အမျိုးသမီး သုံးယောက် ရန်ဖြစ်ခြင်း
Vol. 21 Ch. 3.54
"သခင်လေး"
အခန်းထဲက ထွက်လာပြီးနောက် မုယန်ဖုန်းက တစ်ခုခု ပြောချင်ပေမယ့် ဘယ်ကနေစ ပြောရမှန်း မသိတာက ခက်နေသည်။
"မေးချင်တာကို မေးပါ"
သူ့အသွင်အပြင်ကို မြင်တော့ လုရွှမ် ပြုံးလိုက်သည်။
"သခင်လေး.... သခင်လေးရဲ့ခွန်အား"
ခဏကြာတော့ မုယန်ဖုန်း သည်းမခံနိုင်တော့ဘဲ သူ့စိတ်ထဲက အရေးကြီးဆုံး အရာကို မေးချလိုက်သည်။
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က အဓိပတိနယ်ပယ် အလယ်အလတ် အဆင့်ကို ဖြတ်သွားခဲ့ပြီး ငါ့ရဲ့ကိုယ်ခန္ဓာက အဆင့်တစ်ခုကို ဖြတ်ကျော်သွားပြီ!"
လုရွှမ်က သူ့ဆီကနေ ဘာမှ မဖုံးကွယ်ခဲ့ပေ။
"သခင်လေးရဲ့ ရုပ်ခန္ဓာက အဆင့်တစ်ခုကို ဖောက်ထွင်းဝင်ရောက် သွားပြီးပြီလား?" မုယန်ဖုန်း ခဏအကြာ စကားမပြောနိုင် ဖြစ်သွားသည်။
သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်တွင် သန်မာသော လူတစ်ဦးအား ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို အသုံးပြု၍ တိုက်ခိုက်ခဲ့တာ ခွန်အား ၁သန်း ကျော်ရှိရပါမည်။ ၎င်းကို "အဆင့်တစ်ခု ဖြတ်ကျော်ခြင်း" ဟု ခေါ်သည်လား။
သခင်လေးရဲ့ နှလုံးသားက ရက်စက်လွန်းလှပါလား။
တွေးကြည့်လိုက်တော့ သခင်လေးကို သိခဲ့တာ နှစ်ဝက်လောက်သာ ရှိခဲ့သော်လည်း သူတို့စတွေ့တုန်းက သူ့ရှေ့က ဒီလူဟာ ဝူအဆင့်၂ပဲ ရှိသေးရာ အခုတော့ အဓိပတိနယ်ပယ် အလယ်အလတ် အဆင့်ကို ရောက်နေပြီ။
ကိုယ်တိုင်သာ မကြုံတွေ့ခဲ့ရရင် ဒါကို အလိမ်အညာ တစ်ခုလို့ပဲ သူထင်မိမှာပင်။
ဒီလိုမျိုး တခြားသူ တစ်ယောက်ယောက်က တိုးတက်မှုရှိခဲ့ရင် သူတို့ဟာ ဟိုးရှေးရှေးတုန်း ကတည်းက သူတို့ရဲ့ အမြီးတွေကို ကောင်းကင်မှာ မြှောက်ထားပြီး သူတို့ရဲ့ ပါးစပ်ထောင့်တွေကို စိတ်လှုပ်ရှားစွာနဲ့ ပင့်ထားတဲ့ နဂါးတစ်ကောင်လို ဖြစ်နေလိမ့်မည်။
သခင်လေးကတော့ လုံးဝကျေနပ်မှု မရှိဘဲ သဲလွန်စမရှိစွာ တစ်ချိန်လုံး တိတ်တိတ်ဆိတ်ဆိတ် လေ့ကျင့်နေခဲ့သည်။
ဒီလိုလူမျိုး မပြုတ်ကျသရွေ့တော့ အနာဂတ်မှာ ကျော်ကြားလာမှာ သေချာပါ၏။ ပြိုင်ဘက်ကင်း အင်ပါယာကြီးတွေမှာတောင် အနေအထားတစ်ခုရှိလာလိမ့်မည်။
ဒီလိုလူမျိုးရဲ့ လက်အောက်ငယ်သား တစ်ယောက်ဖြစ်လာပြီး သူနဲ့ ကြီးပြင်းရတာ သူ့အတွက် ကံကောင်းလိုက်တာ။
"သခင်လေး... အစောက ချန်တုံးကို ထိန်းချုပ်ထားရင် စစ်သေနာပတိ ဟူရှောက် ရပ်သွားမှာကို ဘယ်လိုလုပ် သေချာခဲ့တာလဲ"
သခင်လေးသည် ကျင့်ကြံမှုတွင် ရူးသွပ်သူ တစ်ဦးဖြစ်ကြောင်း သိထားပြီး များများမေးလေ အရိုက်ခံရလေ ဖြစ်သည်။ မုယန်ဖုန်း မထိန်းနိုင်စွာ သူ့စိတ်ထဲတွင် ဒုတိယမေးခွန်းကို မေးလိုက်သည်။
ချန်တုံးသည် ငယ်စဉ်ကတည်းက အန်းဝူအင်ပါယာတွင် ကြီးပြင်းလာခဲ့သည်။ သူသည် ဤစစ်သေနာပတိ ဟူရှောက်ကို မကြာသေးမီကမှ တွေ့ခဲ့တာဖြစ်နိုင်ပြီး ဘေးလူအနေနဲ့ တွေးရလျှင် ချန်တုံးကို အလွန် အလေးအနက် မထားပါက ဒီလောက် ကြီးကြီးမားမား လုပ်ဖို့ သူ့ဘဝကို အသုံးချခဲ့ပါ့မလား။
အကယ်၍ သူသာ တစ်ဖက်သား၏ ဖိအားအောက်တွင် ငြင်းခုံမှု အမျိုးမျိုးကို မပြောခဲ့လျှင် လွန်ခဲ့သည့် ကြာမြင့်စွာကပင် အရှုံးပေးခဲ့ရနိုင်သည်။
"လောင်းကစား!" လုရွှမ် ပြုံးလိုက်သည်။
"လောင်းကစားလား?" မုယန်ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။
ဒီလိုအန္တရာယ်ရှိတဲ့ အချိန်မျိုးမှာ လောင်းကစား လုပ်သွားတာလား?
"ဒီချန်တုံးက ပေရွှီးမြို့ကို အခုမှ ရောက်လာပြီး သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က အစောင့်တွေကို ခေါ်ယူနိုင်ခဲ့တယ်... သူက ဘယ်လောက်တောင် အစွမ်းထက်တယ်ဆိုတာ ပြသဖို့ ရွှေတုံးသတ္တုရိုင်း သန့်စင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး သူနဲ့ ဆွေးနွေးဖို့ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က အစောင့်တွေကို စည်းရုံးနိုင်ခဲ့တယ်... ဒီလောက်ကြီးတဲ့ စွမ်းအားတွေကို ပေးနိုင်ရင် သူလိုချင်တာမှန်သမျှ လုပ်နိုင်ပါတယ်လို့ လောင်းကြေးထပ်လိုက်တာပဲ.... တစ်ဖက်လူရဲ့စိတ်ထဲမှာ ချန်တုံးရဲ့ အနေအထားကို တွေးကြည့်ရင် ချန်တုံးကို မသေစေချင်ဘူးလို့ လောင်းကြေးထပ်လို့ ရတယ်"
လုရွှမ် ပြုံးလိုက်သည်။
သူ၏ယခင်ဘဝတွင် သူသည် ကမ္ဘာတစ်ခုလုံး၏ အထွတ်အထိပ် ဖြစ်ခဲ့ပြီး လူတို့၏ အပြုအမူနှင့် တုံ့ပြန်မှုများကို စောင့်ကြည့်လေ့လာမှုဟာ ကျွမ်းကျင်သည့် အဆင့်သို့ ရောက်ရှိခဲ့ပြီး ဖြစ်သည်။ အစောင့်အကြပ်များစွာနဲ့ တစ်ဖက်သား ရောက်လာသောအခါ အပြစ်အနာအဆာများကို ချက်ချင်း တွေ့မြင်စေခဲ့သည်။
ဒီဆက်ဆံရေးကို တွေးလိုက်မိတာနဲ့ တစ်ဖက်လူရဲ့ အသက်ကို အသုံးချလိုက်ခြင်းဖြင့် ဝိညာဉ်ကျောက်တုံး တစ်ထောင်ကို ရရှိစေခဲ့သည်။
ဤဝိညာဉ်ကျောက်တုံး များစွာနှင့် မုယန်ဖုန်း၊ လျောက်ချင်းတို့ကို ကောင်းစွာ အသုံးချစေသရွေ့ ၎င်းတို့သည် အချိန်တိုအတွင်း အဓိပတိနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိနိုင်မည်ဟု သူအာမခံနိုင်သည်။
နှစ်ယောက်သား စကားပြောရင်း လမ်းလျှောက်လာရာ ဆိုင်ထဲသို့ ပြန်ဝင်လာကြသည်။ ဆိုင်ရှင်က သူတို့ပြန်လာတာကို တွေ့ရတာနဲ့ စိတ်သက်သာရာ ရသွား၏။
"စစ်သေနာပတိ ဟူရှောက်... မင်းတို့ကို အခက်မတွေ့စေဘူး မဟုတ်လား?"
ဟူရှောက်၏ ရည်ရွယ်ချက်ကို သူတကယ်မသိကြောင်း သူ့အပြောအဆိုအရ မြင်နိုင်သည်။
"ကျုပ်ကို ခက်ခဲအောင် လုပ်ချင်ပေမယ့် ကံမကောင်းတာက အလုပ်မဖြစ်ခဲ့ဘူး!"
လုရွှမ်က အနည်းငယ် ပြုံးလိုက်ပြီး
"ကျုပ် ပစ္စည်းနည်းနည်း လိုအပ်နေသေးတယ် ကျေးဇူးပြုပြီး သူဌေးက ကျုပ်အတွက် ဝယ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"
စကားပြောပြီးနောက် စာရွက်တစ်ရွက်ပေါ်တွင် စာများစွာကို ချရေးလိုက်သည်။
"ကောင်းပြီ....ကျုပ်မင်းတို့အားလုံး ဒုက္ခရောက်စေမိတဲ့ အတွက် ဒီပစ္စည်းတွေကို လျော်ကြေးအဖြစ် ယူလိုက်ပါ!" ဆိုင်ပိုင်ရှင်က အံကိုကြိတ်လိုက်သည်။
လုရွှမ်က အခုနက ပြောခဲ့တာတွေက ရိုးရိုးရှင်းရှင်းပဲလို့ ထင်ရပေမယ့် သူ စစ်သေနာပတိ ဟူရှောက်ရဲ့ ခြိမ်းခြောက်မှုကို ခံခဲ့ရမယ်ဆိုတာ ခန့်မှန်းမိလေသည်။
"အင်း!"
လုရွှမ်လည်း တစ်ဖက်လူက ဘာကိုဆိုလိုသည်ကို သိသောကြောင့် သူ မငြင်းဘဲ ခေါင်းညိတ်ပြလိုက်သည်။ မကြာခင်မှာ လိုအပ်တဲ့ပစ္စည်းတွေကို စုဆောင်းပြီး လုရွှမ်သည် မုယန်ဖုန်းကို ပစ္စည်းများ သယ်ဆောင်စေကာ တစ်ဖက်လူကို နှုတ်ဆက်ခဲ့သည်။
ယင်းယန်အကယ်ဒမီကို ပြန်ရောက်ပြီး အိမ်ဝင်းထဲကို ဝင်လိုက်တာနဲ့ မင်းသမီးလော့ရုံက သူ့ကို လာနှုတ်ဆက်၏။
သူ၏ ဝမ့်ထျန်းနန်းဆောင်က အခန်းသည် ဝိညာဥ်စွမ်းအင်များ ပြည့်နှက်နေသည် ကိုသိသဖြင့် ကျန်းဝူအကယ်ဒမီမှာ ရှိစဥ် ကောင်းမွန်သော ဆက်ဆံရေး ရှိခဲ့ဖူးသည့် လူအားလုံးနီးပါး ပြောင်းရွှေ့နေထိုင်စေခဲ့သည်။
သို့သော်လည်း မင်းသမီးလော့ရုံ နှင့် လင်ရှောင်းရှောင်းတို့သည် တစ်ဦးနှင့်တစ်ဦး အနှောင့်အယှက် မကင်းဘဲ ကျင့်ကြံခဲ့ရသလို နည်းနည်းထူးဆန်းသလို ခံစားရ
နေရသည်။
"တစ်ခုခု ဖြစ်ခဲ့တာလား" မုယန်ဖုန်းက မေးလိုက်သည်။
"ဘာမှမဖြစ်ပါဘူး.... ဒါပေမဲ့ ရှင့်ရဲ့သခင်လေးကို ရှာဖို့ တစ်ယောက်ယောက် လာခဲ့တယ်လေ!"
မင်းသမီးလော့ရုံက ထူးဆန်းတဲ့ အသံနဲ့ ပြောလိုက်၏။
"ဘယ်သူလဲ?" မုယန်ဖုန်းမှာ သံသယတွေ အပြည့်နဲ့။
"ဘယ်သူလဲ? ရှင့်ရဲ့ သခင်လေးကပဲ အချစ်ကြွေးတွေ ဘယ်မှာ ကျန်ခဲ့တယ်ဆိုတာ သိမှာပေါ့!! မိန်းကလေးက သူ့ကို တွေ့ဖို့တောင် လာတယ်"
မင်းသမီးလော့ရုံ၏ စကားများသည် ချဉ်စူးစူး ရနံ့များ ထွက်လျက်ရှိသည်။ သူမကိုယ် သူမလည်း ဘယ်လို စိတ်နေစိတ်ထား ဖြစ်နေလဲမသိ။
ကောင်လေးက ဆူးယာကို သွားတွေ့ဖို့ ဝူယန်အင်ပါယာကို သွားတာမဟုတ်ဘူးလို့ သူမသိပြီး အရမ်းကျေနပ် နေခဲ့ပေမယ့် သူက တခြားမိန်းမ တစ်ယောက်ကိုပါ ခေါ်ချလာမယ်လို့ ဘယ်သူက ထင်မှာလဲ။
အထူးသဖြင့် ဤအမျိုးသမီးသည် စိတ်နေစိတ်ထား သို့မဟုတ် အသွင်အပြင်အရ သူမထက် ပိုဆိုးသည် မဟုတ်သော်လည်း ပိုအရေးကြီးသည်မှာ ထိုမိန်းကလေး၏ ကျင့်ကြံမှုသည် သူ့ထက်များစွာ မြင့်မားနေသောကြောင့် အလွန်စိတ်ဆိုးနေမိသည်။
ဒီလူက အရမ်းရိုးသားပြီး မိန်းမတွေကို မုန်းတီးတတ်ပေမယ့် တကယ်တော့ သူက နေရာတကာမှာ ချစ်ဖို့ကောင်းတဲ့ မိန်းကလေးတွေကို အရယူနိုင်တဲ့ လူတစ်ယောက် ဖြစ်နေ၏။
"လာရှာတယ်? ဘယ်သူလဲ?"
မုယန်ဖုန်းသည် သူ့မျက်လုံးများကို ထူးဆန်းစွာ ပြန်ကြည့်လိုက်သည်။ သခင်လေးနောက်ကို နေ့တိုင်းလိုလို လိုက်နေရသဖြင့် သူ၏ စိတ်သဘောထားကို ကောင်းစွာသိသည်။
"သူမရဲ့ မိုက်မဲတဲ့ စကားတွေကို နားမထောင်နဲ့တော့.... အစမ်းစစ်ဆေးခြင်းကနေ ပြန်ရောက်လာတဲ့ ဟန်ရွှယ် နဲ့ ဟွာချောင်တို့ပဲ!"
လုရွှမ်က ပြောလိုက်သည်။
တစ်ယောက်ယောက် ရှိနေတာကို ကြားတော့ ဝိညာဉ်စွမ်းအား အတိုင်းအတာက ပျံ့နှံ့သွားပြီး အခန်းထဲက လူတွေကို သူချက်ချင်း မြင်လိုက်ရတာကြောင့် ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။
အခန်းထဲ၌။
ဟန်ရွှယ်သည် ထိုင်ခုံပေါ်တွင် ထိုင်နေချိန်တွင် ဟွာချောင်နှင့် အခြားလူများသည် ခါးသက်စွာပြုံးကာ ဘေးသို့ ပုန်းရှောင်နေကြသည်။ လူတိုင်း၏ရှေ့မှာ ရပ်နေသူဟာ ကျန်းဝူအကယ်ဒမီ၏ ထူးချွန်သော အဂ္ဂိရတ်ပညာရှင် လင်ရှောင်းရှောင်း ဖြစ်သည်။
"နင်ကဘယ်သူလဲ? လုရွှမ်နဲ့ ဆက်ဆံရေးက ဘာလဲ? ဘာလို့သူ့အိမ်မှာ ရှိနေရတာလဲ!"
ဟန်ရွှယ်က မျက်ခုံးပင့်လိုက်ပြီး အဝေးကကောင်မလေးကို စိုက်ကြည့်နေ၏။
"ငါနဲ့ လုရွှမ်ကြားက ဘယ်လို ဆက်ဆံရေးလဲ ဆိုတာ နင်နဲ့ဘာဆိုင်လဲ?" လင်ရှောင်းရှောင်းက ဟစ်အော်လိုက်သည်။
"နင်!" ဟန်ရွှယ် မျက်မှောင်ကြုတ်သွားပြီး
"လုရွှမ်နဲ့ငါက ကိုယ်ရေးကိုယ်တာ ကိစ္စရှိပြီးသား... ငါတို့ကိစ္စတွေကို ဂရုမစိုက်ဘူးလို့ ပြောချင်နေသေးတာလား?"
"ကိုယ်ရေးကိုယ်တာ ကိစ္စ? ဒါက နင့်ဘာသာပြောတာလေ.... ငါဘာလို့ အဲဒီလိုပုံစံ မမြင်မိပါလိမ့်" ဆိုတဲ့ အသံနဲ့အတူ မင်းသမီးလော့ရုံ ဝင်လာခဲ့သည်။
လင်ရှောင်းရှောင်းသည် အခြားသူများနှင့် စကားပြောဆိုရန် မကျွမ်းကျင်ပေ။ မင်းသမီးလော့ရုံသည် ကွဲပြားခြားနားပြီး သူမသည် အမြဲတမ်း တခြားသူများကို စကားစစ်ထိုး ပြောဆိုတတ်သူ ဖြစ်သည်။
"အဲဒါကို အပြင်လူက ဘယ်လိုလုပ် မြင်နိုင်မှာလဲ? ငါတို့ပဲသိတာ!" ဟန်ရွှယ်ကလည်း ငြင်းဆန်လေ၏။
"ကိုယ်ရေးကိုယ်တာ?"
အခန်းထဲသို့ လိုက်ဝင်လာသော လုရွှမ်သည် တစ်ကိုယ်လုံး တောင့်တင်းသွား၏။ သူတို့နှစ်ယောက်က ဘယ်တုန်းက ကိုယ်ရေးကိုယ်တာ ကိစ္စ ရှိသွားတာလဲ?
"အပြင်လူ... ဟားဟား... နင်ကသာ အပြင်လူလို့ ငါထင်တာပဲ... ငါနဲ့ လင်ရှောင်းရှောင်းက ကျန်းဝူအကယ်ဒမီမှာ ကတည်းက လုရွှမ်နဲ့ သိကျွမ်းလာတာ အချင်းချင်း ထိတွေ့ပြီးသား... ငါတို့က ငယ်ချစ်လေးတွေ... နင်ကရော ဘာမလို့လဲ?"
မင်းသမီးလော့ရုံက ပြန်ချေပလေ၏။
"ငယ်ချစ်လေး??"
လုရွှမ်သည် မူးမေ့လဲလုဆဲဆဲ ဖြစ်သွား၏။ သူနဲ့ ဤမင်းသမီးလော့ရုံတို့သည် ကျန်းဝူအကယ်ဒမီတွင် ရှိစဉ်က တွေ့ဆုံတာ စုစုပေါင်း ၅ ကြိမ်တောင် မပြည့်ဘူးမလား။
ပြီးတော့ သူတို့ဘယ်တုန်းက အရေပြားချင်း ထိတွေ့မိတာလဲ။ ဘယ်လိုလုပ် သူမသိပါလိမ့်?