← Chapters

ကျိန်ဆဲတာလေး နည်းနည်းလောက် လျော့ပေးလို့ ရမလား

Vol. 60 Ch. 886

ကျိန်ဆဲတာလေး နည်းနည်းလောက် လျော့ပေးလို့ ရမလား

Vol. 60 Ch. 886

မချေမငံ အပြော ခံလိုက်ရ၍ ဝေ့ကျင်းလိန် ကြက်သေသေသွားခဲ့သည်။

သူတွေးထားခဲ့သည်မှာ လီဂျန်းနီနှင့် ဟွမ်ယွင်ဟန်တို့ကို ချေမှုန်းပြီးနောက် အသင်းရှိ ကျန်နှစ်ယောက်မှာ အပိုးကျိုးသွားလိမ့်မည် ဟူ၍ပင်။

သို့သော်လည်း ယခုတော့ စိတ်ဝင်စားဖို့တော့ ကောင်းနေပြီး တစ်စုံတစ်ယောက်က အမှန်တကယ်ကိုပင် ပက်ကော့ကလန် ပြန်ပြောနေဝံ့၏။

“ ငါ့ညီ… မင်း ကောင်မလေးတွေ ရှေ့မှာမို့ ရှိုးပြစရာ မလိုပါဘူး… သူတို့နှစ်ယောက်တောင် ဒီလိုမျိုး အထောင်းခံလိုက်ရပြီးနေပြီကို မင်းတို့ နှစ်ယောက်ဆို ပိုလို့တောင် ဆိုးရွားသွားဦးမယ်… ဒေါသကြောင့်နဲ့ စော်ကားမော်ကား လုပ်စရာ မလိုဘူးလို့တော့ ထင်တာပဲ…”

“ လင်းရီ…. ရှိခိုးကောင်က ပုစဉ်းရင်ကွဲကို အမဲလိုက်နေချိန်မှာ နောက်က ငှက်ကိုတော့သတိမမူမိဘူး…..” နင်တုန်းလျန် နှာခေါင်းရှုံ့လိုက်ပြီး “ ငါတို့ကောင်တွေ ရှုံးနိမ့်သွားခဲ့တယ်ဆိုရင်တောင် မင်းကို စောင့်ကြိုနေတဲ့ အစွမ်းထက်တဲ့ ပြိုင်ပွဲဝင်တွေမှ အများကြီးပဲ… မင်းအခု ဘာမှမတတ်နိုင်တော့ဘူးမလား…. ကိုယ့်ပစ္စည်းကိုယ် သိမ်းပြီး ဒီက လစ်လိုက်တော့ဟျောင့်…”

“ ဟမ့် … မင်းတို့ကောင်တွေ… ကိုယ်တိုင်က အားမသန်တာတော့ ထားပါ…. ဒါပေမယ့် အနာပေါ် ဆားသိပ်ချင်စိတ်နဲ့ ပေါက်တတ်ကရတွေ လျှောက်ပြောနေတယ်… မင်း မြေနိုးချင်လောက်အောင် ငါ့ဒေါသ လာလာဆွနေတာလားကွ....”

“ ဟက်… အဟွတ် အဟွတ်.... မင်း အခု အဲ့လိုတွေ ပြောနေလည်း အပိုပဲ.. “ နင်တုန်းလျန် နှာခေါင်းရှုံ့လိုက်ပြီး “ မြန်မြန် အထုပ်တွေ သိမ်းပြီး လစ်လိုက်တော့…”

“ သူတို့နှစ်ယောက် ရှုံးသွားတိုင်း ငါက ဘာဆိုင်လို့ ထွက်သွားရမှာ…”

“ ဟားဟား….”

နင်တုန်းလျန်နှင့် ကျန်သူများ ကျယ်လောင်စွာ ရယ်မောလိုက်ကြပြီး “ မင်းတို့ အသင်းထဲက အသန်မာဆုံး လူနှစ်ယောက်က အချေမှုန်း ခံလိုက်ရပြီလေ…. မင်းမှာ သူတို့ကို ကိုင်တွယ်နိုင်တဲ့ အစွမ်းအစရှိလို့လား…”

ဝှစ်… ဘန်း…

လင်းရီ ဘာမျှ ပြန်ပြောမနေပဲ တစ်ဖက်သို့ လှည့်၍ ဝေ့ကျင်းလိန်ကို ကန်လိုက်သည်။

တစ်ဖက်သူမှာ အချိန်မှီ မတုံ့ပြန်နိုင်လိုက်ပဲ နောက်သို့ လွင့်ထွက်သွားခဲ့ကာ ခြုံပေါ်သို့ ပြုတ်ကျသွားခဲ့သည်။

“ ငါ ဒီကောင်တွေကို ဒီလို အစွမ်းမျိုးနဲ့ ကိုင်တွယ်မယ်ဆို…. မင်းဘယ်လိုထင်လဲ….”

“ ဒါ… ဒါ.. မဖြစ်နိုင်တာ…”

လီဂျန်းနီနှင့် ဟွမ်ယွင်ဟန်တို့ စုတ်သပ်မိသွားကြသည်။ သူတို့ ဝေ့ကျင်းလိန် အကန်ခံလိုက်ရသည်ကို မယုံကြည်နိုင် ဖြစ်နေကြလေသည်။

သူ တကယ်ကြီး တစ်ချက်တည်းနဲ့ လွင့်ထွက်သွားအောင် ကန်ပစ်လိုက်တယ်…

နင်တုန်းလျန်နှင့် ကျန်သူများလည်း မလျော့တမ်း အံ့အားသင့်နေကြ၏။

ဘာဖြစ်သွားခဲ့တာတုန်းဟ... ဘာလို့ ဟိုလူက ဘလိုင်းကြီး လွင့်ထွက်သွားခဲ့တာ...

“ အစ်ကိုလိန်….”

စွေ့ကွမ်းတဲ့ ပြေးသွား၍ ဝေ့ကျင်းလိန်ကို ထူပေးလိုက်ပြီး အနာတရများကို စစ်ဆေးကြည့်လိုက်သည်။

“ ငါ အဆင်ပြေတယ်…”

ဝေ့ကျင်းလိန် သူ၏ ရင်ဘက်ကို ဖိထားရင်း ပြောလိုက်သည်။ စွေ့ကွမ်းတ၏ အကူအညီဖြင့် သူ အားယူကာ မတ်တပ်ပြန်ရပ်လိုက်လေသည်။

“ ကောင်လေး… ခိုးပြီး တိုက်တာ မရှက်ဘူးလားကွ…”

“ အခွင့် အရေး ပေးခဲ့ရင်ကော.... မင်းတို့ကောင်တွေက ငါ့ပြိုင်ဘက် ဖြစ်နိုင်မှာမို့လို့တဲ့လား…”

“ မင်း…. “

ဝေ့ကျင်းလိန် စကားပြောတော့မည့် ဆဲဆဲ လှိုင်တက်လာသည့် ဝေဒနာကြောင့် ပြန်ရပ်တန့်လိုက်ရ၏။အဆိုပါ ကန်ချက်က သူ၏ နံရိုးများကို ကျိုးကြေစေလု နီးနီး ဖြစ်သွားစေခဲ့သည်။

အဆိုပါ လှုပ်ရှားမှုတစ်ခုတည်းနှင့်ပင် သူတို့ရှေ့ရှိ ကောင်လေး၏ ခွန်အားက သူ့ထက် သာလွန်နေကြောင်း သက်သေပြပြီး ဖြစ်သည်။ အကယ်၍ စွေ့ကွမ်းတဲ့နှင့် ဆိုလျှင်တောင် ထိုသူအား အနိုင်ယူရန် မဖြစ်နိုင်ချေ။

“ မင်းတို့မှာ ပါတာ အကုန်ထားခဲ့ပြီး လစ်လိုက်တော့…”

နှစ်ဦးလုံး၏ မျက်နှာထက်၌ မလိုလားမှုတို့ဖြင့် ပြည့်နှက်သွားခဲ့သည်။

သူတို့ ယခုလို ရောက်လာခြင်းက အခြေအနေကို စုံစမ်းစစ်ဆေးရန်နှင့် လီဂျင်းနီတို့ အုပ်စုကို ဟန့်တားရန်ပင်။ ယခုတော့ အချိန်ဘယ်လောက်မျှ မရှိသေးမှီ အထုတ်ခံရတော့မည် ဖြစ်၏။

“ ဘာတွေ စောင့်နေတာ…. ထမင်းကျွေးတာကို စောင့်နေချင်သေးတာလား….”

“ ကောင်းပြီ… ငါတို့ ဒီနေ့ ရှုံးတယ်… မင်း စောင့်နေလိုက်…”

နှစ်ယောက်မှာ သူတို့ ကျောပိုးအိတ်များကို ပစ်ပေးလိုက်ပြီး လှည့်ထွက်သွားခဲ့တော့၏။ သူတို့ အခြား ပြိုင်ပွဲဝင်များနှင့် တွေ့ဆုံပြီး အရင်းအမြစ်များ လုယူနိုင်မလား ဆိုတာတော့ ၎င်းတို့၏ ကံတရားပေါ် မူတည်နေသည်။

“ ပြီးတော့ မင်းတို့ကောင်တွေ…. ကိုယ့်ကိုယ်ကို ပွဲကြည့်ပရိသတ်အသွင် ဖမ်းနေတာလား… ငါပြောတဲ့ထဲ မင်းတို့ကောင်တွေလည်း ပါတယ်ကွ…”

“ ကောင်း… ကောင်းပါပြီ…”

နင်တုန်းလျန်၊ ကလက်ခ်နှင့် ကျန်သူများအားလုံး သူတို့၏ ပစ္စည်းများကို ချန်ထားရစ်ခဲ့ကြကာ အပိုစကား တစ်ခွန်းဆက်မဆိုဝံ့ပဲ အမြီးကုပ်၍ ထွက်ခွာသွားခဲ့ကြတော့၏။

“ နင် ဘယ်သူလဲ… ဘာလို့ အဲ့လောက်တောင် အင်အားကြီးမားနေတာ…”

လူတိုင်း ထွက်ခွာသွားခဲ့ပြီးနောက် လီဂျန်းနီမှ အံ့အားသင့်သည့် လေသံဖြင့် မေးခွန်းထုတ်လိုက်သည်။

“ ယောက်ျားသားမို့လေ..” လင်းရီ ပြောလိုက်ပြီး “ ဘာလို့ ခွန်အား အရမ်းကြီးနေတာလဲဆိုတာရဲ့ လျှို့ဝှက်ချက်ကတော့ ကျောက်ကပ်နဲ့ ကမာကောင်တွေကို မှီဝဲလို့ပဲ…”

ကင်မရာမန်း “….. “

ဒီအခန်းတွေ ဆင်ဆာဖျက်မှနဲ့တူတယ်… ဒါ ကလေးသူငယ်တွေ ကြည့်ဖို့ မသင့်တော်ဘူး…

“ကဲ... အခု မင်း အပိုင်း စရမယ့် အချိန်ပဲ… သွားပြီး သူတို့ရဲ့ ရိက္ခာအိတ်တွေကို ယူလိုက်… တောထဲက အစားအသောက်တွေ ဆက်ပြီး စားစရာ မလိုတော့ဘူး…” လင်းရီ ကျောက်ရင်ညန်အား ပြောလိုက်သည်။

“ ငါ လုပ်ရမှာလား…”

“ မလုပ်ချင်ဘူးလား…” လင်းရီ မျက်ခုံးပင့်၍ ပြန်မေးလိုက်ပြီး “ မြန်မြန်လုပ်… မဟုတ်လို့ကတော့ မိကျောင်းတွေ့ရင် မင်းကို ရှေ့ဆုံက သွားခိုင်းပစ်လိုက်မယ်…”

“ မ.. မလုပ်နဲ့… ငါအခု သွားကူနေပြီ…”

တစ်နာရီ ကြာပြီးနောက် ကျောက်ရင်ညန် လင်းရီ၏ ညွှန်ကြားချက်များအတိုင်း ပြန်လည် အသုံးပြုနိုင်သည့် ပစ္စည်းများကို သယ်ဆောင်ခဲ့လိုက်သည်။

“ ဝါး…. ပစ္စည်းတွေမှ အများကြီးပဲ… ကျွန်မတို့ အချိုးကျ ခွဲဝေပြီးသွားရင်တောင် နောက်လလောက်အထိ စားသောက်ဖို့ ပူပင်စရာ မလိုတော့ဘူး…”

လင်းရီ ခေါင်းညိမ့်ပြီး သူ့ကိုယ်သူ တီးတိုးရေရွတ်ဟန်ဖြင့် “ တစ်လက လုံလောက်မှာပါ..”

“ ခုလောလောဆယ် တစ်ချို့ကို စားသောက်ပြီး ကျန်တာကို သိမ်းထားလိုက်… ဒီလိုနေရာမျိုးမှာ အချိန်ဖြုန်းနေဖို့ မတန်ဘူး…”

“ အွန်း အွန်း..”

လင်းရီနှင့် ကျန်သူများ စားသောက်နေစဉ် ကင်မရာမန်းမှ ရောက်လာခဲ့ပြီး “ မစ္စတာလင်း… ငါ မင်းနဲ့ ဆွေးနွေးချင်တာလေး ရှိလို့…. အဆင်ပြေနိုင်မလား..”

“ ဟမ်… ဘာကိစ္စလဲ…. ငါ့အစ်ကိုလည်း စားချင်လို့လား… ရတယ်လေ… အတူစားကြတာပေါ့…”

“ မဟုတ်ဘူး… ထုတ်လုပ်ရေး အသင်းကလည်း ငါတို့ကို ခွဲတမ်းပေးပြီးသား…”

လင်းရီ ကင်မရာမန်းကို သံသယမျက်ဝန်းတို့ဖြင့် ကြည့်လိုက်ပြီး “ ဒါဆို တကယ်လို့ ကျုပ်တို့ တစ်နေ့ ရိက္ခာပြတ်သွားတဲ့ အချိန်ကျရင် ခင်များကို စားလို့ရမယ်ပေါ့…”

“ အွန်း… အဲ့လိုနေမှာ… သူက လမ်းလျှောက်နေတဲ့ အရေးပေါ် ခွဲတမ်းကြီးလေ..” ကျောက်ရင်ညန်မှ ရိက္ခာခြောက် ဝါးရင်း ပြောလိုက်သည်။

ကင်မရာမန်း “ …. “

မင်းတို့ သိပ်ထူးထူးဆန်းဆန်းကြီးတွေ မပြောလို့ မရဘူးလား.. ငါပြောချင်နေတာ အဲ့တာမဟုတ်ဘူးကွ…

“ မစ္စတာလင်း… မနောက်ပါနဲ့…. ငါ ပြောချင်တာ အဲ့တာ မဟုတ်ဘူး..” ကင်မရာမန်းမှ စိတ်ငြိမ်ငြိမ်ထားကာ ရှင်းပြလိုက်ပြီး “ ဒီလိုကွာ… မင်း နောင်ကျရင် ဆဲတာလေးတွေ နည်းနည်းလျှော့ပေးလို့မရဘူးလား…. မဟုတ်ရင် ငါတို့ရဲ့ အပိုင်းတွေကို အသံပိတ်ရင်ပိတ် ၊ မပိတ်ရင် ဖျက်ပစ်ရုံပဲ…. ဒီအပိုင်းတွေက ထုတ်လွင့်လို့ လုံးဝ အဆင်မပြေဘူး…”

“ အဲ့လောက်ထိတောင် ဆိုးရွားနေလို့လား…” လင်းရီ ဇဝေဇဝါ ဖြစ်နေဟန်ဖြင့် “ ကျုပ် အမျာကြီးလည်း မပြောမိပါဘူး…”

“ အင်း .. မများပါဘူး… ငါမှတ်မိသလောက်တော့ မင်း အစီအစဉ် စကတည်းကရင် ဆဲလာတာ ရပ်ကို မရပ်သေးဘူး…”

“ အာ…. ခင်များတို့ TV ဌာနကိုက နည်းနည်းလေး တင်းကြပ်လွန်းမနေဘူးလားဗျာ…”

“ ငါတို့က တင်းကြပ်လွန်းနေတာ မဟုတ်ဘူးမစ္စတာလင်း... မင်းကိုက ဂရုမစိုက်လွန်းနေတာ…”

“ ကောင်းပြီလေ… ကျုပ် မှတ်ထားလိုက်ပါ့မယ်…”

“ အမှန်အတိုင်းပြောရရင် မစ္စတာလင်းလို ရုပ်ချောပြီး ကိုယ်ခံပညာ ကောင်းတဲ့သူတစ်ယောက်က အေးတိအေးစက်ရှိပြီး ခပ်ချေချေနိုင်တဲ့ အမျိုးသားတစ်ယောက်ရဲ့ ပုံရိပ်မျိုး ဖမ်းထားသင့်တယ်.... ဖြစ်နိုင်ရင် စကားကို အတတ်နိုင်ဆုံး မပြောပဲနေ.. အဲ့လိုဆို ရှိုးပွဲ ထုတ်လွင့်တဲ့ အချိန်ကျ မစ္စတာလင်း ဖန်တွေ အများကြီး ရှိလာလိမ့်မယ်…” ကင်မရာမန်းမှ ပြောလိုက်သည်။

“ မဖြစ်နိုင်ဘူး… ရန်ဖြစ်တဲ့ အချိန်ကျ တေမိကြီး လုပ်နေလို့ ဘယ်နားက အရှိန်အဝါတွေ ရှိပါတော့မလဲဗျ….” လင်းရီ ပြောလိုက်ပြီး “ လူနှစ်ယောက် အသံမထွက်ပဲ ချစ်တင်း နှောသလိုပဲလေ… အထီးကျန်ပြီး ပျင်းဖို့ကောင်းတယ်..”

“ အာ…. ဒါဆိုလည်း ကိုယ့်ကိုယ် ထိန်းနိုင်အောင် အကောင်းဆုံး ကြိုးစားပေးကွာ… ငါတို့အတွက် ဒီလိုရှိုးပွဲမျိုး ရိုက်ကူးဖို့ဆိုတာ တကယ်မလွယ်တာ… “

“ ကောင်းပြီလေ… ကျုပ် အတတ်နိုင်ဆုံး ကြိုးစားပေးမယ်…”

ရိုးရှင်းစွာ စားသောက်ပြီးနောက် လင်းရီနှင့် ကျန်သူများအားလုံး ဆက်လက် ခရီးဆက်ကြသည်။

ကျန်သည့် ခရီးတစ်လျှောက်လုံးကတော့ အေးအေးဆေးဆေးပင်။ အထူးသဖြင့် ဟွမ်ယွင်ဟန်မှာ တည်ငြိမ်သွားခဲ့သည်ဟု ပြောလျှင် ပိုမှန်ပေမည်။ လင်းရီ၏ ခွန်အားကို မျက်မြင်ကြုံတွေ့ပြီးနောက် အတော်လေးကို တိတ်ဆိတ်သွားခဲ့သည်။

အချိန်အတော်ကြာအောင် ရှက်ရွံ့နေပြီး လင်းရီနှင့် စကားမဆုံဝံ့ ဖြစ်နေလေသည်။

ဝေ့ကျင်းလိန်ကို တစ်ချက်တည်းဖြင့် လွင့်ထွက်သွားစေခဲ့ပြီးနောက် လင်းရီ သူတို့နှင့် အသင်းဖွဲ့ခဲ့ခြင်းမှာ အပျင်းပြေစေရန်အတွက်သာ ဖြစ်ကြောင်း ယုံကြည်သွားခဲ့တော့သည်။

ရှေ့ဆက်လက် သုံးရက်တိတိတိုင်အောင် သူတို့ ကြီးကြီးမားမား အခက်အခဲ တစ်စုံတစ်ရာတို့ဖြင့် မကြုံတွေ့ခဲ့ချေ။ သို့သော်လည်း ရိက္ခာလာလုယက်ချင်သူ အနည်းငယ်ဖြင့်တော့ ဆုံခဲ့ရလေသည်။ ထိုသူများအားလုံးကိုလည်း လီဂျန်းနီတို့မှ အသာအယာလေး ကိုင်တွယ်လိုက်ပြီး ရှိုးမှ နှုတ်ထွက်သွားစေလိုက်၏။

၎င်းကြောင့် ရန်စီမှ လင်းရီထံ ဆက်သွယ်ပြီး တကူးတက လှမ်း သတိပေးရတော့သည်။

အကယ်၍ ယခုလိုမျိုး ဆက်လက်နေမည်ဆိုပါက ရှိုးမှာ ဆက်လက်နိုင်မည်မဟုတ်ချေ။ ထိုသို့ ချေမှုန်းဖယ်ရှားရင်းဖြင့် အဆုံး၌ တစ်ယောက်တည်းမျှ ကျန်တော့မည့် အဖြစ်မျိုးသို့ ရောက်ရှိသွားနိုင်လေသည်။

“ ဟို… ဟိုမှာ မြွေကြီး..”

ကျောက်ရင်ညန် လမ်းလျှောက်ရင်း တန်းလန်း လက်ညိုးထိုးလိုက်ပြီး လင်းရီ၏ အာရုံကို ဆွဲဆောင်သွားခဲ့တော့သည်။

သူ ကြည့်လိုက်တော့ အမျိုးသမီး ခြေသလုံးလောက် တုတ်သည့် စပါအုံးမြွေတစ်ကောင်မှ သူတို့ရှေ့ရှိ သစ်ပင် ပင်စည်၌ ရစ်ပတ်နေသည်ကို မြင်တွေ့လိုက်ရသည်။ ၎င်း၏ အရှည်မှာ လူ့တစ်ရပ် မကပေ။ လင်းရီတို့ကို မြင်တော့ ပါးပျဉ်း တပြင်ပြင် ဖြစ်လာခဲ့လေသည်။

“ ပြေး… အဲ့တာ စပါးအုံးမြွေကြီး…” ကင်မရာမန်းမှ အော်ဟစ်လိုက်၏။

“ ဟင်းစားတစ်ခွက် တွေ့တာကို ဘာပြေးမှာ.. ကျုပ်တို့ ဒီနေ့ည မြွေသားစွပ်ပြုတ် လုပ်စားကြမယ်…”

လီဂျန်းနီ “ …. “

ဟွမ်ယွင်ဟန် “… “

ခြေထောက်ပြင်နေပြီးဖြစ်သည့် ကင်မရာမန်း "........”

All Chapters