကြပြန်၏။
အားလုံးစုရုံးရတဲ့ ရည်ရွယ်ချက်က ဒီဝိညာဥ်သားရဲကို ယဉ်ပါးဖို့ဖြစ်ပြီး ကျန်တာအားလုံးက ဇာတ်ကွက်တစ်ခုသာ ဖြစ်သည်။
"သင်းခွေချပ်ဆိုတော့ ကျောက်တုံးတွေကို ချေတဲ့နည်းနဲ့ ထိန်းသင့်တယ် ထင်တယ်!"
"လူကြီးကောင်း... ဒီနည်းလမ်းကို ခန်းမသခင်ဖုန်းက အရင်က အသုံးပြုခဲ့ပြီးပြီ... လုံးဝ အလုပ်မဖြစ်ဘူး!"
"အဲဒါက အလုပ် မဖြစ်ဘူးလား? ဒါဆို တကယ့် ရေနည်းလမ်း ဒါမှမဟုတ် ရှော့တိုက် ချပ်ဝတ်တန်ဆာ နည်းလမ်းရော?"
"ဒီနည်းလမ်းနှစ်ခုကို အရင်က ဆွေးနွေးပြီးပြီ... အရိုးရှင်းဆုံး သိမ်မွေ့တဲ့ ထိန်းကျောင်းပုံနဲ့ အစာ ကျွေးသင့်တယ်လို့ ငါထင်တယ်"
"သူအချိန်မရွေး လှောင်အိမ်ထဲက အမြန်ထွက်တော့မယ့် ပုံကို မင်းမမြင်ဘူးလား? ဘယ်လိုနည်းနဲ့ သိမ်မွေ့တဲ့ နည်းလမ်းကို သုံးနိုင်မှာလဲ? အတင်းအကြပ် ဖိနှိပ်လိုက်တာ အကောင်းဆုံးလို့ ငါထင်တယ်"
"ပြင်းပြင်းထန်ထန် နှိပ်ကွပ်တာ ကောင်းပါတယ်... ဒါပေမဲ့ စွမ်းအားအရှိဆုံး ခန်းမသခင်ဖုန်းတောင် သူ့လက်ဝါးတစ်ချက်ကို ကြိုးစားပမ်းစား ကာကွယ်ထားရတာ... လူပေါင်းများစွာရဲ့ ပူးပေါင်းအားထုတ်မှုကြောင့်သာ မဟုတ်ရင် အဲဒါကို ဖမ်းဖို့ မဖြစ်နိုင်တာ ဘယ်လို ဖိနှိပ်မလဲ?"
ခဏကြာတော့ အားလုံးရဲ့ ဆွေးနွေးသံ ထွက်ပေါ်လာပြန်သည်။
သူတို့အားလုံးသည် သားရဲထိန်းကျောင်းခြင်းဆိုင်ရာ ကျွမ်းကျင်ဆရာများ ဖြစ်ကြပြီး အသီးသီး မိမိတို့၏ နည်းလမ်းများက မှန်ကန်သည်ဟု လူတိုင်းက ယုံကြည်ကြပြီး အချင်းချင်း လက်လျှော့ရန် ငြင်းဆန်နေကြသည်။
"ကောင်းပြီ... ငြင်းခုံတာကို ရပ်လိုက်ပါတော့.... ခင်ဗျားတို့ပြောခဲ့တဲ့ နည်းလမ်းတွေကို ကျုပ်စမ်းကြည့်ခဲ့တယ်... ဒါပေမဲ့ အဆင်မပြေဘူး မဟုတ်ရင် လူတိုင်းကို ဒီကိုလာဖို့ အရေထူထူနဲ့ တောင်းဆိုဖို့ သတ္တိရှိမှာ မဟုတ်ဘူး"
ခန်းမသခင်ဖုန်းသည် လူတိုင်း၏ ဆွေးနွေးမှုကို ကြားဝင် ရပ်တန့်လိုက်သည်။
"အားလုံး ကြိုးစားပြီးပြီလား?"
"အကုန်ကြိုးစားပြီး မထိန်းနိုင်ရင်တော့ ငါလည်း မကူညီနိုင်တော့ဘူး!"
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ဒါက သင်းခွေချပ် မဟုတ်ဘူးလား? ဒီနည်းလမ်းတွေက ဘယ်လိုမှ အလုပ်မဖြစ်ဘူးလား"
လူတိုင်း အံ့သြမှုတွေနဲ့ ပြည့်နှက်နေခဲ့သည်။ ခုနကပြောခဲ့တဲ့ နည်းလမ်းတွေဟာ သားရဲတွေကို ထိန်းကျောင်းရာမှာ အသုံးများပါ၏။ ဝိညာဥ်သားရဲ တစ်ကောင်ဟာ ဘယ်လောက်ပဲ ခက်ခက်ခဲခဲ ဖြစ်နေပါစေ အဆုံးမှာတော့ နာခံရလိမ့်မည်။
"ဒီနည်းလမ်းတွေက သက်ရောက်မှု မရှိဘူးဆိုတော့ ခန်းသခင်မဖုန်းက နည်းလမ်းသစ် တစ်ခုကိုများ စဉ်းစားမိလား?"
အဘိုးကြီး တစ်ယောက်က လှမ်းမေးလာသည်။ ထိုမေးခွန်းကို ကြားပြီးနောက် အခြားလူများ အားလုံး ခန်းမသခင်ဖုန်းအား တညီတညွတ်တည်း ကြည့်လာကြသည်။
ဒီနေရာမှာ သားရဲတွေအကြောင်းကို ဘယ်သူက အကောင်းဆုံး သိလဲလို့မေးရင် ခန်းမသခင်ဖုန်းပဲ ဖြစ်လိမ့်မည်။
"ကျုပ်တစ်ခု စဉ်းစားမိတယ်... ဒါပေမဲ့ ဖြစ်နိုင်ပါ့မလားတော့ မသိဘူး အားလုံးက အသေးစိတ် ကြည့်ရှုပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်!"
ခန်းမသခင်ဖုန်း မငြင်းဘဲ ခဏလောက် စဉ်းစားပြီးနောက်
"ဒါက အကြေးခွံရှာတဲ့ နည်းလမ်းပဲ!"
"အကြေးခွံတွေကို ရှာရမှာလား?"
လူတိုင်းဟာ တစ်ယောက်နဲ့တစ်ယောက် သံသယ မျက်နှာတွေနဲ့ ပြန်ကြည့်ကြသည်။ ဒီနည်းလမ်းကို တစ်ခါမှ မကြားဖူးသလိုပဲ။
"ကျုပ် ရှေးဟောင်းစာအုပ်တွေမှာ ဖတ်ဖူးတယ် သံသွားသင်းခွေချပ်ကို ထိန်းကျောင်းဖို့ အထူးနည်းလမ်း တစ်ခုရှိတယ်... သံသွားသင်းခွေချပ်မှာ ခန္ဓာကိုယ်ရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းဖြစ်တဲ့ အထူး အကြေးခွံ ရှိတယ်လို့ ရှေးဟောင်းစာအုပ်ထဲမှာ ဆိုထားတယ်။ အဲဒါကိုရှာပြီး ကိုယ့်ရဲ့စိတ်ဝိညာဉ်ကို ရေးထွင်းထားနိုင်ရင် သားရဲကို ယဉ်ပါးလာအောင် လုပ်နိုင်မယ်တဲ့!"
ခန်းမသခင်ဖုန်းက ဆို၏။
"အိုး? ဒီလိုရှိသေးလား? ဒါဆို ဘာကို စောင့်နေတာလဲ?"
ဒီလို ဆန်းသစ်တဲ့ နည်းလမ်းကို ကြားတော့ အဘိုးအို တစ်ယောက် မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်သည်။
"ကျုပ်လည်း စမ်းကြည့်ချင်ပေမယ့် ဒီသံသွားသင်းခွေချပ်ပေါ်မှာ အကြေးခွံတွေ အများကြီးပဲ... ရှေးဟောင်းစာအုပ်ထဲက ထူးခြားတဲ့ ကြေးခွံကို ဘယ်လိုရှာရမှန်း မသိဘူး"
ခန်းမသခင်ဖုန်းလည်း ခါးသက်စွာ ပြုံးပြီး ခေါင်းယမ်းလိုက်ပေ၏။ သူ့ရှေ့က သင်းခွေချပ်က သာမန်ဝိညာဥ်သားရဲတွေထက် ပိုကြီးပေမယ့် သူ့ခန္ဓာကိုယ်မှာ အကြေးခွံပေါင်း ထောင်သောင်းချီ ရှိနေရာ အထူးကြေးခွံကို ရှာဖို့က အရမ်းခက်လိမ့်မည်။
မဖြစ်နိုင်လောက်တဲ့ အလုပ်တစ်ခုပါလား။
"ဒါက..."
"ဟုတ်သားပဲကွာ..."
"တကယ် အလုပ်မဖြစ်ပါဘူး... ဒါမှမဟုတ် ကြေးခွံ အားလုံးမှာ စိတ်ဝိညာဉ်ကို ရေးထိုးလိုက်ကြရအောင်!"
"အဲဒါတွေ အားလုံးက ထောင်သောင်းချီတဲ့ အကြေးခွံတွေလေ... အားလုံးကိုသာ ရေးထိုးရမယ်ဆိုရင် ဆယ်နှစ်မဟုတ်ရင် အနည်းဆုံး ရှစ်နှစ်လောက် အချိန်ယူရလိမ့်မယ် ပြီးတော့ ကျုပ်တို့အားကုန်ပြီး သေလိမ့်မယ်"
ခန်းမသခင်ဖုန်း၏ စကားကို ကြားပြီးနောက် အားလုံး တိတ်ဆိတ်သွား ပြန်သည်။ သူပြောခဲ့တဲ့နည်းလမ်းက မှန်တယ်ဆိုရင်တောင် အကောင်အထည်ဖော်ဖို့ နည်းလမ်းက မရှိပြန်ဘူးလေ။
"ကောင်လေး... မင်းဘာလို့ ရယ်နေတာလဲ? ငါတို့နည်းလမ်းက ရယ်စရာကောင်းတယ်လို့ မင်းထင်နေတာလား?"
လူတိုင်း သက်ပြင်းချ နေချိန်မှာပဲ အေးစက်တဲ့ နှာမှုတ်သံတစ်သံက ရုတ်တရက် ထွက်ပေါ်လာသည်။
စကားသံဆုံးတော့ အဖိုးအိုကောင်းက ခုနက ဝင်လာတဲ့ လူငယ်ကို အေးစက်စွာ ကြည့်နေတာကို တွေ့လိုက်ရသည်။ ထို့နောက် အားလုံးရဲ့ ဆွေးနွေးချက်တွေကို ရယ်မောနေသလိုမျိုး သူ့မျက်နှာအနှံ့ ပြုံးနေခဲ့သည်။
"မိတ်ဆွေလေး... မင်းမှာ ပိုကောင်းတဲ့ နည်းလမ်း ရှိလို့လား"
ထိုလူငယ်၏ ပုံစံကို မြင်လိုက်တဲ့ လူတိုင်း၏ အမူအရာမှာ မည်းမှောင်သွားလေသည်။ ခန်းမသခင်ဖုန်းပင်လျှင် မျက်မှောင်ကြုတ်ကာ သူ့အသံမှာ အနည်းငယ် အေးစက်နေလေ၏။
ပြုံးနေသော လူငယ်သည် လုရွှမ်မှလွဲ၍ အခြားသူ မဟုတ်ပါ။ ဤအခိုက်တွင် ခန်းမသခင်ဖုန်းက သူ့ကို မေးခွန်းထုတ်လာသည်ကို မြင်လျှင် ရှင်းပြခြင်း မရှိဘဲ ထပ်ပြုံးပြလိုက်သည်။
"ကြေးခွံရှာနည်းကို မပြောခင် ခင်ဗျားတို့ ရှာချင်နေတဲ့ ကြေးခွံက ရှိလားမရှိလား ဆိုတာကို အရင်ပြောရမယ်... ပြီးမှ စိတ်ဝိညာဥ် ရေးထိုးဖို့ကို ဆက်ပြောသင့်တယ်"
"ဘာပြောချင်တာလဲ?"
"ဘာမှမဟုတ်ပါဘူး... အရမ်းရိုးရှင်းတယ် တွေ့တဲ့အကြေးခွံ တစ်ခုပေါ်မှာ စိတ်ဝိညာဥ် ရေးထိုးကြည့်ပေါ့!"
လုရွှမ်က ပေါ့ပေါ့ပါးပါး ပြန်ပြောသည်။
"ကောင်းကင်နဲ့ မြေကြီးရဲ့ အမြင့်ကို မသိတဲ့ ကောင်... ဟမ့် ကောင်းကင်ကျားကို ထိန်းနိုင်လိုက်တာနဲ့ မင်းကိုယ်မင်း တန်ခိုးကြီးတယ်လို့ မထင်နေလား?"
"ဟမ့် ပေါက်ကရတွေ! ငါ အခု စမ်းကြည့်မယ်... မင်း ဘာပြောဦးမလဲ ကြည့်ရသေးတာပေါ့!!"
လူတိုင်းက အေးစက်စွာ ဟစ်အော်နေကြသည်။ အရင်က သူ့ကို ကြိမ်းမောင်းတဲ့ အဘိုးကြီးကောင်းက ထွက်လာ၏။
ဤနေရာတွင် ရပ်တည်နိုင်သူများသည် ရိုသေလေးစားဖွယ် ကောင်းသော အကြီးအကဲများ ဖြစ်သည်။ ဆယ့်ခြောက်နှစ် သို့မဟုတ် ဆယ့်ခုနစ်နှစ်အရွယ် ကောင်းလေးတစ်ဦး၏ လှောင်ပြောင်ခြင်းကို ခံရသဖြင့် သဘာဝအတိုင်း ဒေါသတွေ ထွက်လာကြသည်။
"ဒါဆိုလည်း ကြွပါ!"
လုရွှမ်က ပြုံးရုံသာပြုံးပြီး စကားတွေပြောဖို့ ပျင်းလွန်းလို ဘေးကို ထွက်ပေးလိုက်သည်။
"ဟမ့်!"
သူ့အသွင်အပြင်ကို မြင်တော့ လူအိုကြီးကောင်းသည် မျက်ခုံးပင့်ကာ သံလှောင်အိမ်ဆီသို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။
သံသွားသင်းခွေချပ်သည် သူလာသည်ကို မြင်လျှင် မတ်တတ်ရပ်ရမည်ကိုပင် ပျင်းယိနေသည့်နှယ် လျစ်လျူရှုထားလေ၏။
တစ်ဖက်က သူ့ကို လျစ်လျူရှုတာကို မြင်တော့ လူအိုကြီးကောင်းက သူ့လက်ညှိုးကို မြှောက်လိုက်ပြီး သူ့လက်ချောင်းထိပ်ကနေ ဝိညာဉ်စွမ်းအား လှိုင်းတွေကို ထုတ်လွှတ်လိုက်သည်။
ဂိုဏ်းဆရာအဆင့် သားရဲထိန်းသူ ဖြစ်လာရန် ဝိညာဉ်စွမ်းအား အတိုင်းအတာ အားလုံးနီးပါးသည် ၁ နှင့်အထက်သို့ ရောက်ရှိထားရမည်။ ဤနည်းဖြင့်သာ ဝိညာဉ်သားရဲများအပေါ် ဝိညာဥ်တံဆိပ် ချန်ထားခဲ့နိုင်သည်။ ၎င်းသည် လုရွှမ် ကောင်းကင်ကျားကို ထိန်းကျောင်းသည့် နည်းလမ်းနှင့် မတူပါ။
ဝိညာဉ်စွမ်းအား ၁ ထက်ကျော်လွန်ပြီး ၎င်းသည် ခန္ဓာကိုယ်ကို စွန့်ထုတ်နိုင်သော်လည်း အလွန်အလှမ်း မဝေးနိုင်ပေ။ ထို့ပြင် စိတ်ဝိညာဉ်ကို ပုံဖော်ရန်အတွက် အလွန် အသေးစိတ်ကျသော လက်စည်းတံဆိပ် လိုအပ်သေးသည်။ လူအိုကြီးကောင်းသည် အားမပျော့သော်လည်း ဝိညာဥ်တံဆိပ် ရေးထိုးရန် သံလှောင်အိမ်နဲ့ နီးနီးကပ်ကပ် ရှိထားရမည်။
ဗုန်း!
လက်ချောင်းထိပ်ရှိ ဝိညာဉ်စွမ်းအားလှိုင်းများသည် သံသွားသင်းခွေချပ် ဝိညာဥ်သားရဲဆီသို့ ဖြည်းညှင်းစွာ လွင့်ပျံသွားသည်။
'ဇိ....'
စိတ်ဝိညာဉ်စွမ်းအားသည် သင်းခွေချပ်အကြေးခွံများနှင့် ထိတွေ့မိသည်နှင့် တပြိုင်နက် ဆူပွက်နေသော ရေထဲသို့ ပြုတ်ကျသွားသော ရေခဲတုံးကဲ့သို့ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားသည်။
"ဟင် ဘယ်လိုဖြစ်တာလဲ?"
လူတိုင်း ထိတ်လန့်သွားကြသည်။
ဝိညာဉ်စွမ်းအားသည် အကြေးခွံများနှင့် ထိတွေ့နေပါက သာမန် အခြေအနေအရ ၎င်းပေါ်တွင် လှိုင်းပုတ်သံများ ပေါ်လာတတ်ပါသည်။ ထိုကဲ့သို့ လှိုင်းဂယက်များ ဖြစ်ပေါ်လာသည်က ဝိညာဉ်သားရဲသည် ထိန်းကျောင်းနိုင်သော အရှင်၏ အမှတ်အသား ဖြစ်ကာ သားရဲသည် အနှေးနဲ့ အမြန်ဆိုသလို ယဉ်ပါးလာလိမ့်မည်။
သို့သော် ၎င်းကို အကြေးခွံပေါ်တွင် ထွင်းထားသည့်အခါ ဝိညာဉ်စွမ်းအားမှာ အစအနမရှိ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည်။
"အလုပ်ဖြစ်ပုံ မပေါ်ဘူး!"
လူအိုကြီးကောင်းလည်း ဒါကိုသိပြီး သူ့မျက်နှာ ရုတ်တရက် ပြောင်းသွားသည်။ သိပ်မကြာလိုက် သူ့တစ်ကိုယ်လုံး တုန်လှုပ်သွားလေ၏။
"သွားပြီ!! ကယ်ကြပါ!"
ထို့နောက် ချက်ချင်းပင် သူ့တစ်ကိုယ်လုံး တုန်တုန်ယင်ယင် ဖြစ်လာသည်ကို မြင်တွေ့လိုက်ရပြီး မျက်နှာ ဖြူဖျော့ကာ ချွေးအေးများက ခေါင်းပေါ်သို့ တလိမ့်လိမ့်ကျလာကာ လက်ချောင်းများကို ရုတ်သိမ်းချင်ပုံ ရသော်လည်း အကြောင်း တစ်စုံတစ်ရာကြောင့် မအောင်မြင်ခဲ့ပေ။
"ဘာမှားလို့လဲ?"
"ဘာဖြစ်နေတာလဲ?"
သူ့ပုံပန်းသဏ္ဍာန်ကို မြင်လိုက်ရတော့ အားလုံး အံ့သြသွားကြသည်။ ခန်းမသခင်ဖုန်းလည်း ခဏလောက် ထိတ်လန့်သွားပြီး တစ်ခုခုကို သတိရသွားကာ သူ့မျက်နှာက ဖျော့တော့ကာ အလျင်စလို အော်ဟစ်လေ၏။
"ဒါ ဝိညာဉ်စွမ်းအားကို ဝါးမြိုနေတာပဲ... ဒီသင်းခွေချပ်ရဲ့ အကြေးခွံတွေက လူတွေရဲ့ ဝိညာဉ်စွမ်းအားကို ဝါးမြိုသွားနိုင်တယ် လူကို မြန်မြန်ကယ်!"