← Chapters

ကျွန်မမှာ အဖော်ရှိတယ် (ဒုတိယပိုင်း)

Vol. 21 Ch. 3.60

ကျွန်မမှာ အဖော်ရှိတယ် (ဒုတိယပိုင်း)

Vol. 21 Ch. 3.60

"ဟင်?"

မင်းသမီးလော့ရုံ ခဏရပ်လိုက်ပြီး အပြုံးလေးဖြင့်

"တောင်းပန်ပါတယ် ကျွန်မမှာ အဖော်ရှိပြီးသားမို့ တခြားသူတွေနဲ့ တွဲကဖို့ အဆင်မပြေပါဘူး!"

"အာ? ဘာကြီး?"

"ငါနားကြား မမှားဘူးမလား?"

"သူက တကယ်တော်တဲ့ တော်ဝင်မင်းသားကို ငြင်းပယ်ခဲ့တာလား.... သေပါပြီ!"

"မင်းသားလေးရဲ့ ဖိတ်ခေါ်မှုကို ငြင်းပယ်လိုက်ရအောင် ဒီလူသစ်က ရူးနေတာလား?"

မင်းသမီးလော့ရုံ၏ အသံသည် ပြတ်သားလှပြီး နားထောင်ရသည်မှာ အလွန်သာယာသော်လည်း ယခုအချိန်တွင် မင်းသားချန်ရှင်း၏ နားထဲတွင်တော့ ကွဲပြားစွာ ဝင်ရောက်သွားသည်။

သူသည် အခြားသူများကို ဖိတ်ခေါ်ရန် ဂုဏ်သိက္ခာရှိသော မင်းသားတစ်ပါး ဖြစ်သော်လည်း ငြင်းပယ်ခံခဲ့ရသည်။ ဒါဟာ သူ့ကိုယ်တွေ့ ကြုံတွေ့ခဲ့တာ မဟုတ်ရင် လုံးဝ ယုံနိုင်မည်မဟုတ်။

အဓိက သော့ချက်က သူ့ကို ငြင်းပယ်တဲ့သူက လူသစ်ဖြစ်နေတာပဲ။

"သူမက ငါ့နာမည်ကို မသိဘူးလား"

ရုတ်တရက် စိတ်ထဲမှာ အတွေးတစ်ခု ပေါ်လာခဲ့သည်။ သူ့ရှေ့က မိန်းကလေးဟာ သူဟာ မင်းသားတစ်ပါးလို့ မသိတာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ်ရင် မင်းသားရဲ့ဖိတ်ကြားမှုကို ဘယ်သူမှ ငြင်းဆန်နိုင်မှာ မဟုတ်ဘူးလေ။

ဒါကိုတွေးပြီး သူ့မျက်နှာမှာ အပြုံးတွေနဲ့ ပြည့်နှက်နေပြန်သည်။ မင်းသား ချန်ရှင်းက ဦးညွှတ်ပြီး လူကြီးလူကောင်း တစ်ယောက်ရဲ့ ကျင့်ဝတ်ကို ထပ်ခါတလဲလဲ ပြုမူလိုက်ကာ။

"ကျေးဇူးပြုပြီး ငါ့ကို မိတ်ဆက်ခွင့်ပြုပါ... ငါက ပေရွှီးအင်ပါယာရဲ့ မင်းသား ချန်ရှင်းပါ ဒီကမိန်းကလေးကို ကဖို့ ဖိတ်ခေါ်ပါတယ်... ဒါဟာ အကတစ်ခုပါပဲ မင်းအဖော်က ငါ့ကို ခွင့်လွှတ်လိမ့်မယ်လို့ ငါယုံကြည်တယ်!"

"ဝိုး... လူကြီးလူကောင်း ဆန်လိုက်တာ!"

"မင်းသားကတော့ မင်းသားပါပဲ"

"ငါသာဆိုရင် ငါရဲ့အဖော်က ဘာလဲဆိုတာ ငါဂရုမစိုက်ဘူး... မင်းသားနဲ့ ကတာက အကောင်းဆုံး ဖြစ်လိမ့်မယ်"

မင်းသားချန်ရှင်းသည် စိတ်ဆိုးခြင်း မရှိဘဲ ယဉ်ကျေးသိမ်မွေ့ပြီး ပြေပြစ်သော လှုပ်ရှားမှုများကို မြင်လိုက်ရသဖြင့် ကျောင်းသားကျောင်းသူအားလုံးသည် တစ်ဖန် စိတ်လှုပ်ရှားသွားကြသည်။

"တောင်းပန်ပါတယ်... ကျွန်မရဲ့ အကအဖော်က ရှင် မင်းသားတစ်ပါး ဖြစ်ရင်တောင် တခြားသူတွေနဲ့ ကတာကို မကြိုက်ဖူး...တောင်းပန်ပါတယ်!" မင်းသမီး လော့ရုံက လက်ကိုဝှေ့ယမ်းပြသည်။

"ဟင့်? ငြင်းပြန်ပြီလား?"

လူတိုင်း အံသြသွားကြသည်။ ဒါက မင်းသား ချန်ရှင်းရဲ့ မျက်နှာကို ပါးရိုက်လိုက်တာနဲ့ အတူတူပဲ။

မင်းသားလေး ဒေါသထွက်လိမ့်မယ် လို့ လူတိုင်းက ထင်နေချိန်မှာပဲ မင်းသားချန်ရှင်းက သူ့မျက်လုံးတွေကို ယုံကြည်မှု အပြည့်နဲ့ ရယ်လိုက်ပြီး

"မင်းပြောတာကို ငါနားလည်ပါတယ် မိန်းကလေး... ဒါပေမဲ့ မင်းရဲ့အကသမားက ဘယ်မှာလဲ ငါ သူနဲ့ ဆွေးနွေးကြည့်မယ်... ငါ့ရဲ့အကအဖော်အဖြစ် မင်းကို သဘောတူလိမ့်မယ်!"

သူ သူ့မျက်နှာကို ကယ်တင်ချင်သည်လေ။

မိန်းကလေး တစ်ယောက်အတွက် ဒီလိုလုပ်ဖို့ အရမ်းရှက်နေတယ်ဆိုရင် သူ့မှာ လက်တွဲဖော်ရဲ့ အကအဖော်နဲ့ ပတ်သက်ပြီး ကောက်ချက်ချစရာ မရှိပါဘူး။

"ကျွန်မတော့ အဲ့လိုမထင်ပါဘူး!"

မင်းသမီးလော့ရုံ ခေါင်းခါပြီး ခန်းမရဲ့ ထောင့်တစ်နေရာကို လျှောက်သွားခဲ့သည်။

"ဒါက ကျွန်မရဲ့ အကအဖော်ပါ!"

"အဲဒါ လုရွှမ်ပဲ!"

"အဲဒီလူသစ်က ပိုင်ရှောင်းကို သတ်ခဲ့တဲ့လူပဲ!"

"သခင်နှစ်ယောက်က သူ့ကို သီးသန့်ဖိတ်ခေါ်လိုက်တယ်... ဒါပေမဲ့ ဒီကောင်က ကျောင်းနတ်မိမယ်လေးကို ရပြီးသားဖြစ်မယ်လို့ ငါမျှော်လင့်မထားဘူး!"

မင်းသမီးလော့ရုံ၏ အကအဖော် အသွင်အပြင်ကို မြင်လိုက်ရတော့ အားလုံးက တခဏမျှ ထိတ်လန့်သွားပြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ ဤသည်မှာ သူမ၏ အကအဖော်ဖြစ်သည်။

"ဟူး...."

မင်းသမီးလော့ရုံ ချဉ်းကပ်လာသည်ကို မြင်တော့ လုရွှမ်သည် ပြဿနာတစ်ခု ထပ်ဖြစ်လာတော့မည်ကို သိလိုက်ကာ ဤထူးဆန်းသော မင်းသမီးလေးကို လျစ်လျူရှုထားလိုက်သည်။

"ဟေ့ ငါ့ကို လျစ်လျူမရှုပါနဲ့... နင်အရင်က ငါ့ကိုထိထားတယ်လေ... တာဝန်မယူချင်တာလား"

"အဟွတ် အဟွတ်!"

ဤစကားများကို ကြားတဲ့အခါ လုရွှမ်ခမျာ သေရည်များ သီးကာ သေလုမတတ် ဖြစ်သွားသည်။

အဲဒါကို မထိခဲ့ချင်ဘူးလေ။ ဒါက မင်းဘာသာ လက်ကို ကိုင်လိုက်ပြီး ထိခိုင်းတာကို ငါကတာဝန်ယူရမှာပေါ့ မင်းတာဝန်ယူသင့်တာ မဟုတ်ဘူးလား?

ထို့အပြင် ထိတွေ့ကိုင်တွယ်ခြင်း အတွက် ခန္ဓာကိုယ်လေ့ကျင့်မှုနှင့် လက်နက်သန့်စင်နည်းများကို သင်ကြားပေးထားပြီး ဖြစ်သည့်အတွက် လျော်ကြေးအဖြစ် မှတ်ယူနိုင်သည်လေ။

"နင်ငါ့ကိုဘာလို့ မကူညီချင်တာလဲ? ကျန်းဝူအင်ပါယာမှာ ငါ့အဖေက နင့်ကိုအများကြီး ကူညီခဲ့တယ်လေ... နင်ငါ့ကိုဒီမှာ ဂရုစိုက်သင့်တယ် မဟုတ်လား"

သူ့မှာတာဝန်ရှိနေတာကို မြင်တော့ လူငယ်လေးက စိတ်မငြိမ်မသက် ဖြစ်လာပြီး မင်းသမီးလော့ရုံက နှုတ်ခမ်းကို ကော့လျက် ရွေးစရာမရှိ တခြားအရာ ပြောင်းပြောလိုက်ရသည်။

"ကောင်းပြီ.... ဒီတစ်ကြိမ်ပဲ နောက်တစ်ခါ မရဘူး!" လုရွှမ် သဘောတူလိုက်သည်။

ကျန်းဝူဘုရင် လော့လင်က သူ့ကို အများကြီး ကူညီပေးခဲ့သည်။ အကြီးအကဲ သုံးယောက်က သူ့ကို ပထမအကြိမ် ပြစ်တင်ကြိမ်းမောင်းနေချိန် မြို့စားရဲ့ သင်္ကေတတစ်ခု ပေးခဲ့ပြီး သူ မထွက်ခွာခင်မှာ နဂါးတံဆိပ်ပြားကိုလည်း ပေးခဲ့သည်။

သေသေချာချာ ပြောရရင်တော့ သူ့ကို ကျေးဇူးအများကြီးတင်ပါ၏။ အကြွေးရှိရင် ပြန်ဆပ်ရမယ်။

"မင်းက သူမရဲ့ အကအဖော်လား!"

သူတို့နှစ်ဦးသည် အသံများကို ဖြတ်ကျော်ပြီး မင်းသားချန်ရှင်းသည် သူ့ထံသို့ လာ၍ ပြုံးပြကာ တစ်ချက်ကြည့်လိုက်ပြီးနောက် အနည်းငယ်မျှ ထူးခြားမှုမရှိသည်ကို သူတွေ့လိုက်ရသောကြောင့် မည်သူမျှ မငြင်းနိုင်သော လေသံဖြင့် ပြောလိုက်သည်။

"ဒီကအစ်ကို.... ငါမင်းအဖော်နဲ့ ကလို့ရမလား မသိဘူး!"

"မင်းသဘောကရော?"

မင်းသားချန်ရှင်း၏ စုံစမ်းမေးမြန်းမှုကို လျစ်လျူရှုကာ လုရွှမ်သည် မင်းသမီးလော့ရုံအား ကြည့်လိုက်သည်။ သူမက နောက်မှ ခေါင်းယမ်းပြသည်။

"တောင်းပန်ပါတယ် ငါ့ရဲ့အကအဖော်က ငါနဲ့ကချင်နေတာ ဆိုတော့ တခြားသူတွေနဲ့ ကဖို့အဆင်မပြေဘူး!"

တစ်ဖက်လူက မလုပ်ချင်မှန်း သိသဖြင့် လုရွှမ် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"မင်း"

အမျိုးသမီး တစ်ယောက်က သူ့မျက်နှာကို ပါးရိုက်လိုက်သလိုပဲ။ မသိနားမလည်သော လူငယ်လေးသည် သူ့ကို ငြင်းဆိုဝံ့သည်ကို မြင်လိုက်ရသောအခါ မင်းသား ချန်ရှင်း၏ မျက်နှာသည် မှိုင်းညို့သွားပြီး မျက်လုံးများက အေးစက်လာသည်။

"လုရွှမ် တော်ဝင်မင်းသားက မင်းနဲ့ ဆွေးနွေးတဲ့အခါ မင်းကို အထင်ကြီးတယ်လို့ ဆိုလိုတာပဲ မလေးမစား မလုပ်နဲ့!"

"ချက်ချင်း တောင်းပန်လိုက်... ဒါဆို ချန်အဖွဲ့က မင်းကို လက်ခံဖို့ စဉ်းစားနိုင်တယ်.... မဟုတ်ရင် အဲဒါကို မစဉ်းစားနဲ့တော့"

လုံယိဖျင်နှင့် ကျန်းရှောက်ချန်တို့သည် လုရွှမ်က မင်းသား ချန်ရှင်းကို ငြင်းပယ်လိမ့်မည်ဟု မထင်မှတ်ရာ သိသိသာသာပင် ရှေ့သို့တိုးကာ ကျယ်လောင်စွာ အော်လိုက်ကြသည်။

သူတို့အားလုံးက မင်းသားကို မြှောက်ပင့်နေကြချိန်မှာ ဒီကောင်က ဆန့်ကျင်ပြီး မနာခံဝံ့ဘူး။ သူ ဘယ်လိုမှ သည်းခံနိုင်မှာ မဟုတ်ဘူး။

"ကောင်းပါပြီ!"

မင်းသားသည် မျှော်လင့်ထားသည့် အတိုင်း သူ့တွင် ပြဿနာလုပ်မိပါက ပို၍ရှက်စရာကောင်းလာမည်ကို သိလျက်နှင့် သူ့စိတ်ထဲတွင် မပျော်မရွှင် ဖြစ်မှုများကို ထိန်းကာ အနည်းငယ် ပြုံး၍

"ဒီမိန်းကလေးမှာ သူကြိုက်တဲ့ ယောက်ျားလေး ရှိနေပြီကို ငါ သူ့ကို ဖိတ်ခေါ်လိုက်တာက ရိုင်းစိုင်းမိတာပါပဲ ! မင်းတို့တွေက ထက်မြက်ပြီး လှပတယ်... တကယ်ကို အသင့်တော်ဆုံး အတွဲပါပဲ!"

တစ်ဖက်လူက သူ့အဖော်အဖြစ် လုပ်ဖို့ မလိုလားဘူး။ ဒီအချိန်မှာ သူက အတင်းအကြပ် လုပ်ရင် မင်းသားရဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်စေလိမ့်မယ်။

ရှက်ကြောက်နေမယ့်အစား နောက်ပြန်ဆုတ်တာက ပိုကောင်းပါ၏။ လူတွေရဲ့ စိတ်ဓာတ်မြင့်မားမှုကို ရရှိစေပြီး ကြီးမြတ်တဲ့ ပုံရိပ်ကို ပေးစွမ်းနိုင်စေဖို့အတွက် ဒီလိုလုပ်တာ ပိုကောင်းလေသည်။

"မင်းသားက တကယ်ကို လူကြီးလူကောင်း ဆန်လှပါတယ်!"

လုံယိဖျင်နှင့် ကျန်းရှောက်ချန်တို့သည် ဤဆုံးဖြတ်ချက်ကို ကြားသောအခါတွင် သူတို့လည်း နားလည်သွားကြပြီး ဦးညွှတ်လိုက်ကြသည်။

"မင်းသားက သဘောထားကြီးပြီး အစွမ်းထက်လိုက်တာ!"

"ဟုတ်ပါတယ် မဟုတ်ရင် သူဘယ်လိုလုပ် မင်းသားဖြစ်နိုင်မှာလဲ!"

"မင်းသားလေးက အရမ်းချောတာပဲ... ဘာလို့ ငါ့ကို မမြင်ရတာလဲ"

မင်းသားက ဒေါသထွက်နေမယ့်အစား သူ့ကို ကောင်းချီး ပေးခဲ့လို့ လူတိုင်းက သူ့ကို တစ်ချိန်တည်း ချီးကျူးလာကြ၏။

"ဟားဟား... လူကြီးတစ်ယောက်ရဲ့ အလှတရားက အမြဲတမ်း သီလတစ်ခုပဲ.... ငါက ဒီလိုမျိုး အမြဲဖြစ်နေမှာပါ"

လူတိုင်း၏ ချီးကျူးစကားကို ကြားတော့ မင်းသားချန်ရှင်းသည် အခြေအနေ အရပ်ရပ်ကို ထိန်းနိုင်ခဲ့ကြောင်း သိလိုက်ရသဖြင့် အလွန်ရှက်ရွံ့မနေဘဲ သူ့စိတ်ထဲတွင် မကျေမနပ် ဖြစ်မှုများကို ဖုံးကွယ်ကာ အနည်းငယ် ပြုံး၍ လူတိုင်းကို တဖန်ပြန်ကြည့်သည်။

"ဒီမိန်းကလေးမှာ အကဖော်တစ်ယောက် ရှိတယ်... တစ်ယောက်နဲ့တစ်ယောက် သိပြီး တစ်ယောက်ကိုတစ်ယောက် ချစ်ကြတယ်... ငါ အတင်း မတိုက်တွန်းချင်ဘူး... ဒါကြောင့် ငါ့ရဲ့အကအဖော်အဖြစ် လူအုပ်ထဲက တစ်ယောက်ကို ရွေးချင်သေးတယ် ဘယ်မိန်းကလေးကများ ဆန္ဒရှိမလဲ?"

စကားပြောပြီးနောက် သူ့မျက်လုံးများက လူတိုင်းကို လှည့်ကြည့်လိုက်ပြန်သည်။ ကချင်တယ်လို့ ပြောထားပြီးသား ဆိုတော့ အဖော်မပါဘဲ ဘယ်လိုလုပ် ကမလဲ။

"ဆန္ဒရှိတယ်... ကျွန်မဆန္ဒရှိတယ်!"

"မင်းသား.... ကျွန်မကိုရွေး... ကျွန်မကိုရွေး"

"ကျွန်မ ကတတ်ပါတယ်"

"ကျွန်မကို ရွေးပါ..."

မင်းသားလေးရဲ့ စကားကိုကြားတော့ ကောင်မလေးတွေ အားလုံး ပီတိဖြာသွားကြပြီး မျက်လုံးတွေ ပြူးကျယ်လာကာ မင်းသားရဲ့ရွေးချယ်မှုကို စောင့်မျှော် နေခဲ့ကြတော့သည်။

"ဟင်? သူမပဲ!"

ရုတ်တရက် မင်းသားချန်ရှင်းသည် ပတ်ပတ်လည်ကို လှည့်ကြည့်ရင်း ရပ်လိုက်ပြီး လှပသော ရုပ်ပုံလွှာပေါ်သို့ အကြည့်များ ဆင်းသက်သွားခဲ့သည်။

All Chapters