← Chapters

သေနာပတိဟူရှောက် (ပထမပိုင်း)

Vol. 21 Ch. 3.51

သေနာပတိဟူရှောက် (ပထမပိုင်း)

Vol. 21 Ch. 3.51

"စိတ်မကောင်းပါဘူး... ငါကတုံးတော့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို မသိဘူး... တခြားဘာမှ မရှိတော့ရင် အရင် ထွက်သွားလိုက်ဦးမယ်"

တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို သိလိုက်ရာ လုရွှမ်သည် အဓိပ္ပါယ်မဲ့စွာပြောရန် ပျင်းလွန်းသဖြင့် သူ့လက်ကို ပေါ့ပေါ့ဆဆ ဝှေ့ယမ်းကာ ထကာ ထွက်သွားလေသည်။

"ရဲတင်းလိုက်တာ!"

လူငယ်က သူ့ခြိမ်းခြောက်မှုကို ဂရုမစိုက်တာကို မြင်တော့ ချန်တုံးက ဒေါသပေါက်ကွဲလုနီးပါး ကျယ်လောင်စွာ အော်လိုက်သည်။

ရွှင်း!

သူ့အော်သံနှင့်အတူ အခန်းတွင်းရှိ အစောင့်အများအပြားသည် ၎င်းတို့၏ လက်နက်များကို ထပ်မံ ဆွဲထုတ်လိုက်ကြပြီး အေးစက်သောအလင်းရောင်တစ်ခုက ၎င်းတို့၏ကျောကို ခဏမျှ ထိုးဖောက်ဝင်ရောက်ကာ မမြင်နိုင်သော ဖိအားတစ်ခုက တွန်းအားပေးနေပုံပေါ်သည်။

လူတွေက လုပ်ကြံဝံ့ကြပြီး ပွဲချင်းပြီး သတ်ပစ်နိုင်သည့် အခြေအနေပင်။

"ဘာလဲ? ညှိနှိုင်းမှု မအောင်မြင်လို့ တိုက်ရိုက်ဖမ်းဖို့ စီစဉ်ထားတာလား?"

လုရွှမ်က သူ့မျက်တောင်တွေကို လှန်လိုက်သည်။

"လုရွှမ်... ငါ မင်းကို မျက်နှာပေးဖို့အတွက် ဆွေးနွေးနေတာ.... အရှက်မကွဲစေနဲ့!"

ချန်တုံးကက ကျယ်လောင်စွာ အော်သည်။

"မင်းက ယင်းယန်အကယ်ဒမီရဲ့ ကျောင်းသားတစ်ယောက်ဆိုပြီး မင်းဘာပဲလုပ်လုပ် မင်းလုပ်ချင်တာ လုပ်နိုင်တယ်လို့ မထင်နဲ့!! ငါမင်းကို ပြောလိုက်မယ် ဒါက ပေရွှီးအင်ပါယာပဲ ငါမင်းကို ဒီမှာသတ်ရင်တောင် ငါအမိန့်ပေးထားသရွေ့ ဘယ်သူကမှ စကားတစ်ခွန်းမှ ပြောရဲကြမှာ မဟုတ်ဘူး... ကောင်းပြီ မင်းအသက်ကို နှမြောရင် သတ္တုသန့်စင်နည်းကို အမြန်လွှဲပေးလိုက်.. အရင်က ငါ့ကို စိတ်အနှောင့်အယှက် ဖြစ်စေတဲ့အရာတွေကို မေ့ပစ်ပေးမယ် မဟုတ်ရင်တော့ ဒီနေ့ဟာ မင်းရဲ့သေနေ့ပဲ... ကောင်းကင်ကတောင် မင်းကို မကယ်တင်နိုင်တော့ဘူး!"

"သခင်လေး!"

တစ်ဖက်လူ၏ ခြိမ်းခြောက်မှုကို ကြားတော့ မုယန်ဖုန်းသည် သခင်လေး၏ ဒေါသကို ပြိုပျက်စေမည်မှာ သေချာကြောင်း သိလိုက်သည်။ သူ၏အမူအရာမှာ အေးခဲသွားပြီး ခံစစ်ပြင်ဆင်မှုများကို အလျင်အမြန် ပြုလုပ်ထားသည်။

တိုက်ပွဲ ဖြစ်တော့မည်ဟု တွေးလိုက်သောအခါတွင် လုရွှမ်ပြောတာကို ကြားတော့ မုယန်ဖုန်း ခေတ္တမျှ အေးခဲသွားသည်။

"မင်းအဲ့လိုပြောလာတော့ ငါတကယ်ကို ကြောက်လာတယ်.... ရွှေသတ္တုရိုင်း သန့်စင်နည်းကို မင်းကို မပြောပြလို့ မဖြစ်တော့ဘူးပဲ!"

"သခင်လေး... တကယ်ကြီး??"

မုယန်ဖုန်း မျက်တောင်ခတ်လိုက်သည်။

ဒါက တစ်ခါမှ မဖြစ်ဖူးဘူးလေ။ ဧကရာဇ် အင်ပါယာစစ်တပ်၏ စစ်သေနာပတိသည် ကြောက်မက်ဖွယ် ကောင်းလွန်းသောကြောင့် ခုခံရန် ခက်ခဲနေသလော။

"အခြေအနေကို ကြည့်တတ်သားပဲ"

သူ့ခန္ဓာကိုယ် တုန်တုန်ယင်ယင် ဖြစ်တာကို မြင်တော့ ဒီကောင် သေမလောက် ကြောက်သွားတယ်လို့ ထင်နေတဲ့ ချန်တုံးက သူ့ရဲ့ လွှမ်းမိုးနေတဲ့ ဩဇာကြောင့်ဟု သဘောကျသွားပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

"ဒါကို မင်းသိပြီ ဆိုတော့ သန့်စင်တဲ့နည်းလမ်းကို လွှဲပေးလိုက်ပါ.... မင်းကိုမေးခွန်းတွေ မေးပြီး ဖိနှိပ်ထားတာကနေ လွှတ်ပေးမယ်... အသွေးအသားနဲ့ နာကျင်မှုတွေကို သက်သာစေမှာပါ!"

"ကောင်းပြီ... ဒါပေမဲ့ ဒီနည်းလမ်းက လျှို့ဝှက်ထားရမယ့် ကိစ္စပဲ ဒီအကြောင်းကို သိတဲ့သူတွေ များလေလေ ဒုက္ခက ပိုများလေလေ ငါ မင်းကိုပဲ ပြောပြလို့ရမယ်!"

"ဒါကအမှန်တရားပဲ မင်းပိုသိတာများရင် ဒုက္ခပိုလာလိမ့်မယ်!"

ချန်တုံးက သဘောကျစွာ ခေါင်းညိတ်လိုက်သည်။ ရွှေသတ္တုရိုင်းကို သန့်စင်ခြင်း နည်းလမ်းသည် အနန္တစည်းစိမ်ဥစ္စာနှင့် ဆက်စပ်နေသောကြောင့် အခြားသူများ သိလို့မဖြစ်ပေါ ထိုအချက်ကိုတွေးတောရင်း ချန်တုံးသည် သူ့ထိုင်ခုံမှ ဆင်းကာ လုရွှမ်ထံသို့ အဆင့်မြင့် ကိုယ်ဖော့သိုင်းဖြင့် ရောက်လာသည်။

"ပြောပါ... တကယ်လို့ မင်းစကားက အလိမ်အညာတွေ ပါလာရင် မင်းရဲ့ခန္ဓာကိုယ်ထဲက အဆစ်တွေအားလုံးကို ရိုက်ချိုးပစ်ပြီး မသေမရှင်ဖြစ်အောင် လုပ်ပစ်မယ်!"

"ဒါပေါ့ အလိမ်အညာတွေ မဟုတ်ပါဘူး"

လုရွှမ်က ပေါ့ပေါ့ပါးပါး ပြုံးပြီး ချန်တုံးဆီကို ရောက်လာသည်။ သူတို့နှစ်ယောက်ကြားက အကွာအဝေးက မီတာဝက်တောင် မရှိတော့ပေ။

"ဒါပေမဲ့ မင်း ပူးပေါင်းဆောင်ရွက်မယ်လို့ မျှော်လင့်ပါတယ်"

ဟူ!

စကားတွေ ပြီးတာနဲ့ လုရွှမ်ရဲ့ လက်ဖဝါးက ရှေ့ကို ဆန့်တန်းလာသည်။ လက်ငါးချောင်းက လေပြင်းနဲ့အတူ ထိုးဖောက်ဝင်ရောက်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ ရှေ့ကို ရောက်လာ၏။

"မင်းဘာလုပ်မလို့လဲ?"

ချန်တုံးက မတုံ့ပြန်ရခင်မှာ လည်ချောင်းမှာ နာကျင်မှုကို ခံစားခဲ့ရပြီး တစ်စုံတစ်ယောက်က လည်ပင်းကို ဆွဲကိုင်လိုက်ပြီး ပင့်မြှောက်ထားလိုက်တာကို တွေ့လိုက်ရသည်။

"ရဲတင်းလိုက်တာ! သခင်လေး ချန်တုံးကို လွှတ်လိုက်စမ်း!"

"တော်တော် သတ္တိကောင်းနေတာပဲ!"

"မင်းက စစ်သေနာပတိကြီးရဲ့ အမိန့်ကို ဆန့်ကျင်ဘက်ပြီး တိုက်ခိုက်တဲ့အတွက် မင်းရဲ့ပြစ်မှုက ခွင့်မလွှတ်နိုင်ဘူး!"

အခန်းထဲက အစောင့်အကြပ်များက သူ့ကို ဒီလိုလုပ်ဖို့ မမျှော်လင့်ထားဘဲ အားလုံးက အမူအရာတွေ ပြောင်းသွားကြ၏။ ခဏချင်းမှာပဲ အဆက်မပြတ် အသံထွက်လာပြီး ဓားရှည်တွေကို ဆွဲထုတ်လိုက်ကာ အားလုံးက သူတို့နှစ်ယောက်ကို တခဲနက် ဝိုင်းထားလိုက်ကြသည်။

ပေရွှီးအင်ပါယာတွင် ဟူရှောက်၏ ရပ်တည်ချက်ကို လူတိုင်းသိကြပြီး လူကိုယ်တိုင် စကားပြောဖို့ သူ့လူများကို လွှတ်လိုက်လျှင် ယုတ္တိနည်းဖြင့် ပြောရလျှင် မင်းသားများနှင့် ဝန်ကြီးများပင်လျှင် မိုက်မဲသော စကားကို မပြောဝံ့ကြပေ။ သူတို့ရှေ့မှ သေးငယ်သော အရပ်မှ ကျောင်းသားလေးသည် လုပ်ဝံ့ကြသည်သာမက တိုက်ရိုက်ပင် လှုပ်ရှားလာသေးသည်။

"ပူးပေါင်းမယ်ပေါ့? ငါဘာလို့ မခံစားရပါလိမ့်?"

ချန်းပင်၏လည်ပင်းကို ကိုင်ထားရင်း လုရွှမ်သည် အပြုံးဖြင့် လှမ်းကြည့်လိုက်သည်။

အစောင့်များသည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်တွင် ကျွမ်းကျင်သူများ ဖြစ်သော်လည်း ဒေါသတကြီး ဟောက်နေချိန်တွင် မလှုပ်ရှားဝံ့ကြပေ။

"လုရွှမ်! ငါ့ကို မြန်မြန်လွှတ်စမ်း! မဟုတ်ရင် ငါ့အဖိုးက မင်းကို သေချာပေါက်သတ်ပြီး မင်းတို့ တစ်အိမ်လုံးကို သတ်ပစ်လိုက်ရင် မင်းအတွက် သင်္ဂြိုဟ်စရာ နေရာမရှိတောင် ဖြစ်သွားလိမ့်မယ်"

လည်ပင်းကို ဖိညှစ်လိုက်ရာ ချန်တုံး၏ ခန္ဓာကိုယ်သည် အလိုအလျောက် တုန်လှုပ်သွားသော်လည်း သူ့ပါးစပ်က ကျယ်လောင်စွာ ဟျန်းဟောက်နေသေးသည်။

သူဟာအဘိုးရဲ့ အစောင့်တွေနဲ့ ခေါ်ထုတ်လာပြီး အရင်က သူ့ကို စော်ကားခဲ့တဲ့ ကောင်လေးအား သူဘယ်လောက် အစွမ်းထက်လဲ ဆိုတာ သိလာအောင် လုပ်ချင်ခဲ့ပေမယ့် လည်ပင်း အညှစ်ခံရမယ်လို့ တစ်ခါမှ အိပ်မက်မမက်ဖူးဘူး။

ဖြောင်း!

ချန်တုံးရဲ့ ဟောက်သံ မပြီးခင်မှာ သူ့မျက်နှာမှာ ပူလောင်တဲ့ ဝေဒနာ ပေါက်ကွဲထွက်လာကာ မကူညီနိုင်ခဲ့ဘဲ မျက်နှာအနှံ့ လက်နဲ့ အရိုက်ခံလိုက်ရသည်။

"မင်း"

ဖြောင်း ဖြောင်းဖြောင်း!

လက်တစ်ဖက်က ချန်တုံးရဲ့လည်ပင်းကို ဆွဲကိုင်လိုက်ပြီး ကျန်လက်တစ်ဖက်က သူ့မျက်နှာကို ဆက်တိုက် ရိုက်နေ၏။ ကြည်လင်ပြတ်သားတဲ့အသံက အခန်းထဲမှာ ဆက်ပြီးမြည်နေသည်။

"ရပ်စမ်း!"

"နောက်တစ်ခါ ထပ်လှုပ်ရှားကြည့်!! မယုံချင်ယုံ မယုံချင်နေ ငါအခုမင်းကို သတ်ပစ်မယ်"

လုရွှမ်သည် ချန်တုံးကို တိုက်ခိုက်ရုံသာမက မျက်နှာကို ပါးရိုက်လိုက်မည်ဟု အစောင့်များစွာက မမျှော်လင့်ထားခဲ့ကြပေ။ သူတို့၏ ဦးရေပြားမှာ ဒေါသကြောင့် ထုံကျင်နေပြီး တစ်ခုခုကို လုပ်ချင်သော်လည်း မလှုပ်ရှားဝံ့ပေ။

"စိတ်မကောင်းပါဘူး... ငါဆိုတဲ့လူက ခြိမ်းခြောက်ခံရတာကို အကြောက်ဆုံးပဲ.... ခြိမ်းခြောက်ခံရပြီးတာနဲ့ လုံးဝ မရပ်နိုင်တော့ဘူး!"

မျက်နှာကို ဆက်ရိုက်ရင်း လုရွှမ်က တည်ငြိမ်စွာ ပြောလိုက်သည်။

ဖြောင်း!

သခင်လေး၏ အပြုအမူနှင့် စကားသံကို မြင်လိုက်ကြားလိုက်ရသဖြင့် မုယန်ဖုန်းလည်း သူ့ကို ပို၍ သဘောကျသွားသည်။

ဒီလိုအခြေအနေမျိုး ကြုံလာရရင် ပြိုင်ဘက်လို အင်အားကောင်းမှာ မဟုတ်သလို သန့်စင်တဲ့နည်းလမ်းကို နာခံမှုရှိရှိ လွှဲပြောင်းပေး ရုံကလွဲလို့ တခြားရွေးချယ်စရာ လမ်းမရှိတော့ပြီ။ သခင်လေးဟာ ဟိုးရှေးရှေးတုန်းက ဆုံးဖြတ်ချက် တစ်ခုကို ချခဲ့ပုံရပြီး ချန်တုံးကို တစ်ရှိန်ထိုး ဖြိုချပစ်လိုက်သည်။

ဒါပေါ့ ပြောရလွယ်ပေမယ့် လက်တွေ့လုပ်ဖို့က မလွယ်ဘူးလေ။ ဒါက စစ်သေနာပတိကို လုံးဝ ဆန့်ကျင်တဲ့ သဘောပဲ။

"မင်း"

"သခင်လေးချန်တုံးကို လွှတ်လိုက်!! ငါတို့ မင်းကို သွားခွင့်ပေးမယ်!"

ဝက်ခေါင်းအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာသော ချန်တုံးကို တွေ့လိုက်ရသည့်အခါ အစောင့်များကြားတွင် ခေါင်းဆောင်တစ်ယောက်လို ဖြစ်ပုံရသည့်လူက ကြာကြာ မထိန်းနိုင်တော့ဘဲ အံကြိတ်လျက် ဆိုလိုက်သည်။

ချန်တုံးသည် သေနာပတိ၏ အချစ်ဆုံးမြေး ဖြစ်သည်။ တစ်ခုခုဖြစ်သွားလျှင် သူတို့ လမ်းလျှောက်ရန်ပင် မတတ်နိုင်လောက်ပေ။

"သွားခွင့်ပေးမယ်? ငါ သူ့ကို လွှတ်မယ်လို့ မင်းတို့ထင်နေလား"

လုရွှမ်သည် ပေါ့ပေါ့တန်တန် ပြောပြီး သူ့လက်ချောင်းများကို ရုတ်တရက် ဖိညှစ်လိုက်သည်။

"အဟွတ် အဟွတ်!! မြန်မြန်ပြန်ဆုတ်!"

လည်ချောင်းကို တင်းတင်းကျပ်ကျပ် ညှစ်လိုက်ရာ ချန်တုံးသည် လူငယ်လေး၏ လျစ်လျူရှုသော မျက်လုံးများကို မြင်လိုက်ရပြီး ကြောက်ရွံ့လာကာ အလျင်စလို အော်လိုက်သည်။

"ဟုတ်ကဲ့"

အမိန့်ကိုကြားတော့ အစောင့်တွေက ဒေါသတွေထွက်ပြီး ခြေလှမ်းအနည်းငယ် ပြန်ဆုတ်သွားကြသည်။

"ဆက်ဆုတ်လိုက်!"

လည်ပင်းပေါ်ရှိ လူငယ်၏လက်သည် ပြေလျော့သွားမည့် အရိပ်အယောင် မပြသေးသည်ကို မြင်လိုက်ရသဖြင့် ချန်တုံးက ထပ်မံဟောက်ပြန်သည်။ လူအုပ်သည် နောက်တစ်ကြိမ် ပြန်ဆုတ်သွားပြီး သူတို့သည် လုရွှမ်နှင့် ဆယ်မီတာကျော် ကွာဝေးနေပြီ ဖြစ်သည်။

"လုရွှမ် မင်းငါ့ကို အခု လွှတ်သင့်ပြီ!! မင်းတကယ် ပိတ်မိသွားရင် မင်းအတွက် အချိန်ကောင်းဖြစ်မှာ မဟုတ်ဘူး"

အံကြိတ်ရင်း ချန်တုံးက ပြောလိုက်သည်။

"ငါ ဂရုမစိုက်ပါဘူး... အစကတည်းက ကောင်းမွန်တဲ့ဘဝမျိုး ပိုင်ဆိုင်ထားတာမှ မဟုတ်တာ.... အဲဒီမတိုင်ခင်မှာ မင်းအလောင်းအဖြစ် ပြောင်းလဲသွားလိမ့်မယ်လို့ ငါ အာမခံနိုင်ပါတယ်!"

လုရွှမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်ပြန်၏။

"မင်း"

ချန်တုံး၏မျက်ခုံးများ တွန့်ကွေးသွားကာ တစ်ဖက်လူက အမှန်အတိုင်း ပြောနေမှန်းသိ၍ ခေါင်းသာ ငုံ့ထားနိုင်သည်။

"ကောင်းပြီ...ဒီနေ့ ငါမှားသွားတယ် ငါ မျက်စိကန်းသွားမိပါတယ်"

တောင်းပန်စကား မဆုံးခင်မှာ ကြီးကျယ်ခမ်းနားတဲ့ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။

"မင်းသူ့ကို တောင်းပန်စရာ မလိုဘူး!"

တံခါးကို ဖြတ်ကျော်၍ ပုံရိပ်တစ်ခုက အခန်းထဲဝင်ရောက်လာသည်။

All Chapters