နဂါးပုံစံ
Vol. 20 Ch. 3.49
မလေ့ကျင့်မီက ရုပ်ခန္ဓာတစ်ခုတည်းကိုအခြေခံ၍ ခွန်အား ၅ထောင်သာ ရှိခဲ့သော်လည်း ယခုအခါတွင် ၁ သန်းကို တိုက်ရိုက်ရောက်ရှိသွားပြီ ဖြစ်ကြောင်း ပြောရလျှင် ၎င်းသည် အဆနှစ်ရာ တိုက်ရိုက် တိုးလာခဲ့သည်။
ဆင်သံချပ် ရွှေကိုယ်ထည်၏ တတိယအလွှာကို ဖောက်ထွင်းဝင်ရောက်ရန်မှာ ဤကဲ့သို့ပြောင်းလဲမှု ကြီးကြီးမားမား မဖြစ်နိုင်ဘဲ ခန္ဓာကိုယ်ပေါ်ရှိ နဂါးပုံစံနှင့် ဆက်စပ်နေရမည် ဖြစ်သည်။
"ဒါ့အပြင်... စွမ်းအားတွေ သိသိသာသာ တိုးလာရုံသာမကဘဲ ခုခံအားကလည်း ကြောက်စရာကောင်းလောက်အောင် အားကောင်းနေတယ်! လက်ရှိ ခန္ဓာကိုယ်နဲ့ အဆင့်နိမ့်တဲ့ အလယ်အလတ်အဆင့် တစ္ဆေလက်နက်ကို မရှောင်ဘဲ တားဆီးနိုင်လောက်တယ်!"
လုရွှမ် လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားသည်။
နဂါးပုံစံသည် ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် ဖွဲ့စည်းထားသည်။ နဂါးအကြေးခွံနှင့် ဝေးကွာနေသေးသော်လည်း ချပ်ဝတ်တန်ဆာအလွှာကို ဝတ်ဆင်ထားသကဲ့သို့ အလွန်အားကောင်းသည့် ကာကွယ်ရေးတစ်ခု ဖြစ်လာသည်။ တစ္ဆေအဆင့် အလယ်အလတ် လက်နက်ပင် ထိုးဖောက်၍ မရနိုင်ပေ။
"ကိုယ်ခန္ဓာမှာရှိတဲ့ ခွန်အား ၁ သန်းနဲ့ စွမ်းအင် ၆သိန်းကို ပေါင်းလိုက်ရင် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် ပထမအဆင့်မှာ ရှိတဲ့ သန်မာတဲ့ လူတစ်ယောက်နဲ့ တွေ့ရင် ငါသူ့ကို အလွယ်တကူ အနိုင်ယူပစ်နိုင်တယ်!"
သူ့ခန္ဓာကိုယ်အတွင်း အပြောင်းအလဲများကို ခံစားလိုက်ရသော လုရွှမ်သည် သူ့ကိုယ်ပိုင် ခွန်အားအပေါ် ပြတ်ပြတ်သားသား အဆုံးအဖြတ် ပေးလိုက်သည်။
သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့် ကိုးဆင့်တွင် ပထမအဆင့်သည် အသက်ကို မြှင့်တင်ပေးသည့် နယ်ပယ်ဖြစ်သည်။
သာမန်ကျင့်ကြံသူ၏ သက်တမ်းသည် နှစ် ၁၀၀ ခန့်သာ ရှိ၏။ အဓိပတိနယ်ပယ်သို့ ရောက်ရှိပြီး သူ၏ခန္ဓာကိုယ်လုပ်ဆောင်ချက်များ အလွန်ကောင်းမွန်လာပါက အသက် ၁၅၀ ထက် မကျော်လွန်နိုင်ပေ။ သို့သော် သူသည် သေမျိုးအသွင်ကူးပြောင်းခြင်း နယ်ပယ်သို့ ဖြတ်ကျော်သွားသောအခါတွင် သေမျိုးတို့၏ ချည်နှောင်ခြင်းမှ လွတ်မြောက်ပြီး သူ၏ သက်တမ်းသည် အလွန်တိုးမြင့်လာလိမ့်မည်။
သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် ၏ ပထမအဆင့် အသက်ကို မြှင့်တင်သည့် အခြေအနေ ဖြစ်သည်။
ဤနယ်ပယ်တွင် စွမ်းအင်ကို အခြေခံအားဖြင့် ၁ သန်း ဝန်းကျင်တွင် ထိန်းသိမ်းထားသော်လည်း အဆင့်တိုးလာသည်နှင့်အမျှ သက်တမ်းသည် ဆက်လက်တိုးလာသည်။
သက်တမ်းတိုးသည့် အခြေအနေသည် အစောပိုင်းအဆင့်တွင် နှစ်၂၀၀၊ အလယ်အလတ် အဆသ့်တွင်နှစ် ၂၅၀၊ နှောင်းပိုင်းအဆင့်တွင် နှစ်၃၀၀၊ အထွတ်အထိပ်၌ အနှစ်၃၅၀ နှင့် ပြီးပြည့်စုံခြင်သ အဆင့်တွင်နှစ်ပေါင်း ၄၀၀ အထိဖြစ်သည်။
သက်တမ်းကို မြှင့်တင်ချင်ရင် ခန္ဓာကိုယ်ခွန်အားကို မြှင့်တင်ဖို့ အညစ်အကြေးတွေကို ဖယ်ရှားပြီး သက်တမ်းကို တိုးမြင့်ဖို့ လိုသည်။
ခွန်အားတွေ တိုးလာတယ်လို့ လွယ်လွယ်ပြောနိုင်ပေမယ့် တကယ်တမ်း လေ့ကျင့်တဲ့အခါ အလွန်ခက်ခဲလေသည်။ တချို့လူတွေဟာ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အစောပိုင်းအဆင့်၌ တစ်သတ်လုံး ရပ်တန့်နေတတ်သည်။
လုရွှမ်၏ ခန္ဓာကိုယ်ပေါ်တွင် နဂါးပုံစံများ ပေါ်လာပြီး ဆင်သံချပ် ရွှေကိုယ်ထည်သည် ကျွမ်းကျင်မှု တတိယအဆင့်သို့ ရောက်ရှိသွားခဲ့သည်။ သူ၏ သက်တမ်းသည် များစွာ မတိုးလာသော်လည်း စစ်မှန်သော စွမ်းအင်နှင့် ပေါင်းစပ်ထားသော စွမ်းအားသည် သေမျိုးအသွင်ပြောင်း နယ်ပယ်ရှိ သန်မာသော လူတစ်ယောက်ထက် အဆပေါင်းများစွာ ကျော်လွန်သွားခဲ့ပြီ။
အကယ်၍ သူသည် မြင့်မားသောအဆင့်နှင့် လျင်မြန်သော တုံ့ပြန်မှုမျိုး ရှိလျှင်ပင် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ကလူနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်လိုပါက အနိုင်ယူနိုင်သော ခုခံမှုဖြင့် အလွယ်တကူ သတ်ပစ်နိုင်သည်။
ရိုးရိုးရှင်းရှင်း ပြောရလျှင် ကောင်းရှန်နှင့် မရင်ဆိုင်မီ သူသည် ဝိညာဥ်သခင်၏ စွမ်းအင် နှင့် အောင်ပွဲအတွက် နည်းလမ်းများစွာကို အသုံးပြုရပေမည်။ ယခုအချိန်တွင် သူသည် လှည့်ကွက်များကိုပင် အသုံးပြုရန် မလိုအပ်တော့သလို သူ၏ခန္ဓာကိုယ် အင်အားတစ်ခုတည်းဖြင့် ကောင်းရှန်အား အနိုင်ယူ၍ ခေါင်းဖြတ်သတ်ပစ်နိုင်သည်။
ကြောက်စရာ ကောင်းပေ၏!
"နဂါးပုံစံက တကယ်ကို သန်မာတယ်... ငါ ခွန်အားမထုတ်ရင် သာမန်အတိုင်းပဲ ငါ ဘယ်လောက်ပဲ သန်မာနေပါစေ ငါ့ရဲ့ ခွန်အားအစစ်ကို မမြင်နိုင်ဘူး.... ခွန်အား ထုတ်လိုက်ရင်တော့ တခြားလူလို ပြောင်းလဲသွားတယ်!"
သူ၏ ခွန်အားကို ရုတ်သိမ်းလိုက်သောအခါ သူ့ခန္ဓာကိုယ်ပေါ်ရှိ နဂါးပုံစံက ပျောက်ကွယ်သွားကာ ချွတ်ယွင်းချက်ကင်းတဲ့ ဖြူဖွေးသော အသားအရေက သူ့ကို အစွမ်းမဲ့ပုံပေါက်စေသည်။ သို့သော် အားနည်းပုံရသော သူ့ခန္ဓာကိုယ်ထဲတွင် အကန့်အသတ်မရှိသော စွမ်းအားများ ဖုံးကွယ်ထားသည်ဟု မည်သူက ထင်မည်နည်း။
"အခုသင်းခွေချပ်နဂါးအသွင် ပြောင်းပြီးရင် အဲဒီအချိန်ရဲ့ သွေးက နဂါးတန်ခိုးရဲ့ ခန္ဓာကိုယ်ကို မွှေးကြိုင်တဲ့ ဆီမွှေးအဖြစ် သန့်စင်ပြီး ဆင်သဲချပ်ဝတ်ရဲ့ ရွှေကိုယ်ထည်ကို ခြေတစ်လှမ်းတိုးစေမှာ သေချာတယ်"
အနည်းငယ်ပြုံးကာ သန့်ရှင်းသော အဝတ်အစားသို့ ပြောင်းလဲ ဝတ်ဆင်လိုက်သည်။
အသွင်မပြောင်းရသေးသော သင်းခွေချပ်နဂါး၏သွေးသည် အလွန်အစွမ်းထက်သည်။ အသွင်ပြောင်းမှု အောင်မြင်သည်နှင့် ၎င်း၏သွေးကို သန့်စင်အသုံးပြုပါက အကျိုးသက်ရောက်မှုက ပို၍ကောင်းမွန်လာမည် ဖြစ်သည်။
သူ၏ ခွန်အားကို ပိုမိုကြီးမားစွာ ခုန်တက်လာလိမ့်မည်။
ဟူ!
လုရွှမ် ကျောက်စိမ်းပြားထဲမှ ခုန်ထွက်လာပြီးသော် သူကျင့်ကြံနေခဲ့တာ သုံးရက်ကျော်သွားပြီ ဖြစ်ကြောင်း သိလိုက်ရ၏။
"မုယန်ဖုန်း... ဒီ သုံးရက်အတွင်း တစ်ခုခု ဖြစ်ခဲ့သေးလား"
အခန်းထဲမှ ထွက်လာပြီးနောက် ဆာနေသော ဗိုက်ကိုပြည့်စေရန် တစ်ခုခုကို ပေါ့ပေါ့ပါးပါး ယူစားရင်း မေးလိုက်သည်။
"သခင်လေးကို တင်ပြပါတယ်... ကျောင်းရဲ့ နဂါးအသင်းနဲ့ ချန်အသင်းတို့က သခင်လေးအတွက် အထူးပွဲတစ်ခု ပြင်ဆင်ထားတယ်ဆိုပြီး လွန်ခဲ့တဲ့ သုံးရက်လောက်က ဖိတ်စာတွေ ပို့ထားပါတယ်... ဒါပေမဲ့ သခင်လေး ကျင့်ကြံနေလို့ ကျွန်တော် ငြင်းပယ်ထားပါတယ်!"
မုယန်ဖုန်းက လေးလေးစားစား ပြန်ပြောသည်။
"နဂါးအသင်း? ချန်အသင်း? အဲဒါက ဘာလဲ"
လုရွှမ်က သံသယစိတ်ဖြင့် ကြည့်လိုက်သည်။
"နဂါးအသင်းက ယင်းယန်အကယ်ဒမီရဲ့ အပြင်ခန်းက နံပါတ်တစ် လုံယိဖျင်ဦးဆောင် တည်ထောင်ထားတဲ့ အသင်းပါ... ချန်အသင်းက အပြင်ခန်း အဆင့်၂ ကျန်းရှောက်ချန်က တည်ထောင်ထားတာပါ... သူတို့ နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် အမြဲတမ်း သဘောထား ကွဲလွဲနေခဲ့တာလို့ သိရပါတယ်!"
လုရွှမ်သည် ပြင်ပရေးရာများကို ဂရုမစိုက်ဘဲ ယင်းယန်အကယ်ဒမီ၏ သင်ကြားမှုနှင့် လူအချင်းချင်း ဆက်ဆံရေးကိုပင် အမြဲတမ်း လျစ်လျူရှုထားသော်လည်း ၎င်း၏ အမှုထမ်းအနေဖြင့် မုယန်ဖုန်းသည် သိထားရန် လိုအပ်သည်။
နဂါးအသင်း နှင့် ချန်အသင်းတို့သည် အကယ်ဒမီ၏ အပြင်ဘက် ရင်ပြင်တွင် အကြီးဆုံးသော အဖွဲ့အစည်း ဖြစ်သောကြောင့် တိုက်ခိုက်လာရန် လွယ်ကူသည်။
"ဒါက ဂိုဏ်းငယ်လေးပဲလေ....ဂရုမစိုက်နေနဲ့!"
လုရွှမ်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ သူ့မျက်လုံးထဲမှာတော့ ထိုအရာက ကျောင်းသားတချို့ရဲ့ ရန်ပွဲလေးတွေကလွဲလို့ ဘာမှမဟုတ်ချေ။
"ဟုတ်ကဲ့"
သခင်လေးနောက်ကို အချိန်အတော် ကြာအောင်လိုက်ပြီးနောက် မုယန်ဖုန်းသည် သူ့စိတ်နေစိတ်ထားကို သိသောကြောင့် သူဤကဲ့သို့ဆုံးဖြတ်ခဲ့ခြင်းမှာ မအံ့သြတော့ပေ။
"ဟန်ရောင် ပြန်မလာသေးဘူးလား?"
နဂါးအသင်းနှင့် ချန်အသင်းတို့ရဲ့ ဖိတ်ခေါ်မှုကို ဂရုမစိုက်ဘဲ လုရွှမ်က မေးလိုက်သည်။
ဟန်ရောင်သည် ပေရွှီးမြို့သို့ ရောက်သည်နှင့် တပြိုင်နက် သူ့ဆရာကို ရှာရန် ထွက်ခွာသွားသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး ပြန်မလာသေးပေ။
"ပြန်မရောက်လာသေးပါဘူး" မုယန်ဖုန်းက ခေါင်းခါလိုက်ပြီး
"ကျုပ် လျောက်ချင်းကို မေးခိုင်းပြီးပြီ။ သူ ပေရွှီးမြို့မှာ ရှိနေသရွေ့တော့ မကြာခင် ရှာတွေ့နိုင်မှာပါ!"
"အင်း!" လုရွှမ်လည်း ခေါင်းညိတ်လိုက်သည်။
ဟန်ရောင်သည် ပေရွှီးအင်ပါယာတွင် မည်သည့် ရန်သူမှမရှိနိုင်ပေ။ တစ်စုံတစ်ခုကြောင့် နှောင့်နှေးနေပေမည်။ ထို့ပြင် သူနှင့်သူ့ဆရာသည် မတွေ့တာ ဆယ်စုနှစ်များစွာ ရှိပြီဖြစ်သောကြောင့် ယခင်ဆက်သွယ်ခြင်း နည်းလမ်းက အလုပ်ဖြစ်ဦးမည်လား မပြောနိုင်ပေ။ .
"တခြားကိစ္စတွေ ရှိသေးလား"
"အရင်တစ်ခါက သခင်လေးကို လာရှာတဲ့ ဆိုင်ပိုင်ရှင်က ရွှေသံတုံးသတ္တုရိုင်း ဝယ်သူကိုတွေ့ပြီလို့ ပြောတယ်.... သခင်လေးအချိန်ရရင် သွားကြည့်နိုင်မယ်လို့ မျှော်လင့်နေတယ်... ပြီးတော့ သူနောက်ထပ် သတ္တုရိုင်းတစ်မျိုးကို ဝယ်ထားသေးတယ်တဲ့ သခင်လေး ကူညီနိုင်မယ်လို့ မျှော်လင့်ပါတယ်တဲ့!"
မုယန်ဖုန်းက ဆက်ပြောသည်။
"ဆိုင်ပိုင်ရှင်?" လုရွှမ် ပြုံးလိုက်သည်။
နောက်ဆုံးအကြိမ် ဖြစ်ပျက်သွားပြီးနောက် ဒီဆိုင်ပိုင်ရှင်က အကြီးအကဲလုံယွမ်နဲ့ တစ်ခုခု ပတ်သက်နေမယ် ဆိုတာကို သူခန့်မှန်းမိသည်။ သို့သော် သူနဲ့ တစ်ဖက်လူကက စီးပွားရေးအရ ဆက်ဆံရေးရှိတာကြောင့် ဒါကို ဂရုမစိုက်ပါဘူး။
"သွားကြည့်တာပေါ့!"
သူလေ့ကျင့်တာ ပြီးသွားပြီ ဆိုတော့ ဘာမှ လုပ်စရာ မရှိဘူး။ ဒါ့အပြင် မုယန်ဖုန်း နဲ့ တခြားသူတွေ သူ့နောက်ကို လိုက်စေချင်ရင် အရင်းအမြစ် မျိုးစုံ ရှိဖို့ လိုတယ်။ အရင်းအနှီး လိုချင်ရင် ငွေက သဘာဝအတိုင်း မရှိမဖြစ် ပါလာမှာပင်။ နောင်တွင် ဤဆိုင်ပိုင်ရှင်နှင့် ပူးပေါင်းဆောင်ရွက်ရန် အခွင့်အလမ်းများ ရှိထားသင့်သည်။
"ကောင်းပြီ ကျုပ်အခုပဲ ပြင်ဆင်လိုက်မယ်!"
မုယန်ဖုန်း အမြန်ထွက်သွားပြီး ခဏအကြာတွင် ဝင်လာခဲ့ကာ ရထားက အဆင်သင့် ဖြစ်နေပြီဟု ဆို၏။ နှစ်ယောက်သား ရထားပေါ်တက်ပြီး ရတနာတစ်ရာ အဆောက်အအုံသို့ သိပ်မကြာခင်မှာပဲ ထပ်ရောက်လာခဲ့သည်။
"သခင်လေးလု... နောက်ဆုံးတော့ မင်းဒီကိုရောက်လာပြီ ငါမင်းကို အရမ်းစောင့်ခဲ့ရတာ"
ဆိုင်ပိုင်ရှင်က အမြန်လာ နှုတ်ဆက်သည်။
"ကျုပ်ကိုစောင့်တယ်? ကျုပ်ကိုဘာလုပ်ဖို့ စောင့်နေတာလဲ?"
လုရွှမ်သည် ထူးဆန်းသလို ကြည့်လိုက်မိသည်။ သူ့ပစ္စည်းကို ရောင်းလိုက်ပြီ မဟုတ်လား။ ဘာကိုစောင့်နေတာလဲ။
"မင်း ငါ့အတွက် ပြီးခဲ့တဲ့ တစ်ခေါက်က သတ္တုရိုင်းကို သန့်စင်ပေးခဲ့တာ မဟုတ်လား"
သူ့စိတ်ရှုပ်ထွေးနေတာကို မြင်တော့ ဆိုင်ပိုင်ရှင်က ပြုံးစိစိနဲ့ ပြုံးပြပြီး
"ငါကြိုးစားပြီး နောက်ဆုံးတော့ ပိုက်ဆံတတ်နိုင်တဲ့ ဝယ်သူကို ရှာတွေ့ခဲ့တယ်... အဲဒီအပိုင်းကို တွေ့တော့ သူချက်ချင်း အံ့သြသွားတယ် ငွေမပေးခင်မှာ သန့်စင်သူကို တွေ့ချင်တယ်တဲ့လေ... ငါ့မှာ တခြားနည်းလမ်း မရှိဘူးတော့ မင်းကိုပဲ စောင့်နေရတာပေါ့"