ကျန်းရှောက်ချန်ရဲ့ဖိအား
Vol. 21 Ch. 3.64
သားရဲခန်းမသည် မည်မျှ အစွမ်းထက်ကြောင်း ပြသနိုင်သည့် အရာမှာ ၎င်းတို့သည် သားရဲမျိုးနွယ်နှင့် ဆက်သွယ်နိုင်သည်။ သားရဲ ဘာသာစကားသည် မရေမတွက်နိုင်သော အစွမ်းထက်သူများ၏ အိပ်မက်တစ်ခု ဖြစ်သည်။ ၎င်းကို အမှန်တကယ် လဲလှယ်လိုပါက အင်ပါယာတစ်ခုပင်လျှင် ၎င်းတို့အလိုရှိသရွေ့ အလွယ်တကူ ဖျက်ဆီးပစ်နိုင်သည်။
လုရွှမ်သည် နောက်ဆုံး အားကိုးရာသာ မဟုတ်ပါက ၎င်းကိုမလုပ်ချင်ပေ။ သူသည် အခြားသူများအတွက် စိတ်မကောင်းဖြစ်မိသောကြောင့် မဟုတ်ဘဲ သားရဲဘာသာစကားသည် သားရဲဂိုဏ်းနှင့် သက်ဆိုင်နေသောကြောင့် ဖြစ်သည်။
သတင်းတစ်ပုဒ် ထွက်သွားတာနဲ့ ဧကရာဇ်ကျိုရန်မှ ရှာတွေ့သွားနိုင်၏။
လုရွှမ်သည် ငြိမ်သက်စွာ ဆက်လက် စားသောက်နေခဲ့ပြီး အပြင်ဘက်တွင် မင်းသားချန်ရှင်းကတော့ မီးလောင်လုနီးပါး ဖြစ်နေပြီဖြစ်သည်။
"သေရမယ်.... သေကို သေရမယ်!"
ဟောက်သံနှင့်အတူ မင်းသားချန်ရှင်း၏ မျက်နှာသည် ရက်စက်ကြမ်းကြုတ်နေသည့် အရိပ်အယောင်များ ထင်ဟပ်နေသည်။ ၎င်းသည် မတိုင်ခင်က ခန်းမထဲတွင် ငြိမ်သက်နေသော ပုံစံနှင့် လုံးဝကို ကွဲပြားလျက်ရှိကာ သူသည် ဒေါသကြီးနေတဲ့ သားရဲတစ်ကောင်လို ဖြစ်နေသည်။
သိက္ခာရှိတဲ့ မင်းသားလေးဟာ ဒီလိုမျိုး လူမြင်ကွင်းမှာ သုံးကြိမ်တိုင်တိုင် ပါးရိုက်ခံလိုက်ရတာကို ဘယ်လိုလုပ် သည်းခံနိုင်မလဲ။ သူ့အရေခွံကို ချွတ်ပြီး ကိုယ်လုံးတီးနဲ့ လူအများရှေ့မှာ ပစ်ချလိုက်သလိုပဲ။
"သေရမယ်... အဲဒီအမျိုးသမီး သုံးယောက်လည်း သေရမယ်... မသေခင် သူတို့ကို ဖျက်စီးပစ်မယ် ပြီးတော့ ထောင်နဲ့ချီတဲ့ ယောက်ျားတွေဆီက မုဒိမ်းကျင့်ခံရမယ့် ပြည့်တန်ဆာအိမ်ကို ရောင်းစားပြီး ငါ့ကို မနာခံတဲ့အတွက် သူတို့ သိအောင် ပြောပြလိုက်မယ်"
ယခုအချိန်တွင် သူ့တွင် ယခင်ကလို ပြေပြစ်သော အမူအယာမျိုး မရှိတော့ဘဲ ရှက်ရွံ့ပြီး ရက်စက်ချင်နေသည့် အပြုအမူများသာ ရှိနေ၏။
"စိတ်မပူပါနဲ့ မင်းသား... ဒီကလေးက မင်းသားမျက်လုံးထဲ မနှစ်သက်ဘူးလို့ ထင်နေတာ ကြာပြီ.... ဒီနေ့ပြန်ရင် သူ့ကိုသတ်ပစ်မယ်... မနက်ဖြန် နေကိုတောင် မတွေ့စေရဘူး"
ကျန်းရှောက်ချန်သည် သူ့မျက်နှာတစ်ပြင်လုံး မကောင်းဆိုးဝါးကဲ့သို့ အပြုံးတစ်ခုဖြင့် ပြောလာသည်။
"အဲဒီမိန်းမသုံးယောက်ကို ဖမ်းပြီး မင်းသားရဲ့ နေအိမ်ကို ပို့ပေးလိုက်ပါမယ်... မင်းသားပျော်ဖို့ စောင့်နေလိုက်ပါ!"
လုံယိဖျင်သည်လည်း အားနည်းချက်ကြောင်း မပြချင်ဘဲ လျင်မြန်စွာ ပြောလိုက်သည်။
"ငါပြန်သွားပြီး မင်းတို့ရဲ့သတင်းကို စောင့်နေမယ်!"
သူတို့နှစ်ယောက် ပြောနေတာကို ကြားတော့ မင်းသားချန်ရှင်းက အေးစက်စွာ အော်ဟစ်ပြီး စကားမပြောဘဲ လှည့်ထွက်သွားလေ။ ယင်းယန်အကယ်ဒမီက ကျောင်းသားများ အချင်းချင်း သတ်ဖြတ်နိုင်သော်လည်း ပြင်ပလူများက ၎င်းတို့ကို ထိဝံ့ပါက ပြဿနာရှိလာမည် ဖြစ်သည်။
သူသည် ပေရွှီးအင်ပါယာ မင်းသား ဖြစ်၏။ အပြင်ခန်း တပည့်များကြားတွင် ကျွမ်းကျင်သူတစ်ဦးကဲ့သို့ ဖြစ်နေသော်လည်း ယင်းယန်အကယ်ဒမီ တစ်ခုလုံးအတွက် သူသည် ဘာမှမဟုတ်သလို အတွင်းခန်း တပည့်အချို့ကပင် သူ့ကို ဂရုမစိုက်ပေ။
သူတို့ရဲ့ အကယ်ဒမီ ကျောင်းသားတွေကို အချင်းချင်း သတ်ပစ်စေတာဟာ သဘာဝအတိုင်း အကောင်းဆုံးပါပဲ။
"စိတ်မပူပါနဲ့ မင်းသား.... သူက မိန်းမတွေကိုပဲ အားကိုးနိုင်တဲ့ လူသေးသေးလေးပဲ... ကျွန်တော်က သူ့ခေါင်းကို ဒီနေရာမှာတင် သိမ်းယူပြီး မင်းသားက စော်ကားလို့မရတဲ့ လူဆိုတာ သူကို နားလည်ခွင့်ပေးလိုက်မယ်"
ကျန်းရှောက်ချန်က ရယ်မောလိုက်သည်။
"မင်းသား... ကျွန်တော် ဒီကိစ္စကို ဂရုစိုက်ပါ့မယ် သူ့ကို မသတ်ခင် သူ့အမှားကို ဝန်ခံဖို့ သူ့ကို ဒူးထောက်ခိုင်းရမယ်"
လုံယိဖျင်၏ မျက်လုံးများမှာလည်း တောက်ပနေလျက်။ မင်းသားချန်ရှင်းသည် ခေါင်းဆောင်နှစ်ယောက် ဝေးကွာသွားသည်ကို ကြည့်ပြီး တစ်ချိန်တည်း အေးစက်စွာ ပြုံးလိုက်သည်။
"ကျန်းရှောက်ချန်... အဲဒီလုရွှမ်ကို ကိုင်တွယ်ဖို့ မင်သားကို ငါ ကတိပေးထားတယ် မင်းငါနဲ့ တိုက်နိုင်မယ် မထင်နဲ့!"
လုံယိဖျင် မျက်ခုံးပင့်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ငါမင်းနဲ့မတိုက်ပါဘူး....ငါမင်းကိုပြောပြမယ်! ငါတို့ရဲ့ ချန်အဖွဲ့က ဒီကလေးကို သုတ်သင်တော့မှာ ဆိုတော့ မင်းဝင်ရောက် မစွက်ဖက်ဘူးလို့ ငါမျှော်လင့်ပါတယ်... ဒီလိုမှမဟုတ်ရင် နှစ်ယောက်ကြားက တိုက်ပွဲတစ်ခု ဖြစ်လာတာ မကောင်းဘူးမလား...!"
ကျန်းရှောက်ချန်သည် ခွင့်မပြုသည့်နှယ် ခြေလှမ်းတိုင်းကို လှမ်းနေ၏။
လုရွှမ်သည် မင်းသားချန်ရှင်းကို စော်ကားပြီး မင်းသားအတွက် ဆူးတစ်ပင် ဖြစ်လာပြီ။ ဤလူကို ဖယ်ထုတ်သူသည် မင်းသား၏ အာရုံစူးစိုက်မှုကို ရရှိမည်ဖြစ်ပြီး အနာဂတ်တွင် လူတစ်သောင်းနှင့် တစ်ထောင်အထက် ကြီးမားသော တည်ရှိမှု ဖြစ်လာမည် ဖြစ်သည်။ ဒီလိုအခွင့်အရေးမျိုးကို နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ပေးကမ်းချင်စိတ် ဘယ်လိုလုပ် ရှိနိုင်မှာလဲ!
"မင်းငါ့ကို ခြိမ်းခြောက်နေတာလား" လုံယိဖျင်က ဆို၏။
"ဒါဆို မင်းကို ခြိမ်းခြောက်တော့ရော ဘာဖြစ်လဲ... မင်းအမှား မလုပ်မိဖို့ ငါမျှော်လင့်ပါတယ် မင်းရဲ့အင်အားက ဒီအဆင့်ရောက်ထားရင်တောင် အပြင်ခန်းက အရာလေးတစ်ခုပဲ... အတွင်းခန်းကို အရင်ဝင်ပြီး ဒုက္ခမရောက်ချင်ဘူး ဆိုရင် မင်းငါ့ကို လာမပြိုင်တာ ပိုကောင်းမယ်!"
ကျန်းရှောက်ချန်က ဟစ်အော်လိုက်သည်။
"ကောင်းတယ်.... အရမ်းကောင်းတယ်!"
တစ်ဖက်လူရဲ့ ခြိမ်းခြောက် စကားတွေကို ကြားတော့ လုံယိဖျင်ရဲ့ အမူအရာက ရုပ်ဆိုးသွား၏။ တစ်ခုခု ပြောချင်ပေမယ့် ဘယ်လိုပြောရမှန်း မသိတော့ပေ။
တစ်ဖက်လူ ဤကဲ့သို့ ပြောနေခြင်းမှာ အစ်ကိုဖြစ်သူ ကျန်းရှောက်ထျန်းဟာ အတွင်းခန်းထဲမှာ အဆင့်သတ်မှတ် ခံထားရတဲ့ အလွန်အားကောင်းတဲ့ လူတစ်ယောက် ဖြစ်လို့ပင်။ သူတို့နဂါးအဖွဲ့နဲ့ ချန်အဖွဲ့ဆိုတာ သေးသေးလေးတွေသာ ဖြစ်ပြီး ထိုသူ့ရဲ့ကိုယ်ပိုင် လက္ခဏာကြောင့် တိုက်ခိုက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
သို့သော် သူသည် တစ်ဖက်လူ၏ အရေးကြီးသော အကျိုးစီးပွားကို အမှန်တကယ် ခြိမ်းခြောက်လိုလျှင် ကျန်းရှောက်ချန်သည် စစ်ကူတောင်းရန် ပြေးသွားပါက သူ အမှန်တကယ် မခံနိုင်လောက်ပေ။
စင်စစ်သော်ကား သူ၏လက်ရှိ အင်အားဖြင့် ကြိုးကြိုးစားစား တည်ဆောက်ထားသော အဖွဲ့က စွန့်လွှတ်နိုင်ပါက ဟိုးရှေးရှေးတုန်းက အတွင်းခန်းသို့ ၀င်သွားပေလိမ့်မည်။ တခြားသူအတွက် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်က ခက်ခဲသော်လည်း သူကတော့ အပြင်ခန်း နံပါတ်တစ်ဆိုတဲ့ နေရာကနေ အချိန်မရွေး ဖြတ်ကျော်သွားနိုင်သည်။
တကယ်တော့ ကျင့်ကြံရေး လမ်းကြောင်းမှာ အားကောင်းဖို့ပဲ ဖြစ်ပါသည်။
"ဟားဟား အစ်ကိုလုံရေ... အရင်သွားလိုက် ပါဦးမယ်"
လုံယိဖျင်၏ မျက်နှာသည် ယင်း နှင့် ယန် အကြား တလှည့်စီ ဖြစ်နေသည်ကို မြင်လိုက်ရသည်နှင့် ကျန်းရှောက်ချန်က ကျယ်လောင်စွာ ရယ်မောကာ လှည့်ထွက်လာခဲ့သည်။
လုံယိဖျင်သည် အနီးကပ် နောက်မှလိုက်ကာ ခန်းမထဲသို့ ပြန်ဝင်လာခဲ့သည်။ ဒီအခိုက်အတန့်မှာ ခန်းမထဲမှာ ဆွေးနွေးစရာတွေ အများကြီးရှိနေပြီး နှစ်ယောက်သား ပြန်လာတဲ့အခါ ချက်ချင်း ငြိမ်ကျသွား၏။
ဘယ်လောက်ပဲ တုံးအနေပါစေ လုရွှမ်က မင်းသားကို တော်ဝင်မင်းသားကို စော်ကားခဲ့တာကို သူတို့သိပြီး ခေါင်းဆောင်နှစ်ယောက်က သူ့အပေါ် ဒေါသတွေ ထွက်နေမှာ သေချာပါသည်။
ဒါပေါ့။ အားလုံးက ကြည့်နေချိန်မှာ ကျန်းရှောက်ချန်က လုရွှမ်ဆီကို ရောက်လာပြီး သူ့မျက်လုံးတွေက လူသေကို ကြည့်နေသလိုမျိုး ကြည့်နေသည်။
"ကောင်လေး...အစကတော့ ငါတို့ရဲ့ ချန်အဖွဲ့က မင်းဖိတ်ခေါ်ပြီး ငါတို့ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်စေချင်တာ... အခု မင်း ဒီအခွင့်အရေးကို ဆုံးရှုံးရုံတင်မကဘူး ငါတို့ရဲ့ရန်သူ ဖြစ်သွားပြီ.... မစော်ကားသင့်တဲ့ လူတွေကို စော်ကားမိတာက အမိုက်မဲဆုံး ဆုံးဖြတ်ချက်ပဲ!"
"ဒါက ငါတို့ကြောင့်ဖြစ်တာ... လုရွှမ် နဲ့ဘာမှမဆိုင်ဘူး.... နင်ဖြေရှင်းစရာရှိရင် ငါ့ဆီလာ!"
ကျန်းရှောက်ချန်ရဲ့ သဘောထားကို မြင်တော့ လော့ရုံဟာ သူမ မင်းသားလေးကို မျက်နှာသာ မပေးခဲ့လို့ဆိုတာ သိလိုက်ရပြီး နောက်ဆုံးမှာတော့ အံကြိတ်ကာ ရှေ့ကို ပြေးထွက်လာခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ဤအဖြစ်အပျက်သည် သူမကြောင့် ဖြစ်ရခြင်းဖြစ်ပြီး လုရွှမ်ကို ဤပြဿနာနှင့် ပတ်သက်ဆက်နွှယ်မှု မဖြစ်စေလိုပေ။
"မင်းကို?"
ကျန်းရှောက်ချန်က မျက်ခွံတွေကို မြှောက်လိုက်ပြီး သူ့မျက်လုံးတွေက ဂရုမစိုက်တဲ့သဘောနဲ့
"မင်းက ဘာလဲ? မင်းသားက မင်းကို အကဖော် လုပ်ခိုင်းပြီး သဘောတူခဲ့ရင် ငါမင်းကို လွှတ်ထားမှာပါ... ဒါပေမဲ့ မင်းက မျက်မမြင်တဲ့ ခွေးမပဲ!"
ဒီမိန်းမသုံးယောက်ကို ကောင်းကောင်း အဓမ္မပြုကျင့် ရမယ်လို့ မင်းသားက ပြောထားပြီးသားမို့ သူသည်လည်း ညင်သာနေမည်မဟုတ်။
အစပိုင်းတွင် သူမသည် အကအဖော်လုပ်ရန် သဘောတူခဲ့လျှင် သူမသည် ကောင်းကင်ပေါ်သို့ ပျံတက်ကာ တန်ဖိုးထား ခံရနိုင်သော်လည်း ယခု သူမသည် မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် အဆင့်အတန်းနိမ့်သော လူအချို့သာရှိသည့် အပျော်မယ်ဂေဟာသို့ ရောင်းချသွားတော့မည် ဖြစ်သည်။
"နင်!"
တစ်ဖက်သားရဲ့ မထီမဲ့မြင်ပြုတဲ့ သဘောထားကို မြင်တော့ မင်းသမီးလေးလော့ရုံသည် ဒေါသတကြီး မျက်နှာပျက်သွားရှာ၏။
"လုရွှမ်....ငါ မင်းကို အခုရွေးချယ်လို့ရမယ့် နည်းလမ်းနှစ်ခုကို ငါပေးမယ်.... ပထမက ဒီမိန်းမသုံးယောက်ကို မင်းသားချန်ရှင်းဆီကို ခေါ်သွားပြီး ဒူးထောက်ပြီး တောင်းပန်လိုက်... ခွင့်လွှတ်ပါဆိုပြီး မင်းရှေ့က မသိနားမလည်တဲ့ ကောင်မလေးသုံးယောက်ကို ဖျက်ဆီးပစ်လိုက်.... ဒါဆို မင်းစိတ်အေးအေးနဲ့ မင်းရဲ့ခွေးအသက်ကို ကယ်နိုင်လိမ့်မယ်.... ဒုတိယက ငါမင်းကိုသတ်ပြီး မင်းခေါင်းနဲ့ ဒီမိန်းမသုံးယောက်ကို မင်းသားဆီ ပို့ပေးဖို့ပဲ!"
ဒေါသထွက်နေသော မင်းသမီးလော့ရုံကို လျစ်လျူရှုရင်း ကျန်းရှောက်ချန်သည် လုရွှမ်၏ အဆုံးသတ်ကို သိပြီးနေသူလို ပြောလာ၏။
"ငါတစ်ခုမှ မရွေးရင် ဘာဖြစ်မှာလဲ?"
လုရွှမ်က သေရည်ခွက်ကို ကိုင်ထားဆဲဖြစ်ပြီး မတ်တပ်တောင် မရပ်ဘဲ သူ့ရှေ့က ကောင်လေးကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
"မရွေးရင်လား?"
ကျန်းရှောက်ချန်၏ မျက်လုံးများသည် ရက်စက်ကြမ်းကြုတ်လာကာ ကိုယ့်ကိုကိုယ် ယုံကြည်မှု မြင့်မားစွာဖြင့် လက်ဖဝါးကို ဝှေ့ယမ်းလိုက်ပြီး
"ဒါက မင်းကိုယ်တိုင် ရွေးချယ်ဖို့ မတတ်နိုင်မှတော့... လာကြစမ်း! ငါ့အတွက် ဒီမသိနားမလည်တဲ့ ကောင်ကို ဖမ်းလိုက်ကြ!"
ချွင်း!
လက်နက်များ ဆွဲထုတ်သံနှင့်အတူ လူတစ်စုက လုရွှမ်၊ ဟန်ရွှယ်နှင့် အခြားလူများကို ဝိုင်းရံထားလိုက်သည်။