ကျွန်မမှာ အဖော်ရှိတယ် (တတိယပိုင်း)
Vol. 21 Ch. 3.62
ဤရုပ်ပုံသည် သွယ်လျလှပပြီး ပြီးပြည့်စုံသော ခန္ဓာကိုယ် အချိုးအစားဖြင့် လူများကို ကြည့်ရုံဖြင့် သွေးဆောင်မှုထဲ ကျရှုံးနိုင်စေသော အရာဖြစ်သည်။
ရုပ်ရည်တစ်ခုတည်း အရဆိုလျှင် ယခုလေးတင် ရွေးချယ်ခံခဲ့ရသော မင်းသမီးလော့ရုံနဲ့ သိပ်မကွာသော်လည်း အဓိက သော့ချက်မှာ ရိုင်းစိုင်းသော စိတ်ထားရှိပြီး သူ့ကို မြှောက်ပင့်ပေးနေသော အမျိုးသမီးများထက် ပို၍ပင် ထူးချွန်ပုံ ဖြစ်သည်။
ဒီပုံလေးကိုမြင်တော့ မင်းသား ချန်ရှင်းရဲ့ စိတ်ထဲမှာ မကျေမနပ်တွေ ချက်ချင်း ပျောက်ကွယ်သွားကာ ဖြတ်ကျော်သွားကာ မကြာခင်မှာပဲ သူမဆီရောက်လာခဲ့သည်။
"မိန်းကလေး... မင်းငါ့ရဲ့ အကဖော် ဖြစ်ပေးနိုင်မလား?"
ယောက်ျားပီသသော မျက်နှာထားဖြင့် သူမရှေ့တွင် ရပ်နေသော မင်းသားချန်ရှင်းသည် ချောမောပြီး ဒေါသထွက်နေသော ကိုယ်ဟန်အနေအထားကို ထိန်းထားကာ ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
"နောက်ထပ်လူသစ်ပဲ... မင်းသားက နောက်ထပ်လူသစ်ကို ရွေးသွားမယ်လို့ မမျှော်လင့်ထားဘူး"
"သူမကို ငါသိတယ်.... သူ့နာမည်က လင်ရှောင်းရှောင်းတဲ့.... ဒီနှစ်မှရောက်လာတဲ့ အသစ်ပဲ!"
"အပြင်ခန်းက အကဲဖြတ်ထားတဲ့ နတ်ဘုရားမတစ်ပါးပဲ... တော်ဝင်မင်းသားက မျက်လုံးကောင်းပြီး တခြားနတ်ဘုရားမကို တွေ့သွားပြန်ပြီ!"
မင်းသားလေးရဲ့ လုပ်ရပ်ကိုမြင်တော့ စိတ်လှုပ်ရှားစွာ အော်ဟစ်ခဲ့တဲ့ အမျိုးသမီးက အခုလေးတင်မှ အသည်းကွဲသွားပေမယ့် တစ်ချိန်တည်းမှာပဲ သူ့အမြင်ကိုလည်း သဘောကျသွားသည်။
ဤလင်ရှောင်းရှောင်းသည် ကျောင်းသူအသစ် ဖြစ်သော်ငြားလည်း သူမသည် အပြင်ခန်းတွင် အလှဆုံး လူများထဲမှ တစ်ဦးဖြစ်ပြီး သူမအား နတ်ဘုရားမဟု ခေါ်နိုင်သည်။
"ကဖို့ဖိတ်ခေါ်တာလား"
မင်းသားချန်ရှင်းကို လှည့်ကြည့်ပြီးနောက် လင်ရှောင်းရှောင်းသည် ရှင်းရှင်းလင်းလင်း မမျှော်လင့်ထားပေမယ့် ခေါင်းခါလိုက်ပြီး
"စိတ်မကောင်းပါဘူး ကျွန်မလည်း အဖော်ရှိပြီးသားမို့ ရှင်နဲ့ မတွဲနိုင်ဘူး!"
"ဘာ? မင်းမှာလည်း အကအဖော်ရှိတယ်?"
မင်းသား ချန်ရှင်း၏ မျက်နှာသည် တင်းကျပ်လာပြီး သူ့မျက်လုံးများက မကျေမနပ် ဖြစ်လာသည်။
သူသည် မင်းသားတစ်ပါးပင်။ သူသွားလေရာရာ မိုးမြေကို လှုပ်ခါနိုင်ပြီး မရေမတွက်နိုင်သော လူများစုဝေးများကြား ရောက်ရှိနေသော ခမ်းနားသည့် တည်ရှိမှုဖြစ်သည်။ အခြားသူများကို ကခုန်ရန် ဖိတ်ခေါ်ခြင်းသည် ဖမ်းရလွယ်ကူမည်ဟု သူထင်မြင်ခဲ့သော်လည်း နှစ်ကြိမ်ဆက်တိုက် ငြင်းပယ်ခံရမည်ကို အိပ်မက်ပင် မမက်ခဲ့ဖူးပေ။
ပြင်းထန်သော အရှက်တရားနှင့် ဒေါသများက သူ၏ နှလုံးသားထဲတွင် ပူလောင်နေပြီ ဖြစ်သော်လည်း သူ့ အဆင့်အတန်းကြောင့် ၎င်းကို မပြချင်ပေ။
"အင်း!"
လင်ရှောင်းရှောင်း ခေါင်းညိတ်လိုက်သည်။ သူမသည် ရှေးရိုးဆန်သော သူတစ်ယောက်ဖြစ်သည်။ တစ်ဖက်လူက မင်းသားဖြစ်နေလျှင်ပင် သူမ၏ နှလုံးသား၌ တည်မြဲမှုကို မဖျက်ဆီးချင်ပေ။
ထို့အပြင် မင်းသားလေးကို နှစ်သက် သဘောကျခြင်းသည် အခြားသူများအတွက် အကျိုးရှိစေပါသည်။ သူမသည် အမြဲတမ်း မာနကြီးပြီး လုရွှမ်ပင်လျှင် လက်မခံဘဲ အခြားသူများကို အားကိုးရန် မည်သို့တွေးနိုင်မည်နည်း။
"နတ်ဘုရားမ လင်ရှောင်းရှောင်းမှာ တကယ်ကြီး အဖော်ရှိတယ်.... ဘယ်သူဖြစ်နိုင်မလဲ?"
"ဘယ်သူသိနိုင်မှာလဲ?"
"သနားစရာပဲ... နတ်ဘုရားမ အနည်းငယ် ကျောင်းကို လာခဲ့တယ်... မင်းသမီးလော့ရုံက အဖော်ရှိနေလို့ ထားပါတော့ နောက်တစ်ယောက်ကပါ ထပ်ရှိနေပြန်ပြီ အစတုန်းကတော့ သူ့ကို လိုက်ဖို့ စီစဉ်ထားတာ"
"မင်းက? မနိုးထသေးဘူးလား? မင်းရဲ့ဒီလိုပုံစံနဲ့ နတ်သမီးရှောင်းရှောင်းကို လိုက်ချင်သေးတာလား"
"အဟမ့်... ငါကမချောပေမယ့် အဲ့လိုကြီး တိုက်ရိုက် မပြောလိုက်ပါနဲ့ မျက်နှာသာလေးတော့ ပေးပါဦး"
နတ်ဘုရားမ လင်ရှောင်းရှောင်းမှာ ကခုန်ဖော် အမှန်တကယ် ရှိကြောင်း ကြားလိုက်ရတော့ မရေမတွက်နိုင်တဲ့ အမျိုးသားတွေရဲ့ နှလုံးသားတွေဟာ ဖန်ခွက်လို ကွဲကြေသွားခဲ့သည်။
"မင်းရဲ့အကအဖော်က ဘယ်သူလဲဆိုတာ ပြောပြနိုင်မလား ငါသူနဲ့ ဆွေးနွေးနိုင်တယ်!"
လူတိုင်း၏ မှတ်ချက်များကို လျစ်လျူရှုကာ အတည်ပြုထားသော အဖြေကို ကြားတော့ မင်းသားချန်ရှင်းသည် သူ၏ဒေါသကို ထပ်မံမျိုသိပ်ကာ လူကြီးလူကောင်း ဟန်ဆောင်ကာ တမင်တကာ ပြုံးပြလိုက်သည်။
လင်ရှောင်းရှောင်းက မရှင်းပြဘဲ မတ်တပ်ထရပ်ပြီး လုရွှမ်ဆီကို ခြေလှမ်းအနည်းငယ် လှမ်းပြီး
"ဒါက ကျွန်မရဲ့ အကအဖော်ပါ... သူသဘောတူလား ဆိုတာ မေးကြည့်ပေါ့!"
"....."
"ဒီကောင်ပဲလား.... ဘာလို့ သူပဲ ထပ်ဖြစ်နေတာလဲ!"
"သူ့မှာ အကဖော် နှစ်ယောက်တောင် ရှိတယ်?"
"အစ်ကိုကြီးရေ မင်းဘယ်လိုများ လုပ်ခဲ့တယ်ဆိုတာ ပြောပြပေးလို့ ရမလား??"
လင်ရှောင်းရှောင်း၏ လုပ်ရပ်ကို မြင်လိုက်တဲ့ လူတိုင်း ရူးသွပ်သွားကြသည်။
အခုလေးတင် မင်းသမီးလော့ရုံဟာ လုရွှမ်က သူမရဲ့ အကအဖော် ဖြစ်တယ်လို့ ပြောခဲ့ပြီး လူတိုင်းက ဒီလူငယ်လေးဟာ ကံကောင်းပြီး တစ်သက်တာမှာ ကောင်းချီးတွေ ရရှိခဲ့တယ်လို့ လူတိုင်းက ခံစားနေမိချိန် လင်ရှောင်းရှောင်းကပါ သူ့ရဲ့ အကအဖော် ဖြစ်နေမယ်လို့ မထင်ထားခဲ့ပေ။
တကယ်ကြီးလား?
လူတစ်ယောက်က ကျောင်းအလှမယ် နှစ်ယောက်ကို အကအဖော်လုပ်ဖို့ ဖိတ်ခေါ်ပြီး နှစ်ယောက်စလုံးက သဘောတူကြတယ်တဲ့လေ။
"မင်းရဲ့ အကသမားက သူလား?"
မင်းသားချန်ရှင်းလည်း ရူးသွပ်သွားကာ မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားသည်။
ဒီကလေးနဲ့ မင်းသမီးလော့ရုံက တစ်ယောက်နဲ့တစ်ယောက် ချစ်ကြတယ်လို့ပဲ ပြောခဲ့တယ် မဟုတ်လား။ ဒါက ကောင်းကင်ဘုံမှာ လုပ်ထားတဲ့ တိုက်ဆိုင်မှု မဟုတ်ဘဲ နောက်တစ်ယောက်ပါ ရောက်လာတယ်??။
"ဟုတ်တယ်... လင်ရှောင်းရှောင်း နဲ့ ကျွန်မတို့ နှစ်ယောက်စလုံးက လုရွှမ်ရဲ့ အကအဖော်တွေပါ... ကျွန်မတို့အရင်က သဘောတူခဲ့ပြီးသား!"
လုရွှမ်က စကားမပြောသော်လည်း မင်းသမီးလော့ရုံက ပြုံးလျက် ပြောလိုက်သည်။ သူမ ပြောပြီးသည်နှင့် သူမသည် လင်ရှောင်းရှောင်း ကို ဖမ်းကိုင်လိုက်ပြီး နှစ်ယောက်သား စကားပြောဖို့ ထွက်သွားကြသည်။
မင်းသား ချန်ရှင်းသည် အကအဖော် နှစ်ယောက်ကို ဆက်တိုက် တွေ့ခဲ့သော်လည်း မမျှော်လင့်ထားဘဲ ၎င်းတို့အားလုံးကို ဤလူကို ကြိုတင်ရွေးချယ် ထားကြသည်။ သူသည် ဒေါသထွက်ချင်သော်လည်း အကြောင်းပြချက် မရှိသည်ကို သူသိသည်။
သူသည် မင်းသားဖြစ်လျှင်ပင် အခြားသူများ သူနှင့်အတူ ကရန် အတင်းအကြပ် မလုပ်နိုင် သေးပါ။
"မေ့လိုက်ပါ... မင်းစိတ်ထဲ ရှိတဲ့အတိုင်းပဲ ငါ တခြားသူတွေကို အခွင့်ကောင်း မယူချင်ဘူး။ မိတ်ဆွေလေး... အလှလေး နှစ်ယောက်က မင်းရဲ့ အကအဖော်ဖြစ်ရတာ ဂုဏ်ယူစရာပဲ... မင်းဒါကို တန်ဖိုးထားရမယ်!"
ပြင်းထန်စွာ ထွက်ပြေးလိုသော ဆန္ဒကို နှိမ့်ချကာ မင်းသားချန်ရှင်းသည် မှိတ်တုတ်မှိတ်တုတ် မျက်လုံးများဖြင့် လုရွှမ်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
သူပြောခဲ့တာက တစ်ဖက်လူကို ဂုဏ်ပြုပြီး တန်ဖိုးထားသင့်တယ်လို့ ပြောခဲ့ပေမယ့် တကယ်တော့ သူ့လေသံထဲမှာ ရိုက်နှက်ခြင်းရဲ့ အရိပ်အမြွက်တစ်ခု ရှိနေလေသည်။
အမျိုးသမီးအဖော် နှစ်ယောက်ကို ဆက်တိုက်တွေ့သော်လည်း သူတို့အားလုံးကို ဒီကောင်လေးက ကြိုပြီး ရွေးချယ်ထားကြသည်။ သူလုပ်လျှင် ဘယ်သူမှ ပျော်မည်မဟုတ်သလို မျက်နှာကို ပါးရိုက်သည်ဟု ခံစားရနိုင်သည်။
ဟုတ်ပါတယ်။ သူက ခံ့ညားတဲ့ မင်းသားတစ်ပါးဖြစ်ပြီး တခြားလူတွေနဲ့ ငြင်းခုံဖို့ မဖြစ်နိုင်ဘူး။ မဟုတ်ရင် သူက ယဉ်ကျေး သိမ်မွေ့တယ်လို့ ဘယ်ပြောလိမ့်မလဲ။
"အဲ့ဒါအတွက် မင်း စိတ်ပူစရာမလိုဘူး!"
လုရွှမ်က ပေါ့ပေါ့ပါးပါး ပြော၏။
မင်းသားလို့ ခေါ်ရတာက သူ့အတွက် အများကြီး အဓိပ္ပါယ်မရှိပါဘူး။
"မင်း"
မင်းသားချန်ရှင်းသည် လက်သီးများကို တင်းတင်းဆုပ်ထားကာ သူ့မျက်လုံးများထဲတွင် လူသတ်ချင်စိတ်များ ထွက်ပေါ်လာသည်။ ထို့နောက် လှည့်ပြန်သွားခဲ့သည်။
"မင်းသား... စိတ်အေးအေးထားပါ ဒီကောင်က ဘာကကောင်းလဲ ဘာကမှားနေလဲ မသိဘူး နောက်မှ သင်ခန်းစာတစ်ခု သင်ပေးလိုက်မယ်"
လုံယိဖျင်က ကမန်းကတမ်း ဆိုလေ၏။
"ဟုတ်ပါတယ်... ဒီလိုလူကို ဒေါသထွက်ရတာ မတန်ဘူး... ကျွန်တော်တို့ ချန်အဖွဲ့က သူ့ကို လက်မခံဘူးလို့ ဆုံးဖြတ်ထားပြီ... ဘယ်လောက်ပဲ တောင်းနေပါစေ သူ့ကို မယူဘူး။ ဒါတင်မကဘူး သူ့ကို သင်ခန်းစာ ကောင်းကောင်း သင်ပေးရမယ်!"
ကျန်းရှောက်ချန်ကလည်း ပြောလိုက်သည်။
"အင်း!"
သူတို့နှစ်ယောက်ရဲ့ ကတိကိုကြားပြီး အပြင်ဝင်းထဲမှာ သူတို့ရဲ့ အထောက်အထားတွေကို တွေးကြည့်တော့ မင်းသားချန်ရှင်းလည်း နည်းနည်းသက်သာသွားသလို ခံစားလိုက်ရသည်။
"ငါမင်းတို့နဲ့ ကပွဲကို ဆင်နွှဲမယ်လို့ ကတိပေးတဲ့အတွက် လှည့်ပြီးထွက်သွားတာ မသင့်တော်ဘူး မဟုတ်လား... ငါမိန်းကလေး တစ်ယောက်ကို ထပ်ရွေးလိုက်မယ်"
မင်းသားချန်ရှင်းက ထိုအကြောင်း ပြောပြီးတာနဲ့ ရပ်ပြီး ပတ်ကြည့်လိုက်သည်။
ယင်းယန်အကယ်ဒမီသည် အလွန်အစွမ်းထက်သည်။ ဤအကယ်ဒမီသည် ပေရွှီအင်ပါယာ အခွဲတစ်ခု ဖြစ်သော်လည်း ၎င်းကဲ့သို့ မင်းသားလေး လျှော့တွက်နိုင်သည့် အရာမဟုတ်သေးပေ။
တွေ့ဆုံပွဲ အစည်းအဝေးမှာ ပါဝင်ဖို့ ဖိတ်ခေါ်ခံရပြီး ဒီအတိုင်းပဲ လှည့်ထွက်သွားခဲ့ရင် မျက်နှာပျက်စရာ ဖြစ်မည်။ ခမည်းတော်က အဲဒီအကြောင်းကို မေးတဲ့အခါ ရှင်းပြလို့ မရဘဲ ဖြစ်သွားနိုင်သည်။
အဲဒါကိုတွေးပြီး နောက်အကအဖော်ကို ရှာဖို့ ဆုံးဖြတ်လိုက်သည်။ ဒါမှမဟုတ်ရင် ဒီလိုချန်ထားလိုက်တာဟာ သူ့မျက်နှာကို ပျက်စေပြီး ရှက်ဖို့ကောင်းလေသည်။
"ကောင်းပါပြီ ကောင်းပါပြီ... ဒါမှမဟုတ် မင်းသားအတွက် အကြံပေးစေချင်လား? ကျွန်တော်တို့ ကျောင်းက ဂျူနီယာ မိန်းကလေးတချို့လည်း တော်တော်တော်တယ်။ လော့ရုံ နဲ့ လင်ရှောင်းရှောင်းတို့လောက် မလှပေမယ့် သူတို့လည်း သိပ်မဆိုးပါဘူး!"
"မင်းသားအတွက် အကြံပေးပါရစေ... ကျွန်တော့်မှာ အငယ်တန်း မိန်းကလေး နှစ်ယောက်ရှိတယ် သူတို့လည်း အရမ်းလှကြတယ်"
နှစ်ယောက်သား အပြိုင်အဆိုင် တင်ပြကြလေ၏။
"မလိုပါဘူး ငါကိုယ်တိုင်ရွေးမယ် မင်းတို့ရွေးတာကို ငါမကြိုက်ဘူး"
မင်းသားချန်ရှင်းသည် ခေါင်းယမ်းကာ ၎င်းတို့၏ အကြံပြုချက်ကို ငြင်းဆို၍ ခန်းမထဲရှိ အမျိုးသမီး အများအပြားကို ထပ်မံကြည့်ရှုခဲ့သည်။
ဘာသာပြန်သူ - မိန်းမတွေများ ပြဿနာရှာတာ ရှယ်ကျွမ်းပဲ