ချန်အသင်းကလူခေါ်ခြင်း
Vol. 21 Ch. 3.58
တွေ့ဆုံပွဲ အစည်းအဝေးကို ယင်းယန်အကယ်ဒမီ၏ အကျယ်ဆုံးခန်းမတွင် ကျင်းပခဲ့သည်။ ပါရမီရှင်များနှင့် ပြည့်ကျပ်နေပြီ ဖြစ်သည်။
အပြင်ဘက် ခြံဝင်းမှ ကျောင်းသားဟောင်းများနှင့် အတွင်းခန်းမှ ကျောင်းသားဟောင်းများ အားလုံးနီးပါး ရောက်လာကြပြီး အားလုံးက အလှပဆုံး အချောဆုံး ၀တ်စုံများ ဝတ်ဆင်ထားကြသည်။
တွေ့ဆုံပွဲ သည် ကျောင်းသားဟောင်းများနှင့် ကျောင်းသားသစ်များ ဖလှယ်တွေ့ဆုံရုံ သာမက နိုင်ငံတွင်းရှိ အဆင့်မြင့် အရာရှိကြီးများနှင့် ဂုဏ်သရေရှိ လူကြီးမင်းများ၏ သားမြေးများကိုပါ ဖိတ်ခေါ်ထားပါသည်။
ပထမအချက်အနေဖြင့် ဂုဏ်သရေရှိသူများနှင့် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်နိုင်မည် ဖြစ်သည်။ ၎င်းသည် ကျောင်းသားများအား အနာဂတ်တွင် အဆင့်မြင့်သော လမ်းကို ဖောက်နိုင်မှာ ဖြစ်ပြီး ပိုမိုကောင်းမွန်သော အမိုးအကာကို ရှာဖွေနိုင်မည် ဖြစ်သည်။
တိုတိုပြောရရင် တွေ့ဆုံပွဲအတွက် ကျောင်းသားဟောင်းတွေရော ကျောင်းသားသစ်တွေရော ဤပွဲကို အရမ်းအလေးထားကြသည်။ လေ့ကျင့်ဖို့အပြင်ထွက်သွားပြီး အကယ်ဒမီ မတက်တဲ့ ကျောင်းသား တော်တော်များများကလည်း ဒီအချိန်မှာ ပြန်လာကြ၏။
အကယ်ဒမီက ကျောင်းသားတွေသာ ဒီလိုပွဲမျိုးမှာ ပါဝင်ဖို့ အရည်အချင်း ပြည့်မီတဲ့အတွက် လုရွှမ်က မုယန်ဖုန်းကို မခေါ်လာဘဲ လျောက်ချင်း နဲ့အတူ လျှောက်ဝင်သွားခဲ့သည်။
ဟန်ရွှယ်၊ မင်းသမီးလော့ရုံနဲ့ တခြားသူတွေကတော့ သူတို့နဲ့အတူ မလိုက်ပါခဲ့ကြချေ။
"အဲဒီလူသစ်က လုရွှမ်လို့ခေါ်တယ်!"
"သူလား? သိပ်ပြီး ဟုတ်ပုံမပေါ်ပါဘူး!"
"အဲဒီလူကို လျှော့မတွက်နဲ့... သူက တတိယအဆင့် စီနီယာပိုင်ရှောင် ကို သတ်လိုက်တယ်လို့ ကျွန်တော်ကြားတယ်"
"စီနီယာပိုင်ရှောင်းကို သတ်ခဲ့တာက မိန်းမတစ်ယောက်ရဲ့ စွမ်းအားကို အားကိုးနေလို့ပါကွာ... စီနီယာပိုင်ရှောင်ကို သူမရဲ့ စစ်မှန်တဲ့ စွမ်းအင်နဲ့ ပိတ်လှောင်ထားလို့ အဲ့ကောင်က ခေါင်းဖြတ်နိုင်လိုက်တဲ့ ပျော့ညံ့တဲ့ လူ သေးသေးလေးပဲ"
"သူ စီနီယာပိုင်ရှောင်းကို မိန်းမတစ်ယောက်ရဲ့ အကူအညီနဲ့ သတ်ခဲ့ရင်တောင်မှ စီနီယာဟွမ်ချောင်ကို အကြိမ် ၁၀၀ လောက် ရိုက်ခဲ့တာက ငါတို့နဲ့ ယှဉ်လို့ မရဘူး။"
"ဟမ့် ပုံစံက သိပ်ကြည့်ကောင်းတာ မဟုတ်ဘဲ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က မိန်းကလေးတွေက ဘာလို့ သူ့ကို သဘောကျနေတာလဲ"
"မင်း မနိုးထသေးဘူးလား? ဒီကောင်လေးရဲ့ မျက်နှာက ဘယ်လောက်ဖြူလဲ ကြည့်စမ်းပါဦး... မင်းမှာ ဖြူစင်တဲ့ မျက်နှာရှိလို့လား? လူတိုင်းလို ချောမောတဲ့ ကောင်လေးလို့ ထင်နေတာလား?"
လုရွှမ်သည် ယခုအခါ အပြင်ခန်းတွင် ကျော်ကြားသူ တစ်ဦးဖြစ်ပြီး ခန်းမထဲသို့ ဝင်လိုက်သည်နှင့် ချက်ချင်းဆိုသလိုပင် ဆွေးနွေးမှုများစွာကို ထွက်ပေါ်လာခဲ့သည်။
ပိုင်ရှောင်းကို သတ်ခဲ့တဲ့ ဇာတ်လမ်းက ကျောင်းတစ်ကျောင်းလုံးမှာ ပျံ့နှံ့သွားခဲ့ပြီး အမျိုးသမီးတစ်ဦးဟာ ပိုင်ရှောင်းကို သူမရဲ့ စစ်မှန်တဲ့ စွမ်းအင်နဲ့ ရိုက်နှက်ပြီး သတ်ပစ်ခဲ့တာ ဖြစ်သည်။ ရှက်စရာကောင်းပြီး သတင်းကို ပိတ်ပင်ထားသောကြောင့် မည်သူမျှ မသိကြသလို ၎င်းတို့သည် သဘာဝအတိုင်း မဆွေးနွေးနိုင်ကြပေ။
"သခင်လေး!"
လျောက်ချင်းသည် ထိုငြင်းခုံချက်များကို ကြားတော့ မျက်မှောင်ကြုတ်ကာ ပြန်ချေပချင်သည်။
သူသည် သခင်လေးနှင့်အတူ သားရဲခန်းမသို့ သွားခဲ့တာကြောင့် ပိုင်ရှောင်း၏ သေဆုံးမှုအကြောင်းကို သူသိခဲ့သည်။ မိန်းကလေးမော့ချုံ မလှုပ်ရှားရင်တောင် သူသည် သခင်လေး၏ ပြိုင်ဘက်မဟုတ်ပေ။ သခင်လေးအား သွားလေပုပ်လွင့် ပြောနေခြင်းအား သူသည်းမခံနိုင်ပေ။
"ပါးစပ်က သူတို့မျက်နှာပေါ်မှာ ပေါက်နေမှတော့ သူတို့ကြိုက်တာကို ပြောလို့ရတယ်!"
လုရွှမ်သည် သူ့လက်များကို ဝှေ့ယမ်းကာ ပေါ့ပေါ့ပါးပါး ပြုံး၍ စားပွဲတစ်လုံးတွင် ဝင်ထိုင်လိုက်သည်။ လူတွေဟာ သူတို့ရဲ့ အပြုအမူကို ထိန်းချုပ်နိုင်ပေမယ့် တချို့လူတွေရဲ့ ပါးစပ်ကိုတော့ ထိန်းချုပ်ဖို့ မဖြစ်နိုင်ပါဘူး။
သူ့အရင်ဘဝတုန်းကဆို ပိုလို့တောင် အငြင်းပွားခဲ့ဖူးသည်။ သူအရူးဧကရာဇ်လို့ မခေါ်ခင်မှာ သူဘယ်သွားသွား အမေးခံရသည်။ သို့သော် တောင်ထိပ်မှာ တကယ်ရပ်တည်နိုင်တဲ့ အခါမှာတော့ ဒီအသံတွေဟာ သဘာဝကျကျ တိတ်သွားခဲ့သည်။
ဘယ်လောက်ပဲပြောပြော မအောင်မြင်ရင် လှောင်ပြောင်ခံရလိမ့်မယ်။ အမှန်တရားကတော့ အမြဲတမ်း ရက်စက်နေမှာပဲ။
"ဟုတ်ကဲ့!"
သခင်လေးသည် သူ့ကိုယ်ပိုင် အကြံအစည် ရှိမှန်းသိသဖြင့် လျောက်ချင်းသည် သူ့ဒေါသကို မျိုသိပ်ရန်မှတပါး ရွေးချယ်စရာ မရှိခဲ့ပေ။
သူတို့ ထိုင်လိုက်တဲ့ အချိန်မှာ ကျောင်းသားလေးတစ်ယောက် သူတို့ဆီရောက်လာပြီး အေးစက်စက်နဲ့ ရှုံ့ချတဲ့ မျက်လုံးတွေနဲ့ ကြည့်လာ၏။
"မင်းက လုရွှမ်လား?"
ဒီလူကို မြင်တော့ မတိုင်ခင်က ဆွေးနွေးခဲ့ကြတဲ့ လူတွေ တုန်လှုပ်သွားပြန်သည်။
"အဲဒီကောင်က ချန်အသင်းကပဲ!"
"ချန်အသင်း? ကျန်းရှောက်ချန်ရဲ့ ချန်အသင်း?"
"ဒီအချိန်မှာ ချန်အသင်းက သူ့ကို ဘာလုပ်ဖို့ ရှာနေတယ်လို့ ထင်လဲ?"
"သေချာပေါက် သူ့ကိုအသင်းထဲ ဝင်စေချင်လို့ ဖြစ်မှာပေါ့!"
"ဟူး....တကယ်သာ ချန်အသင်းထဲ ဝင်ခွင့်ရသွားရင် အဲဒီကလေးက ကြီးကျယ်တဲ့ အောင်မြင်မှုလို့ မှတ်ယူလိမ့်မယ်"
"အရမ်းကံကောင်းတာပဲ.... ငါ့ရဲ့အင်အားက မဆိုးပါဘူး... ဘာလို့ ချန်အသင်းက ငါ့ကို မခေါ်ရတာလဲ?"
ချန်အသင်းမှ လူများသည် လုရွှမ်ကို လာရှာသည်အား တွေ့ရှိသောအခါတွင် အသေးစိတ် အချက်အလက်များ ပျောက်ဆုံးသွားမည်ကို ကြောက်ရွံ့နေသလို သူတို့၏ ပတ်ဝန်းကျင်ရှိ လူတိုင်းသည် မျက်လုံးများကို ပြူးကျယ်ထားလျက် စောင့်ကြည့်နေကြသည်။
ချန်အသင်းသည် အကယ်ဒမီ၏ အပြင်းခန်းက ဒုတိယအဆင့် ကျန်းရှောက်ချန်မှ တည်ထောင်ထားသော မဟာမိတ်အဖွဲ့ တစ်ခုဖြစ်သည်။ ၎င်းသည် အပြင်ခန်း တစ်ခုလုံးတွင် အကောင်းဆုံး အင်အားစုများထဲမှ တစ်ခုဖြစ်ပြီး လုံယိဖျင်၏ နဂါးအသင်းကသာ ၎င်းကိုယှဉ်ပြိုင်နိုင်သည်။
ဤဘီလူးကြီး နှစ်ကောင်နှင့် နှိုင်းယှဉ်ပါက အခြားမဟာမိတ်များသည် သနားစရာကောင်းလောက်အောင် အားနည်းပါသည်။ တတိယအဆင့်ရှိသော ပိုင်ရှောင်းပင်လျှင် နောက်ကျကျန်နေသေးသည်။
အမှန်မှာ ပြတ်ပြတ်သားသား ပြောရလျှင် ပိုင်ရှောင်းသည် သားရဲထိန်းသူ မဟုတ်ခဲ့ဘဲ ၎င်း၏ကျောထောက် နောက်ခံအဖြစ် သားရဲခန်းမတစ်ခု မရှိခဲ့လျှင် ၎င်း၏အင်အားအနည်းငယ်ကို လွန်ခဲ့သော အချိန်များကတည်းက မဟာမိတ်အဖွဲ့ကြီးနှစ်ခုက ဝါးမျိုသွားမည် ဖြစ်သည်။
အဓိက မဟာမိတ် နှစ်ခုသည် အားကောင်းပြီး ကျောင်းသား အများအပြားသည် ၎င်းတို့နှင့် ပူးပေါင်းရန် ဂုဏ်ယူစွာ မျှော်လင့်နေကြသည်။
ဤအခိုက်အတန့်တွင် ချန်အသင်းမှ အဖွဲ့ဝင်သည် လုရွှမ်ကို မိမိတို့ကိုယ်ပိုင် အစီအစဉ်ဖြင့် ရှာဖွေရန် လာနေသည်ကို တွေ့သောအခါ အားလုံးက သူကံကောင်းသည်ဟုသာ ခံစားမိကြသည်။
"ကောင်လေး? မင်းက လုရွှမ် ဟုတ်လား? မေးနေတယ်လေ မင်း နားမကြားဘူးလား"
လူတိုင်း တိတ်တိတ်လေး ငြူစူနေချိန်မှာ တစ်ဖက်လူမှာ လှုပ်ရမှာပင် ပျင်းလွန်းနေပုံ ပေါက်နေ၏။ လုရွှမ်၏ ဤမေးခွန်းမျိုးကို ဖြေဆိုရန်ပင် စိတ်မ၀င်စားတဲ့ ပုံစံက ချက်ချင်းပင် ကျောင်းသားကို မကျေမနပ် ဖြစ်စေခဲ့သည်။
သူသည် ချန်အသင်း၏ အဖွဲ့ဝင်ဖြစ်ကာ မရေမတွက်နိုင်သော ကျောင်းသားများက အပြင်ဘက် ရင်ပြင်တွင် ရှိနေသရွေ့ သူဘယ်သွားသွား ဘယ်သူကမှ သူ့ကို မလေးမစား မလုပ်ရဲသလို ကျောပေးပြီးလည်း မထိုင်ရဲဘူး။
ဒီကောင်လေးကတော့ သူ့မေးခွန်းကို မဖြေတဲ့အပြင် လျစ်လျူရှုထားသေးသည်။
"ထွက်သွား"
လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"မင်းဘာပြောလိုက်တယ်?"
ရောက်လာတဲ့ ကျောင်းသားတွေမှာလည်း သူတို့ ကြားလိုက်ရတာကို မယုံနိုင်အောင် ဖြစ်သွားသည်။
"ကောင်လေး.... ငါဘယ်သူလဲဆိုတာ မင်းသိလား ငါက ချန်အသင်းရဲ့ ဘဏ္ဍာထိန်းပဲ... ငါတို့ခေါင်းဆောင်က မင်းကို အရည်အချင်း ရှိတဲ့သူလို့ သတ်မှတ်တာကို မင်းက ဂါဝရသွားမပြုဘဲ ဒီမှာ စားနေသောက်နေသေးတာလား? အကောင်းအဆိုးကို နားမလည်ဘူးပဲ!"
ဒေါသကို နှိမ့်ချကာ ကျောင်းသားက အကျယ်ကြီး ဟစ်အော်လိုက်သည်။
"ငါတို့သခင်လေးက မင်းကိုသွားခိုင်းနေတာ မင်းမကြားဘူးလား?"
လျောက်ချင်း ရှေ့သို့ ခြေတစ်လှမ်း တိုးသွားခဲ့သည်။
"မင်း"
ဒီကျောင်းသားက သူ့ကိုယ်ပိုင်လက္ခဏာကို ထုတ်ဖော်ထားတာတောင် မမျှော်လင့်ထားဘဲ တစ်ဖက်က ဒီလိုပြောနေတာမို့ သူ့မျက်နှာက ဒေါသတွေနဲ့ နီမြန်းလာသည်။
"ကောင်းကင်အမြင့်ကို မသိတဲ့ကောင်... မိန်းမတွေနောက်မှာ ပုန်းနေတဲ့ လူလေးကများ... ပိုင်ရှောင်းကို သတ်တာက မိန်းမတွေကို အားကိုးပြီး သတ်လိုက်တာလေ မင်းကိုယ်ပိုင် အစွမ်းအစနဲ့ သတ်လိုက်တယ်လို့ ထင်နေတာလား? ဒီနေ့ ငါ မင်းကို အကယ်ဒမီရဲ့ အပြင်ဘက် ဝင်းထဲမှာ ဘယ်သူတွေ ရှိနေတယ်ဆိုတာ ငါပြောပြမယ်!!"
ကျယ်လောင်သော အော်သံနှင့်အတူ ကျောင်းသားသည် လက်တစ်ဖက်ကို မြှောက်လိုက်သည်။
လက်ဖဝါးခွန်အားကို ကြည့်ရုံဖြင့် ချန်အသင်း၏ ဘဏ္ဍာထိန်းသည် အဓိပတိနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်ရှိထားသည်။ ၎င်း၏ခွန်အားသည် ပိုင်ရှောင်းထက် အနည်းငယ် အားနည်းနေနိုင်သော်လည်း ဟွမ်ချောင်ထက်တော့ များစွာ အားကောင်းနေပါသည်။
"ရပ်စမ်း!"
လက်ဝါးက လုရွှမ်ပေါ် ရောက်ခါနီးတွင် လူတစ်ယောက်က တစ်ချက်အော်လိုက်သည်။ ဒီအသံကိုကြားတော့ ချန်မဟာမိတ်အဖွဲ့ရဲ့ ဘဏ္ဍာထိန်းလို့ ကမန်းကတန်း ရပ်ပြီး လေးစားစွာဖြင့် လှည့်ကြည့်လိုက်တယ်။
"ခေါင်းဆောင်ချန်!"
လူအုပ်ကြားထဲ ပြုံးပြုံးရွှင်ရွှင်နဲ့ လမ်းလျှောက်လာတဲ့ လူငယ်တစ်ယောက်ကို တွေ့ရ၏။ ထိုသူမှာ ချန်အသင်းကို တည်ထောင်သူ ကျန်းရှောက်ချန်ဖြစ်ပြီး အကယ်ဒမီ အပြင်ခန်းတွင် ဒုတိယအဆင့်ရှိတဲ့ မဟာမိတ်အဖွဲ့ ခေါင်းဆောင်ပင်။
"စွင်းကျုံး... ငါ မင်းကို လူကို ဖိတ်ခေါ်ဖို့ ခိုင်းလိုက်တာကို မင်းဘာလို့ စတိုက်ခိုက် နေတာလဲ? ညီလေးလုလို သူရဲကောင်းတစ်ယောက်ကို ဒီလိုလုပ်ရုံနဲ့ ခေါ်ယူနိုင်မှာလား?"
ကျန်းရှောက်ချန်သည် ရှေ့မရောက်မီတွင် မျက်မှောင်ကြုတ်ပြီး ကြိမ်းမောင်းလေ၏။
"ဟုတ်ပါတယ် ခေါင်းဆောင်!"
စွင်းကျုံး တုန်လှုပ်သွားပြီး
"ကျွန်တော် မှားပါတယ် ဒါပေမဲ့ ဒီကလေးက မာနကြီးပြီး ကောင်းကင်နဲ့ မြေကြီးရဲ့ အမြင့်ကို မသိပါဘူး... ကျွန်တော်သူ့ကို သင်ခန်းစာ မပေးရင် ခေါင်းဆောင်ကြီးရဲ့ ဂုဏ်သိက္ခာကို မလေးစားမှာ ကြောက်ရတယ်"
"အတင့်ရဲချက်! ဘာကို လေးစားတာ မလေးစားတာလဲ!! ငါတို့ရဲ့ ချန်မဟာမိတ်အဖွဲ့က စည်းလုံးညီညွတ်မှုကို အလေးပေးတယ်... ညီအစ်ကိုအားလုံးက အတူတူပဲ...ဘယ်နားက လေးစားတာ မလေးစားတွေ ပြောနေတာလဲ?
ကျန်းရှောက်ချန်က ထပ်မံ ကြိမ်းမောင်းသည်။