သားရဲဘာသာစကား
Vol. 20 Ch. 3.38
"ဟုတ်တယ်... မင်း ခန်းမသခင်ဖုန်းကို လျှော့တွက်နေတာပဲ! သူက တခြားသူတွေအတွက် ဝိညာဥ်သားရဲတစ်ကောင်ကို ပေးနိုင်ရင် အဲဒါက ကောင်းကင်လို မြင့်တဲ့ဈေးပဲ။ စိတ်မပူပါနဲ့... ပေရွှီးမြို့မှာရှိတဲ့ စည်းစိမ်ဥစ္စာရဲ့ သခင်အကြောင်း ပြောရရင် သူက ထိပ်တန်းမှာ သေချာပေါက် ရပ်တည်လိမ့်မယ်!"
"ခန်းမသခင်ဖုန်းက အခု ပိုက်ဆံတွေ ရှိပါတယ်... မင်းရဲ့နည်းလမ်းကို မြန်မြန်ပြောလိုက်... သူ့အတွက် ပြဿနာမရှိနိုင်ဘူး!"
နှစ်ယောက်သားရဲ့ စကားဝိုင်းကို ကြားတော့ တခြားလူတွေ အားလုံးက ရယ်မောလိုက်ကြသည်။
ဆင်းရဲသားတစ်ဦးသည် လုပ်ငန်းနယ်ပယ်တွင် ရပ်တည်ရန် မဖြစ်နိုင်ပေ။ အထူးသဖြင့် ခန်းမသခင်ပင်။ သားရဲခန်းမ၏ ခန်းမသခင်အနေဖြင့် နေ့စဉ်နှင့်အမျှ ဝင်ငွေများ အဆုံးမရှိ စီးဆင်းလျက်ရှိပြီး သူ၏ ချမ်းသာကြွယ်ဝမှုသည် အလွန်မြင့်မားသောကြောင့် ပေရွှီးမြို့ တစ်ခုလုံးတွင် ပထမအဆင့်အဖြစ် ရပ်တည်နိုင်ဖွယ် ရှိသည်။
ဒီလိုလူစားမျိုးက ပိုက်ဆံနည်းနည်းလောက်ကို ဂရုစိုက်ပါ့မလား။
"ဒါဆိုလည်း ကောင်းပြီ!"
သူပြောတာကို ကြားရသော် လုရွှမ်လည်း သူ့ကို ဖျောင်းဖျဖို့ မကြိုးစားတော့ဘဲ အနည်းငယ် ပြုံးလိုက်သည်။ စုတ်တံနဲ့ စာရွက်ယူခိုင်းပြီး ခဏအကြာတွင် စာရင်းတစ်ခုကို ချရေးလိုက်သည်။
"ဒီသားရဲကို ထိန်းဖို့ အဆင့် သုံးဆင့်လောက်လိုတယ် အဆင့်တစ်ခုစီက ဆယ်ရက်လောက် ကြာနိုင်တယ်။ ဒါက ပထမအဆင့် အတွက်.. ခင်ဗျား ပြင်ဆင်ထားလိုက်ပါ"
"ဒါတွေပဲလား? စျေးကြီးပေမယ့် ငါ တတ်နိုင်ပါတယ်!"
စာရင်းယူပြီးနောက် ခန်းမသခင်ဖုန်းက တစ်ချက်ကြည့်လိုက်ပြီး ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောလိုက်သည်။
ဆေးလုံး၊ တိရိစ္ဆာန်သွေး၊ အထူးသတ္တုရိုင်းများနှင့် ရှားပါးမြေများ အပါအဝင် အချို့သော အရာများကို စာရင်းတွင် ရေးထားပြီး ၎င်းတို့အားလုံးသည် အလွန်တန်ဖိုးရှိသည်။
အခြားသူများ၏ အမြင်တွင် ၎င်းသည် မြင့်မားသော စျေးနှုန်းများ ဖြစ်နိုင်သော်လည်း ခန်းမသခင်ဖုန်း၏ အမြင်တွင် ၎င်းသည် လုံးဝ တတ်နိုင်သည်။
သို့သော် သူ့ရဲ့ ဂုဏ်ယူနေသော စကားများ မဆုံးခင်မှာ ကောင်လေး၏ နောက်စကားများကို ကြားလိုက်ရသောအခါ လဲကျလုနီးပါးပင် ဖြစ်သွားသည်။
"ဒါက ၁ရက်စာပဲ!"
"တစ်ရက်စာ!"
ခန်းမသခင်ဖုန်း အံ့သြနေသော မျက်နှာဖြင့် စာရွက်ကို ငုံ့ကြည့်လိုက်သည်။
တစ်နည်းဆိုရသော် ဤအရာများကို အားလုံးသည် စုစုပေါင်း အမျိုး၃၀ခန့်ရှိကာ အားလုံး ပြင်ဆင်ထားရန် လိုအပ်ပါသည်။ တစ်မျိုးတည်းဆို ပြဿနာ မရှိပေမယ့် ၃၀ဆိုရင်တော့ နှစ်ပေါင်းများစွာ သူ့စုဆောင်းထားတဲ့ ငွေတွေ ခဏအတွင်း ပျောက်ကွယ်သွားမှာ ကြောက်ရသည်။
"ဒီပစ္စည်းအမျိုး ၃၀နဲ့ ငါ့ထက် သန်မာတဲ့ ဒီဝိညာဉ်သားရဲကို ထိန်းနိုင်ဖို့ဆိုရင် ငါ အသိအမှတ် ပြုတယ်!"
အံကြိတ်ကာ ခန်းမသခင်က ဆိုလိုက်သည်။
"အိုး ကျုပ်ပြောတာ မပြီးသေးဘူး... ဒါက ပထမအဆင့်အတွက် ပစ္စည်းပဲ ရှိသေးတယ်... ဒုတိယအဆင့် ပစ္စည်းရဲ့ စျေးနှုန်းက အဆပေါင်းများစွာ တက်သွားနိုင်တယ်!"
လုရွှမ်က ဆက်ပြောပါ၏။
"....." ခန်းမသခင်ဖုန်း၏ မျက်နှာ မည်းမှောင်သွားသည်။
"အရင်သွားပြင် ထားလိုက်ပါ!"
မူးလဲတော့မယ့် ခန်းမသခင်ဖုန်းကို လျစ်လျူရှုပြီး လုရွှမ်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
သားရဲခန်းမ၏ သခင်မှာ မျှော်လင့်ထားသည့်အတိုင်း သူသည် အလွန်လျင်မြန်ပြီး အချိန်တိုလေး အတွင်းမှာပင် စာရင်းထဲရှိ ပစ္စည်းအားလုံး အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။
"ဒီပစ္စည်းတွေကို ဘယ်လိုသုံးမှာလဲ?"
ပစ္စည်းများကို ယူဆောင်လာရင်း ခန်းမသခင်ဖုန်းသည် ကောင်လေးကို သံသယဖြင့် ကြည့်လိုက်သည်။ သူတစ်ယောက်တည်း ထူးဆန်းနေရုံ သာမက လူတိုင်း သံသယများဖြင့် ပြည့်နှက်နေခဲ့သည်။
ဆေးပင်ပစ္စည်းများနှင့် သတ္တုရိုင်းများ အမျိုးမျိုးရှိရင်တောင် ဘယ်လိုသုံးမယ် ဆိုတာကို လုံးဝမသိပေ။ ပစ္စည်းများကို လက်ခံပြီးနောက် လုရွှမ်က ရှင်းပြမနေဘဲ လှောင်အိမ်အနီးသို့ ချဥ်းကပ်ကာ အဖိုးတန်ပစ္စည်းများကို တိတ်တဆိတ် ပစ်ချလိုက်သည်။
ဆေးပင်ပစ္စည်းများနှင့် ရတနာများ မြေပေါ်သို့ ပြုတ်ကျသည်နှင့် တပြိုင်နက် ဗိုက်ပေါ်၍ လဲလျောင်းနေသော သံသွားသင်းခွေချပ်၏ မျက်လုံးများသည် ရုတ်တရက် တောက်ပလာပြီး အလောတကြီး ပြေးလာသည်။
"တံခါးဖွင့်!" လုရွှမ်က ဆို၏။
"တံခါးဖွင့်ရမယ်? ဘယ်လိုမှ မဖြစ်ဘူး! ဒီဝိညာဥ်သားရဲက အရမ်းအစွမ်းထက်တယ်။ ငါတို့ အဲဒါနဲ့ မယှဉ်နိုင်မှာကို ကြောက်ရတယ်... ပြီးတော့ ထွက်လာတာနဲ့ သေချာပေါက် ထွက်ပြေးလိမ့်မယ်"
ခန်းမသခင်ဖုန်းက ကမန်းကတန်း ပြောလိုက်သည်။
"ဟုတ်တယ်... လှောင်အိမ်ကို ဖွင့်လို့မရဘူး ဒီကောင်က ပျင်းသလိုဖြစ်နေပေမယ့် သူက တကယ်ကို အစွမ်းထက်တယ်"
"ဆေးပင်ပစ္စည်းတွေကို ပစ်ချလိုက်ပြီးပြီလေ... တံခါးဖွင့်ပြီး ဘာလုပ်မှာလဲ? မင်း မတတ်နိုင်ရင် မဝင်တာ အကောင်းဆုံးပဲ"
တံခါးဖွင့်တော့မည်ကို ကြားတော့ အားလုံး လန့်သွားပြီး ကမန်းကတန်း ပြောလိုက်သည်။
"ခင်ဗျားသူ့ကို ယဉ်စေချင်ရင် ဖွင့်ရမယ်!"
လူတိုင်း၏ စကားများကို လျစ်လျူရှုပြီး လုရွှမ်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဒါ..."
သူ့တောင်းဆိုမှုကို မြင်ရတော့ ခန်းမသခင်ဖုန်သည် ခဏမျှ တုံ့ဆိုင်းသွားပြီး နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ မင်းသတိထားရမယ်!"
စကားပြောပြီးနောက် သော့ကို ထုတ်ကာ တံခါးကို ဖြည်းညှင်းစွာ ဖွင့်ပေးလိုက်သည်။
ဝုန်း!
တံခါးသော့ကို ဖွင့်လိုက်တာနဲ့ လုရွှမ်တံခါးကို တွန်း၍ အထဲကို ဝင်သွားသည်။
"အာ...သတိထား!"
"မဆင်မခြင် ဆန်လွန်းတယ်"
"ဒီကောင်က အစွမ်းထက်တယ်... သူဒီလိုဝင်သွားရင် အစားခံရလိမ့်မယ်"
သူ့လုပ်ရပ်ကို မြင်လိုက်ရတော့ အားလုံးက ထိတ်လန့် တုန်လှုပ် သွားကြသည်။ သူ့ရှေ့က သံသွားသင်းခွေချပ်တွေရဲ့ ရက်စက်မှုကို မြင်ဖူးသည်။ ဒီလို အပြေးအလွှား ဝင်သွားတာက သေလမ်းကို ပြေးဝင်သွားတာနဲ့ အတူတူပဲ။
ဝုန်း!
သေချာတာပေါ့။ ကောင်လေးက လှမ်းဝင်လိုက်တာနဲ့ သင်းခွေချပ်ဟာ သူ့ပါးစပ်ကို စူးစူးရှရှ ဟပြလိုက်ပြီး အေးစက်နေတဲ့ မီးရောင်တစ်ခုနဲ့ ချက်ချင်း ပြေးတက်လာသည်။ ခန်းမသခင်ဖုန်းက လူကို ကယ်တင်ဖို့ အပြေးအလွှား ဝင်လာချိန်မှာပဲ လူငယ်က ခြေဆန့်ပြီး သင်းခွေချပ်ကို ကန်ပစ်လိုက်တော့၏။
ဗုန်း!
မျက်နှာကို ကန်ပစ်ပြန်ပြီ?
"အာ?"
"ဒီလိုလည်း ရတယ်လား?"
"ဒီလိုလုပ်တာက တစ်ဖက်သားကို ပိုပြီးစိတ်ဆိုးစေလိမ့်မယ်"
လူတိုင်း ထိတ်လန့်သွားပြီး ဆံပင်တွေ ကျွတ်လုမတတ် ဖြစ်သွား၏။ သူကန်လိုက်တဲ့ သားရဲက တန်ခိုးကြီးတဲ့ ဝိညာဥ်သားရဲ ဖြစ်သည်။ ဒီလိုလုပ်ရအောင် ဒီကလေးက တကယ်ရဲရင့်တာလား ဒါမှမဟုတ် ခေါင်းမကောင်း တော့တာလား။
အထူးသဖြင့် ယခင်က ကောင်လေးအပေါ် အမြင်ပြောင်းလဲသွားတဲ့ လူအိုကြီးကောင်းသည် ဤမြင်ကွင်းကို မြင်လိုက်ရသော အခါတွင် သူ၏မျက်ခုံးများ တွန့်ချိုးသွားသည်။ သူသည် ယခုလေးတင် အကန်ခံခဲ့ရပြီးလို့ လူငယ်၏ ခွန်အားကို သိထားသည်လေ။
ဝူ!
သေချာတာကတော့ သံသွား သင်းခွေချပ်ကို ကန်ထုတ်လိုက်တာနဲ့ ချက်ချင်း ဒေါသထွက်လာ၏။
"ဟမ့် မင်းမအောင်မြင်ချင်ရင် လုပ်လိုက်လေ... မင်းဒီမှာ သေသွားရင်တောင် ငါစိတ်မဝင်စားဘူး!"
သံသွား သင်းခွေချပ်သည် အရှိန်ပြင်းပြင်းနှင့် ပြေးဝင်လာကာ တိုးတိုးတိတ်တိတ် အသံမြည်လာသောအခါ ကောင်လေး၏ရှေ့တွင် အစိတ်စိတ် အမြွှာမြွှာ ကိုက်ဖြတ်လုနီး ဖြစ်နေပြီဖြစ်သည်။
ဝူး!
ဒါကိုကြားတော့ သံသွားသင်းခွေချပ်က သူ့မျက်လုံးထဲမှာ လူသတ်ချင်တဲ့ ရည်ရွယ်ချက်ကို ပြသထားပေမယ့် ရှေ့ကို ဆက်မတိုးတော့ပေ။
"......"
ရပ်တန့်သွားတာကို မြင်တော့ လုရွှမ်က ဆက်ပြောသည်။ ဤတစ်ကြိမ်တွင် သူသည် အမည်မသိ ဘာသာစကားကို စိတ်အားထက်သန်စွာဖြင့် ပြောဆိုနေကာ နားထောင်သူများ အတွက် ဝူးဝူးဝါးဝါးသာ ကြားနေရပြီး စိတ်ဝင်တစား မတ်တပ်ရပ်လိုက်သည်။
"ဒါက ဘာလုပ်နေတာလဲ?"
လူငယ်လေး၏ နားမလည်နိုင်သော စကားလုံးများကို ကြားလိုက်ရာ ခြံဝင်းအတွင်းရှိ သားရဲထိန်းကျောင်းသူ အများအပြားသည် ဘာကြောင့်မှန်းမသိ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
"သူဘာပြောတာလဲ?"
"မသိဘူး... ဒါပေမဲ့ ဒီသံသွားသင်းခွေချပ်က ဒါကို နားလည်ပုံရတယ်!"
"တကယ်လား? အဲဒါက ဝိညာဉ်စွမ်းအား ဆက်သွယ်မှုပဲ မဟုတ်ဘူးလား? ဒီအတိုင်း တိုက်ရိုက်ပြောတာကို နားလည်နိုင်ပါ့မလား"
အားလုံး၏ မျက်နှာတွင် ရှုပ်ထွေးမှုများ ပေါ်လာသည်။ ခန်းမသခင်ဖုန်း၏ မျက်လုံးများသာ အဝေးကို ကြည့်လျက် ဝိုင်းစက်နေပြီး သူ့တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။
"ခန်းမသခင်ဖုန်း... ခင်ဗျား ဘာဖြစ်နေတာလဲ?"
မကြာခင်မှာပဲ လူအိုကြီးကောင်းသည် ထိုသူ တစ်ခုခု မှားနေပြီဆိုတာ သတိထားမိလိုက်သည်။
"ဧကန္တ.... ဧကန္တ...."
ခန်းမသခင်ဖုန်းမှာ သူ့စကားကို ပြန်မဖြေန်ိုင်တော့ဘဲ သူ့မျက်နှာက နီမြန်းလာပြီး လုရွှမ်ကိုသာ စိတ်လှုပ်ရှားမှု အပြည့်နဲ့ ကြည့်နေလိုက်သည်။
"ခန်းမသခင်ဖုန်း... ဘာကိုဧကန္တလဲ? ကျုပ်ကို မြန်မြန်ပြောစမ်းပါ!! ဒီမှာသိချင်လို့ သေတော့မယ်"
ခန်းမသခင်ဖုန်းသည် သားရဲခန်းမ၏ အရှင်သခင်အဖြစ် အမြဲတမ်း တည်ငြိမ်အေးဆေး နေသော်လည်း ယခုအချိန်တွင်တော့ သူသည် လေဖြတ်သွားသလို ပုံစံနဲ့ လူတိုင်းကို ထူးဆန်းသလို ခံစားလာရသည်။
"ကျုပ်လည်း ဒဏ္ဍာရီကိုပဲ ကြားဖူးတာ..."
သူ့စကားကြားတော့ ခန်းမသခင်ဖုန်းရဲ့ အာရုံတွေဝင်လာပြီး လူအုပ်ကို ပြန်လှည့်ကြည့်လိုက်သည်။
"အရင်တုန်းက လူတွေနဲ့ သားရဲတွေကြားထဲမှာ ဒဏ္ဍာရီလာ ဘာသာစကားဖြစ်တဲ့ သားရဲဘာသာစကားဆိုတဲ့ အထူးဆက်သွယ် ပြောဆိုနည်း ရှိခဲ့တယ်... အဲဒီဘာသာစကားကို အရင်က ဂိုဏ်းခြောက်ခုထဲက သားရဲတစ်သောင်းဂိုဏ်းက ဖန်တီးခဲ့ပြီး သားရဲမျိုးနွယ်နဲ့ သဘောတူညီမှု ရရှိခဲ့တယ်.... ဝိညာဥ်သားရဲဖြစ်သရွေ့ နားလည်နိုင်တယ်.. ဒါပေမဲ့ သားရဲတစ်သောင်းဂိုဏ်းက လွန်ခဲ့တဲ့ နှစ်၃၀၀ လောက်ကတည်းက ပျက်စီးသွားတော့ ဒီဘာသာစကားကလည်း ပျောက်ကွယ်သွားခဲ့တယ်...သူအခုနက ပြောလိုက်တာ အဲဒါပဲဖြစ်မယ်!"
"သူက သားရဲဘာသာစကားကို ပြောနေတာလား? ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?"
လူတိုင်း၏ အမူအရာများသည် မယုံနိုင်စရာများ အပြည့်ဖြင့် အေးခဲသွားသည်။