← Chapters

မျက်နှာကို ပိတ်ကန်ခြင်း

Vol. 20 Ch. 3.37

မျက်နှာကို ပိတ်ကန်ခြင်း

Vol. 20 Ch. 3.37

သားရဲထိန်းသူ၏ ဝိညာဉ်စွမ်းအားသည် ကျင့်ကြံသူ တစ်ဦး၏ စစ်မှန်သော ဝိညာဥ်စွမ်းအင်နှင့် အတူတူပင် ဖြစ်သည်။ သူအကြောက်ဆုံးအရာမှာ အခြားသူများ၏ ဝါးမျိုခြင်းကို ခံရခြင်းဖြစ်သည်။

၎င်းကို မျိုချပြီးသည်နှင့် လေ့ကျင့်မှုကို ဖျက်သိမ်းလိုက်သည့် သိုင်းပညာရှင် တစ်ဦးနှင့် တူညီစွာ သူ၏ ဝိညာဉ်စွမ်းအားများ ပျောက်ကွယ်သွားကာ တစ်ဖက်က သန်မာသူ ဖြစ်လာသည်။

လူအိုကြီးကောင်းသည် သူ့ရှေ့ကို ထိတ်လန့်တကြား ကြည့်ကာ လက်ချောင်းများကို မဆွဲထုတ်နိုင်ဘဲ သူ့ဝိညာဉ်စွမ်းအားကို တစ်စုံတစ်ခုက ထိန်းချုပ်ထားကာ ရူးသွပ်စွာ မျိုချခံလိုက်ရကြောင်း သိလိုက်ရသလို ထိုအရာက တစ်ချက်တည်းနဲ့ ပျက်စီးသွားနိုင်သည်။

"ဝိညာဉ်စွမ်းအားကို စုပ်ယူနေတာ?? လူကြီးကောင်း... မင်းကို ငါကယ်မယ်!"

ခန်းမသခင်ဖုန်းရဲ့ စကားကိုကြားတော့ လူတိုင်းရဲ့ အမူအရာတွေ တစ်ပြိုင်နက် ပြောင်းလဲသွားခဲ့သည်။ အဘိုးကြီး တစ်ယောက်က ရှေ့ကို ပြေးသွားပြီး လူအိုကြီးကောင်းရဲ့ ပခုံးပေါ် လက်တင်ပြီး သူ့ကို ပြန်ဆွဲထုတ်ဖို့ ကြံစည်လိုက်သည်။

လူအိုကြီးကောင်းကို လှောင်အိမ်နဲ့ ဝေးဝေးမှာ ထားနေသရွေ့ သူ့စွမ်းအင်ကို စုပ်ယူမခံရတော့ဘူး။ အကြံကောင်းပေမယ့် ရလဒ်ကတော့ ရက်စက်လေ၏။

အော်သံနှင့်အတူ အဘိုးအိုသည် တုံ့ပြန်ရန်ပင် အချိန်မရှိဘဲ သူ့တစ်ကိုယ်လုံး ပျော့ခွေသွားကာ သူ့လက်ဖဝါးတစ်လျှောက် ဝိညာဉ်စွမ်းအားများ ပျောက်ဆုံးသွားကာ သူ့တစ်ကိုယ်လုံးကလည်း မလွတ်မြောက်နိုင်တော့ သကဲ့သို့ တောင့်တင်းသွားသည်။

"အာ?"

"ဘယ်လိုဖြစ်တာလဲ?"

"ဒါက သူ့ရဲ့ ဝိညာဉ်စွမ်းအားကြောင့်ပဲ... လူကြီးကောင်းနဲ့ ထိတွေ့မိရင် သူ့ရဲ့ ဝိညာဉ်စွမ်းအားကိုလည်း ထိန်းချုပ်ထားသလို ဖြစ်ပြီး သံသွား သင်းခွေချပ်ရဲ့ အလိုအလျောက် မျိုချတာ ခံလိုက်ရတာ"

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ဒါဆို ကျုပ်တို့ဘာလုပ်ရမလဲ"

"အလျင်စလို မလှုပ်နဲ့... မဟုတ်ရင် လူတိုင်း ထိန်းချုပ်ခံရပြီး ဘယ်သူမှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး!"

သူတို့ရှေ့က မြင်ကွင်းကို မြင်လိုက်ရတော့ ကူညီဖို့ လာချင်သူတွေလည်း မလှုပ်ရဲကြတော့ဘဲ လူတိုင်း နေရာမှာပဲ အေးခဲသွားကြသည်။

"စိတ်ဝိညာဉ်စွမ်းအားတွေ ရှုပ်ယှက်ခတ်နေပြီး ရုပ်ပိုင်းဆိုင်ရာ ထိတွေ့လိုက်တာက အကြောက်ရဆုံးပဲ... သူ့ကို ကယ်တင်တဲ့ ဘယ်သူမဆို ဒီရေတွင်းထဲ ကျသွားပြီး သူ့ဝိညာဉ်စွမ်းအင် စုပ်ယူခံရလိမ့်မယ်"

တိုးညှင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ စကားပြောလာ သူကတော့ မတိုင်ခင်က ပြုံးနေခဲ့တဲ့ လူငယ်လေးပါပဲ။

"ဒါဆို ကျုပ်တို့ ဘာလုပ်ရမှာလဲ"

ခန်းမသခင်ဖုန်း ကမန်းကတန်း ပြန်မေးလိုက်သည်။

လူကို ကယ်တင်တဲ့သူက ဒီလိုဖြစ်သွားရင် ဘယ်လို ကယ်တင်ရမလဲ။ သားရဲထိန်းကျောင်းနိုင်သော ဂိုဏ်းဆရာနှစ်ယောက် စိတ်ဝိညာဥ် စွမ်းအားတွေ ကုန်ခမ်းတဲ့အထိ စုပ်ယူခံရပြီး အမှိုက်ဖြစ်သွားမှာကို ရပ်ကြည့်နေရမှာလား?

"ကျုပ်ကို မေးတာလား?" လုရွှမ် ပြန်ကြည့်လိုက်သည်။

"ဟုတ်တယ် နည်းလမ်းရှိလား?" ခန်းမသခင်ဖုန်းက ကမန်းကတန်း မေးသည်။

"အစောက ကျုပ်က ပေါက်ကရတွေ ပြောနေတာလို့ ခင်ဗျားတို့ ပြောခဲ့ကြတာ မဟုတ်ဘူးလား? အခုမှဘာလို့ လာယုံကြည်နေတာလဲ?"

လုရွှမ် ပြန်ကြည့်လိုက်သည်။ မတိုင်ခင်က ဒီလူတွေဟာ သူ့ကို တစ်ယောက်ပြီး တစ်ယောက် ဆဲဆိုကြိမ်းမောင်း ခဲ့ကြတယ် မဟုတ်လား။

သူက ကယ်တင်ရှင် မဟုတ်ဘူး။ ဒါ့ကြောင့် အခြားသူများ၏ ဘဝ၏ သေခြင်းရှင်ခြင်းသည် သူနှင့် မည်သို့သက်ဆိုင်သနည်း။

"ဒါ...."

"မင်းပြောတာ မှန်ပါတယ် ငါတို့မှာ မျက်လုံးတွေရှိပေမယ့် တောင်ရဲ့အမြင့်ကို မသိခဲ့ပါဘူး"

"ကျေးဇူးပြုပြီး လူအိုကြီးကောင်း နဲ့ တခြားသူတွေကို ကယ်တင်ပေးပါ"

အရင်က လူတိုင်းက ကောင်းကင်ကျားကို ထိန်းနိုင်လောက်အောင် ကံကောင်းတယ်လို့ ထင်ခဲ့ကြပြီး သူ့ကို အထင်သေးခဲ့သည်။ အခု လူအိုကောင်းနဲ့ တခြား လူကြီးတွေရဲ့ အသွင်အပြင်ကို မြင်လိုက်ရတဲ့အခါ ခုနက သူတို့ပြောခဲ့တာတွေကို ပြန်သတိရမိပြီး မျက်နှာပူသွားကြသည်။

"ကျေးဇူးပြုပြီး ကျုပ်ကို ကူညီပေးပါ... လူကြီးကောင်းတို့ကို ကယ်တင်နိုင်သမျှ မင်းတောင်းဆိုသမျှ ရစေရမယ်.... ကျုပ်သားရဲခန်းမထဲက အရာတစ်ခုက မင်းကို ကျေနပ်စေနိုင်ရင်လည်း သဘောတူမှာပါ!"

လူကြီးကောင်းတို့ နှစ်ယောက်၏ စကားလုံးများသည် လူငယ်ကို စိတ်အနှောင့်အယှက် ဖြစ်စေကြောင်း ခန်းမသခင်ဖုန်းလည်း ပြန်သတိရကာ အမြန်ပြောလိုက်သည်။

"ကောင်းပြီလေ!"

သူ ပါးစပ်ဖွင့်လာပုံကို ကြည့်ပြီး လုရွှမ်သည် ပျင်းရိစွာ ခေါင်းကို ခါယမ်းပြီး သံလှောင်အိမ်ဆီ ခြေလှမ်းဖြည်းဖြည်းဖြင့် လျှောက်သွားသည်။ ထို့နောက် လူအိုကြီးကောင်းမျက်နှာကို ကြည့်ပြီး ခြေထောက်မြှောက်ကာ ပိတ်ကန်လိုက်တော့သည်။

"ဒါ....."

"မင်း"

ဒီမြင်ကွင်းကို မြင်လိုက်ရတော့ အားလုံးရဲ့ ခေါင်းတွေ ပေါက်ကွဲသွားတော့သည်။

လူအိုကြီးကောင်းက ဘယ်သူလဲ။

သူတို့အားလုံးက အရမ်းလေးစားဖွယ် ကောင်းပြီး သူတို့ရဲ့ အဆင့်အတန်းက ခန်းမသခင်ထက်တောင် မဆိုးပါဘူး။ တခြားသူတွေနဲ့ တွေ့တဲ့အခါ သူတို့ဟာ စကားကျယ်ကျယ်တောင် မပြောရဲပေမယ့် ဒီလူကတော့ သူ့မျက်နှာကို ကန်ပစ်လိုက်တယ်?။

ချက်ချင်းပင် လူတိုင်း တိတ်ဆိတ်သွားပြီး ရူးသွပ်လုနီးပါး ဖြစ်သွားသည်။

"အကြီးအကဲကောင်းက ပေရွှီးနန်းတော်ကို လွတ်လပ်စွာ ၀င်ဝင်နိုင်ခွင့်ရှိသူ ဖြစ်ပြီး လက်ရှိ ဧကရာဇ်မင်းမြတ်နဲ့ အရင်ဧကရာဇ်ရဲ့ ဆရာလည်း ဟုတ်တယ်... ဒါကို ဒီကောင်လေးက သူ၏မျက်နှာကို တိုက်ရိုက် ကန်ပစ်တယ်??"

ခန်းမသခင်ဖုန်းပင်လျှင် မယုံနိုင်စွာ မြေကြီးကို စိုက်ကြည့်နေမိသည်။

ခန်းမသခင်ဖုန်းသည် သားရဲခန်းမ၏ သခင်ကြီးဖြစ်ပြီး သူ့အဆင့်အတန်းကို လေးစားကြသည်။ အကြီးအကဲကောင်းသည် ပေရွီးအင်ပါယာ ဘုရင်မင်းမြတ်ရဲ့ ဆရာဖြစ်သလို လက်ရှိ ဧကရာဇ်မင်း၏ တရားဝင်ဆရာလည်း ဖြစ်သည်။

သူဘယ်ကို သွားနေပါစေ လူတိုင်း၏ စိတ်ထဲမှာ ကြောက်ရွံ့လေးစားဖွယ် ကောင်းကာ အရပ်ဘက်နှင့် စစ်ဘက်အရာရှိများ အားလုံး ဒူးထောက်ရမည် ဖြစ်သည်။

ယခုမူကား မျက်နှာကို အကန်ခံလိုက်ရသည်။ တွေးကြည့်ရုံဖြင့် လူကို ရူးသွပ်စေသည်။

ဝှစ်!

လူတိုင်း၏ ထိတ်လန့်တုန်လှုပ်မှုကို လျစ်လျူရှုလိုက်ရာ လုရွှမ်၏ ခြေဖဝါး အရှိန်သည် နှေးကွေးသွားခြင်း မရှိပေ။ ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာပြီး မျက်နှာကို ပိတ်ကန်လိုက်သည်။

ထို့နောက် ချက်ချင်းပင် အကြီးအကဲကောင်းသည် သူ့ဆီသို့ ကြီးမားသော တွန်းအားတစ်ခု ပြေးလာသည်ကို ခံစားလိုက်ရပြီး သူ့မျက်နှာမှာ နာကျင်သွားကာ တစ်ခါတည်း လွင့်သွားတော့၏။

ဗုန်း!

ဆယ်မီတာကျော် လောက်အထိ လွင့်သွားသည်။

မြေပြင်ပေါ်တွင် လဲလျောင်းနေသော အဘိုးကြီးကောင်း နှင့် အခြားအဘိုးကြီး တို့သည် စိတ်သက်သာရာ ရသလို ခံစားလိုက်ရသည်။ အကန်ခံရသော်လည်း ဤအချက်ကြောင့် ဝိညာဉ်စွမ်းအားကို ဝါးမျိုခြင်းမှ လွတ်မြောက်ခဲ့သည်။

"ကျေးဇူးတင်ပါတယ် သူငယ်ချင်းလေး!"

သူတို့၏ မျက်နှာတွင် နာကျင်နေစေကာမူ အကြီးအကဲကောင်း နှင့် အခြားအဘိုးအိုတို့သည် လျင်မြန်စွာထ၍ လုရွှမ်အား ဦးညွှတ်လိုက်ကြသည်။

ရှက်စရာ ဖြစ်ပေမဲ့ တစ်ဖက်လူက သူတို့ရဲ့အသက်ကို ကယ်တင်ခဲ့တာကို သူတို့သိကြသေးသည်လေ။

"ဒီလိုနဲ့ အဆင်ပြေသွားတာလား?"

မျက်နှာကို ကန်ထုတ်လိုက်တာနဲ့ လူတစ်ယောက်ကို တကယ် ကယ်တင်ခဲ့တာကို တွေ့လိုက်ရသည်။ အဓိက အချက်ကတော့ အကြီးအကဲကောင်းက စိတ်မဆိုးရာ တခြားသူတွေမှာ တစ်ယောက်ကိုတစ်ယောက် ထူးဆန်းစွာ ကြည့်နေကြရလေသည်။

လုရွှမ်ကို ပြန်ကြည့်လိုက်တော့ သူတို့မျက်လုံးတွေထဲမှ သခင်ကလွဲလို့ ဘာမှမသိတဲ့ လူငယ်တစ်ယောက်လို မဟုတ်တော့ဘူး။

အကြေးခွံပေါ်တွင် ဝိညာဉ်စွမ်းအားကို ဖော်ပြရန် မလုံလောက်ကြောင်း တစ်ချက်တည်း တွေ့မြင်နိုင်ပြီး လူတိုင်း အားကိုးရာမဲ့ နေချိန်တွင် လူနှစ်ဦးကို ကယ်တင်နိုင်ခဲ့သည်။ ၎င်းသည် သူ၏စွမ်းရည်ကို သက်သေပြရန် လုံလောက်ပါသည်။

"မလိုပါဘူး!"

လုရွှမ်သည် အကြီးအကဲကောင်းရဲ့ ကျေးဇူးကို လျစ်လျူရှုကာ လက်ကိုဝှေ့ယမ်းကာ လှောင်အိမ်အတွင်းမှ သံသွား သင်းခွေချပ်ကို ကြည့်လိုက်သည်။

"သူငယ်ချင်းလေး... ဒီသင်းခွေချပ်ကို ထိန်းဖို့ နည်းလမ်းရှိလား"

ခန်းမသခင်ဖုန်း ရောက်လာ၍ မေးလိုက်သည်။

လုရွှမ်သည် သူ့စကားကို ပြန်မဖြေသော်လည်း လှောင်အိမ်တစ်လျှောက် ဂရုတစိုက် ကြည့်လိုက်ရာ သူ့မျက်လုံးများက သူကြည့်လေ ပိုတောက်ပလာလေ ဖြစ်သည်။

"မျှော်လင့်ထားသလိုပဲ သူတို့က ဒီအရာကို တကယ် ဖမ်းမိခဲ့တာပဲ ဒါဟာ တကယ့်ကို သာမန်ကံကောင်းခြင်းတော့ မဟုတ်ဘူးပဲ"

သူ့ပုံပန်းသဏ္ဌာန်ကို မြင်လိုက်ရတော့ အားလုံးက သံသယတွေ အပြည့်နဲ့ ဖြစ်သွားသည်။

"သူငယ်ချင်းလေး... မင်းမှာ သူ့ထိန်းဖို့ နည်းလမ်းရှိလား"

ခန်းမသခင်ဖုန်း ထပ်မေးလိုက်သည်။

ဤလူငယ်သည် အကြေးခွံရှာသည့် နည်းလမ်းက အလုပ်မဖြစ်ကြောင်း တစ်ချက်ကြည့်ရုံနဲ့ ပြောနိုင်ပြီး ၎င်းသည် အကြီးအကဲကောင်းတို့ကိုလည်း ကယ်တင်နိုင်ခဲ့သည်။ ထို့ကြောင့် သူ၏ ထိန်းကျောင်းမှုအဆင့်မှာ မနိမ့်ကျကြောင်း ပြသနိုင်ပြီး လူတိုင်း၏ သံသယများကို အမှန်တကယ် ဖြေရှင်းနိုင်မည် ဖြစ်သည်။

"သူ့ကိုယဥ်ပါးစေချင်တာ သေချာလား?"

လုရွှမ်သည် သူ့စိတ်ထဲတွင် ခန့်မှန်းချက်ကို အတည်ပြုပြီးနောက် ရပ်တန့်ကာ ပြုံး၍ မေးလိုက်သည်။

"ဒါပေါ့... ဒီဝိညာဥ်သားရဲကို ဖမ်းမိဖို့ ကျုပ်တို့ အများကြီး အားထုတ်ခဲ့ရတယ် သူ့ကို အောင်မြင်အောင် ယဥ်ပါးစေနိုင်ရင် မိသားစုတစ်စုအတွက် ဘိုးဘေးဖြစ်ဖို့ လုံလောက်သွားပြီ!"

ခန်းမသခင်ဖုန်းက ကမန်းကတန်းညပြောလိုက်သည်။

ခန်းမသခင်ဖုန်း၏ အဆင့်အတန်းက လေးစားဖွယ် ကောင်းသလို သူနှင့် တိုက်နိုင်သူများသည် သန်မာရပါမည်။ ထိုသန်မာသူများ ပေါင်းစည်းမှ ဒီအကောင်ကြီးကို ဖမ်းမိနိုင်ခဲ့တာ ဆိုတော့ ဒီဝိညာဥ်သားရဲရဲ့ အစွမ်းအစကိုလည်း တွေ့မြင်နိုင်ပေသည်။

ထိုကဲ့သို့သော အစွမ်းထက်သော ဝိညာဉ်သားရဲကို ယဉ်ပါးအောင် မွေးမြူနိုင်လျှင် ၎င်းသည် တိုက်ခိုက်ရေး စွမ်းရည်ကို ကျိန်းသေပေါက် တိုးလာစေမည် ဖြစ်သည်။

"ထိန်းကျောင်းရတာ မခက်ပါဘူး ဒါပေမဲ့ ခင်ဗျား တစ်ဝက်တစ်ပျက်နဲ့ အရှုံးပေးသွားမှာကို ကြောက်ရတယ်!"

"စိတ်မပူပါနဲ့.... ငါက အရမ်းစိတ်ရှည်တယ်၊ လမ်းတစ်ဝက်မှာ စွန့်လွှတ်နိုင်စရာ အကြောင်းမရှိဘူး!"

ခန်းမသခင်ဖုန်းက ရယ်မောလိုက်သည်။

ခွန်အားအရ သူ့ကို ပေရွှီးအင်ပါယာ၏ အထွတ်အထိပ်ဟု မသတ်မှတ်နိုင်သော်လည်း သူ၏ စိတ်ရှည်မှုသည် လုံးဝ ထိပ်တန်းဖြစ်သည်။ သို့မဟုတ်ပါက ခက်ခဲသော ဝိဉာဉ်သားရဲများကို ထိန်းကျောင်းပြီး သားရဲခန်းမ၏ အရှင်သခင်အဖြစ် သူ၏ရာထူးကို မည်သို့ရယူနိုင်မည်နည်း။

ဒါကိုကြားတော့ လုရွှမ်ရဲ့မျက်နှာက ထူးဆန်းတဲ့အကြည့်နဲ့ ပြန်ကြည့်လာကာ

"ကျုပ်က စိတ်ရှည်ဖို့ ပြောနေတာ မဟုတ်ဘူး... ပိုက်ဆံပဲ ဒီကောင်ကို ယဉ်ပါးစေချင်ရင် ကနဦး ရင်းနှီးမြုပ်နှံမှု အတော်လေးကြီးတယ်"

"ဟားဟား... မင်းက ငါ့ကို လျှော့တွက်နေတာပဲ ငါ့မှာ ပိုက်ဆံအများကြီး မရှိပေမယ့် သားရဲခန်းမရဲ့ အကြီးအကဲ တစ်ယောက်အနေနဲ့ ငါ့မှာ စုဆောင်းထားတာတွေ ရှိပါသေးတယ်"

ခန်းမသခင်ဖုန်းက ကိစ္စကြီးလို့ ထင်ခဲ့တာကြောင့် ယခုလိုကြားတဲ့အခါ ရယ်မောလိုက်၏။

All Chapters