ဆန်းကြယ်သည့် ယွင်ကျန်း တောင်
Vol. 60 Ch. 893
စက္ကန့်အနည်းငယ် ကြာအောင် တိတ်ဆိတ်သွားပြီးနောက် ရန်စီမှ “ နင် မှတ်မိသေးလား… ငါတို့ ဖုန်းပြောတုန်းက နိုင်ငံခြားသား နှစ်ယောက် ပျောက်သွားခဲ့တယ်ဆိုတာလေ….”
“ အင်း… မှတ်မိတယ်…”
“ ငါတို့ ခုချိန်ထိ အဲ့ဒီ နှစ်ယောက်ကို ရှာမတွေ့သေးဘူး… တရားခံက သူတို့နှစ်ယောက်များ ဖြစ်နေမလားလို့…”
“ အင်း……………. ဒီချိန်မှာတော့ ခေါင်းထဲ ပေါ်လာသူ မှန်သမျှက သံသယ ဖြစ်ဖို့ ကောင်းနေမှာပဲလေ…” လင်းရီ ပြောလိုက်ပြီး “ မင်းမှာ သူတို့နှစ်ယောက်ရဲ့ အချက်အလက်တွေ ရှိလား…” လင်းရီ မေးမြန်းလိုက်သည်။
“ ငါဖတ်ထားပြီးသား....သူတို့ထဲက တစ်ယောက်က အိုဝန်… သူက ထန်ဇန်နီးယား(အာဖရိက) ၊ စူပါမားကတ် တစ်ခုရဲ့ ငွေရှင်းကောင်တာ ဝန်ထမ်းပဲ…. နောက်တစ်ယောက်က ဂျုံးစ်… သူကျ လော့စ်အိန်ဂျလိစ်မှာ ထရပ် ဒရိုင်ဘာလုပ်တယ်.. နှစ်ယောက်လုံးက သာမန်အလုပ်နဲ့ အသက်မွေးဝမ်းကြောင်း ပြုနေကြတဲ့သူတွေချည်းပဲ……ဟိုလို မှားယွင်းနေတာမျိုးတော့ မရှိပါဘူး…”
လင်းရီ ခေါင်းညိမ့်လိုက်ပြီး ခေတ္တမျှ စဉ်းစားပြီးနောက် “ ခုလောလောဆယ် ဒီအကြောင်းကို လျှို့ဝှက်ထားလိုက်ဦး… တကယ်လို့ မင်းသူတို့ကို တွေ့ပြီဆိုရင်လည်း သံသယ ဖြစ်နေတဲ့ အရိပ်အယောင်တွေကို မပြမိစေနဲ့… ငါ ပြန်ရောက်မှ ကြည့်ကြပ်ကိုင်တွယ်လိုက်မယ်….”
“ ပြန်ရောက်မှ…… နင့်ရဲ့ အခု အခြေအနေနဲ့ကို နင်က ဆက်ပြီး ယှဉ်ပြိုင်ဦးမယ်ပေါ့လေ…. အနာထဲ ပိုးဝင်သွားခဲ့ရင် ဒုက္ခတွေ ဘယ်လောက်များမလဲ နင်နားလည်လား… မြန်မြန် ငါနဲ့ ပြန်လိုက်ခဲ့တော့…”
လင်းရီ သူ့ပခုံးကို ကြိုးစား၍ လှုပ်ရှားလိုက်ပြီး “ ဒီ ဒဏ်ရာလေးလောက်ကတော့ အသာအယာလေးပဲ… ရေးကြီးခွင်ကျယ်တွေ လုပ်မနေစမ်းနဲ့..”
“ မလုပ်လို့ မရဘူး… ဒါက သေနတ်နဲ့ ပစ်ခံထားရတဲ့ ဒဏ်ရာ… တခြားဟာတွေနဲ့ တူတာမဟုတ်ဘူး… နင့်ကို ကုသမှု ခံယူနိုင်အောင် လိုက်ပို့ပေးမယ်…”
“ ရန်စီ… ဒီပြိုင်ပွဲက ငါ့အတွက် အရမ်းအရေးကြီးတယ်…. တစ်ဝက်တစ်ပျက်နဲ့ ထွက်လိုက်လို့ မဖြစ်ဘူး…”
ပြောပြီးနောက် လင်းရီ သူ့ကိုယ်ပေါ်ရှိ ဖုန်များကို ခါခပ်လိုက်ပြီး “ မင်း အရင်သွားနှင့် … ငါ လုပ်နေတဲ့ အလုပ်ကို ငါနားလည်တယ်… နှုတ်ထွက်ဖို့ဆိုတာတော့ လုံးဝ မဖြစ်နိုင်ဘူး…”
သူမဘေးရှိ လူကို ကြည့်ရင်း ရန်စီ စိတ်မကျေမနပ် ဖြစ်ကာ မျက်မှောင်ကြုတ်မိလိုက်သည်။
“ နင်နဲ့တော့ ငါ ဘာလုပ်ရမှန်းတောင် မသိတော့ဘူး…”
နှစ်ယောက်သား လှည့်ထွက်လာခဲ့လိုက်ပြီး ရန်စီ ကျန်သူများကို ကြည့်၍ “ သူတို့အတွက် ဆေးတစ်ချို့ ချန်ထားခဲ့ပေးလိုက်… ရိုက်ကူးရေး ဆက်လုပ်မယ်…”
“ ဟုတ်သား… မင်း ပြန်ရောက်ရင် ငါ့ကိုယ်စား တစ်ခု လုပ်ထားပေးဦး..” လင်းရီ ပြောလိုက်ပြီး “ ငါ့ ဖုန်း အဆက်အသွယ်ထဲမှာ ချိန်ပင်းချန်ဆိုတဲ့သူ ရှိတယ်… သူ့ကို အဲ့ဒီ နိုင်ငံခြားသား နှစ်ယောက်ရဲ့ အချက်အလက်တွေ ပို့ပေးပြီး စုံစမ်းထားခိုင်းလိုက်…”
“ နားလည်ပြီ..”
( TN - ချိန်ပင်းချန်က ရဲမှူးကြီးလေ…)
ညွှန်ကြားချက် ပေးပြီးနောက် ရန်စီမှ လင်းရီကို သတိပေးစကားများ တသီကြီး ဆိုရင်း နောက်ဆုံး၌ တွန့်ဆုတ်စွာဖြင့် ရဟတ်ယဉ်ပေါ် ပြန်တက်သွားခဲ့လေသည်။
အခြားသူများကတော့ လင်းရီနှင့် မရင်းနှီးသောကြောင့် လင်းရီ ယခုလို ရွေးချယ်လိုက်သည်ကို မည်သို့မျှ ပြောမနေချေ။ သူတို့လည်း ရဟတ်ယဉ်ပေါ်သို့ တစ်ယောက်ပြီး တစ်ယောက် တက်သွားပြီးနောက် ထွက်ခွာသွားခဲ့ကြ၏။
သို့သော်လည်း ယခုလို အဖြစ်အပျက်မျိုး နောက်တစ်ကြိမ် မဖြစ်ပွားစေရန်နှင့် လင်းရီ၏ ဘေးကင်းလုံခြုံရေးအတွက် ရန်စီမှ လုံခြုံရေးဝန်ထမ်း တစ်ယောက်ကို နောက်မှ လျှို့ဝှက်စွာဖြင့် လိုက်ခိုင်းထားခဲ့သည်။
ထိုအခိုက်အတန့်တွင်တော့ လင်းရီနှင့် အခြားသူနှစ်ယောက်ကသာလျှင် မြေပြင်၌ ကျန်နေရစ်ခဲ့လေသည်။ သို့သော်လည်း ကျောက်ရင်ညန်နှင့် ကင်မရာမန်းတို့ ရင်ဘက်ထဲရှိ အကြောက်တရားကတော့ လုံးလုံးလျားလျား မပျောက်ကွယ်သေးချေ။
သူတို့နှစ်ဦးလုံးက သာမန်လူများသာ ဖြစ်ကြ၏။ သူတို့ မျက်စိရှေ့၌ ယခုလို ပစ်ခတ်မှုဖြစ်ပွားသွားသည်ကိုလည်း ပထမဆုံး အကြိမ် ကြုံဖူးသောကြောင့် မြင်ကွင်းပုံရိပ်တို့က ဦးခေါင်းထဲ၌ ထပ်ခါတလဲလဲ ဇာတ်ကားသဖွယ် ပြန်လည်ပြသနေသည်။
သူတို့ကိုယ်သူတို့ ရုပ်ရှင်ကားထဲ သရုပ်ဆောင် သလို ခံစားနေပြီး နေသားကျရန် တော်တော်လေး ကြိုးပမ်းလိုက်ရ၏။
“ အစ်ကိုရီ… ကျွန်မတို့ အခု ဘာလဲဆက်လုပ်ကြမှာ…” ကျောက်ရင်ညန် နူးညံ့စွာ မေးမြန်းလိုက်သည်။
“ ရှေ့ဆက်သွားကြမယ်…” လင်းရီ ပြောလိုက်ပြီး “ လက်က အချိန် တစ်ချို့လောက်ပဲ လှုပ်မရဖြစ်သွားတာ …. ပြတ်တောက်သွားတာမှ မဟုတ်ပဲ… ဒီတော့ ခရီးဖင့်နေစရာ ဘာအကြောင်းမှ မရှိဘူး….”
“ အမ်… အိုကေလေ…”
ဤတစ်ကြိမ်တွင်တော့ လင်းရီ၏ ခြေအလျင်မှာ ပို၍ သွက်လက်လာခဲ့သည်။ ရေတိမ်ပိုင်း ဧရိယာထဲမှ ထွက်ရန် ဆယ်နာရီသာ အချိန်ယူလိုက်ရလေသည်။
ကျောက်ရင်ညန်နှင့် ကင်မရာမန်းတို့ အဖို့တော့ သေဘေးမှ လက်မလေးတင် လွတ်မြောက်လာသည့်နှယ် ခံစားနေကြရသည်။
သူတို့ဘက်မှ ဂရုစိုက်နေသရွေ့ ကျန်ခရီး တစ်လျှောက်လုံး အန္တရာယ်နှင့် ကြုံတွေ့ဖို့ဆိုတာ မဖြစ်နိုင်လု နီးပါးပင်။
နောက် ဆယ်ရက်နှင့် အထက်တွင်တော့ သူတို့၏ ခရီးစဉ်မှာ အင်မတန်မှကို ပျင်းရိငြီးငွေ့ဖို့ ကောင်းနေတော့၏။
စားသောက်ဖို့နှင့် အိပ်စက်ရန်အတွက် ခေတ္တအနားယူသည်မှအပ ကျန်သည့်တစ်ချိန်လုံး လမ်းလျှောက်နေခဲ့ကြသည်။ ကျောက်ရင်ညန်နှင့် ကင်မရာမန်းမှာ လင်းရီ၏ အရှိန်နှုန်းနှင့် မှီရုံမျှလောက်လေးဆိုသော်လည်း ယခုတိုင် ဘေးမှ ကပ်လျက် လိုက်ပါနေဆဲပင်။
အဆိုပါ အတောအတွင်း လင်းရီ၏ သေနတ်ဒဏ်ရာကလည်း အများကြီး သက်သာလာလေသည်။ သူ့ဘက်မှ ပင်ပန်းသည့် လေ့ကျင့်ခန်းများ မပြုလုပ်သရွေ့ ပြောစမှတ် ပြုရလောက်သည့် ပြဿနာတို့ ရှိလာလိမ့်မည် မဟုတ်ချေ။
မထင်မရှား အမာရွတ်လေးမှတပါး အခြား ဘေးထွက်ဆိုးကျိုးတို့ မရှိခဲ့ချေ။ အဆိုပါ အမာရွတ်က သူ၏ ဆွဲဆောင်မှုကို ယုတ်လျော့မသွားစေသည့် အပြင် သူ၏ ယောက်ျားဆန်သည့် စရိုက်အတွက် ပိုလို့တောင် အထောက်အကူ ဖြစ်ပေါ်စေသည်။
ထို့ပြင် နောက်ထပ် သတင်းကောင်း တစ်ခုကလည်း ရောက်ရှိလာခဲ့သေး၏။ သံသယရှိသည့် နိုင်ငံခြားသား နှစ်ဦးမှာ ကမ်းခြေသို့ ပြန်ရောက်လာ၍ ရန်စီနှင့် တွေ့ဆုံပြီးချေပြီ။ သို့သော်လည်း ရန်စီ၏ ပြောစကားများအရတော့ သူတို့နှစ်ဦးမှာ သာမန်လူတို့နှင့် ထူးမခြားနားပင်။
ရန်စီပင် သူမကိုယ်သူမ သံသယ လွန်ကဲနေလောဟုတောင် သံသယ ဖြစ်ပွားမိသည်အထိ အဆိုပါနှစ်ယောက်အား လုပ်ကြံသတ်ဖြတ်သူတို့နှင့် ချိတ်ဆက်၍ မတွေးတောနိုင်ချေ။
လင်းရီကတော့ စကားများများ ပြောမနေချေ။ သူ ရန်စီကို အသာ စောင့်ကြည့်ရန်သာ မှာကြားထားပြီး ရလဒ် ထွက်ပေါ်မလာခင်အထိ ထိုနှစ်ဦးအား မခြောက်လှန့်ဖို့ရာ သတိပေးထားခဲ့၏။
ကျန်သည့် ကိစ္စများကိုတော့ သူ ပြန်ရောက်သည်နှင့် ချက်ချင်း ကိုင်တွယ်ပေမည်။
နောက်တစ်နေ့နှင့် တစ်ညမျှ လမ်းလျှောက်ပြီးနောက် သုံးယောက်သား တောင်ခြေသို့ ရောက်ရှိလာခဲ့ကြသည်။
လင်းရီ သူ့လက်ထဲရှိ စာရွက်စာတမ်းများအား တစ်ချက် ကြည့်ရှုလိုက်၏။
သူတို့ ရှေ့ရှိ မီးတောင်ကို ယွင်ကျန်းတောင်ဟုလည်း ခေါ်တွင်ပြီး မီတာ ရှစ်ရာကျော်မျှ မြင့်မားကာ ကြီးမားသည်ဟူ၍လည်း မဆိုသာချေ။
တစ်ခုရှိသည်က မတ်စောက်ပြီး တက်ရန် ခက်ခဲရုံမျှသာ ရှိ၏။
“ ဟူး… နောက်ဆုံးတော့ ပြီးတော့မယ်ပေါ့လေ…” တောင်အောက်ကို ရောက်တော့ ကျောက်ရင်ညန်မှ သက်ပြင်းတစ်ချက်ချရင်း ရွှင်ပြစွာဖြင့် ပြောလိုက်၏။
“ ရှင့်နောက် လိုက်သာ လိုက်ခဲ့ရတယ်... ကိုယ့်ကိုယ်ကို ဒီအထိ ရောက်နိုင်လိမ့်မယ်လို့တောင် ထင်မထားဘူး… နည်းနည်းလေးတောင် မာန်တက်ချင်သွားပြီ ခစ်ခစ်….”
လင်းရီ ခေါင်းညိမ့်၍ ထောက်ခံလိုက်သည်။ သူလည်း ကျောက်ရင်ညန် ဤနေရာအထိ လိုက်ပါလာနိုင်ခဲ့သည်ကို တော်တော်လေး လေးစားမိပေသည်။
နုနယ်ပြီးချိနဲ့သည့် အမျိုးသမီး ဆယ်လီတစ်ဦးက သူ့အရှိန်နှုန်းအတိုင်း ဤနေရာအထိ ရောက်လာနိုင်ခဲ့သည့် စိတ်ဓာတ်ကိုတော့ လင်းရီ မလေးစားပဲ မနေနိုင်ချေ။ သာမန် ယောက်ျားသားတို့ပင် ယခုလို စိတ်ဓာတ်မျိုးရှိရန် ခက်ခဲလှ၏။
ထို့သို့သော စိတ်ဓာတ်အင်အားမျိုးဖြင့် အနာဂတ်၌ အနုပညာနယ်ပယ်ထဲတွင် ကိုယ့်နာမည်ကိုယ် ထွင်းထုနိုင်လိမ့်မည်ဖြစ်ကြောင်း လင်းရီ ယုံကြည်ပေသည်။
“ မစ္စတာလင်း… ဒီမှာ ခဏလောက် နားကြတာပေါ့…. ပြီးတော့ စကားနည်းနည်းလောက်လည်း ပြောချင်သေးတယ်…” ကင်မရာမန်းမှ ပြောလိုက်၏။
“ ရတာပေါ့.. ပြောလေ…”
“ အခု… မစ္စတာလင်းကလည်း ဒီရောက်နေပြီ ဆိုတော့ ကျုပ်အလုပ်ကလည်း ပြီးတော့မယ်လို့ ပြောလို့ရတယ်.. “ ကင်မရာမန်းမှ ပြောလိုက်ပြီး “ ခဏနေ တောင်ပေါ်တက်တဲ့ အချိန်ကျ ကျုပ် မစ္စတာလင်းနောက်ကနေ ခဏလောက် လိုက်ခဲ့မယ်… အချိန်ကျလာတဲ့ အခါကျရင်တော့ ကျုပ် အလုပ်ကို ဝေဟင်အဖွဲ့ဆီ ပေးလိုက်ရတော့မှာ… ဒါပေမယ့် မစ္စတာလင်း ရုပ်ကို TV မှာ များများပြနိုင်အောင် ရှုထောင့်လေးတွေတော့ ချိန်ညှိပေးဖို့ လိုတာပေါ့..”
“ ကောင်းပြီလေ… ကျုပ် နားလည်ပါတယ်…” လင်းရီ ပြောလိုက်ပြီး “ ခုတော့ နားကြတာပေါ့….”
ယွင်ကျန်းတောင်က မတ်စောက်လှပြီး ထိပ်သို့တက်ရန် မလွယ်ကူလှချေ။
သို့တိုင်အောင် လင်းရီကတော့ သူ့အတွက် ပြဿနာ မရှိဟု ခံစားနေရ၏။
သူ့အဖို့ တောင်ထိပ်သို့ ရောက်ရင် ငါးနာရီလောက်မျှသာ အချိန်ယူရပေမည်။ သို့သော်လည်း ကျောက်ရင်ညန်ကလည်း သူနှင့်အတူ ရှိနေဦးမည် ဖြစ်သောကြောင့် အချိန်မည်မျှကြာမလဲဆိုတာတော့ မှန်းဆရန် ခက်ခဲလှ၏။
သုံးယောက်သား အရိပ်ကောင်းသည့် တစ်နေရာ၌ ထိုင်ချ၍ အားဖြည့်လိုက်ကြသည်။ ယနေ့က နောက်ဆုံးနေ့ဖြစ်သောကြောင့် ရိက္ခာသော ဘာသော ချွေတာမနေပဲ သုံးယောက်သား စိတ်ရှိသလောက် အားပါးတရ စားပစ်လိုက်ကြ၏။
ထို့ပြင် လင်းရီ သူ့ ကျောပိုးအိတ်ထဲရှိ အသုံးမဝင်တော့သည့် ပစ္စည်းများကိုလည်း ကောက်လွင့်ပစ်လိုက်သည်။ တောင်တက်ရာ၌ အသုံးဝင်သည့် ပစ္စည်းတစ်ချို့ကိုသာ ချန်ထားလိုက်လေသည်။ သူ၏ ရည်ရွယ်ချက်ကတော့ သယ်ရသည့် အလေးချိန် ပေါ့ပါးပြီး တောင်တက်ရာ၌ ပိုမိုလွယ်ကူ ချောမွေ့စေရန်ပင်။
၎င်းအပြင် လင်းရီ ကျောက်ရင်ညန်ကို အိတ်ဆောင် အောက်ဆီဂျင်ဘူး တစ်ခုလည်း ပေးလိုက်သေး၏။
သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားဖြင့် အမြင့်ကြောက်ရောဂါ ခံစားနိုင်ရချေ မရှိသော်လည်း ကျောက်ရင်ညန်ကိုတော့ သူ မသိချေ။ အကယ်၍ အသက်ရှူ မဝ ဖြစ်လာပြီဆိုပါက အောက်ဆီဂျင်ဘူးတို့မှာ အသုံးဝင်လာနိုင်လေသည်။
တစ်နာရီကြာ အနားယူပြီးနောက် သုံးယောက်မှာ ထွက်ခွာရန် အသင့်ဖြစ်နေကြ၏။
သူတို့အားလုံး တောင်ပေါ်သို့ စတင် ချီတက်ကြတော့သည်။
တောင်၏ အစပိုင်းတွင်တော့ မြေအနေအထားမှာ မတ်စောက်ခြင်း သိပ်မရှိသောကြောင့် သူတို့အားလုံး ထင်ထားသလောက် ပင်ပန်းခြင်း မရှိကြချေ။ သို့သော်လည်း မီတာတစ်ရာကျော်အောင် တက်ပြီးသည့် အခိုက်အတန့်တွင်တော့ တစ်မဟုတ်ချင်း အဆပေါင်းများစွာ မတ်စောက်သွားခဲ့ကာ တောင်တက်ရသည်မှာလည်း လယ်ဗယ်တစ်ခုအထိ ခက်ခဲလာခဲ့တော့၏။
ထိုစဉ် ဟယ်လီကော်ပတာ အသေးလေး တစ်စင်းမှာ သူတို့သုံးယောက် အထက်သို့ ဝဲပျံလာခဲ့လေသည်။
“ မစ္စတာလင်း.. ကျုပ်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေတော့ ရောက်လာခဲ့ပြီ…. ခုကစပြီး သူတို့ကပဲ ကျန်တဲ့ ရှိုးရဲ့ တစ်စိတ်တစ်ပိုင်းကို ရိုက်ကူးသွားတော့မှာ… ကျုပ်လည်း ဒီအထိပဲ လိုက်နိုင်တော့တယ်ဗျာ… ဒါပေမယ့် ကျုပ် ဟယ်လီကော်ပတာ ပေါ်ကနေ အားပေးနေမယ်.. အစွမ်းကုန်ကြိုးစားပြီး ဟွာရှအလံကို တောင်ထိပ်ပေါ်မှာ လွင့်ထူလိုက်စမ်းပါ….”
“ ဖြစ်စေရမယ်ဗျာ…”
မခွဲခွာမီ လင်းရီနှင့် ကျောက်ရင်ညန်မှာ ကင်မရာမန်းကို ပွေ့ဖက်နှုတ်ဆက်လိုက်ပြီး တောင်ပေါ်သို့ ဆက်လက် ချီတက်ကြ၏။
အစကတည်းက လင်းရီမှာ တောင်ထိပ်ရောက်ရန် အလျင်မလိုသောကြောင့် ကျောက်ရင်ညန်ကို ပစ်မထားခဲ့ပေ။
ထိုအစား သူမကို တောင်ထိပ်သို့ ဖြည်းဖြည်းချင်း လက်တွဲခေါ်လာပေး၏။ သို့အတွက်ကြောင့် သူတို့၏ အမြန်နှုန်းမှာလည်း တဖြည်းဖြည်း နှေးကွေးလာလေသည်။ သို့သော် နောက်ဆုံးရလဒ်အပေါ်တွင်တော့ အကျိုးသက်ရောက်ခြင်း မရှိချေ။
သူတို့ မြေပြင်မှ မီတာငါးရာ အထက်လောက် ရောက်တော့ လင်းရီ ရုတ်တရက်ဆိုသလို ပြဿနာတစ်ခုကို သွားသတိပြုမိ၏။
သူ တောင်တက်စဉ်တစ်လျှောက် ကျောက်ရင်ညန်ကို ကူညီပေးခဲ့သော်လည်း ရုပ်ပိုင်းဆိုင်ရာ ခွန်အားအရ မည်သည့် နွမ်းနယ်မှုကိုမျှ မခံစားရချေ။ ထို့ကြောင့် သူ ထင်ယောင်ထင်မှား ဖြစ်နေလေသလောဟုတောင် မိမိကိုယ်ကို တွေးတောမိသွားခဲ့သည်။ သို့သော်လည်း ကျောက်ရင်ညန်ပင် ခွန်အားအပြည့်ဖြင့် ဖြစ်နေသည်ကိုမြင်တော့ သူ ပြင်ဆင်ထားပေးသည့် အောက်ဆီဂျင်ဘူး အပိုမှာလည်း အသုံးမဝင် ဖြစ်သွားရလေသည်။
ယင်းက အနည်းငယ် ထူးဆန်းနေပြီး သဘာဝ၏ နိယာမများကို လုံးလုံးလျားလျား ဆန့်ကျင်နေတော့၏။
ဘာတွေဖြစ်နေတာတုန်းဟ….