← Chapters

ငါ့ကို မလုပ်ရဲဘူး ထင်နေတာလား….

Vol. 60 Ch. 896

ငါ့ကို မလုပ်ရဲဘူး ထင်နေတာလား….

Vol. 60 Ch. 896

ကြယ်ငါး သင်္ဘော ၊ အခန်း 2020 ။

အိုဝန်နှင့် ဂျုံးစ်တို့မှာ အခန်းထဲ၌ စားရင်းသောက်ရင်းဖြင့် မရပ်တမ်း စကားပြောနေကြလေသည်။

“ အိုဝန်…. မင်းကြားပြီးပြီလား… တောင်ထိပ်ကို ရောက်တဲ့သူ ရှိသွားပြီတဲ့… တော်တော်လေးမြန်တယ် ဆိုရမယ်..” ဂျုံးစ် ပြောလိုက်သည်။

“ ငါသိတယ်..” အိုဝန် လိုတိုရှင်း တုံ့ပြန်လိုက်ပြီး

“ ဒါပေမယ့် အဲ့တာ ငါတို့နဲ့ ဘာဆိုင်လို့…. ငါတို့ ဟိုရဲ့ ဟွာရှသားကို ကိစ္စမတုံးနိုင်လိုက်သေးဘူး… နောက်တစ်ကြိမ် ပြန်လှုပ်ရှားဖို့ စဉ်းစားသင့်တယ်…”

သူတို့နှစ်ဦး ထွက်ပြေးလာခဲ့စဉ်က ကျည်ဆံမှာ လင်းရီ၏ ပခုံးအား ထိမှန်သွားခဲ့ကြောင်း သိထားကြသည်။ ကျွမ်းကျင်သည့် လုပ်ကြံသူများ ဖြစ်သည့် အလျောက် ထိုသို့သော ထိမှန် ဒဏ်ရာက အသက်အန္တရာယ် မပြုနိုင်ကြောင်း ကောင်းစွာ နားလည်ထားကြလေသည်။

“ ဒါပေမယ့် ထူးဆန်းတာ အဲ့ကောင်က ပြိုင်ပွဲကနေ နှုတ်မထွက်သွားဘူးနေမှာ… သူ့သတင်း မကြားရတာတောင် အတော်လေး ကြာနေပြီ… သူ ဆက်ပြီး ယှဉ်ပြိုင်နေလား မပြောတတ်…”

“ မဖြစ်နိုင်လောက်ဘူး..” အိုဝန် ပြောလိုက်ပြီး “ အဲ့ကောင်က ချမ်းသာပြီး ပိုက်ဆံ မရှားဘူးဆိုတာ မေ့မနေနဲ့ဦး… သူ ဒီရှိုးပွဲထဲ ပါဝင်လာတယ်ဆိုတာလည်း သူ့ စိတ်ထဲက အာသီသကို ပြေပျောက်စေရုံလောက်ပဲ… ဒီလိုမျိုး သေနတ်မှန်ပြီးတော့ ဆက်ပြီး မနေတော့မှာ သဘာဝပဲ… သူ့ရဲ့ အသက်က သာမန်လူတွေထက်ကို တန်ဖိုးရှိတယ်…. စွန့်စားပြီး ဆက်နေမှာ မဟုတ်ဘူး..”

“ ဒါဆို ငါတို့ရဲ့ နောက်ထပ် အစီအစဉ်က ကျိုးဟိုင်ကို သွားဖို့ပေါ့…” ဂျုံးစ် ပြောလိုက်ပြီး “ ဒါပေမယ့် ငါ့အထင် ငါတို့ နောက်တစ်ကြိမ် လှုပ်ရှားဖို့ဆိုရင် အများကြီး ခက်ခဲသွားတော့မယ် ထင်တယ်… ပြီးတော့ အဲ့ကောင်ကြီးက မိကျောင်းကို လက်ဗလာနဲ့ သတ်ဖြတ်ပြသွားတာကတော့ နည်းနည်းလေး မယုံချင်စရာပဲ… အံ့အားသင့်ဖို့ ကောင်းလွန်းတယ်…”

“ တကယ်လို့ အဲ့လောက်မှ မစွမ်းရင်လည်း သူ့အသက်က ဒေါ်လာ နှစ်သန်း တန်နေပါ့မလားကွ…” အိုဝန် ပြောလိုက်ပြီး “ နောက်တစ်ရက်လောက် ဆက်နေလိုက်ကြစို့… မနက်ဖြန် ကျိုးဟိုင် ပြန်ရောက်တော့မှ စပြီး လှုပ်ရှားကြမယ်…”

“ ဟီးဟီး… ငါလည်း နောက်ဆုံးတော့ အကြီးကြီးတွေ လုပ်နိုင်တော့မယ်… ဒီလိုနေရာမျိုးမှာ လှုပ်ရှားရတာ တကယ့်ကို မလွတ်လပ်တာ… တကယ့်လို့ ငါ့လက်စွဲတော်ဟောင်းကြီးတွေနဲ့သာဆို သူ့ပခုံးထိသွားခဲ့ရင်တောင် အသေပဲ…”

အိုဝန် သာမန်လျှံကာ ခေါင်းညိမ့်လိုက်ပြီး “ ငါ့တို့လက်ထဲမှာ သူ့အချက်အလက်တွေ ရှိနေပြီးသားပဲ… နောက် အစီအစဉ်အတွက် တွက်ချက်ပြီးတော့ စာချုပ်ကို ဖြစ်နိုင်သမျှ မြန်မြန် ပြီးအောင် လုပ်ကြစို့…”

“ ကောင်းပြီလေ…”

ချလပ်…

နှစ်ယောက်စကားပြောနေစဉ် တံခါး သော့ပွင့်သံကို ရုတ်တရက် ကြားမိလိုက်ကြ၏။

နှစ်ဦးသားလုံး၏ အမူအရာမှာ အေးခဲကုန်ကြပြီး မျက်ဝန်းထဲ၌ အံ့အားသင့်မှုတို့ဖြင့် ပြည့်နှက်သွားခဲ့လေသည်။

ဒါက သူတို့အခန်းလေ… သော့ကတ်မရှိပဲနဲ့ အပြင်လူတွေ ဘယ်လိုလုပ်ပြီး ဝင်လာနိုင်တာ…

သို့တိုင်အောင် နှစ်ယောက်စလုံး ၎င်းတို့၏ သာမန် ကိုယ်ဟန်ကို အလျင်အမြန် အသွင်ယူလိုက်ကြ၏။

ပရော်ဖက်ရှင်နယ် ကြေးစားများအနေနှင့် ရုပ်ဖျက်ခြင်း အနုပညာက အရေးကြီး သင်ခန်းစာတစ်ရပ်ဖြစ်လေသည်။

“ တစ်စိတ်လောက်ပါ… မင်းက……”

လင်းရီကို မြင်တော့ နှစ်ယောက်မှာ အံ့အားသင့်သွားကြီး ရှုပ်ထွေးဟန် ဆောင်လိုက်ကြသည်။

“ သုံးလေးရက်ပဲ ရှိသေးတာကို ငါ့တောင် မမှတ်မိတော့ဘူးပေါ့..” လင်းရီ ပြုံးလိုက်ပြီး “ ပစ်တုန်းက ပစ်ပြီးတော့ မင်းတို့ မှတ်ဉာဏ်က 15 မိနစ်ပဲ ခံတာတော့ မဟုတ်ဘူးမလား…”

“ ဟမ်….”

အိုဝန်၏ အမူအရာမှာ အင်မတန် ချဲ့ကားသွားခဲ့ပြီး “ ဆာ… မင်း ပြောနေတာကို ငါတကယ်ကြီး နားမလည်တာ… ပြီးတော့ ခုက ငါတို့ အခန်းလေ… ဘာလို့ ဒီတိုင်းကြီး ဝင်လာခဲ့တာ… ဒါ ဥပဒေကို ဆန့်ကျင်နေတယ်နော…”

ဝှစ် … ဘန်း…

လင်းရီ ခြေထောက်ကို ပင့်မြောက်၍ အိုဝန်၏ ရင်ဘက်ကို ဆောင့်ကန်လိုက်သည်။

တစ်ဖက်သူမှာ အချိန်မှီ မတုံ့ပြန်နိုင်လိုက်ပဲ ခန္ဓာကိုယ်မှာ နောက်သို့ လွင့်ထွက်သွားခဲ့ကာ နောက်ရှိ ကော်ဖီစားပွဲပေါ်သို့ ပြုတ်ကျသွားခဲ့တော့၏။

“ မင်း … အဲ့တာ ဘာလုပ်တာတုန်း…”

ဂျုံးစ် အော်ဟစ်လိုက်ပြီး သူ၏ အကြည့်မျက်လုံးတို့မှာလည်း ရန်လိုပြီး သတိအပြည့်နှင့် ဖြစ်နေလေသည်။

“ ငါ မင်းတို့နှစ်ယောက်ရဲ့ နောက်ကြောင်းကို စစ်ဆေးပြီးသွားပြီ..” လင်းရီ ပြောလိုက်ပြီး “ မင်းတို့ကောင်တွေက မဟူရာ ဝက်ဆိုဒ်မှာ နာမည်ကြီး ကြေးစား လုပ်ကြံသူတွေဆိုတာ ငါသိပြီးသွားပြီး … ဒါကြောင့်မို့ ဟန်ဆောင်မနေနဲ့တော့… ပျင်းဖို့ကောင်းတယ်…”

အိုဝန်နှင့် ဂျုံးစ်တို့၏ အမူအရာမှာ ပြောင်းလဲသွားခဲ့သည်။ မည်သူကမျှ လင်းရီ ဤအကြောင်းအရာများကို သူတို့နှင့် ဆုံတွေ့ပြီး မကြာမီ၌ ရှာဖွေတွေ့ရှိသွားလိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။

“ မင်း ဘာတွေ လာပြောနေတာ… ငါက သာမန် ငွေရှင်းကောင်တာက ဝန်ထမ်းပဲ… လူသတ်သမား မဟုတ်ဘူး… ကြုံရာကျပန်း အကြောင်းပြချက်တွေနဲ့ ငါ့ လာပြီး မစွပ်စွဲနဲ့…”

“ ငါက လုပ်ရင် အမြဲတမ်း နည်းစနစ်ကျကျပဲ လုပ်တယ်… ယုံကြည်ချက် မရှိရင် မလုပ်ဘူး… ခု ငါကိုယ်တိုင် ဒီရောက်လာပြီးမှတော့ မင်းတို့ အကြောင်းကို သေချာစုံစမ်းပြီးလို့ပဲ…. ဟန်ဆောင်နေလည်း အသုံးမဝင်ဘူး…ငါနဲ့ ပူးပေါင်းလိုက်တာက အကောင်းဆုံး ရွေးချယ်မှုပဲ…” လင်းရီ ပြောလိုက်၏။

“ ခု မင်းတို့ကို ဘယ်သူ ဒီလွှတ်လိုက်လဲပြော…. ငါ့ကို လေကုန်ရအောင် မလုပ်နဲ့….”

နှစ်ယောက်သား အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူတို့ ရှေ့ရှိ လူ၌ ကြောက်မက်ဖွယ်ရာ အရှိန်အဝါ တစ်ခု ရှိနေသည်ကို ခံစားလိုက်ရလေသည်။

ယခုအခြေအနေသို့ ရောက်လာခဲ့ပြီးမှတော့ ဆက်လက် ဖုံးကွယ်နေရန် မလိုအပ်တော့ချေ။

သူ၏ မျက်လုံးအကြည့်တို့က စကားပြောပြီး ဖြစ်၏။ သူတို့ မည်သည်ကို ဆိုစေကာမူ တစ်ဖက်သူမှ တစ်ချက် တွန့်သွားလိမ့်မည် မဟုတ်ချေ။

အိုဝန် မျက်လုံးကစားလိုက်ပြီး လွတ်မြောက်ရာ လမ်းကို ရှာဖွေနေသည်။

ယခုချိန် အရေးကြီးဆုံးက လင်းရီကို ဖယ်ရှားပြီး ဤနေရာမှ ထွက်ပြေးလွတ်မြောက်ရန်ပင်။

ထိုအကြောင်း စဉ်းစားမိတော့ အိုဝန် လက်ကို ကျောနောက်ကပ်လိုက်ပြီး ဂျုံးစ်ထံ လက်အမူအရာ သေးသေးလေးများ လုပ်ပြလိုက်၏။

နှစ်ပေါင်းများစွာ လက်တွဲပူးပေါင်းလာသူများ ဖြစ်သည့် အတွက်ကြောင့် တစ်ဖက်သူမှာလည်း ချက်ချင်း နားလည်သွားခဲ့ကာ ဆိုဖာထံသို့ ချက်ချင်း ပြေးသွားခဲ့၏။

သို့သော်လည်း ထိုသို့ လှုပ်ရှားမှု သေးသေးလေးကပင် လင်းရီ မျက်စိအောက်မှ မလွတ်မြောက်လေရာ သူ ဂျုံးစ်ထံ ပြေး၍ သကောင့်သားအား လွင့်အောင် ကန်ထုတ်ပစ်လိုက်သည်။

“ ဆိုဖာအောက်မှာ သေနတ် ဝှက်ထားတယ် … ဟုတ်တယ်မလား…. မင်းတို့ရဲ့ လှည့်ကွက်အသေးစားလေးတွေကို သိမ်းထားလိုက်စမ်း…. ငါ့မျက်စိအောက်မှာ ယင်ကောင်တောင် လွတ်မြောက်ဖို့ မလွယ်ကူဘူး…”

“ မင်း ဘာဖြစ်နေချင်တာ…”

ဂျုံးစ် ရင်ဘက်ကို ဖိထားရင်း ပြောလိုက်၏။ သူ၏ အရိုးများမှာတော့ ကျိုးကြေမတတ် နာကျင်လို့နေလေသည်။

“ ပြော… မင်းတို့ကို ဘယ်ကောင် ဒီလွှတ်လိုက်တာ….”

“ အဲ့တာတော့ ပြောလို့မရဘူး…. မင်း တခြားဟာမေး…”

“ မင်းတို့ကောင်တွေလည်း ဂျပန် နင်ဂျာနဲ့ အမျိုးစပ်ထားသလားပဲ… ဘာလို့ အဲ့လောက်တောင် ခေါင်းမာချင်နေကြရတာ…” လင်းရီ ပြောလိုက်ပြီး “ ဒါမှမဟုတ် မင်းတို့ထင်နေတာ ငါ့ဘက်က ဘာမှမလုပ်ရဲပါဘူးကွာ ဆိုပြီး တွေးနေကြတာလား…”

“ ငါတို့က အမေရိကန် နိုင်ငံသားတွေ…” အိုဝန် ပြောလိုက်ပြီး “ တကယ်လို့ ငါတို့တစ်ခုခု ဖြစ်သွားခဲ့ရင် မင်းလည်း ချောင်မယ် မထင်နဲ့….”

“ မင်းတို့လို စီးပွားရေး လုပ်ငန်းရှင်တွေက နာမည် တစ်လုံး ပျက်စီးသွားရင် ရှင်သန်ဖို့ မဖြစ်နိုင်တော့ဘူးဆိုတာ နားလည်တယ်မလား….”

လင်းရီ ကြမ်းပြင်၌ မှောက်နေသည့် နှစ်ယောက်ကို အပြုံးဖြင့် ငုံ့ကြည့်ရင်း “ မင်း ဒီလိုစကားမျိုး ပြောထွက်နေတယ်ဆိုတော့ ငါ့အကြောင်း ကောင်းကောင်းမသိသေးဘူးနဲ့ တူတယ်… အမှန်အတိုင်း ပြောရရင် ငါ့လက်ထဲမှာ နိုင်ငံခြားသား တစ်ချို့ ဇီဝိန်ချုပ်ပြီးသွားပြီ….ဒါပေမယ့် ငါ ခုထိ ကောင်းကောင်းကြီး အသက်ရှင်နေသေးတယ် မဟုတ်ဘူးလား…”

ပြောပြီးနောက် လင်းရီ ပခုံးတွန့်လိုက်ကာ “ အဲ့လို ပြောလို့ မင်းတို့ ယုံမှာ မဟုတ်ဘူးဆိုတာ ငါသိတယ်… ဒါပေမယ့် … ကိစ္စတော့ မရှိပါဘူး… မင်းတို့ကလည်း နှစ်ယောက် ရှိနေတာဆိုတော့ သက်သေပြတဲ့ အနေနဲ့ တစ်ယောက်ကို သုံးလို့ရတာပေါ့…”

ပြောပြီးသည်နှင့် လင်းရီ ဂျုံးစ်ကို အင်္ကျီကော်လံမှ ဆွဲပြီး ပြတင်းပေါက်ထံ ဆွဲခေါ်သွားကာ တံခါးဖွင့်လိုက်၏။

“ မင်း.... မင်း ဘာလုပ်နေတာလဲ… ငါ့ကိုလွှတ်…” ဂျုံးစ် ကျယ်လောင်စွာဖြင့် အော်ဟစ်ရုန်းကန်လိုက်သည်။

သူ၏ အရပ်အမောင်းက မည်မျှကောင်းနေစေကာမူ လင်းရီ ရှေ့မှောက်တွင်တော့ ကြက်ကလေး တစ်ကောင်အလား အားနည်းနေကာ ခုခံရန် အခွင့်အရေး မရှိချေ။

“ သေမင်း တံခါးဝ ရောက်နေပြီကို ရုန်းကန်ချင်နေသေးတုန်းပဲပေါ့….”

လင်းရီ၏ လက်ဝါးဇောင်းက ဂျုံးစ်၏ လည်ဂုတ်ပေါ် ကျရောက်သွားခဲ့ကာ တစ်ဖက်သူမှာ တစ်ခါတည်း မေ့မြောသွားခဲ့တော့၏။

ပင်လယ်လေက အပြင်ဘက်မှနေ၍ တဖြူးဖြူး တိုက်ခတ်နေပြီး လင်းရီ အချိန်မဆွဲပဲ ဂျုံးစ်ကို ပင်လယ်ထဲ ပစ်ချလိုက်သည်။

ကြမ်းပြင်၌ မှောက်နေသည့် အိုဝန်မှာ ၎င်းကိုမြင်တော့ မျက်လုံးကျွတ်ကျမတတ် ပြူးကျယ်သွားခဲ့သည်။

ကြယ်ငါးမှာ ကမ်းခြေမှ ပင်လယ်ရေမိုင် တစ်မိုင် အကွာတွင် ကျောက်ချထားခြင်းဖြစ်သည်။ထို့ပြင် ဂျုံးစ်က မေ့မြောနေလေသည်။ ယခုလို အနေအထား၌ ပင်လယ်ထဲ လွင့်ပစ်ခံလိုက်ရခြင်းက ငါးစာကျွေးလိုက်သည်နှင့် ထူးမခြားပေ။

ပြောတော့ ကုမ္ပဏီ သူဌေးကြီးဆို… ဘာလို့ အဲ့လောက်ထိ လက်ရဲဇက်ရဲ ရှိနေရတာလဲ… သူတို့လို ပရော်ဖက်ရှင်နယ် ကြေးစား လူသတ်သမားတောင် ဒီလို မဆင်မခြင်နိုင်တဲ့နည်းလမ်းမျိုး မသုံးဘူး…

လင်းရီ ဆိုဖာပေါ်တွင် ခြေတင်ချိတ်၍ ထိုင်ချလိုက်၏။ ထို့နောက် ကိုယ်နှင့်မကွာ သယ်ဆောင်ထားသည့် စကေဘာကို ထုတ်ယူလိုက်ရင်း “ အမှန်ဆို ဒီရဲ့ ကြယ်ငါး သင်္ဘောကလည်း ငါ့အပိုင်ပဲလေ… ဒီတော့ ဘာကြီးပဲ ဖြစ်နေပါစေ ဘယ်သူမှ ဒီထဲ ဝင်လာမှာ မဟုတ်ဘူး… မင်းတော့ တော်တော်လေး ကံဆိုးရှာတာပဲ… မင်း သေချင်ရင်တောင်မှ နောက်ကွယ်က လက်သည်ကို မသိရသေးသရွေ့တော့ မရဏလမ်းကို အေးအေးချမ်းချမ်းနဲ့ ရောက်သွားဖို့ မစဉ်းစားထားနဲ့….”

All Chapters