ငါလည်းမကုနိုင်ဘူး
Vol. 21 Ch. 3.57
"ဘာလဲ? ခင်ဗျားက ကျုပ်ရဲ့ဆေးပညာကို မယုံတာလား?"
ဒါကိုကြားတော့ သမားတော်ကျန်းရဲ့ မျက်နှာက မည်းမှောင်သွားပြီး
"ကျုပ်ဆေးပညာကို အနှစ် ၃၀ ကျော် လေ့လာခဲ့တာ...ကျုပ်ဒီလိုအခြေအနေမျိုး တစ်ခါမှ မကြုံဖူးပေမယ့် အနည်းဆုံး လူ ၁၇ ယောက် ၁၈ ယောက်လောက်တော့ ဒီလိုထူးဆန်းတဲ့ အရာမျိုး ကြုံရတတ်ပါတယ်... စိတ်မပူပါနဲ့ တစ်ချက် လှုပ်ရှားလိုက်တာနဲ့ အဆင်ပြေသွားလိမ့်မယ်!"
သမားတော်ကျန်းသည် ယုံကြည်ချက်ရှိ၍ ယခုလေးတင် သွေးခုန်နှုန်းကို စစ်ဆေးကြည့်ရာ တစ်ဖက်လူ၏ ခန္ဓာကိုယ်ကို စစ်ဆေးပြီးနောက် အခြေအနေကို ရှင်းရှင်းလင်းလင်း ဆုပ်ကိုင်ထားခဲ့သည်။
သူ့ထင်မြင်ချက်အတိုင်း ဆောင်ရွက်နေသရွေ့ ပျောက်ကင်းအောင် မကုသမီ အချိန်တစ်ခုသာ လိုတော့သည်။
ဟူ!
ဝိညာဥ်ချီသည် ချန်တုံး၏ သွေးကြောများ တစ်လျှောက် ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ဝင်ရောက်လာသည်။ အင်ပါယာသမားတော်ကျန်းသည် ပို၍ယုံကြည်မှု ရှိထားသော်လည်း အထွတ်အထိပ်သို့ ရောက်သောအခါတွင် သူ၏အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
ဇိဇိ
အင်ပါယာသမားတော်ကျန်းသည် ပြင်းထန်သော မီးတောက်သံကို မတုံ့ပြန်မီတွင် သူ့လက်ဖဝါးထဲသို့ ချက်ချင်းပင် သူ၏ စစ်မှန်သော စွမ်းအင်ဆီသို့ မီးလိုင်းတစ်ခု ပြေးလာသည်ကို တွေ့လိုက်ရသည်။
"အာ? ဒါကဘာလဲ?"
အာမေဋိတ်သံဖြင့် သူ လျင်မြန်စွာ ခုန်တက်သွားသည်။
သို့သော် အချိန်နှောင်းသွားပြီ။ မီးတောက်တွေက သူ့ရဲ့ စွမ်းအင်ကို လောင်ကျွမ်းသွားခဲ့ပြီး သူ့ခန္ဓာကိုယ် တစ်လျှောက် အပေါ်ကို ပျံ့နှံ့ရောက်ရှိသွားခဲ့၏။ အသက်ရှုမဝခင်မှာပဲ သူ့မျက်ခုံးမွှေးတွေ လောင်ကျွမ်းသွားပြီး အခန်းတစ်ခုလုံး လောင်ကျွမ်းနေတဲ့ အနံ့အသက်တွေ ဖုံးလွှမ်းသွားလေသည်။
ခုနစ်လှမ်း သို့မဟုတ် ရှစ်လှမ်းဆက်တိုက် ဆုတ်သွားပြီးနောက် အင်ပါယာသမားတော်ကျန်း သည် မီးတောက်လောင်နေသော ဝိညာဥ်ချီမှ လွတ်မြောက်ခဲ့သည်။ ယခုအချိန်တွင် သူ၏အဝတ်အစား အများစုမှာ မီးလောင်ပြီး မျက်ခုံးမွှေးများ လုံးဝလောင်ကျွမ်းသွားကာ ဆံပင်တစ်ဝက်ကျော်လည်း မီးလောင်သွားခဲ့သည်။
"ဒီဟာက...."
အင်ပါယာသမားတော်ကျန်းသည် သူကိုယ်တိုင်၏ ရှက်စရာကောင်းသော အသွင်အပြင်ကြောင့် ရူးတော့မလို ဖြစ်သွားသည်။
အခုလေးတင် လက်တစ်ဖက်တည်းနဲ့ ဒီရောဂါကို ပျောက်ကင်းနိုင်မယ်လို့ ယုံကြည်ထားခဲ့ရာ ရလဒ်က မထင်ထားတာ ဖြစ်သွားခဲ့သည်။
ဒါက ဘယ်လိုမီးတောက်လဲ။ အဘယ်ကြောင့် ဤမျှ ထူးဆန်းနေသနည်း။
"ငါမယုံဘူး"
သူ့သွားတွေကို အံကြိတ်ရင်း အင်ပါယာသမားတော်ကျန်းက တဖန်ပြေးလာပြီး ချန်တုံးကို သူ့လက်ဖဝါးနဲ့ ဆုပ်ကိုင်လိုက်သည်။
ဗုန်း!
နောက်အခိုက်အတန့်တွင် ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာပြီး ချန်တုံး၏ ခန္ဓာကိုယ်မှ မီးတောက်များ ထွက်လာပြီး မျက်လုံးတစ်မှိတ်အတွင်း သူ၏လက်တစ်ဖက်ကို မီးတောက်များ ဆက်လက်ပျံ့နှံ့သွားကာ သူ့ကို ထပ်မံဖုံးလွှမ်းသွားခဲ့သည်။
နောက်တစ်ကြိမ် အလျင်အမြန် နောက်ပြန်ဆုတ် သွားပြီးနောက် ကပ်ဆိုးတစ်ခုမှ လွတ်မြောက်သွားခဲ့သည်။ အင်ပါယာသမားတော်ကျန်းသည် သူ့ရှေ့ရှိ မလှုပ်မယှက်ဖြင့် ချန်တုံးကို ကြည့်ကာ ရူးချင်လာ၏။
ကုသမှု မခံယူမီက ချန်တုံးသည် အနည်းငယ် သတိလစ်သွားသော်လည်း ယခုအခါတွင် သူ၏လက်မောင်းမှာ ပြာကျသွားပြီဟု မဆိုသာတော့ပေ။ လေကို ရှူရှိုက်ရသည်မှာ အလွန်အမင်း အသက်ရှူမဝ ဖြစ်နေပုံရပြီး အချိန်မရွေး သေဆုံးသွားတော့မည် ပုံပင်။
"ဒါက အသက်ဆက်ဆေး.... သူ့ကိုကျွေးလိုက်!"
လက်ရှိ မီးတောက်တွေရဲ့ ထိတ်လန့်စရာ ကိစ္စတွေကို တွေးကြည့်တော့ သမားတော်ကျန်းသည် ထပ်မသွားရဲတော့ဘဲ သူ့ရင်ခွင်ထဲက အဂ္ဂိရတ်ဆေးကို ထုတ်ပြီး လွှဲပေးလိုက်သည်။
စစ်သေနာပတိ ဟူရှောက်သည် ချန်တုံးအသက်ကို ကယ်တင်နိုင်တဲ့ ဆေးလုံးကို တိုက်ကျွေးလိုက်သည်။ သူနဲ့အတူ ယူလာခဲ့ပေမယ့် ကြီးမားတဲ့ ခြားနားချက်တစ်ခုက အနည်းဆုံးတော့ သူ မသေနိုင်သေးပါဘူး။
"သမားတော်ကျန်း ခင်ဗျား ကုသပေးနိုင်မှာ သေချာလား? မကုနိုင်ရင် ကျုပ် တခြားတစ်ယောက်ကို ရှာရတော့မယ်"
သမားတော်ကျန်းလည်း နည်းလမ်း မရှိတော့တာကို တွေ့ရပြီး ချန်တုံးဟာ အချိန်မရွေး သေသွားနိုင်တာကြောင့် စစ်သေနာပတိ ဟူရှောက်ရဲ့ လေသံက သိပ်ဖော်ရွေမှု မရှိတော့ပေ။
တခြားသူတွေ လာကုသရင် မပျောက်နိုင်ရင်တောင် သတ်ဖို့ မဖြစ်နိုင်ပါဘူး။ သူ့ရှေ့က ဒီလူကတော့ မတားရင် အကြိမ်အနည်းငယ်နဲ့ ဒီမြေးကို ဘယ်တော့မှ တွေ့ရတော့မှာ မဟုတ်ဘူး။
ဒါတင်မကသေးဘဲ သူကိုယ်တိုင်လည်း သူ့ရဲ့လက်ရှိ ရုပ်ရည်ကို ကြည့်လိုက်ရင် သူက အင်ပါယာသမားတော်ကျန်းပါဘို့ ဘယ်သူယုံမှာလဲ။ သူ့ပုံစံက သူတောင်းစားနဲ့ တူနေပြီလေ။
"အဟမ်း!"
စစ်သေနာပတိ ဟူရှောက်၏ အမေးကို ကြားသောအခါ သမားတော်ကျန်း၏ မျက်နှာသည် နီမြန်းနေပြီး အလွန်ရှက်ရွံ့သွားသည်။
သူသည် ပေရွှီးအင်ပါယာရှိ နံပါတ်တစ် ပါရမီရှင် သမားတော် ဖြစ်ပြီး ဤနေရာကို သူစရောက်စဉ်တွင် များစွာဝါကြွားခဲ့သည်။ နောက်ဆုံးတွင် သူ့လူနာသည် မသက်သာရုံ သာမက သေလုနီးပါး ဖြစ်ခဲ့သည်။
"အင်း.... သူ့ခန္ဓာကိုယ်ထဲက မီးတောက်နဲ့ ဝိညာဥ်ချီက နည်းနည်းတော့ ထူးဆန်းနေတယ်... စိတ်မကောင်းပါဘူး ကျုပ်လည်း မကုသနိုင်ဘူး... မင်း သူ့ကို တကယ်ကုသချင်တယ် ဆိုရင်တော့ မီးတောက်နဲ့ ဝိညာဥ်ချီရဲ့ ပိုင်ရှင်ဆီကို ခေါ်သွားသင့်တယ်လို့ ကျုပ်ထင်တယ်.... ကိုယ့်ကိုကိုယ် အပြစ်ရှိကြောင်း ဝန်ချတောင်းပန်ပြီး မီးတောက်ကို ဖယ်ရှားခိုင်လိုက်... မဟုတ်ရင် သူ့ဈာပနအတွက် စောင့်ဆိုင်းပြီး ပြင်ဆင်ထားရတော့မှာပဲ"
အင်ပါယာသမားတော်ကျန်းက ပြောသည်။
"ခင်ဗျားတကယ် မကုနိုင်ဘူးလား?"
ဒါကိုကြားတော့ စစ်သေနာပတိ ဟူရှောက်သည်လည်း ငြိမ်ကျသွား၏။
ပေရွှီးအင်ပါယာရဲ့ နံပါတ်တစ် သမားတော်ဖြစ်တဲ့ အင်ပါယာသမားတော်ကျန်း တောင်မှ သူ့ကို မကုသနိုင်ဘူးဆိုရင် အဲဒီလူငယ်ကပဲ လုပ်နိုင်ပုံရသည်။
သို့ရာတွင် ဘုန်းကြီးသော စစ်သေနာပတိသည် မိမိကို အပြစ်ဝန်ခံ၍ တောင်းပန်မတဲ့လား။
စစ်သေနာပတိ ဟူရှောက်၏ မျက်လုံးများသည် လူသတ်ချင်စိတ်များဖြင့် ပြည့်နှက်လာသည်။
ဒါကတော့ လုံးဝ မဖြစ်နိုင်ဘူး!
"ကျင့်ကြံသူတွေမှာ မတူညီတဲ့ ဝိညာဥ်ချီ အစစ်အမှန်နဲ့ မတူညီတဲ့ အရည်အချင်းတွေ ရှိပါတယ်... ပုံမှန်အခြေအနေအရ ကွဲပြားတဲ့ ဝိညာဥ်ချီတွေက ငြင်းပယ်ပေမယ့် မင်းရဲ့မြေး ခန္ဓာကိုယ်ထဲက ဝိညာဥ်ချီတွေ အကုန်ပါဝင်ပြီး မီးတောက်အတွက် အာဟာရဖြစ်စေတဲ့ အရာအဖြစ် ပြောင်းလဲပေးထားတယ်... မင်းရဲ့ ခွန်အား ဘယ်လောက်ပဲရှိရှိ ကုသလေ မီးတောက်က ပိုအာဟာရ ဖြစ်သွားလေပဲ.... စစ်မှန်တဲ့ စွမ်းအင်တွေ ပိုအားကောင်းလေလေ မီးလျှံက ပိုအားကောင်းလေလေ... ကုသပြီးလို့ မီးမငြိမ်းရင် မင်းရဲ့မြေးလေး မီးလောင်သွားမှာကို စိုးရတယ်"
သမားတော်ကျန်းသည် အခုလေးတင် တွေ့ရှိထားသော ရောဂါရှာဖွေမှုရဲ့ ရလဒ်ကို ပြောပြလာသည်။
"ကောင်းပြီ ကျုပ်ရဲ့ တိမ်မြုပ်နေတဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုအတွက် ခွင့်လွှတ်ပါ... ကျုပ်တကယ် မကုသနိုင်ဘူး ဒါကြောင့် သွားခွင့်ပြုပါဦး!"
သူပြောပြီးသည်နှင့် ဘာမျှမတောင်းတော့ဘဲ လှည့်ကာ ထွက်သွားလေသည်။ ဒီတစ်ကြိမ်ကတော့ သူ့ကိုယ်ပိုင် အမှတ်တံဆိပ်ကို ပြောင်းလဲရတော့မည့် ပုံပင်။
ရောက်လာတုန်းက ဝါကြွားစွာဖြင့် ခေါင်းမော့ထားခဲ့သော်လည်း အရှက်ကွဲပြီး အိမ်သို့ ပြန်သွားခဲ့ရသည်။
"စိတ်ပျက်စရာပဲ!"
အင်ပါယာသမားတော်ကျန်း ထွက်ခွာသွားပြီးနောက် စစ်သေနာပတိ ဟူရှောက်၏ မျက်နှာသည် ရေများ ယိုစိမ့်နေသကဲ့သို့ ပြာနှမ်းသွားသည်။
"စစ်သေနာပတိ အခု ဘယ်လိုလုပ်ကြမလဲ?"
အခန်းထဲ အနက်ရောင် ၀တ်စုံနဲ့ လူတစ်ယောက် ဝင်လာပြီး
"ဒီကလေးကို တကယ်တောင်းပန်ပြီး သခင်လေး ချန်တုံးကို ကယ်ခိုင်းမှာလား?"
စစ်သေနာပတိ ဟူရှောက်၏ လူယုံတော်က ဆိုလိုက်သည်။
"တောင်းပန်ရမယ်?? သူက ဘာမလို့လဲ?"
စစ်သေနာပတိကြီးက ဆိုးရွားတဲ့ မျက်နှာထားနဲ့
"ငါဟူရှောက်က စစ်မြေပြင်ကို ရောက်ကတည်းက ခြေတစ်လှမ်းမှ နောက်ပြန်မဆုတ်ခဲ့ဘူး... ငါ့ကို လက်နက်ချစေဖို့ နည်းလမ်းဆိုတာ မရှိဘူး! ဟူယင်း... မင်းက လူတချို့ကို ခေါ်ပြီး အဲဒီကောင်လေးကို သွားဖမ်းလိုက်.... သူ အသက်ရှင်နေရမယ်! ငါက သူ့ကို ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံး ပြစ်ဒဏ်ကို ခံစားပြီး ငါ့မြေးကို သတ်ရတဲ့ တန်ကြေးကို သိစေရမယ်!"
"ဟုတ်ကဲ့!"
အနက်ရောင် ဝတ်ထားသူ ဟူယင်းက ခေါင်းညိတ်သည်။
"ဒါပေမဲ့ အဲဒီကလေးက ယင်းယန်အကယ်ဒမီက ဖြစ်ပြီး သူ့ကို အရမ်းတန်ဖိုးထားတယ်လို့ ကြားမိတယ်.... သူ့ကို တိုက်ရိုက်ဖမ်းရင် အကယ်ဒမီကို စော်ကားမိမှာ ကြောက်ရတယ်"
"တိတ်တိတ်ဆိတ်ဆိတ် လုပ်ပါ.... ငါတို့လုပ်ခဲ့တာကို အကယ်ဒမီက လူတွေ သိအောင်မလုပ်နဲ့... ကိစ္စပြီးရင် သဲလွန်စတွေ မထားခဲ့နဲ့!"
သူ့ရင်ထဲက ဒေါသတွေကို ဖြေဖျောက်ပြီးနောက် စစ်သေနာပတိ ဟူရှောက်က ဆိုလိုက်သည်။
"ငါဆိုရင်တောင် အကယ်ဒမီက အင်အား ကြီးလွန်းတယ်.... ငါထိပ်တိုက် ရင်မဆိုင်ချင်ဘူး!"
ယင်းယန်အကယ်ဒမီသည် အလွန်အားကောင်းသော စွမ်းအားတစ်ခု ဖြစ်သည်။ ပေရွှီးအင်ပါယာသည် အကိုင်းအခက် တစ်ခုမျှသာ ဖြစ်သည်။ ဟူရှောက်သည် အလွန်အစွမ်းထက်သည့်တိုင် ၎င်းသည် နိုင်ငံ၏တန်ခိုးတစ်ခုသာဖြစ်သည်။ အကယ်ဒမီကဲ့သို့ ဧရာမအင်အားကြီးနှင့် ရင်ဆိုင်ရသည်မှာ မလွယ်ကူလို့ မစော်ကားဝံ့ပေ။
"အမိန့်နာခံပါ့မယ်"
ဟူယင်း ခေါင်းညိတ်သည်။
"ဒီကလေးက အဓိပတိနယ်ပယ်ရဲ့ စွမ်းအားပဲ ရှိတယ်.... မင်းက သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ရဲ့ အဆင့်၆ စွမ်းအားရှင်ပဲ... ဟူချောင် နဲ့ တခြားသူတွေကို မင်းနဲ့အတူ ခေါ်သွား.... ဒီလူအနည်းငယ်နဲ့ဆို အဓိပတိနယ်ပယ်က ကောင်လေးကို တိတ်တဆိတ် ဖမ်းဖို့ လုံလောက်တယ်!"
စစ်သေနာပတိ ဟူရှောက်က ထပ်မံရှင်းပြသည်။
"စိတ်မပူပါနဲ့ စစ်သေနာပတိ... ကျုပ်ကိုယ်တိုင် လှုပ်ရှားနေသရွေ့ ဒီကလေးက ကျိန်းသေပေါက်ဖမ်းခံရလိမ့်မယ်.... ကျုပ်ကျရှုံးရင် စစ်ဥပဒေနဲ့အညီ အပြစ်ခံယူဖို့ ဆန္ဒရှိပါတယ်"
"မြန်မြန်သွားပြီး ပြန်လာခဲ့!"
စစ်သေနာပတိ ဟူရှောက်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
ဟူ!
ဟူယင်းသည် မျက်စိတစ်မှိတ်အတွင်း အခန်းထဲမှ အမြန်ထွက်ကာ ပျောက်ကွယ်သွားခဲ့သည်။ သူသည် သရဲတစ္ဆေနှင့် တူစွာ ပေါ်လာပြီး ပျောက်သွားခဲ့ကာ မတိုင်ခင်က စကားပြောနေခဲ့တာ မဟုတ်ရင် တစ်စုံတစ်ယောက် ရှိခဲ့သည်ကို မည်သူမျှ ယုံမည်မဟုတ်ပေ။