ရက်ရောမှု
Vol. 20 Ch. 3.41
"ကိုင်တွယ်စရာ ကိစ္စရှိတယ်?"
ပိုင်ရှောင်းက သူ့ဒေါသတွေကို ထုတ်ပြဖို့ အလျင်စလို မလုပ်ဘူးလို့ ကြားတော့ ဟွမ်ချောင်မှာ အနည်းငယ် စိတ်ပျက်သွားပေမယ့် တစ်ခုခုကို သတိရသွားတဲ့အခါ သူ့မျက်လုံးတွေ တောက်ပလာပြီး ခေါင်းကိုချက်ချင်း မော့လိုက်သည်။
"ဧကန္တ.... ဧကန္တ...."
"မှန်တယ်... ငါဒီတစ်ခေါက် သွားတာ အောင်ပွဲ အပြည့် ရခဲ့တယ် အဲဒီပစ္စည်းကို ရခဲ့ရုံတင် မကဘဲ စောင့်ကြပ်နေတဲ့ ပထမအဆင့် ဝိညာဉ်သားရဲကိုလည်း ဖမ်းမိခဲ့တယ်!"
ပိုင်ရှောင်းက ကျယ်လောင်စွာ ရယ်မောပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ လှမ်းကြည့်လိုက်တော့ သံကြိုးများကို တပည့်ပေါင်းများစွာက ဖြည်းညှင်းစွာ ဆွဲလာတာကို သူတွေ့လိုက်ရ၏။ ထိုအကောင်ကြီးသည် သံနဂါး တဖြစ်လည်း ပထမအဆင့် နတ်ဆိုးအရိပ်ဝံပုလွေ ဖြစ်သည်။
"ဒါ ဝိညာဥ်သားရဲပဲ... ပထမအဆင့် ဝိညာဥ်သားရဲ!"
နတ်ဆိုးအရိပ်ဝံပုလွေကို မြင်တော့ ဟွမ်ချောင်နဲ့ တခြားသူတွေက ထိတ်လန့်တုန်လှုပ် သွားကြသည်။ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်က လူသားတစ်ဦးနှင့် ညီမျှသော ဝိညာဥ်သားရဲသည် ထိုကဲ့သို့သော အစွမ်းထက်သော ကောင်လေးဆီမှာ အဖမ်းခံရပြီး လှောင်အိမ်ထဲတွင် ထည့်ထားခြင်း ခံလိုက်ရသည်။
"စီနီယာပိုင်ရှောင်းက သန်မာလိုက်တာ!"
"ဒီကောင်ကို ဖမ်းဖို့အတွက် ငါ အများကြီး အားထုတ်ခဲ့ရတယ် ကောင်းပြီ... ငါ အခု သားရဲခန်းမကို သွားပြီး ထိန်းကျောင်းဖို့ ဆရာ့ကို တောင်းဆိုလိုက်မယ်။ အခုကစပြီး ဒီနဂါးမျိုးဆက် သားရဲကြီးရှိနေပြီ ဆိုတော့ လုံယိဖျင်နဲ့ ကျန်းရှောက်ချန်လည်း ဘာမှအရေးမပါတော့ဘူး!"
ပိုင်ရှောင်းက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး သူ၏ စူးရှသော အသံသည် ကောင်းကင်ဆီသို့ တည့်တည့်တိုးဝင်သွားသကဲ့သို့ လွင့်ထွက်သည်။ ယခင်အချိန်က သူသည် အဆင့်၉ ဝိညာဉ်သားရဲ ရှိထားသလို အခု နတ်ဆိုးအရိပ်ဝံပုလွေကို အောင်နိုင်ထားလျှင် ပထမနေရာ အတွက် ဘာမှမခက်ခဲတော့ပေ။
"ဟုတ်တယ်!! ဒီကောင်ကြီးနဲ့ ဆိုရင် အပြင်ဝင်းထဲက နံပါတ်တစ် နေရာဟာ စီနီယာ့အပိုင်ပဲ!! လုံယိဖျင်နဲ့ ကျန်းရှောက်ချန်ကတောင် စီနီယာရဲ့ ပြိုင်ဘက် ဖြစ်မလာနိုင်ဘူး... အဲဒီကောင်လေးကိုလည်း ဒီထက်ပိုပြီး သတ်ပစ်ရမယ်!!"
ဟွမ်ချောင်လည်း စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
အစကတော့ စီနီယာပိုင်ရှောင်းသည် ထိုကလေး၏ ပြိုင်ဘက် ဖြစ်မဖြစ်ကို စိုးရိမ်နေသေးပါ၏။ ယခု စဉ်းစားနေစရာ မလိုတော့ပြီ။ ပထမအဆင့် ဝိညာဉ်သားရဲကို ပိုင်ဆိုင်ထားသော ပိုင်ရှောင်းသည် အပြင်ဘက် ခြံဝင်းတွင် လုံးဝ ပြိုင်ဘက်ကင်းသွားပြီ။
သူ့အရှိန်ကို ဘယ်သူကမှ တားလို့မရဘူး။
"ကောင်းပြီ.. ပထမအဆင့် ဝိဉာဉ်သားရဲတွေကို ထိန်းကျောင်းဖို့ လိုတယ် ငါက အဆင့်နိမ့်တဲ့ သားရဲထိန်းသူ မဟုတ်ပေမယ့် ငါမလုပ်နိုင်ဘူး... ဟွမ်ချောင် ငါနဲ့အတူ သားရဲခန်းမကို လိုက်ခဲ့... နတ်ဆိုးအရိပ်ဝံပုလွေကို ယဉ်သွားအောင် ထိန်းပြီးတာနဲ့ မင်းအတွက် ငါလုပ်ပေးမယ် မင်းရဲ့ဒေါသကို လွှတ်ထုတ်ပြီး ပိုင်ရှောင်းရဲ့ ကောင်းကင်စွမ်းအားကို ချိုးဖျက်လို့ မရဘူးဆိုတာ အဲဒီလူသစ် သိပါစေ!"
ပိုင်ရှောင်းက သူ့လက်ကြီးကို ဝှေ့ယမ်းပြီး ဟစ်အော်လိုက်၏။
"စီနီယာပိုင်ရှောင်းက မယုံနိုင်စရာပဲဗျာ!"
ဟွမ်ချောင်လည်း စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်သည်။
"လူကြီးမင်းလုရွှမ်.... ရထားလုံးက အဆင်သင့် ဖြစ်နေပါပြီ!"
များမကြာမီ မော့ချုံ ပြန်ရောက်လာပြီး လေးလေးစားစား ဆို၏။ မလေးမစား လုပ်လို့က မဖြစ်ချေ။ ခန်းမသခင်ဖုန်း နှင့် အခြားသူတို့သည် အခုထိမသွားသေးတာကြောင့် သူမကို သတ္တိတွေ ပေးထားရင်တောင် မလုပ်ရဲပါ။
"ကောင်းပြီ... ကျုပ်ကို ကောင်းကင်ကျားနဲ့ အရင်တွေ့ဖို့ ခေါ်သွားပေးပါ!"
လုရွှမ် ခေတ္တရပ်ပြီး ပြောလိုက်သည်။
သားရဲထိန်းသူအဖြစ် အကဲဖြတ်ခြင်း မပြုမီ သူသည် ဤအကောင်ကြီးအား ထိန်းကျောင်းခဲ့ပြီး တစ်ဖက်သားအား လွှတ်ပေးရန် ကတိပြုထားသောကြောင့် သဘာဝအတိုင်း သူ့စကားကို ချိုးဖျက်၍ မရပေ။
"ခင်ဗျားတို့အရင် ပြန်သွားလိုက်ပါ!"
သူ့နောက်က လူအများအပြားကို မြင်လိုက်ရတော့ လုရွှမ်က သူ့နောက်ကို ဆက်မလိုက်လာရန် ခေါင်းခါလိုက်သည်။
"ဒါဆို ကျုပ်တို့ လူကြီးမင်းကို မနှောင့်ယှက်တော့ပါဘူး!"
ဒါကိုကြားတော့ ခန်းမသခင်ဖုန်းဟာ သူသာဆက်လိုက်မယ် ဆိုရင် စိတ်အနှောင့်အယှက် ဖြစ်မှာကို သိလိုက်တဲ့အတွက် သူစကားပြောတာကို ရပ်လိုက်ပြီး အားလုံးကို ခေါ်သွားတော့သည်။
"သွားကြရအောင်!"
လုရွှမ် သူတို့ကို လျစ်လျူရှုပြီး မော့ချုံရဲ့ နောက်ကနေ လိုက်သွားကာ ကောင်းကင်ကျားဆီရောက်ဖို့ သိပ်မကြာလိုက်ပေ။
ဝေါင်း!
ကောင်းကင်ကျားက လာနေတာကို မြင်တော့ ချက်ချင်း စိတ်လှုပ်ရှားသွားသည်။
"စိတ်မပူပါနဲ့ ငါမင်းကို လွှတ်ပေးမယ်လို့ ကတိပေးပြီးမှတော့ ငါလုပ်ပေးမှာပါ!"
လုရွှမ်က ပြုံးပြီး အဝေးက မော့ချုံကို လှမ်းကြည့်ပြီး
"ဒီကောင်းကင်ကျားကို ရောင်းရင် ဘယ်လောက်ကျမလဲ"
"လူကြီးမင်းက နောက်နေပါပြီ... လူကြီးမင်း လွှတ်ပေးချင်ရင် အခကြေးငွေ မပေးဘဲ လွှတ်ပေးလို့ရတယ်လို့ ခန်းမသခင်က ပြောထားပြီးသားပါ"
မော့ချုံ ကမန်းကတန်း ပြောလိုက်သည်။
"ကောင်းပြီလေ!"
ခန်းမသခင်ဖုန်း၏ ကြင်နာမှုကို သိလျက်နှင့် လက်မခံပါက တစ်ဖက်သားကို မျက်နှာသာ မပေးရာ ကျသွားလိမ့်မည်။ လှောင်အိမ် သော့ဖွင့်လိုက်သည်နှင့် သူ့နောက်မှ ခြေသံများ ဆက်တိုက် ကြားလိုက်ရသည်။
"စီနီယာပိုင်ရှောင်း... သူက လုရွှမ်လို့ခေါ်တဲ့ လူသစ်ပဲ"
ချက်ချင်းပင် ဒေါသစိတ်နှင့် ပြည့်နှက်နေသော ပြင်းထန်သော ဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ အော်ဟစ်သံကို ကြားသော် လုရွှမ်သည် လှောင်အိမ်အား လျစ်လျူရှုပြီး အသံ၏ ဦးတည်ရာဆီသို့ လှည့်ကြည့်လိုက်သည်။
သူ့အရင်က ရိုက်နှက်ဖူးတဲ့ ဟွမ်ချောင်ပင်။
ထိုအခိုက်တွင် ဟွမ်ချောင်၏ အေးစက်စွာ ကြည့်နေသော မျက်လုံးများသည် သူ့ကို အပိုင်းပိုင်း အပိုင်းပိုင်း ခွဲပစ်ချင်သလို မကျေမနပ် အပြည့်နှင့်။
ဟွမ်ချောင်၏ နံဘေးတွင် အဖြူရောင် ၀တ်စုံ လူငယ်လေ သည် ဧရာမ မျက်နှာဖြူ ကျားကြီး ၏ နောက်ကျောတွင် ထိုင်နေပြီး ဧကရာဇ် တစ်ပါးကဲ့သို့ အောက်သို့ ငုံ့ကြည့်နေသည်။ သူတို့နောက်မှာ အကယ်ဒမီက ကျောင်းသားတွေ တစ်ဒါဇင်လောက် ရှိ၏။
ပိုင်ရှောင်း နဲ့ တခြားသူတွေဟာ နတ်ဆိုးအရိပ်ဝံပုလွေကို ယဉ်ပါးစေမယ့် တစ်စုံတစ်ယောက်ကို ရှာဖွေဖို့ သားရဲခန်းမကို လာရာက လုရွှမ်နဲ့ တည့်တည့် တိုးသွားခြင်း ဖြစ်သည်။
"မင်းက လုရွှမ်လား?"
ကျားဖြူရဲ့ ကျောပေါ်က ပိုင်ရှောင်း အမည်မသိ ပုရွက်ဆိတ် တစ်ကောင်ကို ကြည့်နေသလိုမျိုး ဘုရင်ကြီးရဲ့ မာနကြီးတဲ့ အကြည့်နဲ့ ငုံ့ကြည့်လိုက်သည်။
"မင်းက ဟွမ်ချောင်ကို ဒဏ်ရာရစေခဲ့တာလား?"
တစ်ဖက်သား၏ လေသံသည် အေးစက်စက်နှင့် သူ့အား ရှုံ့ချနေသည်ကို မြင်လိုက်ရသဖြင့် လုရွှမ့သည် ဂရုမစိုက်တော့ပေ။
"ဟမ့် ဘယ်လိုအသက်ရှင်ရမှန်း မသိဘူးပဲ!"
လူငယ်က သူ့ကို လျစ်လျူရှုထားတာကို မြင်လိုက်ရတော့ ပိုင်ရှောင်းရဲ့ အမူအရာက မှောင်သွားသည်။
ယင်းယန်အကယ်ဒမီ၏ အပြင်ခန်းတွင် ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦး အနေဖြင့် လုံယိဖျင် နှင့် ကျန်းရှောက်ချန်တို့ပင်လျှင် ၎င်းတို့၏ မျက်နှာကို ထုတ်ဖော်ပြသ ရပေလိမ့်မည်။ သူ့ရှေ့တွင်ရှိ လူငယ်လေး တစ်ယောက်သည် အလွန်ရိုင်းစိုင်းသော သတ္တိရှိကာ လူသတ်ချင်သည့် စိတ်နှလုံးကို ဆူပွက်လာစေသည်။
"အကောင်ငယ်လေး... မင်းက အသစ်ဆိုတော့ မင်းရဲ့အထောက်အထားကို မင်းသိထားရမယ် မင်းမှာ ဘာနောက်ခံ ရှိတယ်ဆိုတာ ငါဂရုမစိုက်ဘူး... ဘယ်အကြီးအကဲက မင်းကို စုဆောင်းခဲ့လဲ ငါဂရုမစိုက်ဘူး ... ဒါပေမဲ့ ပိုင်ရှောင်းဆိုတဲ့ ငါ့ကို စော်ကားရင်ဆော့ အဆုံးသတ်က တစ်ခုပဲရှိတယ်... အဲဒါ သေခြင်းပဲ!"
မျက်နှာဖြူ ကျားကြီး၏ နောက်ကျောတွင် ထိုင်နေသော ပိုင်ရှောင်း၏ မျက်လုံးများသည် ဘာမှမထူးခြားဘဲ သူ၏ လက်ဝှေ့ယမ်းလိုက်တိုင်း နယ်မြေကို စိုးမိုးနိုင်သော စစ်ဗိုလ်ချုပ်ကြီးနှင့် တူလေသည်။
"အကောင်ငယ်လေး... မင်းက ငါတို့ စီနီယာပိုင်ရှောင်းရဲ့ မျက်နှာဖုံးအောက်က လူကိုတောင် ရိုက်ရဲတယ်ပေါ့ မင်းတော်တော် သတ္တိရှိတာပဲ!"
"ဘယ်လို အသက်ရှင်မှန်းမသိတဲ့ ခွေးတစ်ကောင်ပဲ... မင်းဘာသာ အကြီးအကဲ လုံယွမ်က ကိုယ်တိုင်လိုက်ရှာပြီး ကျေနပ်စွာနဲ့ စုဆောင်းထားတယ် ဆိုပါစေ မင်းအရည်အချင်း မရှိရင် ဘာမှမဟုတ်တော့ဘူး!"
"စီနီယာပိုင်ရှောင်းနဲ့ ယှဉ်ရင် သူက ရွှံ့နဲ့ တိမ်လိုပဲ.... အကြီးအကဲရဲ့ ချီးမွမ်းမှုကို အားကိုးပြီး ခြေသုံးချောင်း ကြောင်တစ်ကောင်လို ကွန်ဖူးနည်းနည်း တတ်လာတာကို ရန်လိုဟန်ဆောင်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်သွားတာလားဟ!"
"စီနီယာ ပိုင်ရှောင်းက ထူးချွန်တဲ့ အရည်အချင်းရှိသူပဲ... သူမင်းကို သင်ခန်းစာတစ်ခု တကယ်သင်ပေးချင်ရင် ဘယ်လိုသေလို့ သေသွားမှန်းတောင် မသိမှာကို ကြောက်ရတယ်"
ပိုင်ရှောင်း ပြောပြီးတာနဲ့ သူ့နောက်က ကျောင်းသား တော်တော်များများက တစ်ယောက်ပြီး တစ်ယောက် ထေ့ငေါ့ပြပြီး အချိန်မရွေး ကြိတ်ခံရတော့မယ့် ကြက်တစ်ကောင်လို လုရွှမ်ကို ကြည့်နေကြသည်။
အားလုံးပြောပြီး သွားသည်နှင့် ပိုင်ရှောင်းက ထပ်၍ ငုံ့ကြည့်ကာ
"မင်းကို အခု အခွင့်အရေး ၂ခု ပေးမယ်... ပထမတစ်ခုက အရင်ဆုံး ဒူးထောက်ချလိုက်ပြီး ဟွမ်ချောင်ကို ပါးအချက် နှစ်ရာလောက် ပြန်ရိုက်ခိုင်းလိုက် ပြီးတော့ ဝမ့်ထျန်းနန်းဆောင်ထဲက နာခံပြီး ထွက်သွား... ဒါဆို ဒီကိစ္စကို မေ့လိုက်မယ်.. ငါဂရုမစိုက်တော့ဘူး! ဒုတိယအချက်က ငါ မင်းကို ဒူးထောက်သွားတဲ့အထိ အရိုက်ခံလိုက် ပြီးရင်တော့ ထွက်သွားပေါ့... ဒါပေမဲ့ ငါကအားကြီးတော့ အားနည်းသူကို အနိုင်ကျင့်သလို ဖြစ်နေဦးမယ်... မင်းသေချာရွေး!"
"စီနီယာပိုင်ရှောင်းက ရက်ရောလွန်းတယ်.. ပါးရိုက်ချက်နှစ်ရာက တကယ်ကို စေတနာကောင်းပြီး ကျောင်းသားတွေအတွက် စံနမူနာပြတာပဲ!"
"အပြင်ဘက် ခြံဝင်းထဲမှာ ထိပ်တန်း အဆင့်၃ ဖြစ်ဖို့ ထိုက်တန်ပါတယ်... ဒီလို ကောင်က စီနီယာနဲ့ လာယှဉ်လို့မရပါဘူး!"
"ဒါပေါ့ သူကဘာကောင် မလို့လဲ? စီနီယာပိုင်ရှောင်းနဲ့ နှိုင်းလို့ ရမလား... ရယ်စရာ ကောင်းလိုက်တာ!"
ပိုင်ရှောင်း ရဲ့ "ကြီးကျယ်ခမ်းနားတဲ့" စကားကိုကြားတော့ တခြားကျောင်းသားတွေက သဘောကျ မဆုံးနိုင်ဖြစ်နေသည်။
"စီနီယာ... သူက ကျွန်တော့်ကို အရမ်းစိတ်ဆင်းရဲအောင် လုပ်ထားတာ....သူ့ကို လွယ်လွယ်နဲ့ မလွှတ်ပေးနိုင်ဘူး"
ဟွမ်ချောင်သည် ပိုင်ရှောင်း၏ ဤမျှကြီးမားလှသော ရက်ရောမှုကို မမျှော်လင့်ဘဲ စိုးရိမ်တကြီး အော်လိုက်သည်။ သို့သော် သူအော်လို့ မပြီးသေးခင်မှာပဲ ပိုင်ရှောင်းက ကြားဖြတ်ပြောလိုက်၏။
"ပြောစရာ မလိုပါဘူး....အသစ်ရောက်လာလို့ ငါက အခွင့်အရေး ပေးရုံပဲ... အခွင့်အရေး ဆိုတာ သူရွေးချယ်တဲ့ အပေါ်မှာ မူတည်တယ်"