← Chapters

မင်းက အရှက်ကွဲဖို့ တောင်းဆိုနေတာပဲ

Vol. 60 Ch. 890

မင်းက အရှက်ကွဲဖို့ တောင်းဆိုနေတာပဲ

Vol. 60 Ch. 890

အဆိုပါ ဖြစ်စဉ်က လင်းရီကို အတော်လေး စိတ်ဒုက္ခပေးနေတော့၏။ သူမည်သို့ပင် အကြံဉာဏ် ထုတ်နေစေကာမူ သင့်တော်သည့် ဖြေရှင်းချက် တစ်ခုကို စဉ်းစား၍ မရနိုင်ချေ။

“ ရန်စီကို ကျုပ်အစား ဆက်သွယ်ပေးစမ်းပါ… ကျုပ်သူမနဲ့ စကားပြောစရာရှိတယ်..”

“ အိုကေ… ခဏလေးစောင့်..”

လင်းရီမှာ အာရုံစူးစိုက်ရာ ဖြစ်သောကြောင့် ကင်မရာမန်း မည်သည့် အပိုစကားတို့မျှ မပြောချေ။ လင်းရီဘက်က ကျိုးကြောင်း မဆီလျော်သည့် တောင်းဆိုမှုများ ပြုလာခဲ့လျှင်တောင် သူ့ဘက်က အကောင်းဆုံး ဖြည့်ဆည်းပေးရန် တာဝန်ရှိလေသည်။

မိနစ်အနည်းငယ်ကြာပြီးနောက် ကင်မရာမန်းမှ နားကြပ်ကို လင်းရီထံ ကမ်းပေးလိုက်၏။

“ ပြော.... ငါ ဘာလုပ်ပေးရမလဲ…”

ရန်စီ လင်းရီကို ကောင်းစွာ နားလည်ထားသည်။ သူ၏ အကျင့်စရိုက်အရ တစ်စုံတစ်ခု မဖြစ်ပျက်ထားဘူးဆိုလျှင် အရင် ဆက်သွယ်လာစရာ အကြောင်း မရှိချေ။ ထို့ကြောင့် အကြောင်းထူး တစ်စုံတစ်ရာတော့ ရှိရပေမည်။

“ မင်းရဲ့ TV ဝန်ထမ်းတွေက ကျွန်းကို လေးငါးရက်လောက် ကြိုရောက်နေကြတာလား..”

“ နင် ဘာပြောချင်နေတာ…”ရန်စီ ပြောလိုက်ပြီး “ သက်ဆိုင်ရာ ဌာနက ဝန်ထမ်းတွေကတော့ ပစ္စည်းတွေဆင်ဖို့ လဝက်လောက်ကတည်းကရင် ကြိုရောက်နေကြတာလေ…”

“ ငါ ပြောနေတာ သူတို့ အကြောင်း မဟုတ်ဘူး…. ရိုက်ကူးရေး အဖွဲ့သားတွေကို ပြောနေတာ…”

“ အွန်း … တစ်ရက်တော့ စောပြီး ရောက်တယ်…”

လင်းရီ မျက်မှောင်ကြုတ်သွားခဲ့ပြီး “ အပြင်လူ တစ်ယောက်ယောက်က အရင်ကြိုရောက်နေတဲ့ အရိပ်အယောင်မျိုးတွေ မင်းတို့ မမြင်မိဘူးလား..”

“ မမြင်မိပါဘူး… အပေါ်မှာလည်း ဟတ်စကီးတွေ နှစ်စင်းသုံးစင်းလောက် ဝဲနေတာကို ငါတော့ဖြင့် ကျွန်းပေါ်မှာ အပြင်လူကို မမြင်မိပါဘူး…”

ရန်စီပြောပြီးနောက် ဆက်လက်၍ “ နင် စိတ်ထင်နေတာ ဖြစ်မှာပါဟယ်… ဒီကျွန်းက သီးခြား ကျွန်းကြီး… ဂျပန် ကင်းလှည့်တပ်ဖွဲ့နဲ့ ငါတို့လိုမျိုး အထူး ရည်ရွယ်ချက် ရှိတဲ့လူတွေကလွဲရင် ဘယ်သူမှ ဒီမလာကြဘူး…”

“ ဒါရိုက်တာရန်… မကောင်းတော့ဘူး… တစ်ခုခု ဖြစ်နေပြီ…”

လင်းရီ နားကြပ်ကို ပြန်ပေးတော့မည့် အချိန်တွင် သူ တစ်စုံတစ်ယောက်မှ အလောတကြီး စကားပြောလာသံကို ကြားလိုက်ရ၏။

သူ၏ အသုံးအနှုန်းအရတော့ ထုတ်လုပ်ရေး အသင်းသား တစ်ဦး ဖြစ်သည့် ပုံပင်။

“ ဘာဖြစ်လို့လဲ…”

“ ရိက္ခာ အလုခံလိုက်ရတဲ့ အမေရိကန်သားနှစ်ဦး ကမ်းခြေကို ပြန်လာတဲ့လမ်းမှာ ဆစ်ဂနယ် ပျောက်သွားခဲ့လို့….”

“ လင်းရီ.. ဒီမှာ အရေးကြီး ကိစ္စ ဖြစ်နေလို့…. နောက်မှပဲ ဆက်ပြောကြမယ်နော်…”

“ ကောင်းပြီလေ…”

လင်းရီ ရန်စီ့ကိုယ်စား များစွာ စိတ်ပူမနေချေ။

ဦးစွာအနေဖြင့် ယင်းက သူနှင့် ဘာမျှ မဆိုင်သည့် အပြင် ဒုတိယ တစ်ချက်က ပျောက်သွားကြသူများမှာ အမေရိကန်သားများ ဖြစ်နေသောကြောင့်လည်း ပါဝင်ပေသည်။

အကယ်၍ တစ်ခုခု မှားယွင်းခဲ့လျှင်တောင် အဆိုးဆုံးရှိလှ ရန်စီ အလုပ်ထုတ်ခံရုံမျှသာ ဖြစ်၏။ သူ၏ စွမ်းရည်ဖြင့် သူမကို ကာကွယ်ပေးရန်က မခက်ခဲချေ။ ထို့ကြောင့် ဤသည်က အသေးအမွှား ကိစ္စလေးသာ ဖြစ်သောကြောင့် တစ်စုံတစ်ယောက်က သေသွားခဲ့လျှင်တောင် အရေးစိုက်နေစရာ မလိုပေ။

ရန်စီနှင့် ခေတ္တ စကားပြောပြီးနောက် လင်းရီ နားကြပ်ကို ကင်မရာမန်းထံ ပြန်ပေးလိုက်သည်။

သူ့ရင်ထဲ၌ သံသယများစွာ ကျန်ရှိနေသေးသော်လည်း လင်းရီ ဆက်ပြီး မတွေးတောချင်တော့ပေ။ ယခု အခြေအနေ၌ မည်သည့် ပြိုင်ပွဲဝင်ကမျှ သူ့လောက် မြန်ဆန်နေခြင်း မရှိသည်ကပင် ရရှိထားသည့် အကောင်းဆုံး သတင်းဖြစ်၏။ အနည်းဆုံးတော့ စနစ်မစ်ရှင် ကြန့်ကြာတော့မည့် အဖြစ်ကို စိုးရိမ်နေစရာ မလိုအပ်တော့ချေ။

လင်းရီ ပတ်ဝန်းကျင်ကို လေးနက်စွာ တစ်ချက် ကြည့်လိုက်ပြီး “ မီတာတစ်ရာလောက် နောက်ဆုတ်ပြီး ဒီည ဒီမှာပဲ နားကြမယ်…. အရုဏ်တက်မှ ဆက်ပြီး ခရီးဆက်ကြတာပေါ့…”

“ အိုကေ..”

မှောင်ရိပ် သမ်းလာသည့် အချိန်၌ လူသားတို့၏ အမြင်မှာ များစွာ ယုတ်လျော့သွားပေလိမ့်မည်။ ဤအတွက် လင်းရီပင် ခြွင်းချက် မရှိသောကြောင့် အကယ်၍ ဆက်လက်ရှေ့ဆက်မည်ဆိုပါက ဓာတ်မီးများ ဖွင့်ရမည်ဖြစ်၏။ သို့သော်လည်း ယခု သူတို့ ရောက်နေသည့် နေရာက တောအုပ်ထဲ၌ အန္တရာယ်အများဆုံးဟု သတ်မှတ်ခြင်း ခံထားရသည့် နေရာဖြစ်ပြီး ဓာတ်မီးဖွင့်လိုက်မည်ဆိုပါက အန္တရာယ်ကို လက်ယက်ခေါ်သလို ဖြစ်နေပေလိမ့်မည်။

အကယ်၍ မိကျောင်း တစ်ကောင်စ နှစ်ကောင်စ ဆိုပါက သူ ကိုင်တွယ်နိုင်သေးသော်လည်း အုပ်စုလိုက်ကြီး ရောက်လာခဲ့လျှင်တော့ ဤနေ့စွဲက သူ မသာပေါ်သည့် အထိမ်းအမှတ် နေ့တစ်နေ့သို့ ကူးပြောင်းသွားနိုင်သည်။

လုံခြုံသည့် နေရာသို့ ရွေ့ဆိုင်းပြီးနောက် သုံးယောက်သား စားသောက်ရန် စုဝေးလိုက်ကြသည်။ သို့သော်လည်း ယခုလို ဧရိယာမျိုး၌ လေထုမှာ သိသိသာသာပင် လေးလံနေပြီး အစပိုင်း သုံးလေးရက်လောက်တော့ ပျော်ရွှင်ဖွယ် ကောင်းမနေချေ။

ညချမ်းအချိန်အခါမှာ တဖြည်းဖြည်းနှင့် ရောက်လို့လာပြီ တစ်နေ့တာလုံး အလုပ်ရှုပ်နေသည့် ကင်မရာမန်းမှာတော့ ယခုအချိန်ထိ အနားမယူနိုင်သေးချေ။ တောတွင်းရှိ ညအချိန်အခါ လှုပ်ရှားမှုများကို မှတ်တမ်းတင်နိုင်ရန် ပြင်ဆင်နေတော့၏။ ယင်းက ရှိုးပွဲကို ပို၍ စစ်မှန်သည့် ခံစားချက်မျိုး ပေးစွမ်းနိုင်ပေမည်။

ကျောက်ရင်ညန် သူမတဲ သူမ မထိုးတော့ပဲ ထိုအစား လင်းရီဘေးနား ကပ်လာခဲ့၏။

“ ဘာလာလုပ်တာ… အမှောင်ကျလာတော့ မင်းရဲ့ တိရစ္ဆာန်လို အရိုင်းစိတ်တွေကို ဖွင့်ထုတ်ပစ်ချင်နေလို့လား…”

“ မဟုတ်ပါဘူး..” ကျောက်ရင်ညန် ညင်သာစွာ ဆိုလိုက်ပြီး “ အရင်နေ့တွေတုန်းက အဖော်နဲ့အိပ်ပြီးမှ ဒီနေ့ကျ တစ်ယောက်တည်း အိပ်ရမယ်ဆိုတော့ နည်းနည်းလေး အထီးကျန်ပြီး ကြောက်လည်း ကြောက်နေလို့လေ… အဲ့တာ … ကျွန်မတို့နှစ်ယောက် အတူတူအိပ်ကြရင် ပိုမကောင်းဘူးလား…”

“ ကောင်းတာပေါ့… ရတယ်လေ..”

လင်းရီ များများ စဉ်းစားမနေပဲ သူ၏ အမူအရာပင် ပြောင်းလဲမသွားခဲ့ချေ။

ယခုလို နေရာမျိုး၌ အိပ်စက်မည်ဆိုပါက အချိန်ပြည့် သတိချပ်ထားရမည် ဖြစ်ကာ အတွေးစိတ်ရိုင်းတို့အား နေရာပေးရန် မဖြစ်နိုင်ချေ။

အကယ်၍ ကျောက်ရင်ညန်မှ တောင်းဆိုမှု ပြုလာခဲ့လျှင်တောင် လင်းရီ မည်သို့မျှ ခံစားရလိမ့်မည် မဟုတ်ချေ။

“ ဒါဆို … ရှင် ဘာလို့ အပြင်မှာ ရပ်နေတာ…. အထဲဝင် မအိပ်တော့ဘူးလား…”

“ ဒီမှာ ကင်းစောင့်မလို့..”

“ ဘာလဲ... ကျွန်မလို အလှလေး တစ်ခုခု ဖြစ်မှာစိုးလို့ ဒီည ကင်းစောင့်ပေးမယ်ပေါ့… အဲ့လိုလား…”

“ ငါကြောက်တာ မိကျောင်းတွေ ရောက်လာပြီး ဘယ်ကောင်မှ မသိလိုက်ခင် တစ်လုပ်တည်း တွယ်သွားမှာစိုးလို့…. မင်းကို ကာကွယ်ပေးချင်တာနဲ့ ဘာမှမဆိုင်ဘူး..”

“ အိုက်ယိုး… ရှင်ကလည်းလေ… ရိုမန်တစ် ဆန်တယ်ရယ်ကို မရှိဘူး..” ကျောက်ရင်ညန် ပြောလိုက်ပြီး “ အမှန်ဆို ငါက မင်းကို ကာကွယ်ပေးဖို့ စောင့်နေတာလို့ ပြောလိုက်သင့်တာ… အဲ့လိုဆို ထုတ်လွင့်တဲ့အချိန်ကျ လုံးဝ ပေါက်ကွဲထွက်သွားမှာပဲ… ရှင်လည်း နာမည်ကြီးလာဖို့ အာမခံတယ်…”

“ အာ… ပျင်းစရာကောင်းတယ် မထင်ဘူးလား..”

“ အဟွတ် အဟွတ်.. မစ္စတာလင်း.. ငါတော့ မိန်းကလေးကျောက်ပြောတာ အဓိပ္ပာယ်ရှိတယ်လို့ ထင်တယ်… အဲ့ဒါက တကယ်ကြီး ကြည့်ရှုသူတွေရဲ့ rating အပေါ် ကောင်းကောင်းကြီး အကျိုးသက်ရောက်မှု ရှိမှာ ...."

“ အဓိပ္ပာယ် မရှိတာတွေ…. ကျုပ်မှာ ကောင်မလေး ရှိပြီးသားဗျ..” လင်းရီ ပြောလိုက်ပြီး “ တကယ်လို့ အဲ့လိုလုပ်တာသာ မြင်သွားလို့ကတော့ အိမ်ရောက်ရင် ပေးအိပ်မှာတောင် မဟုတ်လောက်ဘူး…”

“ နာမည်ကြီးလာဖို့ အတွက်ပဲကို… ရှင့်ကောင်မလေးလည်း သဘောတူမှာပါ…”

“ အဓိကက ငါကိုယ်တိုင်ကလည်း နာမည်မကြီးချင်လို့ဟေ့… ပြီးတော့ ငွေရှားနေတာလည်း မဟုတ်ဘူး… ဒီလို အရာမျိုးတွေ လုပ်ဖို့ မလိုအပ်ဘူး..”

“ ဒါပေမယ့် ကျွန်မနဲ့ စုံတွဲဟန်ဆောင်လိုက်လို့လည်း ရှင့်ဘက်က အရှုံးမရှိဘူး မဟုတ်လား… ကျွန်မက C- list ဆယ်လီဆိုရင်တောင် အနည်းဆုံးတော့ ကြည့်ကောင်းချောမောနေပါသေးတယ်နော်…”

လင်းရီ မေးစေ့ပွတ်လိုက်ပြီး “ စိတ်တော့မဆိုးနဲ့.. ငါ့ကောင်မလေး ရှေ့မှာဆို မင်းက ထိခိုက်နိုင်စွမ်း 5 မှတ်လောက်ပဲရှိတဲ့ အမှိုက်ပဲ…. ဒီတော့ ကိုယ့်ကိုယ်ကို ကြည့်ကောင်းတယ်ဆိုပြီး အမွှမ်းမတင်စမ်းနဲ့….”

“ ရှင့်ကို မယုံပေါင်…” ကျောက်ရင်ညန် ပြောလိုက်ပြီး “ အနုပညာ နယ်ပယ်ထဲက အဲ့ဒီ ထိပ်တန်း ဆယ်လီကြီးတွေတောင် ရုပ်ရည်ချင်း ယှဉ်ရင် ကျွန်မကို အနိုင်ယူနိုင်မယ်လို့ တထစ်ချ ပြောရဲတဲ့သူ မရှိသေးဘူး..”

“ ကိုယ့်အရှက်ကိုယ် မခွဲချင်စမ်းနဲ့… အချိန်ရရင် နည်းနည်းလောက် ဖြစ်ဖြစ် အိပ်လိုက်.. အရုဏ်တက်ရင် ခရီးဆက်ရဦးမှာ…”

ကျောက်ရင်ညန် လင်းရီကို အကဲစမ်းသည့် မျက်ဝန်းတို့ဖြင့် ကြည့်လိုက်ပြီး “ ရှင့်ကောင်မလေးက ချမ်းသာတဲ့ အသက်ကြီးကြီး ဘွားတော်ကြီးမလား.. ဒါကြောင့်မို့ ကျွန်မတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးကို TV ပေါ် မပြရဲတာ.. ဟုတ်တယ်ဟုတ်…”

“ ဟဲဟဲ…. မစ္စတာလင်း… ဒါတော့ ငါလည်း နည်းနည်း စိတ်ဝင်စားတယ်…” ကင်မရာမန်းမှ စပ်ဖြီးဖြီး လုပ်ပြောလိုက်ပီဲး “ တကယ်ဆိုနော်… ငါ နာမည်ကြီး ဆယ်လီ ၊ အဆိုတော်၊ မင်းသား မျိုးစုံနဲ့ တွေ့ဖူးတယ်… ဒါပေမယ့် ရုပ်ရည်ပိုင်း ဆိုင်ရာမှာပဲဖြစ်ဖြစ်… ခန္ဓာကိုယ် အချိုးအစားမှာပဲဖြစ်ဖြစ် … သူတို့က မစ္စတာလင်းနဲ့ မယှဉ်နိုင်ဘူး… ပြီးတော့ မစ္စတာလင်းက အကုန်လုံး တတ်ကျွမ်းတဲ့အပြင် အကုန်လည်း သိတယ်.. ကျိကျိတက် ချမ်းသာတဲ့ အမျိုးသမီးတွေကလွဲရင် မစ္စတာလင်းနဲ့ လိုက်ဖက်မယ့် အမျိုးသမီး ရှိမယ်မထင်ဘူး..”

“ အမှန်အတိုင်း ဝန်ခံရရင် ငါ့အစ်ကိုစကားကို ကျုပ် မငြင်းပယ်ချင်ပါဘူး… ကျုပ် ကောင်မလေးက တော်တော်ကြီးကို ချမ်းသာတာ…. “

“ မြင်လား.. ကျွန်မပြောတာ မှန်တယ်နော်..” ကျောက်ရင်ညန် ရယ်မောလိုက်ပြီး “မြန်မြန်… ကျွန်မတို့ကို ပြကြည့်စမ်းပါ…. မစောင့်နိုင်တော့ဘူး..”

“ ပြရအောင် ဖုန်းက ဘယ်နားရှိမှာ… ပြန်ရောက်မှ မင်းကို ပြမယ်….”

“ ငါ့မှာ ရှိတယ်… “ကင်မရာမန်းမှ ပြုံးလိုက်ပြီး “ အမှန်တော့ အရေးပေါ် အခြေအနေတွေကျ သုံးလို့ရအောင် ပေးထားတာ.. ဒါကြောင့်မို့ ကင်မရာသမားတိုင်း တစ်ယောက် တစ်လုံးစီတော့ ရှိကြတယ်..”

“ လုပ် လုပ်…. ဒီမှာ ဖုန်းလည်း ရှိပြီ…. ရှင့် ဝီချက် အကောင့်ထဲ ဝင်ပြီ ကောင်မလေးပုံ ပေးကြည့်တော့…” ကျောက်ရင်ညန်မှ စိတ်အားထက်သန်စွာဖြင့် ပြောဆိုလိုက်ပြီး “ ကျွန်မထက် လှတဲ့ မိန်းကလေးက ဘယ်လိုပုံစံ ရှိလဲဆိုတာ အရမ်း မြင်ချင်နေပြီ…”

“ မင်းတော့ ကိုယ့်သေတွင်းကိုယ် တူးနေတာပဲကွ…”

“ ခစ်ခစ်… ဒါဆိုလည်း ပြတ်ပြတ်သားသား သေခွင့်ပြုလိုက်ပေါ့ရှင်ရယ်…”

လင်းရီ ခေါင်းကို ကူကယ်ရာမဲ့စွာဖြင့် ခါရမ်းလိုက်ပြီး ဝီချက်အကောင့်ထဲသို့ ဝင်ရောက်လိုက်၏။

ထို့နောက် ကျီချင်းရန်ထံ ဝီချက် ဗွီဒီယိုကော ပြောခွင့် တောင်းခံလိုက်သည်။

ဆယ်စက္ကန့်လောက် ကြာပြီးနောက် ဗွီဒီယိုကောမှာ ချိတ်ဆက်မိသွားပြီး ကျီချင်းရန်၏ ပြစ်မျိုးမှဲ့မထင် ချစ်စဖွယ် မျက်နှာလေးက စခရင်ပေါ် ထွက်ပေါ်လာကာ ကျောက်ရင်ညန်နှင့် ကင်မရာမန်းအား ပါးစပ်အဟောင်းသား ဖြစ်သွားစေခဲ့တော့၏။

တာရာစုံသည့် ကောင်းကင်နှင့် မိုးပေါ်ရှိ စန္ဒာလမှာ ဤအမျိုးသမီးလေး ထွက်ပေါ်လာသည့် အချိန်၌ ရုတ်ချည်း ပိုမိုတောက်ပလာသယောင်ပင် ခံစားလိုက်ကြရသည်။

All Chapters