← Chapters

ကျွန်မမှာ အဖော်ရှိတယ် (ပထမပိုင်း)

Vol. 21 Ch. 3.60

ကျွန်မမှာ အဖော်ရှိတယ် (ပထမပိုင်း)

Vol. 21 Ch. 3.60

ဒါပေါ့ ကိုယ်ကျိုးရှာတဲ့ မဟာမိတ် ခေါင်းဆောင်နှစ်ဦးဟာ သူတို့ကို ဒုက္ခပေးမှာကိုလည်း လုရွှမ်ဟာ စိတ်မ၀င်စားပါဘူး။

"သွားမယ်... သွားကြိုဆိုရအောင်!"

"ဒီတခေါက် မင်းသားချန်ရှင်းက ကိုယ်တိုင်လာတယ်လို့ ငါကြားတယ်!"

"မင်းသားချန်ရှင်းက ပေရွှီးအင်ပါယာရဲ့ ပထမဆုံး အမွေဆက်ခံသူအတွက် အပြိုင်အဆိုင်တွေထဲမှာ အလားအလာ အရှိဆုံးတဲ့ သူကအသက် ၂၃နှစ်ပဲ ရှိသေးပေမယ့် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် ပထမအဆင့်ကို ရောက်နေပြီ"

"ဒီလို အရည်အချင်းမျိုးက အနာဂတ်မှာ အထွတ်အထိပ် စွမ်းအားရှင် ဖြစ်လာမှာ မလွဲမသွေပဲ... အနာဂတ် ပေရွှီးအင်ပါယာရဲ့ ဘုရင်လည်း ဖြစ်ကောင်းဖြစ်လာလိမ့်မယ်!"

"ဒါဆို သူနဲ့တွေ့ဖို့ မင်းဘာလို့ အပြင်မထွက်တာလဲ? အနာဂတ် ဘုရင်လောင်း ဆိုရင်တောင် အခု ကြီးကျယ်ခမ်းနားတဲ့ စစ်ဗိုလ်ချုပ်ကြီး ဖြစ်လာနိုင်တယ်.... အနာဂတ်ကလည်း အကန့်အသတ် မရှိဘူး!"

လုံယိဖျင် နှင့် ကျန်းရှောက်ချန်တို့သည် ၎င်းတို့အား တွေ့ဆုံရန် ပြေးထွက်လာကြပြီး အခြားသူများလည်း အလောတကြီး ဖြစ်လာကြသည်။

ဂုဏ်သိက္ခာရှိသော မင်းသားသည် တွေ့ဆုံပွဲ အစည်းအဝေးသို့ လူကိုယ်တိုင်လာမည်ကို မထင်မှတ်ထားခဲ့ကြပေ။ ယနေ့မှာ ကောင်းမွန်စွာလုပ်ဆောင်ပါက သင်သည် တောက်ပသောအနာဂတ်ကို ပိုင်ဆိုင်နိုင်ပြီး နိုင်ငံတော်၏ အဓိကကျသူပင် ဖြစ်လာပေမည်။

ကျင့်ကြံမှုတွင် လူတိုင်းသည် အလွန်ထက်မြက်သော အရည်အချင်းဖြင့် အထွတ်အထိပ်သို့ မရောက်ရှိနိုင်ပေ။ ထို့ထက်မကသော ကျင့်ကြံသူများသည်ပင် မည်သည့်တိုးတက်မှုမှ မရှိဘဲ တရားဝင် အသက်မွေးဝမ်းကြောင်းကို ရွေးချယ်ခဲ့ကြရသည်။

အချိန်သိပ်မကြာလိုက်ဘဲ လူအနည်းငယ်က ခန်းမအပြင်ဘက်သို့ လျှောက်သွားကြစဥ် သူတို့အားလုံး ရှေ့တွင် အဖိုးတန် အဝတ်အစားများ ၀တ်ဆင်လာသည့် လူများ ပေါ်လာသည်။

ဒီလို စိတ်ထားမျိုးက ပိုင်ရှောင်းရဲ့ ဟန်ဆောင်မှု နဲ့ မတူဘဲ သွေးထဲက ထင်ရှားတဲ့ သာလွန်မှုတစ်ခုကို သယ်ဆောင်ထားလေသည်။

အထူးသဖြင့် ချောမောသော မျက်နှာထားရှိသော အလယ်တရှိ လူငယ်လေးဖြစ်ပြီး သူ၏ လှုပ်ရှားမှုတိုင်းသည် ရာထူးကြီးသော ဧကရာဇ်မင်းတစ်ပါးကဲ့သို့ လူတို့အား ဖိနှိပ်ချုပ်ချယ်မှုကို ပြင်းထန်စွာ ခံစားရစေသည်။

ထိုသူက မင်းသားချန်ရှင်းပင်။

"တွေ့ဆုံပွဲကို မင်းသားကိုယ်တိုင် ရောက်လာတာက ကျွန်တော်တို့ အပြင်ခန်းအတွက် ဂုဏ်ယူစရာပါပဲ!"

လုံယိဖျင်သည် မင်းသားရှေ့တွင် ရပ်နေကာ သူ၏ မာန်မာနနှင့် မောက်မာသော သဘောထားသည် ခဏလေးအတွင်း ပျောက်ကွယ်သွားကာ ကျန်ရှိခဲ့သော အရာမှာ စိတ်လှုပ်ရှားခြင်းနှင့် မြှောက်ပင့်ခြင်းများသာ ဖြစ်သည်။

သူနှင့်ဘေးချင်းကပ်နေသော ကျန်းရှောက်ချန်လည်း အလားတူပင်။

၎င်းတို့သည် ယင်းယန်အကယ်ဒမီ၏ ပြင်ပအခန်းမှ ပါရမီရှင်များ ဖြစ်သော်လည်း ပေရွှီး တော်ဝင်မိသားစု၏ မျက်နှာကို သဘာဝအတိုင်း ကြောက်လန့်နေကြဆဲ ဖြစ်ပြီး ယခုလို တွေ့ဆုံရတာကို ဂုဏ်ယူမဆုံးနိုင်ပေ။

"ကျင့်ကြံသူဆိုတာ ကိုယ့်ကိုကိုယ် ဂုဏ်ယူပြီး ကောင်းကင်ဘုံကို ရင်ဆိုင်ရဲတဲ့ သတ္တိရှိရမယ်... သေးငယ်တဲ့ မင်းသားကို ဒီလိုရင်ဆိုင်နေတာက အနာဂတ်မှာ အောင်မြင်မှုပ အကန့်အသတ် ရှိလာပြီး သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ကတောင် အတားအဆီးတစ်ခု ဖြစ်သွားနိုင်တယ်"

သူတို့နှစ်ဦး၏ အသွင်အပြင်ကို မြင်လိုက်ရတော့ လုရွှမ် ခေါင်းယမ်းလိုက်သည်။ ဤလူနှစ်ယောက်သည် အကယ်ဒမီ၏ အပြင်ဘက် ရင်ပြင်တွင် အားကောင်းမောင်းသန် ဖြစ်နေပုံရပြီး မာနမိုးများ ရွာနေပုံရသော်လည်း သူ့မျက်လုံးများတွင်တော့ ပြောစရာမရှိပေ။

ကျင့်ကြံသူများသည် ကောင်းကင်နှင့်မြေကြီးကို မကြောက်ဘဲ ကောင်းကင်၏ကံကြမ္မာကို ပြောင်းလဲကာ မြင့်မားသော တောင်ထွတ်ကို ထိအောင် ကြံ့ကြံ့ခံနိုင်ရမည်။ ၎င်းတို့ကဲ့သို့ မင်းသားငယ်အား ဒူးထောက်ကာ တွယ်ကပ်နေပုံက မြင့်မားသော ခွန်အားကို မည်သို့တက်လှမ်း နိုင်မည်နည်း။

လူတိုင်းမှာ သူ့ကိုယ်ပိုင် ရည်မှန်းချက်တွေ ရှိသလို သူ့မှာ သွားစရာလမ်းလည်း ရှိသည်။ လက်စားချေဖို့ ကြီးကြီးမားမား ပေးဆပ်မှုတွေ ရှိ၏။ ဒီလူတွေ အသက်ရှင်သည်ဖြစ်စေ သေသည်ဖြစ်စေ အဆုံးမှာ ဘာဖြစ်လာမလဲ ဆိုတာ သူနဲ့ ဘာမှမဆိုင်ဘူးပေ။

"မင်းသားလေး ဒီကို လူကိုယ်တိုင် ရောက်နေပြီဆိုတော့ အဓိကခုံမှာ ထိုင်ပါ.... မကြာခင် အကပွဲက စတော့မယ်!"

ဂါဝရပြုပြီးနောက် လုံယိဖျင် နှင့် ကျန်းရှောက်ချန်သည် မင်းသား ချန်ရှင်းကို ခန်းမအလယ်သို့ ခေါ်ဆောင်ကာ ထိုင်စေလေသည်။

ဒီလို ပေါင်းစည်းတွေ့ဆုံပွဲဟာ ကျောင်းသားဟောင်းနဲ့ အသစ်တွေ ဖလှယ်တွေ့ဆုံကြတာ ဖြစ်ပြီး ဖိအား မရှိစေဖို့အတွက် တာဝန်ခံလူကြီးတွေက ပွဲပြီးခါနီးမှာ အခြေခံအားဖြင့် လာကြမှာ ဖြစ်သည်။

အကြီးအကဲများ မရှိလျှင် လုံယိဖျင် နှင့် ကျန်းရှောက်ချန်တို့သည် ပြင်ပအခန်းတွင် သဘာဝအားဖြင့် အကြီးဆုံးဖြစ်သည်။

လုရွှမ်အတွက် ဒီကို လာရတဲ့ ရည်ရွယ်ချက်က နစ်မြုပ်သွားတဲ့ ချိုင့်ဝှမ်းသတင်းကို စောင့်မျှော်နေဖို့ဘဲ ဖြစ်ကာ သူတို့ ဘာလုပ်နေလဲ ဂရုမစိုက်စွာ ထောင့်တစ်နေရာမှာ ထိုင်ပြီး တိတ်တိတ်ဆိတ်ဆိတ် စားသောက်နေ၏။

မင်းသားချန်ရှင်း နှင့် အခြားသူများ ရောက်ရှိလာခြင်းနှင့်အတူ တွေ့ဆုံပွဲသည် အတက်ကြွဆုံးအဆင့်သို့ ရောက်ရှိခဲ့ပြီး လူတိုင်းသည် စကားလုံးတိုင်းနှင့် လုပ်ဆောင်ချက်တိုင်းကို လေးစားစွာဖြင့် ဆန္ဒပြုနေကြသည်။

ခဏကြာပြီးနောက် အကပွဲက တရားဝင်စတင်ခဲ့သည်။ မရေတွက်နိုင်သော ချောမောသော အမျိုးသားများနှင့် လှပသော အမျိုးသမီးများ အားလုံးသည် ၎င်းတို့၏ သင့်လျော်သော အကအဖော်များကို ရှာဖွေကြပြီး အကကြမ်းပြင်ပေါ်သို့ လျှောက်သွားကြသည်။

အကသည် ကျင့်ဝတ်တစ်မျိုးဖြစ်ပြီး ဆက်သွယ်ရေး နည်းလမ်းတစ်ခုလည်း ဖြစ်သည်။ ၎င်းသည် ခံစားချက်များကို လျင်မြန်စွာ ပြောဆိုနိုင်ပြီး ကျောင်းသားအချင်းချင်း ရင်းနှီးစေနိုင်သည်။

"တော်ဝင်မင်းသားလည်း ရောက်နေပြီဆိုတော့ ကကြစို့!"

အားလုံး ပျော်နေကြတာကို မြင်တော့ လုံယိဖျင်က ပြုံးပြီးပြောလိုက်သည်။

"ကောင်းပြီ... ဒီမင်းသားက လူတိုင်းနဲ့ ကစားပေးမှာပါ!"

မင်းသားချန်ရှင်းက ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်ကာ မတ်တပ်ရပ်လိုက်သည်။

"မင်းသား အကအဖော်ကို မခေါ်လာဘူးလား? ကျွန်တော် မင်းသားအတွက် တစ်ယောက်လောက် ရှာပေးစေချင်လား?"

သူသဘောတူတာကို မြင်တော့ လုံယိဖျင်က ကမန်းကတန်း ထပ်ပြောလိုက်၏။

"မလိုဘူး.... ငါကိုယ်တိုင်က ရှာမယ်!"

မင်းသားချန်ရှင်းသည် ပတ်ပတ်လည်ကို ကြည့်ကာ ရုတ်တရက် ရပ်လိုက်ပြီး

"အဲ့တစ်ယောက်ပဲ!"

စကားပြောပြီးနောက် ထိုင်ခုံမှ ဆင်းလာခဲ့သည်။

မင်းသားချန်ရှင်း အကကြမ်းပြင်သို့ လှမ်းလာနေတာကို မြင်လိုက်ရတော့ လူတိုင်းက မထိန်းနိုင်တော့ပေ။ အထူးသဖြင့် ကျောင်းသူတွေရဲ့ မျက်လုံးတွေက သူတို့ရဲ့ စိတ်ကူးယဉ်ဆန်မှုကို ဖမ်းစားနိုင်ဖို့ မျှော်လင့်ချက် တောက်ပနေပါ၏။

အကအဖော် တစ်ယောက် ဖြစ်ခြင်းသည် ဘာမှအဓိပ္ပာယ် မရှိသော်လည်း မင်းသားနှင့်အတူ အကကြမ်းပြင်ပေါ် တက်လိုက်သည်နှင့် သင်၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းသည် အနာဂတ်တွင် ချောမွေ့စွာ ရွက်လွှင့်နိုင်မည်ဖြစ်ပြီး အကယ်ဒမီတွင် တန်ဖိုးထားခံရမည်ကို ဆိုလိုပါသည်။

"မင်းသားက ဘယ်သူ့ကို ရွေးမယ်ထင်လဲ?"

"မသိဘူး.... အဲဒါက စီနီယာယောင်ရွှယ် ဖြစ်မယ်"

"စီနီယာယောင်ရွှယ်က အကယ်ဒမီမှာ ငါးနှစ်ကြာ ရှိနေပြီး သူမရဲ့ အစွမ်းအစက အဓိပတိနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်ပဲ... သူမက လုံယိဖျင်နဲ့ တခြားနှစ်ယောက်လောက် မတော်ပေမယ့် အပြင်ခန်းရဲ့ အဆင့်သတ်မှတ်ချက် စာရင်းမှာ အဆင့်ခုနစ်နေရာမှာ ရပ်တည်ထားနိုင်တယ်... သူမဖြစ်မယ်လို့ ထင်တယ်!"

"ငါထင်တာက စီနီယာကျန်းယွိပဲ... သူမက စီနီယာယောင်ရွှယ်လောက် မကောင်းပေမယ့် သူမက ချစ်စရာကောင်း... အားနည်းပြီး အရိုးမဲ့နေသလိုနဲ့ ယောက်ျားလေး ဖြစ်နေသရွေ့ ဂရုစိုက်တတ်တဲ့ စိတ်ရှိမှာပါ! ငါသာ မင်းသားတစ်ယောက် ဖြစ်ခဲ့ရင် ငါသူ့ကို သေချာပေါက်ရွေးချယ်မှာ!"

တော်ဝင်မင်းသား မည်သူ့ကို ချစ်မြတ်နိုးမည် နှင့် သူနှင့်အတူ ကရန် ရွေးချယ်မည်ကို ယောက်ျားလေး ကျောင်းသားများက အူကြောင်ကြောင်ဖြင့် ညည်းတွားနေချိန်တွင် အမျိုးသမီး ကျောင်းသူလေးများသည် မျှော်လင့်ချက်များဖြင့် ကြည့်နေလေသည်။

ရိုးရိုးသားသား ပြောရလျှင် မင်းသား၏ ရွေးချယ်ခံရခြင်းသည် အကြီးကျယ်ဆုံး ဂုဏ်အသရေဖြစ်ပြီး မရေမတွက်နိုင်သော လူများ၏ အိပ်မက်ဖြစ်သည်။

လူတိုင်း၏ မျက်လုံးများအောက်တွင် မင်းသားချန်ရှင်းသည် ရပ်လိုက်ပြီး အနည်းငယ် ပြုံးကာ အလွန် လိမ္မာပါးနပ်စွာ ကြည့်နေလေသည်။

"အလှလေး ငါ့အတွက် အကဖော် ဖြစ်ပေးလို့ ရမလား"

မင်းသားက ရပ်ပြီး ဖိတ်ခေါ်နေတဲ့ လက်ဖဝါးကို ဆန့်တန်းနေတာ မြင်တော့ လူတိုင်းက သူ့ရှေ့က ကောင်မလေးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီး မယုံနိုင်အောင် ဖြစ်သွားကြသည်။

"မင်းသားက တကယ်ပဲ ကျောင်းစတက်တဲ့ မိန်းကလေး တစ်ယောက်ကို ရွေးခဲ့တာပဲ"

"ဒီလူသစ်လေးကို လော့ရုံလို့ ခေါ်ပုံရတယ်!"

"ဟုတ်ပါတယ်... သူမနာမည်က လော့ရုံတဲ့... သူမက သေးငယ်တဲ့ အရပ်ကလာတယ်လို့ ကြားတယ်.... ဒါပေမဲ့ မင်းသားက သူ့ကို ရွေးချယ်တာ ပုံမှန်ပါပဲ...အသက်ငယ်သေးပေမယ့် လှပတဲ့ သူတစ်ယောက်ပါ... သူ နှစ်အနည်းငယ် ကြာလာရင် ယောင်ရွှယ်နဲ့ ကျန်းယွိတောင် သူမနဲ့ ယှဉ်နိုင်တော့မှာ မဟုတ်ဘူး"

"နောက်ထပ် နှစ်အနည်းငယ် ကြာရင်လား ခုတောင် သူမက အလှဆုံးလို့ ထင်နေမိပြီ... သူမ ရောက်လာတာနဲ့အမျှ သူမကို အာရုံစိုက်သွားမှာပဲလေ... တကယ်ကို အကြွင်းမဲ့ နတ်ဘုရားမပါပဲ!"

မိန်းကလေးကို ဖိတ်ခေါ်တဲ့ မင်းသားရဲ့ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့ ခန်းမထဲမှာ ရုတ်တရက် ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။

ထိုသူမှာ မင်းသမီးလော့ရုံပင်။

လော့ရုံ၏ အသွင်အပြင်သည် အလွန်လှပပြီး ကျန်းဝူအင်ပါယာ၏ မင်းသမီးလေး အနေဖြင့် တောက်ပသော ရောင်ဝါရှိသည်။ မင်းသားချန်ရှင်းသည် သူမအား မျက်စိကျသွားပြီး ဖိတ်ခေါ်ရန် စိတ်အားထက်သန်စွာ ရောက်ရှိလာခဲ့ခြင်းမှာ အံ့သြစရာ မဟုတ်ပေ။

"အာ.... ဘယ်လိုလုပ် သူဖြစ်ရတာလဲ"

"အသစ်ရောက်လာတဲ့ သူလေးပဲ... မင်းသားလေးက သူမကိုတွေ့သွားတာ တကယ်ကံကောင်းတာပဲ!"

"စိတ်ပျက်စရာပဲ... မင်းသားက ဘာလို့ သူမကို သဘောကျတာလဲ မသိဘူး!"

ယောက်ျားလေး ကျောင်းသားတွေနဲ့ မတူဘဲ မိန်းကလေး တော်တော်များများက အရွေးမခံရဘဲ အသစ် ဝင်လာတဲ့ ကျောင်းသူသစ်ကို ရွေးလိုက်တာမြင်တော့ အားလုံးက ဒေါသတကြီး ထအော်ကြလေ၏။

မင်းသားက အကအဖော်ကို ရွေးချယ်ရတာ ဂုဏ်ယူစရာကောင်းပေမယ့် နောက်ဆုံးမှာတော့ လူတော်တော်များများ စိတ်ဓာတ်ကျစေခဲ့တဲ့ ရွေးချယ်မှု ဖြစ်သွားခဲ့သည်။

"ရှင့်ရဲ့ အကအဖော်လုပ်ဖို့ ဖိတ်ခေါ်နေတာလား?"

မင်းသမီးလော့ရုံက ခဏလောက် ထိတ်လန့်သွားသည်။ သေချာသည်က သူမ မမျှော်လင့်ထားခြင်းပင်။

"ဟုတ်ပါတယ်... မိန်းကလေး လက်ခံပေးနိုင်မလား?"

မင်းသား ချန်ရှင်းသည် တည်တည်ငြိမ်ငြိမ် အမူအရာရှိပြီး နေရာတိုင်းတွင် လူကြီးလူကောင်း၏ အပြုအမူကို ပြသထားသည်။

All Chapters