ကောင်းရှန်
Vol. 20 Ch. 3.43
ကောင်းကင်အူသံကျား!
မတိုင်ခင်က လုရွှမ် လှောင်အိမ်ကို ဖွင့်လိုက်သောအခါတွင် သူ့အား ယဉ်ပါးနေသော ကောင်းကင်ကျားသည် နတ်ဆိုးအရိပ်ဝံပုလွေက ၎င်း၏သခင်ကို ခိုးကြောင်ခိုးဝှက် ခိုးဝင် တိုက်ခိုက်လာသည်ကို တွေ့လိုက်ရသည်နှင့် ချက်ချင်း ခုန်ထွက်လာတော့သည်။
၎င်းတို့ နှစ်ဦးစလုံးသည် ပထမအဆင့် ဝိညာဉ်သားရဲများ ဖြစ်ကြသော်လည်း နတ်ဆိုးအရိပ်ဝံပုလွေနှင့် ကောင်းကင်အူသံကျားတို့ ကြားတွင် ကြီးမားသော ကွာဟချက် ရှိနေဆဲဖြစ်သည်။
သူ့ရှေ့က ကောင်းကင်အူသံကျားသည် သူ့ရဲ့မီးဖွားပြီး နောက်ပိုင်းမှာ အားနည်းနေတာကြောင့်မဟုတ်ရင် သာမန် နတ်ဆိုးအရိပ်ဝံပုလွေ တစ်ကောင်ကို မပြောနှင့် ခြေထောက်တစ်ချောင်းနဲ့တင် ဆယ်ကောင်ကို သတ်ဖို့ လုံလောက်နေပြီ။
"နတ်ဆိုးအရိပ်ဝံပုလွေ.... နတ်ဆိုးအရိပ်ဝံပုလွေလေ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ဒီကောင်းကင်အူသံကျားက ဘာလို့ သူ့ကိုကူညီတာလဲ?"
နတ်ဆိုးအရိပ် ဝံပုလွေက လှုပ်ရှားလိုက်ရင် သူ့ရှေ့မှာ “ခွေးယောက်ျားနဲ့ မိန်းမ”က သေလိမ့်မယ် လို့ သူထင်ခဲ့တာ။ အသက်နည်းနည်း ရှူပြီးရုံရှိသေး သူ့မျက်လုံးထဲက အစွမ်းထက်ဆုံး “နတ်ဆိုးအရိပ်ဝံပုလွေ” ဟာ မြေပြင်ပေါ်မှာ လဲကျနေမယ်လို့ ဘယ်တုန်းကမှ အိပ်မက်မမက်ခဲ့ချေ။ အခုတော့ သေလားရှင်လား မသိ။
ပိုင်ရှောင်းမှာ ရိုးရိုးရှင်းရှင်းကို ရူးသွပ်လုနီးပါး ဖြစ်သွားသည်။ ပထမ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က စားပွဲထိုး၊ အခု ကောင်းကင်အူသံကျား။ ဒါတွေအားလုံး ဘယ်က ရောက်လာတာလဲ။
သူ့ရဲ့ လက္ခဏာနဲ့ အဆင့်အတန်းကို မသိဘူးလား။
"မင်းက သိပ်သတ္တိရှိတာပဲ!"
လုရွှမ် ဘာမှမဖြစ်တော့မှ မော့ချုံက သက်ပြင်းချပြီး မကူညီနိုင်တော့ဘဲ ပြစ်မှုကျူးလွန်သူကို ကြည့်ဖို့ ခေါင်းကို လှည့်ကြည့်လိုက်ကာ သူမရဲ့ မျက်လုံးထဲက လူသတ်ချင်သည့် အငွေ့အသက်တို့က ဖုံးကွယ်ထားလို့ မရတော့ချေ။
သူမ လုံးဝ ဒေါသထွက်သွားပြီ။
ခန်းမသခင်ဖုန်းသည် လုရွှမ်အား အဘယ်ကြောင့် အလွန် အလေးပေးသည်ကို သူမ မသိသော်လည်း ယခုအခါ သားရဲခန်းမတစ်ခုလုံးရှိ သားရဲထိန်းကျောင်းသူများ အားလုံးသည် သူမ မိုက်မဲသည်ဟု ပြောလာကြမည်။
အကယ်၍ ထိုသို့သော အဆင့်အတန်းရှိ လူတစ်ဦးသည် သူမ၏ စောင့်ရှောက်မှုအောက်တွင် အမှန်တကယ် အသတ်ခံရမည် ဆိုပါက ခန်းမသခင်ဖုန်းသည် သူမကို မသတ်သည်ကပင် အံ့သြစရာ ကောင်းသွားလိမ့်မည်။
သူ့ရှေ့က မသိနားမလည်တဲ့ လူကြောင့် အားလုံးကို တွေးပြီး ဒေါသမထွက်အောင် ဘယ်လိုလုပ် ရတော့မှာလဲ။
"ဒူးထောက်စမ်း!"
ဆူပူကြိမ်းမောင်းခြင်းနှင့် အတူ မော့ချုံသည် သက်ညှာမှု မရှိတော့ပေ။ သူမ၏ရုပ်သွင်သည် လျှပ်စီးလက်သွား သကဲ့သို့ ပိုင်ရှောင်းရှေ့ကို ချက်ချင်းရောက်သွားကာ ကျောက်စိမ်းလက်ကို မြှောက်ကာ ရိုက်ချလိုက်သည်။
ဗုန်း!
ပိုင်ရှောင်း မတုံ့ပြန်ခင်မှာ သူမရဲ့ ခန္ဓာကိုယ်ပေါ်ကို ကြီးမားတဲ့ အင်အားတစ်ခု ဖိကပ်နေတာကို ခံစားလိုက်ရပြီး သူ ဆက်မထိန်းနိုင်တော့ဘဲ ဒူးတွေ ပျော့သွားကာ လဲကျသွားသည်။
"မဟုတ်ဘူး"
ပိုင်ရှောင်းဟာ အရှက်တရားတွေ ပြည့်နှက်နေပြီး သူဟာ မြေပြင်မှာ အက်ကွဲရာရှိပါက ဝင်ပုန်းနိုင်ပါစေလို့ ဆန္ဒပြုလိုက်မိသည်။
သူ ယင်းယန်အကယ်ဒမီကို ဝင်ပြီးကတည်းက တစ်ချိန်လုံး အာရုံစူးစိုက်မှုကို ဆွဲဆောင်ခဲ့ပြီး သူ့ရဲ့ ခွန်အားနဲ့ မြင့်မားတဲ့ အဆင့်အတန်း တစ်ခုကို ဖန်တီးခဲ့သည်။
ထို့အပြင် အဆင့်၆ သားရဲထိန်းသူ တစ်ဦးအနေဖြင့် သူသွားလေရာရာ၌ပင် လူတို့၏အာရုံကို စွဲဆောင်နိုင်သော တည်ရှိနေသူ တစ်ဦးဖြစ်သော်လည်း ယခုအခါတွင် တစ်စုံတစ်ဦး၏ ဒူးထောက်ခိုင်းခြင်းကို ခံနေရပြီ ဖြစ်သည်။
ပြင်းထန်သော အရှက်တရားက သူ့ကို ရူးသွပ်သွားစေသည်။
"အစေခံမ!! ငါဘယ်သူလဲ သိလား? ငါ့ဆရာက သားရဲထိန်းကျောင်းတဲ့ ဆရာကြီး ကောင်းရှန်ပဲ... ဆရာကောင်းရှန်က ဧကရာဇ်မင်းမြတ်ရဲ့ အကြီးအကဲကောင်းရဲ့ တိုက်ရိုက်တပည့်ပဲကွ!! ဆိုလိုတာက ငါက ဆရာကောင်းရဲ့ တပည့်..ယ မင်းငါ့ကို ဒီလိုမျိုး ဆက်ဆံရဲတာ သားရဲခန်းမတစ်ခုလုံးရဲ့ လက်စားချေမှုကို စောင့်မျှော်နေတာလား?"
ပိုင်ရှောင်းက အရူးအမူး ဟိန်းဟောက်တော့သည်။
အကြီးအကဲကောင်းသည် ဧကရာဇ်မင်းမြတ်၏ ဆရာအဖြစ် ပေရွှီးအင်ပါယာ တစ်ခုလုံးတွင် ထိပ်တန်းရာထူးရှိပြီး သူ၏တပည့်များနှင့် မြေးများသည် သာမန်လူများထက် သာလွန်တဲ့ ဂုဏ်ယူမှုရှိသည်။
အကြီးအကဲကောင်းသည် အာဏာကို မုန်းတီးပြီး သူ၏ အမှတ်အသားနှင့် ဂုဏ်သတင်းကြောင့် သူသည် ကြီးမားသော အရင်းအမြစ် အစုအဝေးတစ်ခု ဖြစ်သည်။
အကြီးအကဲကောင်း လို့ ခေါ်နေသရွေ့တော့ ပေရွှီးအင်ပါယာမှယ ဘယ်သူမှ ဘာမှလုပ်ဝံ့မှာ မဟုတ်ဘူး။ ဗိုလ်ချုပ်၊ မင်းညီမင်းသားတွေနဲ့ ပထမအဆင့် အရာရှိတွေတောင် သူတို့ကို အရမ်းလေးစားပြီး အနီးကပ်ကနေတောင် မသွားရဲကြဘူး။
အကြီးအကဲကောင်း၏ မြေးတပည့်အဖြစ် ပိုင်ရှောင်းသည် စားပွဲထိုး တစ်ဦးထံမှ မြေပြင်ပေါ်တွင် ဒူးထောက်ခိုင်းပြီး အရိုက်ခံနေရပြီမို့ အရှက်တရား ပြင်းထန်စွာရကာ သည်းမခံနိုင်တော့ဘဲ အော်ဟစ်လာတော့သည်။
"အကြီးအကဲကောင်းရဲ့ မြေးတပည့်?"
မူလက တစ်ဖက်လူ၏ဆရာသည် အမည်မသိ လူလေးတစ်ဦးမျှသာဟု ထင်ခဲ့သော်လည်း သူသည် ဆရာကောင်း၏ တပည့်ဖြစ်ကြောင်း ကြားသောအခါ မော့ချုံလည်း တုံ့ဆိုင်းသွားသည်။
သားရဲခန်းမထဲက အကြီးအကဲကောင်းရဲ့ အဆင့်အတန်းက ခန်းမသခင်ထက် မဆိုးပါ။ သူ့တပည့်နဲ့ မြေးတပည့်တွေကို ကြမ်းတမ်းစွာ ရိုက်နှက်ခြင်းက ပဋိပက္ခတွေ အများကြီး ဖြစ်လာစေမှာ သေချာပေ၏။
ခြံဝင်းထဲမှာ မြင်ကွင်းကို သူမ မမြင်ရတဲ့အတွက် သဘာဝအတိုင်း သူမ မသိလိုက်ပါဘူး။ လုရွှမ်ဟာ အကြီးအကဲကောင်းရဲ့ မျက်နှာကို ကန်ထုတ်လိုက်တဲ့ အကြောင်းလည်း မသိတာကြောင့် သူမ စိတ်ပူစပြုလာသည်။
"ပါးကို အချက်၂၀၀ ရိုက်လိုက်!"
မော့ချုံ၏ တုံ့ဆိုင်းမှုကို မြင်လိုက်ရသဖြင့် လုရွှမ်လှည့်၍ လျောက်ချင်းကို ပြောလိုက်သည်။
"ဟုတ်ကဲ့ သခင်လေး!"
လျောက်ချင်း၏ မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြင့် စိတ်လှုပ်ရှားစွာ ရှေ့တက်လာသည်။
"မင်း သတ္တိကောင်းနေတယ်ပေါ့!! မင်း ငါ့ဆံပင်ကို တစ်ချက်ထိဝံ့ရင် မင်းတို့ တစ်အိမ်လုံးကို သတ်ပစ်မယ်ကွ!!"
မော့ချုံ၏ ခွန်အားကြောင့် ပိုင်ရှောင်းသည် မလှုပ်ရှားနိုင်တော့ဘဲ လျောက်ချင်း ချဉ်းကပ်လာသည်ကို မြင်လိုက်ရသဖြင့် သူသည် ပို၍ပင် စိတ်တိုလာပြီး အရူးအမူး ထအော်လေသည်။
ဖြောင်း ဖြောင်းဖြောင်း!
သူ့ခြိမ်းခြောက်မှုက မည်သို့ပင်ရှိစေကာမူ လျောက်ချင်းသည် သူ့လက်ကို ခါယမ်းကာ ရိုက်နေ၏။ ကျယ်ဝန်းသော ခန်းမကြီးထဲတွင် ရိုက်သံသည် ကြည်လင်စွာ ထွက်ပေါ်နေသည်။
"မင်း သေစေချင်တယ်!! ငါ မင်းကို သတ်ချင်တယ်!!"
ပိုင်ရှောင်းသည် မူလက ဟွမ်ချောင်ကို ဒုက္ခပေးခဲ့သူအား အရှိန်အဟုန်ဖြင့် လက်စားချေရန် စီစဉ်ခဲ့သော်လည်း သူသည် အလားတူ အခြေအနေတွင် အဆုံးသတ်မည်ဟု စိတ်ကူးမယဉ်ခဲ့ဖူးပေ။
"အချက် နှစ်ရာထည့်ရိုက်!"
ဒီကောင်လေး အနည်းငယ် စိတ်အနှောက်အယှက် ဖြစ်နေသည်ကို ကြားတော့ လုရွှမ်သည် သူ့လက်များကို ဝှေ့ယမ်းလိုက်သည်။
"ဟုတ်ကဲ့!"
လျောက်ချင်းသည် တစ်ဖက်သားကို မနှစ်သက်သည်မှာ ကြာပါပြီ။ သူ၏ ပါးရိုက်မှုက တစ်ချက်ထက်တစ်ချက် ပိုမိုပြင်းထန်လာသည်။
"အာ"
လက်စားချေရန် ကြံစည်နေခဲ့သော ဟွမ်ချောင်သည် ဒူးထောက်ပြီး မျက်နှာကို ပါးရိုက်ခံနေရသည်ကို တွေ့လိုက်ရသည့် အခါ အလွန်ထိတ်လန့်သွားကာ သူ့တစ်ကိုယ်လုံး တုန်တုန်ယင်ယင် ဖြစ်လာသည်။
အကယ်ဒမီကို ရောက်လာတဲ့ လူငယ်တစ်ယောက်အတွက် စီနီယာပိုင်ရှောင်းက သူ့ကို သေချင်စိတ်တောင် ပေါက်လာတဲ့အထိ ရူးသွပ်သွားစေမှာ သေချာတယ်လို့ ထင်ခဲ့တာ။ ဒီလိုရလဒ်မျိုး ဖြစ်လာလိမ့်မယ်လို့ တစ်ခါမှ စိတ်ကူးမယဉ်ဖူးဘူး။
"စီနီယာဟွမ်ချောင်....ကျွန်တော်တို့ ဘာလုပ်ကြမလဲ? စီနီယာပိုင်ရှောင်းသာ ဒီလိုအရိုက်ခံနေရရင် သေချာပေါက် သေသွားလိမ့်မယ်"
လုရွှမ်မတွေ့ခင် တိတ်တဆိတ် ထွက်ခွာတော့မယ့် ပိုင်ရှောင်းရဲ့ နောက်လိုက်လေး တစ်ယောက်က ဆိုလိုက်သည်။
"သားရဲခန်းမထဲမှာ စီနီယာရဲ့ ဆရာ ရှိတယ်မလား? သူ့ကို သွားရှာလိုက်... အဲဒီကောင်လေး သေချာပေါက် ဂိုဏ်းဆရာအဆင့် သားရဲထိန်းသူကို မတိုက်နိုင်လောက်ဘူး!"
တစ်ဖက်သားကို ကြိမ်းမောင်းတော့မယ့် အချိန်မှာ ရုတ်တရက် တစ်ခုခုကို တွေးလိုက်မိတဲ့ ဟွမ်ချောင်က ကမန်းကတန်း ပြောလိုက်သည်။
သူ အခု လူကို မကယ်နိုင်တော့ပေမယ့် စီနီယာပိုင်ရှောင်းက သားရဲ ထိန်းသူပဲ။ သူ့နောက်မှာ ဆရာတစ်ယောက်ရှိတယ်။ သူ့ဆရာကိုတွေ့ပြီး ဂုဏ်သိက္ခာရှိတဲ့ သားရဲတစ်ကောင်ကို ထိန်းကျောင်းနေတဲ့ ဆရာထွက်လာသရွေ့ လုရွှမ်နဲ့ အဲဒီအမျိုးသမီးကို နောက်တစ်ခါ ထပ်မလုပ်ရဲတော့ဘူး။
"ဆရာကြီး ဘယ်ရောက်နေလဲ ငါသိတယ်... အခု သွားလိုက်မယ်"
ထိုကျောင်းသားလည်း တုံ့ပြန်ပြီး ကမန်းကတန်း လှည့်ထွက်သွားသည်။ လုရွှမ် ထိုကောင်လေး ထွက်သွားတာကို မြင်ပေမယ့် ဂရုမစိုက်ချေ။
ပါးရိုက်မှုတွေက ဆက်တိုက် ဖြစ်ပေါ်နေပြီး လူပုံအလယ် စော်ကားခံနေရတဲ့ ပိုင်ရှောင်းမှာ အရိုက်ခံလိုက်ရတိုင်း သွားတစ်ဒါဇင်ကျော် ဆုံးရှုံးခဲ့ပြီး နှုတ်ခမ်းတွေဟာ ဝက်အူချောင်းလို ရောင်ရမ်းလာပါ၏။
"သတ္တိရှိလိုက်တာ!! ငါ့တပည့်ကို ထိပါးရဲတယ်ပေါ့!! သေချင်နေတာလား!"
လျောက်ချင်းသည် တစ်ဖက်လူ၏ မျက်နှာကို ပါးရိုက်ခါနီးတွင် အသံတစ်ခု ထွက်ပေါ်လာသည်။ ခဏအကြာတွင် လူလတ်ပိုင်းတစ်ဦး ဖြတ်ဝင်လာသည်ကို တွေ့လိုက်ရသည်။
ပိုင်ရှောင်းရဲ့ဆရာ ကောင်းရှန်ပင်။
မတိုင်ခင်က ခန်းမသခင်ဖုန်းရဲ့ အဓိက ခြံဝင်းထဲမှာ သူက သံသွားသင်းခွေချပ်ကို ထိန်းကျောင်းတဲ့နည်းကို လေ့လာရန်အတွက် အဲဒီနေရာကို သွားဖို့ အရည်အချင်း မပြည့်မီတဲ့အတွက် မပါဝင်ခဲ့ရာ လုရွှမ်ကိုလည်း မသိခဲ့ချေ။
"ဆရာ.... ဒီခွေးနှစ်ကောင်ကို သတ်ပစ်ရမယ်!!"
ဆရာ ချဉ်းကပ်လာသည်ကို မြင်တော့ ပိုင်ရှောင်းသည် နောက်ဆုံးတွင် ကျောထောက်နောက်ခံ ရှိရာသို့ ရုန်းကန်တွားသွားရင်း ဟိန်းဟောက်လိုက်သည်။
"ရှောင်းအာ... စိတ်မပူပါနဲ့ မင်းကိုဒီလို ရိုက်ဝံ့မှတော့ ငါသူ့ကို သေချာပေါက် ပြန်ပေးဆပ်ခိုင်းမယ်!"
သူ့တပည့်၏ အသွင်အပြင်ကို မြင်တော့ ကောင်းရှန် လုံးဝ ဒေါသထွက်သွားသည်။ လုရွှမ်ကို လှည့်ကြည့်လိုက်တဲ့ သူ့မျက်လုံးထဲက လူသတ်လိုတဲ့ ရည်ရွယ်ချက်က ဖုံးကွယ်မထားနိုင်ဘဲ။
"မင်း သူ့ကို ဒဏ်ရာရစေခဲ့တာလား? အရမ်းကောင်းတယ် သေဖို့စောင့်နေလိုက်!"
"ဆရာကောင်း... ကျွန်မလုပ်ခဲ့တာပါ"
မော့ချုံ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။
"ဘယ်သူလဲလို့ လတ်စသတ်တော့ မိန်းကလေးမော့ချုံကိုး... "
သူမကိုမြင်တော့ ကောင်းရှန် အံ့အားသင့်သွားသည်။