← Chapters

ဘယ်သူကမှ ငါ့ကို တောင်းပန်ခိုင်းလို့ မရဘူး

Vol. 21 Ch. 3.65

ဘယ်သူကမှ ငါ့ကို တောင်းပန်ခိုင်းလို့ မရဘူး

Vol. 21 Ch. 3.65

"ဒီကလေးတော့ ပြီးသွားပြီ!"

"ဒါက ထိုက်တန်ပါတယ်... အကယ်ဒမီကို အသစ် ရောက်လာတဲ့ ကောင်လေးတစ်ယောက်က ဒီလိုမျိုး ကြေငြာဖို့ သတ္တိရှိနေတာလေ... အခုထိ အသက်ရှင်နေနိုင်တာ ကံကောင်းနေပြီ!"

"မှန်တယ်... ယင်းယန်အကယ်ဒမီမှာ နောက်ခံ ဘယ်လောက်ပဲ နက်နဲနေပါစေ ဘယ်လောက်ပဲ အရည်အချင်း ရှိပါစေ နိမ့်ကျတဲ့ နောက်ကြောင်းကို ထိန်းသိမ်းထားနိုင်ရင် ပိုကောင်းမယ်... မဟုတိရင် ဘယ်လိုသေလို သေသွားရမယ်ဆိုတာ သိလိုက်မှာ မဟုတ်ဘူး!"

"ငါ့မှာ ခွန်အားမရှိပေမယ့် အလှလေး အားလုံးကို ငါလိုချင်နေသေးတယ်.... ဟီးဟီး ကျန်းရှောက်ချန်နဲ့ လုံယိဖျင်က သူတို့ကို လွှတ်ထားရင်တောင် မင်းသားချန်ရှင်းက လွှတ်ထားမှာ မဟုတ်ဘူး!"

"ပေရွှီးအင်ပါယာရဲ မင်းသားတစ်ပါးကို စော်ကားတာက တကယ် သေကြောင်းရှာတာပဲလေ"

ကျန်းရှောက်ချန်သည် လုရွှမ်ကို ဝန်းရံရန် ချန်အဖွဲ့မှလူများကို စေလွှတ်လိုက်သည်ကို မြင်လိုက်ရသဖြင့် အားလုံးက ခေါင်းယမ်းလိုက်ကြသည်။ ဤအခိုက်အတန့်တွင် လုရွှမ် ဟူသော ဤလူသည် သေတော့မည်ကို လူတိုင်း ထင်နေကြ၏။

အကယ်ဒမီ၏ ပပြင်ခန်းတွင် အကြီးဆုံးမဟာမိတ် နှစ်ခုအနက်မှ တစ်ခုဖြစ်သော ချန်အဖွဲ့ကို စော်ကားခြင်းသည် ၎င်း၏သေဆုံးခြင်းကို အမှတ်အသား ပြုပြီးသား ဖြစ်သွားသည်။

ဓားများ တချွင်းချွင်း တောက်နေသည် ကိုမြင်လိုက်ရသဖြင့် လျောက်ချင်း ၊ ဟန်ရွှယ် နှင့် အခြားသူများသည် ၎င်းတို့၏ ဝိညာဥ်စွမ်းအင်များကို ထုတ်လျက် အချိန်မရွေး တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။

"မင်းငါ့ကိုသတ်ဖို့ ရည်ရွယ်တာလား?"

တိုက်ပွဲက ဖြစ်ပွားလုနီးနေပြီ ဖြစ်သော်လည်း လုရွှမ်က ဘာမှမဖြစ်ခဲ့သလို သေရည်ခွက်ကိုချပြီး မတ်တပ်ရပ်လိုက်သည်။

"ကြည့်ရတာ မင်းက မတုံးဘူးပဲ... နောက်ဆုံးတော့ ငါသဘောပေါက်သွားပြီပေါ့!" ကျန်းရှောက်ချန်က ရယ်မောလိုက်ပြီး သူ့မျက်လုံးတွေထဲမှာ ရက်စက်တဲ့အကြည့်တွေ တောက်ပလာခဲ့သည်။

"စိတ်မပူပါနဲ့ သေတာက မြန်ပါလိမ့်မယ်.... အရမ်းကြီး မနာပါဘူး!"

ဒီအကြောင်းကို ပြောရင်း ကျန်းရှောက်ချန်က သူ့လက်တွေကို ဝှေ့ယမ်းလိုက်ပုံက လူတိုင်းရဲ့ဘဝနဲ့ သေခြင်းရဲ့အသွင်အပြင်ကို ဆုပ်ကိုင်ထားသူလိုပင်။

"လုရွှမ်.... နောက်ထပ်တစ်ခါ ပြောပါရစေ မင်းက ဒူးထောက်ပြီး မင်းအမှားကို ဝန်ခံပြီး ငါ့ရဲ့ပထမဆုံးစကားကို သဘောတူလိုက်..အခု အချိန်ရှိသေးတယ်!"

"ဒူးထောက်!"

တညီတညွတ်တည်း အော်ဟစ်သံများနှင့် အတူ ပတ်ဝန်းကျင်ရှိ လူများသည် စစ်မှန်သော စွမ်းအင်များဖြင့် ပြည့်နှက်နေပြီး ခန်းမတစ်ခုလုံးရှိ လေထုသည် တခဏချင်း အေးခဲသွားသည်။

ဤကြွေးကြော်သံကို ကြားရပြီး ဖိနှိပ်ခံရမှုကို ခံစားရသဖြင့် လူတိုင်း၏ အမူအရာများ ပြောင်းလဲသွားသည်။

ချန်အဖွဲ့မှာ မျှော်လင့်ထားသည့်အတိုင်း အပြင်ခန်း၏ ထိပ်တန်းအဖွဲ့ဝင် ဆယ့်ငါးဦးထက်မနည်းသည် ၎င်းတို့ကို ဝန်းရံထားသည်။ အားလုံးသည် အဓိပတိနယ်ပယ် အထွတ်အထိပ် အဆင့် အထက်တွင် ရှိသည်။

"ဒီကိစ္စက ငါကစခဲ့တာ.... မင်းသားချန်ရှင်းကို ငါတောင်းပန်မယ်... အပိုင်းပိုင်း ဖြတ်ပစ်လိုက်မယ်ဆိုလည်း ရတယ်.... ကျေးဇူးပြုပြီး လုရွှမ်ကို လွှတ်လိုက်ပါ သူနဲ့ဘာမှမဆိုင်ဘူး!"

မင်းသမီးလော့ရုံက အံကြိတ်ကာ ရှေ့ထွက်လာ၏။

"ပြီးတော့ ကျွန်မရောပဲ... ဒီကိစ္စအတွက် အပြစ်ရှိပါတယ်.... ရှင်ဖမ်းချင်ရင် ကျွန်မကို ဖမ်းလိုက်!"

လင်ရှောင်းရှောင်းလည်း သူ့နှုတ်ခမ်းကို ကိုက်လျက် ဆိုလိုက်သည်။

သူမသည် မင်းသမီးလော့ရုံ ကဲ့သို့ ထူးထူးခြားခြား မဟုတ်သော်လည်း သူမဆုံးဖြတ်ခဲ့သည့်အရာကို ဘယ်တော့မှ နောင်တမရဘဲ သာမန်လူများ နားမလည်နိုင်သည့် ဇွဲလုံ့လလည်း ရှိလေသည်။

"ဒီကိစ္စက လုရွှမ်နဲ့ ဘာမှမဆိုင်ပါဘူး။ သူရဲ့ အကအဖော်ဖြစ်ဖို့ ကျွန်မတို့ဘာသာ ကြိုပြီး သဘောတူထားတာ... ပြီးတော့ ဒီကိစ္စက ကျွန်မတို့ လာပတ်သက်မိတာ"

ဟန်ရွှယ်ကလည်း ဆိုပြန်သည်။

ဤအချိန်မှ လွတ်မြောက်ရန် ခက်ခဲကြောင်း သိလျက်နှင့် အမျိုးသမီး သုံးဦးသည် နောက်မဆုတ်ဘဲ အသီးသီး ဆုံးဖြတ်ချက် ခိုင်မာစွာဖြင့် ရှေ့သို့ လျှောက်သွားခဲ့ကြသည်။

မင်းသား ချန်ရှင်းကို သွားတွေ့လိုက်သည်နှင့် ကြုံတွေ့ရမည့် အခြေအနေကိုလည်း သိခဲ့ကြသော်လည်း လုရွှမ်ကို ကယ်တင်နိုင်ခဲ့လျှင် ထိုက်တန်ပေလိမ့်မည်။

"အရမ်းထိတာပဲ!"

မိန်းကလေး သုံးယောက်ရဲ့အသွင်အပြင်ကို မြင်တော့ ကျန်းရှောက်ချန်က အနည်းငယ်ပြုံးပြီး

"လုရွှမ်.... ငါပြောစရာရှိတယ် မင်းမိန်းမတွေကို ဖြားယောင်းတဲ့ နည်းတွေက တကယ်ကို အစွမ်းထက်တာပဲ.... ဒါပေမဲ့ ကံမကောင်းစွာပဲ အခုက အရမ်းနောက်ကျသွားပြီ"

သူစကားမဆုံးခင်မှာ ငြိမ်သက်စွာ ရပ်နေတဲ့ လုရွှမ်က သူ့စကားကို ဝင်နှောင့်ယှက်ခဲ့သည်။

"မင်းတို့အားလုံး နောက်ဆုတ်ကြ!"

ထို့နောက် ချက်ချင်းပင် ခေါင်းကို မော့ကာ သူ့ရှေ့တွင် မာနကြီးသော လူငယ်ကို လှမ်းကြည့်ရင်း ခေါင်းယမ်းရင်း သက်ပြင်းချလိုက်သည်။

"တစ်စုံတစ်ယောက်ရဲ့ ခွေးဖြစ်ချင်တာလား? မင်းရဲ့ အဆင့်အတန်းက တကယ့်ကို နိမ့်ကျနေသေးတယ်!"

"မင်းဘာပြောလိုက်တယ်??" ကျန်းရှောက်ချန် အံ့အားသင့်သွားသည်။

"ထွက်သွား!"

လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

"သူက ခေါင်းဆောင်ကျန်းကို ထွက်သွားခိုင်းတယ်??"

"ဒီကောင့်ရဲ့ခေါင်းကို မြင်းတစ်ကောင် ကန်သွားတာများလား?"

"သူရူးနေပြီထင်တယ် အခုအချိန်မှာ အသတ်ခံရတော့မှာကို မာနကြီးသေးတယ်!"

"ဒီကောင်က မာနကြီးတယ်လို့ ငါကြားပဲ ကြားဖူးခဲ့တာ... အခုတော့ တကယ်မာနကြီးပြီး ရူးနေတာပဲ....!"

လုရွှမ်က တောင်းပန်ဖို့ ထွက်ပြေးမယ် ဒါမှမဟုတ်ရင် ဒူးထောက်ပြီး ပြေးမယ်လို့ ထင်ခဲ့ပေမယ့် သူဒီလိုပြောတာကိုကြားတော့ အားလုံးက ခေါင်းမူးသွားကြတော့သည်။

ဒါဟာ မောက်မာမှု မဟုတ်တော့ဘဲ ဦးနှောက်မှာ တစ်ခုခုတော့ လွဲမှားနေတာ သေချာလေ၏။

ဒါဘယ်သူလဲ? အကယ်ဒမီကျောင်း အပြင်ခန်းမှာ ဒုတိယအဆင့် ဖြစ်တည်မှု ခေါင်းဆောင် ကျန်းရှောက်ချန်က လက်အောက်ငယ်သားများစွာကို ခေါ်ဆောင်လာပြီး သူ့ကိုသတ်ချင်ရင်နေတာတောင် တစ်ဖက်လူကို ထွက်သွားခိုင်းပြီး ခွေးဖြစ်ချင်နေလို့ပါ ပြောလိုက်ပါသည်။

ဒါက သူ့စိတ်ထဲများ လွတ်သွားပြီလား?

"မင်းက သေမင်းကို ရှာနေတာပဲ..."

ကျန်းရှောက်ချန်က လုရွှမ် ဒီလိုပြောလာဖို့ မမျှော်လင့်ထားဘဲ ဒေါသတကြီး သွားတွေ အံကြိတ်ကာ ပေါက်ကွဲတော့မတတ် ဟိန်းဟောက်ပြီး

"သူ့အလောင်းကို ငါ့အတွက် ယူလာခဲ့စမ်း!"

ဟူ!

အော်သံမပြီးခင်မှာ ရုတ်တရက် လေသံတစ်ခုထွက်လာသည်။ ခဏကြာသော် ကျန်းရှောက်ချန် သူ့လည်ပင်းက နာကျင်လာတာကို ခံစားလိုက်ရပြီး တစ်စုံတစ်ယောက်က သူ့လည်ပင်းတစ်ဝိုက်ကို လက်ဖဝါးနဲ့ ဆုပ်ထားလျက် လေပေါ်မြှောက်တင်ထားတာ တွေ့လိုက်ရ၏။

"အား.... မင်း မင်း မင်း!"

လက်ဖဝါးပိုင်ရှင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့ ကျန်းရှောက်ချန်၏ မျက်လုံးများ နီရဲလာပြီး မယုံနိုင်အောင် ဖြစ်သွားသည်။

အဲဒီကောင်လေးက လုရွှမ်ပဲ ဖြစ်သည်။

"ခေါင်းဆောင်!!"

အနီးနားရှိလူများက သူတို့ခေါင်းဆောင်ကြွး လည်ပင်း အညှစ်ခံရမည်ဟု မမျှော်လင့်ထားခဲ့ချေ။ အခုတော့ သူ့အသက်သည် တစ်ဖက်လူ၏ လက်ထဲတွင် ရှိနေပြီ။

"အခုပဲ မင်းကို ထွက်သွားဖို့ ငါပြောခဲ့တယ်.... ဒါပေမဲ့ မင်းက ထွက်မသွားချင်ဘူး ဆိုတော့ အခု မင်းထွက်သွားလို့ မရတော့ဘူး!"

ဒီလူတွေကို အာရုံစိုက်ဖို့ ပျင်းလွန်းတဲ့ လုရွှမ်က အေးအေးဆေးဆေး အမူအရာနဲ့ တစ်ဖက်လူရဲ့ လည်ပင်းကို လက်တစ်ဖက်တည်းဖြင့် ဆွဲညှစ်ထားလိုက်သည်။

ကျန်းရှောက်ချန်၏ ခွန်အားသည် အလွန်အားကောင်းပြီး သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်သို့ အဆင့်တစ်ဝက် ရောက်ရှိထားသော်လည်း လုရွှမ်သည် ယခုအခါတွင် စစ်မှန်သော စွမ်းအင်ပေါင်း ၆သိန်း နှင့် ကိုယ်ခန္ဓာ အားကလည်း ၁သန်း ရှိသောကြောင့် လွန်စွာ အားကောင်းလာပြီ ဖြစ်သည်။

နဂါးပုံစံများနှင့် စိတ်ဝိညာဉ်သခင်များ၏ စွမ်းအင်ကို မသုံးဘဲနှင့်ပင် သူ့ရှေ့တွင်ရှိ ကျန်းရှောက်ချန်ကို စိတ်အေးလက်အေး ချေမှုန်းနိုင်ပြီ ဖြစ်သည်။

"ငါ မင်းကို လျှော့တွက်ခဲ့မိတာပဲ.... ငါ့ရဲ့ ကြိုတင်ပြင်ဆင်မှု မရှိတာကို အခွင့်ကောင်းယူပြီး ခိုးဝင်ခဲ့တာ ငါ ဝန်ခံပါတယ်... မင်းလက်ထဲကို ငါကျသွားပြီ အရည်အချင်းရှိရင် ငါတို့ တစ်ယောက်ချင်း တိုက်ခိုက်မယ်၊ ခိုးဝင်တိုက်ခိုက်တာတွေ မလုပ်နဲ့!"

အစပိုင်းမှာ ထိတ်လန့်တုန်လှုပ် သွားပြီးနောက် ကျန်းရှောက်ချန်က ငြိမ်သက်သွားပြီး

"ဒါပေမဲ့ မင်းငါ့ကို ဖမ်းမိရင်တောင် ငါ့ကို ဘာမဆိုလုပ်ရဲမှာ မဟုတ်ဘူး!! ငါ့အစ်ကို ကျန်းရှောက်ထျန်းက အတွင်းခန်းက ကျောင်းသား တစ်ယောက်ပဲ... သူ့ရဲ့အစွမ်းသတ္တိက သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ရဲ့အဆင့်၆ ကို ရောက်နေပြီ.... မင်းငါ့ဆံပင်တစ်ချောင်းကို ထိဝံ့ရင် မင်းကိုမြှုပ်စရာ နေရာမရှိအောင် သေသွားရမှာ သေချာတယ်"

လုရွှမ် သူ့လည်ပင်းကို ဆွဲညှစ်လိုက်ရာ ကျန်းရှောက်ချန်သည် သူ၏နောက်ကွယ်မှ အင်အားကို ပြောပြလိုက်သည်။

"သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၆??"

ဒါကိုကြားတော့ ဟန်ရွှယ် ၊ လျောက်ချင်း နဲ့ တခြားသူတွေ အားလုံး အသက်ရှူ ကြပ်သွားကြသည်။

သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်သည် ဝူအဆင့်ကဲ့သို့ အဆင့်၉ဆင့် ခွဲခြားထားကာ အဆင့်၆သို့ ရောက်ရှိနေလျှင် ၎င်းကို ပေရွှီးအင်ပါယာတွင် ထိပ်တန်းဟု ယူဆနိုင်လေသည်။

ဤလူမျိုးသည် ခြေထောက်ကို ဆောင့်ကန်လိုက်ခြင်းဖြင့် တောင်များနှင့် မြစ်များကို ဖြိုခွဲနိုင်ပြီး လက်ဖဝါးတစ်ဖက်တည်းဖြင့် ပြိုကျလိမ့်မည်။

သူသည် မာနကြီးလွန်းသည်မှာ အံ့သြစရာမဟုတ်ပါ။ သူ၏ကျောထောက် နောက်ခံအဖြစ် သေမျိုး အသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၆က အလွန်အားကောင်းသော လူတစ်ယောက်ရှိနေသည်ကို တွေ့ရှိရသည်။

"ငါ့ကို ချက်ချင်း ချပြီး ဒူးထောက် တောင်းပန်ဖို့ အကြံပေးလိုက်မယ်.... မဟုတ်ရင် မင်း အခုထက် အဆတစ်ရာလောက် ရက်ရက်စက်စက် သေရလိမ့်မယ်"

ကျန်းရှောက်ချန်က အရူးအမူး ဟောက်လိုက်သည်။ သူ့အစ်ကိုကို သူ့ကျောထောက်နောက်ခံအဖြစ် ထားခြင်းဖြင့် သူ့အား မည်သူမျှ ဘာမှလုပ်ဝံ့မည် မဟုတ်ကြောင်း သူယုံကြည်ပြီး သူ့ရှေ့မှ လူငယ်သည်လည်း ခြွင်းချက်မဟုတ်ပေ။

"တောင်းပန်ရမှာလား?" လုရွှမ်က ခေါင်းခါလိုက်ပြီး

"ဘယ်သူမှငါ့ကို တောင်းပန်ခိုင်းလို့ မရဘူး!!"

ဗုန်း!

စကားပြီးသွားတော့ ပျင်းရိငြီးငွေ့ဖွယ် ကောင်းတဲ့ ပြတ်ပြတ်သားသား အသံတစ်သံ ထွက်လာ၏။ ကျန်းရှောက်ချန် မတုံ့ပြန်နိုင်ခင် သူ့လည်ပင်းက ကြေမွသွားခဲ့ပြီ။ သူသေခါနီးအထိ သူ့အစ်ကိုအကြောင်း ပြတ်ပြတ်သားသား ပြောလိုက်သော်လည်း တစ်ဖက်လူက သူ့ကိုသတ်ဖို့ သတ္တိရှိတုန်းပဲ။

All Chapters