← Chapters

မကျေနပ်တာလား?

Vol. 20 Ch. 3.45

မကျေနပ်တာလား?

Vol. 20 Ch. 3.45

"အား.... လူသတ်နေပြီ... လူသတ်လိုက်ပြီ"

ပိုင်ရှောင်းရဲ့ နောက်လိုက် ကျောင်းသား တော်တော်များများဟာ အေးစပြုလာတဲ့ မြေပြင်ပေါ်က ပြားပြားဝပ် လူသေအလောင်းကို တွေ့လိုက်ရသော် သူတို့ရဲ့မျက်နှာတွေဟာ ထိတ်လန့်တုန်လှုပ် သွားကြသည်။

သူတို့သည် ဒီလိုကိစ္စကို တစ်ခါမှ မကြုံဖူးသော အကယ်ဒမီထဲက ကျောင်းသားများသာ ဖြစ်ကြပြီး အားလုံးက ထိတ်လန့်ကာ ခြေသလုံးများ အားနည်းလာ၍ လဲကျလုဆဲဆဲ ဖြစ်နေကြသည်။

အထူးသဖြင့် ဟွမ်ချောင်သည် သာမန်အချိန်များတွင် မာနကြီးပုံရသော်လည်း မည်သူ့ကိုမျှ မသတ်ခဲ့ဖူးပေ။ သူ၏ကျောထောက် နောက်ခံသည် အလွယ်တကူပင် ကြေမွသွားကာ ပွဲချင်းပြီး သေဆုံးသွားသည်ကို မြင်လိုက်ရသဖြင့် သူ့အသက်ကို ဆုံးရှုံးသွားသကဲ့သို့ တုန်လှုပ်သွားသည်။

အခုအချိန်မှာတော့ သူသည် ရက်စက်တတ်တဲ့လူကို စော်ကားမိခဲ့တာကို သဘောပေါက်သွားလေပြီ။

အပြင်ဝင်းရှိ ထိပ်တန်းအဆင့်၃ ဖြစ်သလို ပါရမီရှင်ဖြစ်တဲ့ ပိုင်ရှောင်းတစ်ယောက် အခုလို အသတ်ခံလိုက်ရတာက မယုံနိုင်စရာပင်။ လူသစ်က လူဟောင်းကို သတ်ပစ်တယ် ဆိုတာကို တစ်ကျောင်းလုံးမှာ ကြားတောင် မကြားဖူးပေ။

အကယ်ဒမီသည် ကျောင်းသား အချင်းချင်း တိုက်ခိုက်ခြင်းကို ကန့်သတ်ထားခြင်း မရှိသော်လည်း သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်တွင် ပြင်းထန်သော လူတစ်ယောက်ရှေ့တွင် သူ၏ တပည့်အား သတ်ဖြတ်နိုင်ခြင်း၏ သတ္တိနှင့် ရဲစွမ်းသတ္တိသည် သာမန်လူများနှင့် မယှဉ်နိုင်ပါ။

"ငါ ဒီအဖြစ်အပျက်ကို ဖြစ်အောင် လုပ်ခဲ့တာ... သူသာ ဆရာကောင်းရှန်ကို သူက ပြောခဲ့မယ်ဆိုရင် သူက ငါ့ကို သတ်မှာ သေချာတယ်"

စိတ်ထဲမှာ ကြောက်မိလာ၏။ သူသည်လည်း မတုံးတာကြောင့် ကပ်ဆိုးတစ်ခု ဖြစ်သွားပြီဆိုတာ သူသိလိုက်သည်။

ပိုင်ရှောင်း သေဆုံးသွားပြီမို့ ကောင်းရှန် လုရွှမ်ကို သတ်ခဲ့ရင်တောင် ပြစ်မှုအတွက် သူ့ဖက်ကို သေချာပေါက် လှည့်လာလိမ့်မယ်။ လုရွှမ်ကို နိုင်သွားရင် သူ့ကို လွှတ်ပေးမှာ မဟုတ်ဘူးဆိုတာ သေချာလေ၏။

ဒါကြောင့် ဘာပဲပြောပြော သေခြင်းက မလွတ်မြောက်နိုင်ဘူး။

"ပြေး!"

သူ့ရှေ့က တိုက်ပွဲကို တွေးပြီးလှည့်၍ လူအုပ်ထဲ ဝင်သွားကာ လုံးဝ ပျောက်ကွယ်သွားသည်။

"ရှောင်းအာ!! မင်း သူ့ကို သတ်ရဲတယ်?? ငါမင်းကို သတ်ပစ်မယ်!"

လုရွှမ်သည် သူ့ခြိမ်းခြောက်မှုကို နားမထောင်ဘဲ ပိုင်ရှောင်းကို အသေသတ်လိုက်သည်ကို မြင်လိုက်ရသဖြင့် ကောင်းရှန်ဒေါသတွေ ပေါက်ကွဲသွားသည်။

ပထမအဆင့် ဝိညာဥ်သားရဲကို ထိန်းကျောင်းသည့် သခင်တစ်ဦး အနေဖြင့် သူသည် ပေရွှီးအင်ပါယာ တစ်ခုလုံးတွင် လူသိများသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ယင်းယန်အကယ်ဒမီ ၏ အတွင်းခန်းမှ ကျောင်းသား အများအပြားသည် သူ့ကို မြင်သောအခါ ရိုင်းစိုင်းသော စကား မပြောဝံ့ကြပေ။

သူ့အာဏာစက်ကို မထီမဲ့မြင်ပြုပြီး သူ့တစ်ဦးတည်းသော တပည့်ကိုတောင် မျက်နှာသာ မပေးဘဲ သတ်ပစ်လိုက်တဲ့ ဒီလိုအခြေအနေမျိုးမှာ သူဘယ်လိုလုပ် ဒေါသမထွက်ဘဲ နေပါ့မလဲ။

ဗုန်း!

ဟိန်းဟောက်သံများ ကြားတွင် ကောင်းရှန်၏ တစ်ကိုယ်လုံးရှိ ချွေးပေါက်များ ပွင့်လာပြီး ကြီးမားသော ဝိညာဥ်စွမ်းအင်သည် အမိုးဆီသို့ တည့်တည့် ပြေးဝင်သွားကာ အနီးနားရှိ ခင်းကျင်းထားသော စားပွဲများကို လွင့်စင်သွားစေသည်။

"သေလိုက်စမ်း!"

ပေါက်ကွဲသံများကြားတွင် ကြီးမားသော လက်ဖဝါးပုံကြီးများသည် လေထဲသို့ ဆင်းသက်လာကာ ၎င်းတို့ထံသို့ မရောက်မီတွင် လူများကို ရင်တထိတ်ထိတ်နှင့် ဖိနှိပ်မှုများစွာ ပေးစွမ်းနိုင်သည်။

"ရပ်စမ်း!"

လက်ဖဝါးပုံများ ကျခါနီးတွင် အော်သံတစ်ခု ထွက်ပေါ်လာသည်။

ထိုအသံကို ကြားတဲ့အခါ ကောင်းရှန်ရဲ့ တစ်ကိုယ်လုံး အေးခဲသွားပြီး သူထုတ်လွှတ်ထားတဲ့ အရှိန်က ချက်ချင်း ပျောက်သွားသည်။ လုရွှမ်ကို ဒုက္ခပေးချင်တာကို သိပ်ဂရုမစိုက်နိုင်ဘဲ လှည့်ကြည့်လိုက်၏။

"ဆရာ! ဆရာ ဘယ်လိုလုပ် ရောက်လာတာလဲ?"

သူစကားပြောနေတဲ့ ဦးတည်ရာဖက်ကို မြင်တော့ လူတစ်စု ဖြတ်ဝင်လာတာ တွေ့ရသည်။ ပထမတစ်ယောက်ကတော့ လုရွှမ်ရဲ့ ကန်ထုတ်ခံခဲ့ရတဲ့ အကြီးအကဲကောင်းပဲ ဖြစ်သည်။

ခန်းမသခင်ဖုန်း နဲ့ တခြားသူတွေက နောက်ကနေ အနီးကပ်လိုက်လာပြီး ကောင်းရှန်ကို သူတို့ရဲ့ မျက်လုံးတွေနဲ့ ဒေါသတကြီး စိုက်ကြည့်နေကြသည်။

သူတို့သည် လုရွှမ်ကို နှုတ်ဆက်ကာ ဝေးဝေးသို့ မသွားရသေးခင် ဤနေရာ၌ တိုက်ခိုက်နေသံများကို ကြားသောအခါ ချက်ချင်း ပြေးလာခဲ့ကြသည်။

အထူးသဖြင့် အကြီးအကဲကောင်းပင်။ သူဒါကို မကြည့်မိခဲ့ရင် ပြဿနာမရှိနိုင်ပေမယ့် တကယ်တမ်း တွေ့လိုက်ရတဲ့အခါ ကြောက်လန့်ပြီး သေချင်စိတ်ပင် ပေါက်သွားသည်။

သံသွားသင်းခွေချပ် ဝိညာဥ်သားရဲကိုတောင် ယဉ်ပါးအောင် ထိန်းနိုင်ခဲ့တဲ့ ဆရာကြီးကို သွားပြီး တိုက်ခိုက်နေတယ်တဲ့လား။

တိုက်ပွဲကို မြင်တာနဲ့ ရပ်တန့်ရန် အလျင်စလို ပြေးလာခဲ့ရသည်။

"လူကြီးမင်းလုရွှမ်... အဆင်ပြေရဲ့လား"

သူရှေ့သို့ ရောက်သောအခါ အကြီးအကဲ ကောင်းသည် ကောင်းရှန်ကို ဂရုမစိုက်ဘဲ လုရွှမ် ထံသို့ ခြေလှမ်းနှစ်လှမ်းဖြင့် ရောက်လာပြီး သူ့မျက်နှာမှာ စိုးရိမ်မှုအပြည့်နှင့် မေးလိုက်သည်။

သူသည် ဤလူငယ်၏ ခွန်အားကို များများစားစား မတွေးခဲ့ဘဲ ထိုကဲ့သို့သော သားရဲများကို ငယ်ငယ်ရွယ်ရွယ်နဲ့ ယဉ်ပါးစေနိုင်သော စွမ်းရည်ရှိကာ ကာလကြာရှည် ပျောက်နေသော သားရဲဘာသာစကားကိုလည်း ပြောဆိုနိုင်သည်မှယ နောက်ကွယ်တွင် အလွန်ခိုင်မာသော တည်ရှိမှု ရှိရမည်။

ထိုသို့သောလူကို စော်ကားခြင်းသည် သေခြင်းတရားကို သွားရှာသည်သာ မဟုတ်လော။

"လူကြီးမင်း??"

ကောင်းရှန်၏ အမူအရာ ပြောင်းလဲသွားသည်။

ပထမအဆင့် သားရဲထိန်းကျောင်းသည့် ဆရာသည် အားမနည်းသော်လည်း သားရဲခန်းမကဲ့သို့ နေရာမျိုးတွင် နေရာမရှိပါ။ ကောင်းရှန်သည် အခြားသူများထက် သာလွန်သည်ဟု ခံစားရပြီး မဆင်မခြင် ပြုမူရခြင်းမှာ ဧကရာဇ်၏ဆရာ အကြီးအကဲကောင်း၏ ဂုဏ်သိက္ခာကို အားကိုးသောကြောင့် ဖြစ်သည်။

အခု သူ့ဆရာက ပြေးလာပြီး အဲဒီကလေးကို လူကြီးမင်းလို့ ခေါ်နေတာတွေ့တော့ သူ ဘယ်လိုလုပ် မအံ့သြဘဲ နေပါ့မလဲ။

အကြီးအကဲတစ်ယောက်က နောက်ပိုင်း မျိုးဆက်တစ်ယောက်ကို လူကြီးမင်းလို့ ခေါ်လိုက်တာကို သူနားကြားများ မှားသွားတာလား။

"ကျုပ် အဆင်ပြေပါတယ် သူက ခင်ဗျားရဲ့တပည့်လား?"

အကြီးအကဲကောင်းက စိုးရိမ်တကြီး ကြည့်နေတာကို မြင်တော့ လုရွှမ်က မေးလိုက်သည်။

တစ်ဖက်လူ ရောက်မလာဘူးဆိုရင် သူသည် လျှိုဝှက်မှော် အခင်းအကျင်းကို အသက်သွင်းပြီး သူ့ရဲ့ စိတ်ဝိညာဉ်သခင် စွမ်းရည်ကို အသုံးပြုသွားမှာ ဖြစ်သည်။ ဤအရာနှစ်ခုသည် ကောင်းရှန်ကို မသတ်နိုင်သော်လည်း တစ်ဖက်လူက သူ့ကိုသတ်ရန် မလွယ်ကူတော့ပေ။

ပြိုင်ဘက်က သူ့ကိုသတ်နိုင်ပါ့မလား ဆိုတာကို သူစိတ်မပူပါဘူး။ ဖီးနစ်တောင်ပံတွေကို ထုတ်ပြီး သူ အလွယ်တကူ ပျံထွက်သွားနိုင်ပါသေးသည်။

"ဟုတ်ပါတယ်.... ဒီကောင်က လူကြီးမင်းကို မသိဘဲ မဆင်မခြင် ပြုမူမိတဲ့အတွက် ခွင့်လွှတ်ပေးပါ"

အကြီးအကဲကောင်းက လျင်မြန်စွာ ခေါင်းညိတ်လိုက်ပြီး ကောင်းရှန်ကို လှည့်ကြည့်လိုက်သည်။

"ဘယ်လို အသက်ရှင်ရမှန်း မသိတဲ့ ငမိုက်သား!!မင်းဘာလို့ ဒူးထောက်ပြီး မင်းအမှားတွေကို ဝန်မခံသေးတာလဲ?"

"ဒူးထောက်ပြီး အမှားကို ဝန်ခံရမယ်?"

ကောင်းရှန်၏ မျက်နှာသည် ညှိုးနွမ်းသွားကာ

"ဆရာကြီး... သူက ဆရာ့ရဲ့ မြေးတပည့်ဖြစ်တဲ့ ကျွန်တော့်ရဲ့ တစ်ဦးတည်းသော တပည့်ကို သတ်လိုက်တာ!"

"အတင့်ရဲလိုက်တာ!! နောက်တစ်ခါ ဒူးမထောက်ဘူးဆိုရင် မယုံချင်ယုံ မယုံချင်နေ ငါ အခုချက်ချင်း မင်းကို ကန်ထုတ်ပစ်မယ်!"

အကြီးအကဲကောင်းက ခြိမ်းခြောက်လေ၏။

သူ့ရှေ့က လူငယ်လေးဆီကနေ သားရဲယဉ်ပါးစေတဲ့ အတတ်ပညာအချို့ကိုလည်း သင်ယူချင်ခဲ့ပေမယ့် ဒီလူယုတ်မာ တပည့်ဟာ ဒီလိုသခင်ကိုမှ တိုက်ရိုက် တိုက်ခိုက်ခဲ့သည်။

"ကျွန်တော်..."

ကောင်းရှန် တုန်လှုပ်သွားသည်။ ဆရာကြီးက အမြဲတမ်း တည်ငြိမ်နေပေမယ့် ဒီအချိန်မှာတော့ သူ့အမူအရာက တကယ်ကို ဒေါသထွက်နေမှန်း သိသာနေ၏။

"ဒူးထောက်!"

သူငြိမ်နေတာကို မြင်တော့ အကြီးအကဲကောင်းရဲ့ ရှေးရိုးမုတ်ဆိတ်က လွင့်ပျံသွားပြီး ကောင်းရှန် လှည့်ကြည့်လိုက်တော့ သူ့လက်ဖဝါးကြီးနဲ့ ရိုက်ချလာသည်။

ဗုန်း!

အကြီးအကဲကောင်းသည် ဧကရာဇ်မင်းမြတ်၏ ဆရာဖြစ်သည်မှာ သူ၏ သန်မာသော သားရဲများကို ထိန်းကျောင်းနိုင်သော စွမ်းရည်ကြောင့် သာမက ပိုအရေးကြီးသည်မှာ သူသည် ပေရွှီးအင်ပါယာ တစ်ခုလုံးတွင် ပထမအဆင့်ရှိသော အစွမ်းသတ္တိရှိသည်။

ကောင်းကင် ပြိုကျလာသကဲ့သို့ ကြီးကျယ်ခမ်းနားသော လက်ဖဝါးပုံများသည် လေထဲသို့ ထိုးဖောက် ဝင်ရောက်လာကာ ၎င်းတို့ပတ်ဝန်းကျင်ရှိ စိတ်လှုပ်ရှားမှုကို စောင့်ကြည့်နေသည့် လူအုပ်ကြီးမှာ ကောင်းရှန် အရိုက်ခံလိုက်ရတာကိုသာ မြင်လိုက်ကြရသည်။

ဗုန်း!

ရိုက်ချလိုက်သည်နှင့် တပြိုင်နက် တုံ့ပြန်ရန် အခွင့်အလမ်းပင် မရှိတော့ဘဲ ဒူးထောက်လျက် လဲကျသွားသည်။

"ဆရာ..."

အကြီးအကဲကောင်းက ဒူးထောက်ရန် အတင်းအကျပ် ဖိနှိပ်ချုပ်ချယ်ထားရာ ကောင်းရှန်၏ မျက်နှာသည် ရုပ်ဆိုးလာပြီး အရှက်တရားများ ပြည့်နှက်နေသော်လည်း အဓိပ္ပါယ်မဲ့ စကားတစ်ခွန်းမှ မပြောဝံ့ပေ။

"လူကြီးမင်း... ဒီတပည့်ကို သေချာ မဆုံးမမိတဲ့အတွက် ခွင့်လွှတ်ပေးပါ... စိတ်မပူပါနဲ့ ဒီနေ့ အဖြစ်အပျက်အတွက် လုံလောက်တဲ့ လျော်ကြေး ပေးမှာ ဖြစ်ပြီး လူကြီးမင်း ကျေနပ်စေရမယ်လို့ အာမခံပါတယ်"

ကောင်းရှန်ကို ဒူးထောက်ခိုင်းပြီး အကြီးအကဲကောင်းက လုရွှမ်ကို ပြုံးပြကာ ဆိုလိုက်သည်။

"ခင်ဗျား မျက်နှာကြောင့် ဒီနေ့ကိစ္စကို ထားလိုက်မယ်!! တကယ်လို့ နောက်တစ်ခါ ပြဿနာ လာရှာရင်တော့ ကျုပ်အားနာနေမှာ မဟုတ်ဘူး!"

လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ကောင်းရှန်က ကြီးစိုးပြီး အားမနည်းပေမယ့် သူ့မျက်လုံးထဲမှာတော့ ဘာမှမဟုတ်ပေ။

သတ်သည်ဖြစ်စေ မသတ်သည်ဖြစ်စေ အရေးမကြီးပါ။ အကြီးအကဲကောင်းက အသနားခံတဲ့အတွက် သူ့အသက်ကို လေ့ကျင့်ရေးပစ္စည်းတွေနဲ့ လဲလှယ်နိုင်ရင် အကောင်းဆုံး ဖြစ်မှာပဲ။

"ဒါပေါ့... ဒါပေါ့..."

အကြီးအကဲကောင်းက လျင်မြန်စွာ ခေါင်းညိတ်လိုက်ပြီး ကောင်းရှန်ကိုကြည့်ကာ ကျယ်လောင်စွာ အော်လေသည်။

"မင်းကို မသတ်ခဲ့တဲ့အတွက် လူကြီးမင်း လုရွှမ်ကို မြန်မြန် ကျေးဇူးမတင်သေးဘူးလား!"

"ကျွန်တော်....."

လုရွှမ်ကို စူးစူးရဲရဲ စိုက်ကြည့်လျက် လက်သီးတွေကို တင်းတင်းဆုပ်လိုက်ပြီး နောက်ဆုံးမှာ

"ကျုပ်ကို မသတ်ခဲ့တဲ့အတွက် လူကြီးမင်းလုရွှမ်ကို ကျေးဇူးတင်ပါတယ်!”

"မင်းက မကျေနပ်တာလား!"

ကောင်းရှန် မျက်လုံးများတွင် မလိုလားအပ်သော ဆန္ဒနှင့် ဖုံးကွယ်ထားသော ဒေါသကို မြင်လိုက်ရတော့ လုရွှမ်သည် သူ့ထံသို့ တိုးလာခဲ့သည်။

"ကောင်းရှန် မလုပ်ရဲပါဘူး!"

ကောင်းရှန် သူ့ခေါင်းကို ငုံ့ထားသည်။

ဝုန်း!

သူ့စကားမဆုံးခင် လုရွှမ်က သူ့ကို ကန်ထုတ်လိုက်လေ၏။ လုရွှမ်၏ ခွန်အားသည် ၆သိန်းကို ကျော်လွန်သွားပြီ ဖြစ်ရာ ကောင်းရှန်သည် ရှက်ရွံ့မှုအပြည့်ဖြင့် မြေပြင်ပေါ်သို့ ချက်ချင်း လွင့်ကျသွားသည်။

မျက်နှာပေါ်ရှိ ကြီးမားသော ခြေရာသည် သွေးကဲ့သို့ နီရဲနေသည်ကိုပင် ရှင်းရှင်းလင်းလင်း မြင်နေရသည်။

All Chapters