ပခုံးချင်းတိုက်မိပြီးလွင့်သွားပြီ
Vol. 21 Ch. 3.53
"ကောင်းပြီ!"
သူ့မြေးလေး ဒီလိုပုံစံ ဖြစ်သွားတာကို မြင်လိုက်ရတော့ ဟူရှောက်က ဆုံးဖြတ်ချက်မချရင် သူ့သမီးလေးကျန်ခဲ့တဲ့ တစ်ဦးတည်းသော ကလေး အသက်မရှင်နိုင်ဘူးဆိုတာ သိလိုက်ရတော့ သူက ချက်ချင်း သွားတွေ အံကြိတ်ရင်း
"အခုချိန်ကစပြီး ငါဟူရှောက် မင်းကို ပြဿနာမရှညတော့ဘူး... မင်းနဲ့ ဘယ်တုန်းကမှ မကြုံခဲဖူးသလို ဟန်ဆောင်ပြီး ရွှေတုံးတွေကို သန့်စင်တဲ့နည်းလမ်းကိုလည်း ငါမမေးတော့ဘူး !ဒါ့အပြင် ဒါကတုံပေါင် အဆောက်အအုံရဲ့ ကတ်ပြားပဲ... ဒီကတ်ပေါ်မှာ ဝိညာဥ်ကျောက်တုံး တစ်ထောင်ရှိတယ် အားလုံး မင်းကိုပေးမယ်!"
ဟူရှောက်သည် သူ့လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားသည်။ ခဏတုံ့ဆိုင်းနေပါက ဒေါသကို ထိန်းထားနိုင်မည် မဟုတ်သဖြင့် သူ့ရှေ့တွင် ကောင်လေး၏ ဦးခေါင်းကို အမှုန့်ချေပစ်မိလိမ့်မည်။
သူခေါင်းဆောင် လုပ်လာတာ နှစ်အတော်ကြာပြီး သူများတွေဆီက ခြိမ်းခြောက်တာမျိုး တစ်ခါမှ မခံခဲ့ရဖူးဘူး။ တခြားလူတွေက သူ ဒေါသထွက်နေတာကို မြင်ရင် သူတို့ရဲ့ ခြေထောက်တွေက သဘာဝအတိုင်း ပျော့ပျောင်းလာလိမ့်မည်။
ဘယ်လောက်ပဲ တွေးနေပါစေ သူ့ရှေ့က ကောင်လေးကတော့ ခြိမ်းခြောက်လေ ခံနိုင်ရည် ရှိလာလေပဲ။
"ဝိညာဥ်ကျောက်တစ်ထောင်? ငါလက်ခံတယ်!"
လက်ဖဝါးကို ဆန့်တန်းပြီး ကတ်ပြားကို ဆုပ်ကိုင်လိုက်သည်။
တုံပေါင်သည် ဧကရာဇ်ကျိုးရန်မှ တည်ထောင်ခဲ့သော ဗဟိုအင်ပါယာမှ ငွေကြေးလည်ပတ်မှု ပြုလုပ်ရန်အတွက် အရင်းအနှီး ဖလှယ်သည့် အခြေခံ နေရာဖြစ်သည်။
ကျန်းဝူအင်ပါယာ၊ ဝူယန်အင်ပါယာ နှင့် အခြားနိုင်ငံများသည် ရွှေစများကို ငွေကြေးအဖြစ် လည်ပတ်နေကြသော်လည်း မြင့်မားသောအဆင့်ရှိ အင်ပါယာတွင် ရွှေစများသည် ၎င်းတို့အတွက် ဂဏန်းသာဖြစ်ပြီး အဓိပ္ပါယ်မရှိပေ။
တခြား မပြောနဲ့ လက်ရှိ လုရွှမ်က ငွေရှာချင်နေသရွေ့ ရွှေစပေါင်း သန်းရာနဲ့ချီကို ရှာရလွယ်တယ်လို့သာ ပြောနိုင်သည်။
ထို့အတွက်ကြောင့် စီးပွားရေး ပိုကောင်းလိုလျှင် စီးပွားရေးကို တွန်းအားပေးရန် ကျင့်သူရများအတွက် အသုံးဝင်မည့် အရာများ လိုအပ်ပါသည်။ ဝိညာဥ်ကျောက်တုံးသည် ကျင့်ကြဲသးများ၏ ဆက်သွယ်မှု အသိုင်းအဝိုင်းတွင် အရေးပါလေ၏။
ယေဘူယျအားဖြင့် ပြောရလျှင် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် သို့ ရောက်ရှိသွားသူများသည် ဝိညာဉ်ကျောက်တုံးများ လဲလှယ်ရန် အရည်အချင်း ပြည့်မီလေသည်။
တုံပေါင် အဆောက်အအုံသည် နတ်ကျောက်တုံးများကို ထုတ်ယူသိမ်းဆည်းရာ နေရာဖြစ်သည်။
ဝိညာဥ်ကျောက်တုံး တစ်ထောင်ပါသော ကတ်တစ်ခုသည် တုံပေါင် အဆောက်အအုံတွင် ဝိညာဥ်ကျောက်တုံး တစ်ထောင်ကို တိုက်ရိုက် ထုတ်ယူနိုင်သည်ဟု ဆိုလိုသည်။
အစပိုင်းတွင် စဝိညာဉ်ကျောက်တုံး တစ်တုံးသည် လုရွှမ်၏ ယွမ်ယန်ကျင့်စဥ် ပထမအဆင့် အထွတ်အထိပ်သို့ တက်လှမ်းနိုင်ခဲ့သည်။ ဝိညာဉ်ကျောက်တုံး တစ်ထောင်၏ တန်ဖိုးသည် အလွန်မြင့်မားသောကြောင့် ရွှေစသန်းပေါင်း ရာနှင့်ချီ၍ပင် မဝယ်နိုင်ပေ။
"ကျုပ်လက်ခံလိုက်မယ်... အပေးအယူဖြစ်ပြီ!"
ကတ်ကို ကြည့်ပြီးနောက် ၎င်းသည် အစစ်ဖြစ်ကြောင်း သိပြီး ပြဿနာမရှိသည့်အတွက် လုရွှမ်သည် လက်ဖဝါးကို ဝေ့ယမ်းကာ ချန်တုံးကို ပေါ့ပေါ့ဆဆ ပစ်ချလိုက်သည်။
ဒုန်း!
ချန်တုံးသည် သေနေသော အလောင်းကဲ့သို့ စစ်သေနာပတိ ဟူရှောက် ရှေ့မှာ လဲကျသွားသည်။
"တုံးအာ"
သူလွှတ်လိုက်တာကို မြင်တာနဲ့ စစ်သေနာပတိ ဟူရှောက်သည် သူ့ရင်ခွင်ထဲက ဆေးလုံးကို အမြန်ထုတ်ယူပြီး ချန်တုံးပါးစပ်ထဲ အမြန် ထည့်ပေးလိုက်သည်။
ဤသည်မှာ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က အံ့ဖွယ်ဆေး ဖြစ်သလို ပုံမှန်ဆိုလျှင် အလွယ်တကူ မယူလိုသော်လည်း ယခုတော့ တုံ့ဆိုင်းမှုမရှိဘဲ ဤမြေးပါးစပ်ထဲသို့ ထည့်လိုက်သည်ကို ကြည့်ခြင်းအားဖြင့် ချန်တုံးကို သူတကယ် ချစ်ပုံရသည်။
သူ့အဆင့်အတန်းနဲ့ ချန်တုံးကိုမချစ်ရင် ဘယ်လိုလုပ် ဒီဆေးကို ထုတ်ယူလာပါ့မလဲ။
ဆေးလုံး လည်ချောင်းထဲ ရောက်သွားတာနဲ့ အရည်ပျော်သွားကာ ဆေးအစွမ်းက မျှော်လင့်ထားသလိုပဲ သိပ်မကြာဘဲ ကျိုးကြေနေတဲ့ နေရာများ ပြန်ကောင်းလာ၏။
သူလိုချင်တာကို ရပြီးနောက် လုရွှမ်သည် အခြားသူနှင့် အပိုစကားများ ပြောဆိုရန် ပျင်းလွန်းသဖြင့် သူတို့၏မိသားစု ဆက်ဆံရေးဇာတ်လမ်းကို မကြည့်ချင်တာကြောင့် မုယန်ဖုန်းကို ခေါ်ကာ ထွက်လာခဲ့သည်။
ချွင်း!
ခြေလှမ်း နှစ်လှမ်းမျှသာ လှမ်းလိုက်ရာ ယခင်အစောင့်များသည် ၎င်းတို့၏ လက်နက်များကို တစ်ပြိုင်နက်တည်း ဆွဲထုတ်ကာ ထွက်ရာလမ်းကို ပိတ်ဆို့လိုက်ကြသည်။
လူတိုင်းက သူ့ကို ချက်ချင်း သတ်ပစ်ချင်စိတ်တွေ အပြည့်နဲ့ ဝန်းရံထား၏။ ဤလူသည် သူတို့စစ်သေနာပတိကို အရှက်ခွဲခဲ့သည်။
"ဘာလဲ? စစ်သေနာပတိ ဟူရှောက်က စကားတွေကို ပြောပြီးတာနဲ့ မေ့သွားတတ်တာလား"
လုရွှမ်သည် မျက်နှာမပြောင်းဘဲ တည်တည်ငြိမ်ငြိမ်ဖြင့် ငုံ့ကြည့်ရင်း
"အိုး... ဒါနဲ့ မင်းရဲ့မြေးလေးကို ခုနက ပါးရိုက်လိုက်တုန်းက သူ့ခန္ဓာကိုယ်ထဲကို တစ်ခုခု မတော်တဆ ထည့်မိသွားတာလို့ ငါပြောဖို့ မေ့သွားတယ်... ခုနက ပေးလိုက်တဲ့ ကုစားဆေးက ဆယ်ဆ ပိုအစွမ်းထက်ရင်တောင် နည်းနည်းလေးမှ အာနိသင်ရှိမှာ မဟုတ်ဘူးလို့ တွေးလိုက်မိသလိုပဲ..."
ဒါကိုကြားတော့ စစ်သေနာတိ ဟူရှောက်ရဲ့ အမူအရာ နစ်မြုပ်သွားပြီး ကြီးမားလှတဲ့ ဝိညာဉ်စွမ်းအားတွေကို ချန်တုံးရဲ့ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ဝင်ရောက်သွားစေလိုက်သည်။
ခဏအကြာတွင် သူသည် ရုပ်ဆိုးလှသော မျက်နှာဖြင့် လှမ်းကြည့်လိုက်သည်။
လုရွှမ်သည် ချန်တုံး၏ခန္ဓာကိုယ်တွင် ဖီးနစ်မီးကို ချန်ထားခဲ့၍ အလွန်လျှို့ဝှက်စွာ ဖုံးကွယ်ထားသော်လည်း သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်ရှိ အမြင့်ဆုံးစွမ်းအားရှင် ဟူရှောက်သည် ၎င်းကို တစ်ချက်ကြည့်ရုံနဲ့ သိလိုက်သည်။
ဘာလဲဆိုတာ သူမသိပေမယ့် သူ့အစွမ်းနဲ့တောင် အချိန်တိုအတွင်းမှာ ရှင်းပစ်ဖို့ ခက်မယ်ဆိုတာ သူသိလိုက်၏။
"မင်း ကတိတည်သရွေ့ အဲဒီအရာကိုထိဖို့ ငါစိတ်မ၀င်စားဘူး.... သူအသက်ရှင်နေ သေးမယ်ဆိုတာ ငါအာမခံနိုင်တယ် ဒါပေမဲ့ မင်းကတိမတည်ရင်တော့ မင်းရဲ့မြေးက သေမှာသေချာတယ်!"
လုရွှမ်က သူဘာတွေ တွေးနေလဲ ဆိုတာကို သိတာကြောင့် အနည်းငယ် ပြုံးလိုက်သည်။
စစ်သေနာပတိသည် သူ့လက်သီးတွေကို တင်းတင်းကြပ်ကြပ် ဆုပ်ထားရင်း သူ့ရှေ့က လူငယ်လေးဟာ သူထင်ထားတာထက် ပိုကြောက်စရာ ကောင်းစွာ အခုပဲ သူစိတ်ထဲက ကွက်လပ်တွေကို ဖော်ထုတ်ပြီး ပြန်ဖြေလိုက်လေပြီ။
ခုနက သူပြောခဲ့တာက ဟူရှောက်ကပဲ ဒုက္ခမပေးပါဘူးလို့ ပြောခဲ့တာဖြစ်ပြီး သူ့လက်အောက် ငယ်သားတွေက ဘာမှမလုပ်ဘူးလို့ မဆိုလိုပါဘူး။
အခြားသူသာဆို လှည့်ဖြားခံရမည်မှာ ကြာပြီဖြစ်သော်လည်း ဤလူငယ်သည် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ခဲ့သောကြောင့် သူ့ကို အလွန်အမင်း အံ့သြထိတ်လန့်စေသည်။
"သူ့ကိုလွှတ်လိုက်!"
သူ့စိတ်ထဲမှာ ဒေါသတွေ ထွက်နေပေမယ့် သူတကယ် တစ်ဖက်လူနဲ့သာ ဆက်တိုက်နေမယ်ဆိုရင် ချန်တုံးက ကျိန်းသေသေမှာမို့ သူ့သွားတွေကို ကြိတ်၍ လက်ကို ပေါ့ပေါ့ဆဆ ဝှေ့ယမ်းလိုက်သည်။
"စစ်သေနာပတိ!!"
ဒါကိုကြားတော့ အစောင့်အကြပ် တော်တော်များများက စိုးရိမ်တကြီးနဲ့ ကြည့်နေကြသည်။ ဒီလူငယ်က စစ်သေနာပတိကို ဒီလိုအရှက်ခွဲခဲ့တာခေ။ လွှတ်လိုက်ရင် သူတို့မှာ ဘယ်လိုလုပ် မျက်နှာရှိပါတော့မလဲ။
"ငါ့စကားကို အာခံချင်နေတာလား?"
ဟူရှောက်၏ မျက်နှာသည် နီရဲသွား၏။
"ဟုတ်ကဲ့!"
စစ်သေနာပတိသည် တစ်ဖက်လူအား လွှတ်လိုက်ချင်မှန်း အစောင့်အကြပ်များစွာ သိလိုက်ကြသော် ဒေါသထွက်နေသော်လည်း အမိန့်ကို နာခံကာ လက်နက်များကို ဖယ်ထုတ်ကာ လမ်းဖယ်ပေးလိုက်ရသည်။
"ဒါမှပေါ့!"
လုရွှမ်က ခပ်ဖျော့ဖျော့ပြုံးပြီး ရှေ့ကို လှမ်းကြည့်လိုက်တယ်။
အစောင့်များဆီသို့ လျှောက်လာစဉ် လမ်းဖယ်ပေးသော အစောင့်တစ်ဦးသည် မတော်တဆ လဲကျသွားပုံဖြင့် သူ့ကို ပြင်းထန်စွာ ဝင်သွားသည်။ သူလက်မလျှော့သေးဘဲ လုရွှမ်ကို သင်ခန်းစာပေးဖို့ ကြံရွယ်ထားပုံရသည်။
ဤကိုယ်ရံတော်သည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က အသက်တိုးပွားနေသောနယ်ပယ်၏ ခွန်အားကို ပိုင်ဆိုင်ထားသည်။ သူသည် ကြိုတင်တိုက်ခိုက်ရန် အဆင်သင့်ရှိနေပြီး သူ၏ခွန်အားမှာ ကြောက်မက်ဖွယ်ကောင်းသည်။
"သခင်လေး သတိထား!!"
မုယန်ဖုန်း၏ မျက်နှာမှာ ထိတ်လန့်တကြားဖြင့် ဖြူဖျော့သွားသည်။
သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်တွင် သန်မာသောလူသည် ခွန်အားပေါင်း ၁သန်း၏ စွမ်းအားကို ပိုင်ဆိုင်ထားသည်။ သခင်လေးသည် အားမနည်းသော်လည်း သူမည်မျှပင် အရည်အချင်းရှိပါစေ ခုခံနိုင်စွမ်း မရှိဘဲ ပြင်းထန်စွာ ဒဏ်ရာရသွားမည် ဖြစ်သည်။
မထင်မှတ်ပဲ စစ်သေနာပတိ ဟူရှောက်က သူတို့ကို လွှတ်ဖို့ သဘောတူထားပြီးသား ဖြစ်သော်လည်း ဒီအစောင့်က အရမ်းမိုက်မဲနေတုန်းပင်။
သို့သော်လည်း အော်ဟစ်သံတွေ မဆုံးခင်မှာ သူ့ကို အံ့အားသင့်သွားစေတဲ့ မြင်ကွင်းတစ်ခု ပေါ်လာပြန်၏။ ပြိုင်ဘက်၏ သက်ရောက်မှုကို ရင်ဆိုင်ရသောအခါ သခင်လေးသည် ပုန်းကွယ်၍ပင် မရပ်တန့်ဘဲ ရှေ့သို့ တိုးသွားခဲ့သည်။
ဗုန်း!
နှစ်ယောက်သား ပုခုံးချင်း ထိမိသွားသည်။
သခင်လေးသည် သည်းမခံနိုင်လောက်ဟု ထင်မိသော်လည်း နောက်ဆုံးတွင် အစောင့်အကြပ်သည် သနားစရာကောင်း လောက်အောင် အော်ဟစ်ကာ နောက်ပြန်လွင့်သွားကာ တံခါးကို ခေါင်းနှင့်ဆောင့်ရင်း ပိတ်ထားသော တံခါးကို အပေါက်ကြီး တစ်ခုအဖြစ် ထိုးဖောက်သွားတာကို မြင်လိုက်ရသည်။
ခရက် ခရက်!
တစ်ချိန်တည်းမှာပင် ပြိုင်ဘက်၏ ခန္ဓာကိုယ်အတွင်း မရေမတွက်နိုင်သော အရိုးများ ကွဲအက်သွားသံများကိုလည်း ကြားလိုက်ရသည်။ သန့်စင်သော အင်အားနှင့် တိုက်မိလိုက်သည်နှင့် တစ်ခဏလေးပင် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က အစောင့်အကြပ်သည် ဒုက္ခိတဖြစ်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
"ဒါ...."
မုယန်ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။
၎င်းသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်တွင် သန်မာသူတစ်ဦး ဖြစ်ပြီး သူတို့သည် တစ်ကြိမ်တည်းတွင် ဖျက်ဆီးခံရနိုင်၏။
ဤသခင်လေးသည် သူ့အား အချိန်တိုင်း အဆုံးမရှိ တုန်လှုပ်ချောက်ချား စေခဲ့သည်။ ထို့ကြောင့် သူသည် မည်သည့်အခါမျှ အတိမ်အနက်ကို မမြင်နိုင်တော့ပေ။
"စစ်သေနာပတိ ဟူရှောက်... မင်းရဲ့လက်အောက် ငယ်သားရဲ့ အင်အားက အားနည်းလွန်းတယ်!"
လုရွှမ် ပြောပြီးနောက် မုယန်ဖုန်း နှင့် ထွက်ခွာလာခဲ့သည်။
"စိတ်ပျက်စရာပဲ!"
သူ့လက်အောက် ငယ်သားက လေထဲသို့ လွင့်ကျသွားသည်ကို မြင်လိုက်ရတော့ ဟူရှောက်မှာ ဒေါသတကြီးဖြင့် တုန်လှုပ်သွားသော်လည်း စကားတစ်ခွန်းမှ မပြောနိုင်ခဲ့ပေ။