← Chapters

အသက်ကြီးလာတဲ့ ပြဿနာတွေ

Vol. 60 Ch. 897

အသက်ကြီးလာတဲ့ ပြဿနာတွေ

Vol. 60 Ch. 897

“ မင်း….. မင်း ငါ့ကို ဘာလုပ်မလို့တုန်း……”

“ ငါ ပြောဖို့ မေ့နေတာ… ငါ အရင်က ဆေးရုံမှာ နှလုံး ခွဲစိတ် ဆရာဝန်လည်း လုပ်ခဲ့ဖူးသေးတယ်… ခွဲစိတ်နည်းလမ်း တစ်ဒါဇင်လောက်ကို ကျွမ်းကျင်ထားပြီးသား… ဂျပန်နင်ဂျာတွေတောင် ငါ့လက်ထဲမှာဆို ဆယ်မိနစ် မကျော်သွားဘူး… မင်းဆိုရင်ကော.... ဘယ်လောက်ထိ တောင့်ခံနိုင်လိမ့်မယ်လို့ ထင်လဲ..”

လင်းရီ လက်ထဲရှိ တောက်ပနေသည့် စကေဘာကို ကြည့်ရင်း အိုဝန် မျက်ဝန်းတို့ ကျိန်းစပ်လာခဲ့ကာ အသက်ရှူသံတို့ မြန်ဆန်လာလေသည်။

ပထမဆုံး အကြိမ်အဖြစ် သူ လူတစ်ယောက်နှင့် စကားပြောဆိုခြင်းမှ အကြောက်တရားကို ခံစားလိုက်ရခြင်းပင်။

“ မ... မလုပ်နဲ့.... ငါ သိသလောက် ပြောပြမယ်… ငါတို့ ရတဲ့ မစ်ရှင်တွေ အကုန်လုံးကို ကြားလူနဲ့ ဆက်သွယ်ရတာ… ငါတို့ ဘာမှ မသိဘူး… ငါတို့ သိတာ သတ်ရမယ့် ပစ်မှတ်ကိုပဲ… ကျေးဇူးပြုပြီး ငါ့ကို မသတ်ပါနဲ့… ငါမသေချင်သေးလို့ပါ..…”

စိတ်၏ မာကြောမှုပိုင်းဆိုင်ရာတွင်တော့ ဟွာရှန့်လူမျိုးများနှင့် နှိုင်းယှဉ်ရန် မဆိုထားဘိ၊ ဂျပန်နင်ဂျာတို့ထက်ပင် အမေရိကားသားများက ပျော့ညံ့နေသေးလေသည်။

မဟုတ်ပါက အဆိုပါ နိုင်ငံခြား ကျောင်းသားများအား ကိုင်တွယ်ရန် လွယ်ကူလိမ့်မည် မဟုတ်ချေ။

သေခြင်းတရား၏ ရှေ့မှောက်တွင်တော့ စိတ်သဘောထားမွန်မြတ်ခြင်းနှင့် ကျင့်ဝတ်စည်းကမ်းများ အကြောင်း ပြောရန် ဝေးစွ။ အနည်းငယ်မျှ ခြိမ်းခြောက်လိုက်သည်တွင် ၎င်းတို့၏ စိတ်ဓာတ်မှာ တုန်လှုပ်ကျိုးပျက်နေချေပြီ။

“ အဲ့ဒီ ကြားလူက ဘယ်သူလဲ…”

“ ငါလည်း မသိဘူး…. ဖုန်းထဲကနေပဲ အမြဲတမ်း ဆက်သွယ်ဖူးတာ…”

လင်းရီ လက်တစ်ဖက်ကို ခေါင်းအုံးထားလိုက်ပြီး အိုဝန်ကို ကြည့်လိုက်သည်။

ထိုငနဲ ပေးသည့် သတင်းအချက် အလက်များက အနည်းငယ်မျှပင် အသုံးမဝင် ဖြစ်နေကာ နောက်ကွယ်၌ မည်သူ ရှိနေလဲဆိုတာကို သူ မည်သို့ ဆက်စပ် တွေးတောကြည့်ရမှန်း မသိ ဖြစ်နေလေသည်။ထို့ကြောင့် သတင်း အချက်အလက်များကို ပို၍ တူးဆွကြည့်ရန် လင်းရီ ဆုံးဖြတ်လိုက်၏။

“ ဒါဆို မင်းတို့ မစ်ရှင် ပြီးသွားတဲ့အချိန်ကျ ငါ့ကို အဲ့ဒီ ကြားလူဆီ ဘယ်လို အပ်ကြမှာ…”

“ အဲ့လိုမျိုး လွှဲပြောင်းပေးစရာ မလိုဘူး… ဂျုံးစ်နဲ့ ငါနဲ့က အကောင်ကြီးကြီးတွေကိုပဲ ပစ်မှတ်ထားတာ… သူတို့ တစ်ခုခု ဖြစ်သွားပြီဆို TV သတင်းထဲ ပါလာမှာပဲလေ…. ခု မစ္စတာလင်းလိုပဲပေါ့…”

“ ဒါပေမယ့် တစ်ချို့ အသေးအမွှား မစ်ရှင်လေးတွေ လုပ်ဖို့ လိုအပ်လာတဲ့ အချိန်ကျရင်တော့ ဓာတ်ပုံ ဒါမှမဟုတ် တစ်စုံတစ်ခုကို သက်သေပြတဲ့အနေနဲ့ ပို့ပေးလိုက်တယ်ဆိုရင် လုံလောက်ပြီ …”

လင်းရီ မျက်မှောင် တင်းတင်း ကြုတ်မိသွားသည်။ ယခုလို နည်းလမ်းက ကြားလူနှင့် မျက်နှာခြင်းဆိုင် စကားပြောရန် အင်မတန်ခက်ခဲလှပေသည်။

“ မင်းကော အဲ့လူကို မြင်ဖူးလား…”

“ ငါတို့က ဝါရင့်တွေဆိုတော့ တစ်ခါတော့ ဆုံဖူးတယ်…” အိုဝန်ပြောပြီးနောက် လင်းရီ နောက်မေးမြည့် မေးခွန်းအား ကြိုသိနေဟန်ဖြင့် “ ဒါပေမယ့် သူနဲ့ အချိန်းအချက် ပြုဖို့တော့ အရမ်း ခက်ခဲတယ်… သူ့ဘက်က သဘောတူမယ်လို့ အာမ မခံနိုင်ဘူး…”

“ ငါ အဲ့စကားမျိုး မကြားချင်ဘူး… မင်း ကြည့်စီစဉ်လိုက်…. မင်းရဲ့ အသက်က မင်း ဘယ်လို ပြုမူလဲဆိုတဲ့ အပေါ် မူတည်နေတယ်…”

အိုဝန် ကြောက်ရွံ့စွာဖြင့် ကြက်သီးမွေးညင်းများ ထောင်ထသွားခဲ့သည်။ သူ့ရှေ့ရှိ အနှီ နူးညံ့သည့် ပုံစံနှင့်လူက သင်္ချိုင်းရှိ မကောင်းဆိုးရွားများထက်ပင် ကြောက်မက်ဖွယ် ကောင်းနေကြောင်း သူနားလည်ပေသည်။

အကယ်၍ သူ ပြောသည့် အတိုင်း မလုပ်ပါက ဂျုံးစ်ထက်ပင် ပို၍ ဆိုးရွားသည့် ကံကြမ္မာနှင့် ကြုံဆုံရကိန်း ရှိ၏။

“ နားလည်ပြီ.. ငါ့ကို အချိန် တစ်ချို့လောက်တော့ ပေးနိုင်မယ် မလား…”

လင်းရီ သူ့နာရီကို ကြည့်လိုက်ပြီး “ မနက်ဖြန် မနက်အထိ ဘာအကြောင်းမှ မထူးသေးဘူးဆိုရင်တော့ မင်းတို့နှစ်ယောက် အဝါရောင်လမ်းကို ဖက်လဲတကင်းနဲ့ သွားဖို့ ပြင်ထားလိုက်…. “

ပြောပြီးနောက် လင်းရီ အခန်းထဲမှ ထွက်ခွာသွားခဲ့တော့သည်။

သူ သင်္ဘောပေါ်ရှိ လုပ်သားတစ်ချို့ကိုလည်း အိုဝန်၏ အခန်းအား စောင့်ကြပ်ထားရန် စီစဉ်ထားခဲ့လိုက်သည်။ သို့မှသာ သကောင့်သားက ထွက်မပြေးနိုင်မည်ဖြစ်၏။

သူ လမ်းလျှောက်ထွက်လာပြီးနောက် မကြာမီ ရန်စီမှ ကုန်းပတ်ပေါ်တွင် သူရောက်လာမည်ကို ကြိုတင်သိနေသည့် အလား မတ်တပ်ရပ်၍ စောင့်ဆိုင်းနေလေသည်။

“ ဒီမှာ တစ်ချိန်လုံး ရှိနေတာလား…”

ရန်စီ ခေါင်းညိမ့်လိုက်သည်။

“ တစ်ခုခု ဖြစ်သွားမှာ စိုးလို့လေ… ဒါကြောင့်မို့ နင့်ကို ဒီမှာ စောင့်နေတာ….”

“ ငါကိုယ်တိုင် ကိုင်တွယ်တာကို မင်းက မယုံဘူးလား... ဘာပြဿနာ ရှိလာနိုင်မှာမို့လို့..….”

“ တခြားတော့ မဟုတ်ပါဘူး… နင့်အနာကို စိုးရိမ်လို့ပါ..” ရန်စီ ပြောလိုက်ပြီး “ ပြန်ကြစို့… နင့်အနာက သွေးတွေနဲ့… ခု ဆေးမထည့်ဘူးဆို ပိုးဝင်သွားတော့မှာ..”

“ မင်း မပြောခင်တုန်းကတော့ အကောင်းအတိုင်းပဲ… ခု ပြောလိုက်မှပဲ ပိုပြီး နာလာသလိုပဲဟ…”

“ ဒါဆိုလည်း မြန်မြန်သွားမယ်လေ… တကယ်လို့ အနာကနေ တခြား ဘေးထွက်ဆိုးကျိုးတွေ ရှိလာခဲ့ရင် နင် ပြဿနာ တက်လိမ့်မယ်…”

“နည်းနည်းလေး နာကျင်ရုံလောက်ပါပဲကွာ… ရေးကြီး ခွင်ကျယ် လုပ်စရာမလိုပါဘူး.. ငါ အရင်က ဘာပြောခဲ့ဖူးလဲ…. ငါတို့ရဲ့ လေ့ကျင့်ခန်းကို မနှောင့်နှေးစေနိုင်ပါဘူးလို့..”

“ ကောင်းပြီလေ… အဲ့တာဆို နင် ဒီည အပေါ်မှာနေလိုက်…. သက်ရောက်မှု ရှိ ၊ မရှိ ငါ ကြည့်စမ်းဦးမယ်…” ရန်စီ မျက်စောင်းလေးထိုး၍ အမြင်ကတ်ကတ်နှင့် ပြောလိုက်၏။

“ အာ… ငါတို့ ဒီည သောက်မယ်လို့ မပြောမိပါဘူး… ဟုတ်တယ်မလား… နေစမ်းပါဦး… မင်း တစ်ချိန်လုံး အကြောင်း စဉ်းစားနေတယ်လို့ မပြောနဲ့… မစောင့်နိုင်တော့ဘူးလား…” လင်းရီ မေးစေ့ပွတ်ရင်း စနောက် လိုက်ပြီး “ ပြောခါမှ ငါ ကျွန်းပေါ်မှာ ရက်နှစ်ဆယ်လောက်တောင် ကြာသွားတယ်… မင်းကလည်း ဝံပုလွေလို အသက်အရွယ်မှာဆိုတော့ လိုအပ်နေတာ သာမန်ပါပဲလေ…”

“ လင်းရီ… ငါနင့်ကို သေအောင် ညစ်သတ်ပစ်လိုက်မယ် သိလား…”

ရန်စီ သူမလက်ကို လင်းရီ ခါးပေါ်သို့ တင်၍ အညှာတာ ကင်းမဲ့စွာ ဆွဲဆိတ်လိုက်ပြီး “ နောက်ကလိုက်ခဲ့… လူတွေ မလာခင် ပြန်ကြစို့…”

“ အိုကေ အိုကေ….”

သူတို့ အခန်းထဲကို ရောက်တော့ ရန်စီမှ ရှေးဦးသူနာပြု ပစ္စည်းများအား ထုတ်ယူလိုက်ပြီး လင်းရီ၏ အနာအား ဆေးကြောသန့်စင်ပေးလေသည်။ အတွေ့အကြုံ မရှိသော်လည်း လင်းရီ၏ သင်ပြပေးမှုအောက်တွင် အလွန်လျင်မြန်စွာဖြင့် အနာကို ဆေးကြော၍ ပြီးသွားခဲ့၏။

“ အိုး ဟုတ်သား… ငါမင်းကို တစ်ခု ပြောဖို့ မေ့နေတာ..” လင်းရီ ပြောလိုက်ပြီး “ ထုတ်လုပ်ရေး အသင်းကို အနက်ဝတ်နှင့် လူအကြောင်း မဖြန့်ဖို့ သတိပေးလိုက်ဦး… TV စခရင်ပေါ်မှာလည်း မပေါ်လာစေနဲ့…”

“ ကောင်းပြီလေ… ငါ ပြောလိုက်မယ်…”

ဘာတွေဖြစ်ခဲ့မှန်း ရန်စီ မသိသော်လည်း လင်းရီမှ ပြောလာခဲ့သောကြောင့် သူ ပြောသည့် အတိုင်း လုပ်ဆောင်ပေးရန်သာ လိုအပ်လေသည်။

ကိစ္စပြီးနောက် လင်းရီ မတ်တပ်ရပ်၍ ရေချိုးခန်းထဲ ဝင်ကာ ဆေးကြော သန့်စင်လိုက်သည်။ နောက်ဆက်တွဲကတော့ အတိုးချပြီး အသံစုံသည့် သံစုံတီးဝိုင်း ညတစ်ည ဖြစ်သွားခဲ့လေတော့သည်။

အခြား အကြိမ်များနည်းသူ လင်းရီ နိုးလာသည့် အချိန်၌ ရန်စီမှာ သူ့ဘေးတွင် မရှိတော့ပေ။

လင်းရီ ရန်စီအား မချီးကျူးပဲ မနေနိုင်ချေ။

ညဉ့်နက်မှ အိပ်ရသည့် အတွက် ပင်ပန်းနေရမည့် အစား နှစ်နာရီ သုံးနာရီမျှ အိပ်စက်ပြီးနောက် စောစီးထ၍ အလုပ်သွားရန် ပြင်ဆင်နိုင်သေးသည်။

သူမ၏ ထိုသို့သော ခွန်အားဝိဉာဏ်မျိုးဖြင့် ကျားသစ်၊ ဝံပုလွေ သို့မဟုတ် ဂျာဂွာဟု သုံးနှုန်းသည်ကပင် လုံလောက်လိမ့်မည် မဟုတ်ချေ။

ထိုအကြောင်း စဉ်းစားမိတော့မှ လင်းရီ ရုတ်ချည်း ပြဿနာတစ်ခုကို သွား၍ သတိထားမိသည်။

နောင် သုံးနှစ်မှ ငါးနှစ်ဆိုလျှင် သူ့ဘေးရှိ အမျိုးသမီးတိုင်းက အသက် သုံးဆယ် ဝန်းကျင်သို့ ရောက်ရှိလာပေမည်။ သူမတို့ အားလုံးကို သူ ကိုင်တွယ်နိုင်လိမ့်မည်လော။ လင်းရီ သိပ်တော့ မသေချာပေ။

ဟင်း… ဒါတွေက အသက်ကြီးလို့ စိတ်ရှုပ်ရတဲ့ ပြဿနာတွေပါလား…

ခေတ္တမျှ တွေးတောပြီးနောက် လင်းရီ သူ၏ အတွေးများကို ရှင်းလင်းကာ အိပ်ရာထဲမှ ထလိုက်၏။ ထို့နောက် အဝတ်စားဝတ်၊ ရေချိုးခန်းထဲသွား၍ မျက်နှာသစ် သွားတိုက်လိုက်ပြီး ကိစ္စရှင်းကာ အိုဝန်နှင့် တွေ့ရန် ထွက်လာခဲ့သည်။

တံခါးကို တွန်းဖွင့်ပြီးနောက် ဆိုဖာပေါ်၌ ကြက်ဖကြီး လဒမှိုင် မှိုင်နေသည့် ပုံစံဖြင့် အိုဝန်အား လင်းရီ မြင်တွေ့လိုက်ရ၏။ သူ၏ အမူအရာကို ကြည့်ရသလောက်တော့ တက်ကြွဖျတ်လတ်နေခြင်းတို့ ပျောက်ဆုံးနေသည့် ပုံပင်။

“ ပြီးပြီလား..”

“ပြီးပြီ.... ကျိုးဟိုင်… ဟွာရှမှာ ဆုံမယ်တဲ့…”

“ ကျိုးဟိုင်လား…”

ဆုံတွေ့မည့် နေရာက လင်းရီကို အံ့အားသင့်သွားစေခဲ့သည်။

သူ့ရဲ့ ပိုင်နက်ထဲမှာ တွေ့ချင်နေတယ်ဆိုတော့ နည်းနည်းလေးတော့ မူမမှန်သလိုပဲ…

“ ငါ သူ့ကို အခြေအနေအမှန်အတိုင်း ရှင်းပြလိုက်တယ်… မစ္စတာလင်းကို လုပ်ကြံတာ မအောင်မြင်ခဲ့ဘူး.. ဒါကြောင့်မို့ ကျိုးဟိုင် ရောက်တဲ့ အချိန်မှာ ဆက်လှုပ်ရှားမယ်လို့ ပြောလိုက်တယ်..” အိုဝန်ပြောလိုက်ပြီး “ ပြီးတော့ မစ္စတာလင်းရဲ့ အထောက်အထားက ကျိုးဟိုင်မှာ နည်းနည်း ထူးခြားနေတာကြောင့်မို့ ကျိုးဟိုင်မှာ အလုပ်ပြီးမြောက်ဖို့ဆို တော်တော်လေးခက်မှာ… ဒါကြောင့်မို့ ပလန် ချပေးပြီး ကူညီပေးဖို့ တောင်းဆိုလိုက်တာ… အချိန်ကျလာရင်တော့ အကျိုးဆောင်ခ တစ်ချို့တော့ ပေးရမှာပေါ့… ဟိုလူလည်း ငွေမက်တာနဲ့ သဘောတူလိုက်တာပဲ..”

“ ကြားလူ တစ်ယောက်က အမြဲတမ်း ဆန်းကြယ်တဲ့ အသွင်ဖမ်းထားသင့်တယ် မဟုတ်ဘူးလား…” လင်းရီ ပြောလိုက်ပြီး “ ငါတော့ အဲ့ကောင်ဆီမှာ ငွေရှားနေမယ်လို့ မထင်ဘူး…”

“ဒါပေါ့… မစ္စတာလင်း ပြောတာလည်း မှန်ပါတယ်…” အိုဝန် ပခုံးတွန့်လိုက်ပြီး “သူ့မှာ ပိုက်ဆံ မရှားဘူး… ဒါပေမယ့် သူ မျက်စိကျနေတာက မစ္စတာလင်းရဲ့ ပိုက်ဆံတွေကိုပဲ… ဆုကြေးငွေကို မဟုတ်ဘူး… တကယ်လို့ မစ္စတာလင်းသာ သေသွားခဲ့ရင် ပိုက်ဆိုင်မှုတွေ အကုန်လုံးကို သူက လက်လွဲယူမှာလေ…”

လင်းရီ ပြုံးလိုက်ပြီး “ အမှန်အတိုင်း ဝန်ခံရရင် ငါဆို အဲ့လိုမျိုး မဖြစ်နိုင်တာကြီးကို အိပ်မက်ထဲတောင် ထည့်မက်မှာ မဟုတ်ဘူး..” လင်းရီ ပြုံးလိုက်၏။

“ ဒါပေါ့... ဒါပေမယ့် အဲ့တာက သူ့အတွေးလေ…. ပြီးတော့ သူကလည်း အနီးအနား ရောက်နေတော့ လာခဲ့ဖို့ သဘောတူလိုက်တာပဲ…” အိုဝန်ပြောလိုက်ပြီး “ မစ္စတာလင်း... မင်း ငါပြောတာတွေကို ယုံကြည်ပေးနိုင်မယ်လို့ မျှော်လင့်တယ်… မင်းက တတ်နိုင်စွမ်း ရှိတဲ့လူဆိုတာလည်း ငါသိတယ်…. ငါ ကိုယ့်အသက်နဲ့တော့ မကစားပါဘူး…ပြီးတော့ ကျိုးဟိုင်က မင်းရဲ့ ပိုင်နက် နယ်မြေလေ… ဘယ်သူကမှ အဲ့ဒီမှာ မင်းကို စိန်ခေါ်လို့ ရတာမှ မဟုတ်တာ…”

“ အိုး… မင်းက ပိန်းတယ်ရယ်လည်း မဟုတ်ပါလားကွ…” လင်းရီ ကျေနပ်အားရစွာ ပြုံးလိုက်ပြီး “ ဘယ်အချိန် တွေ့ကြမှာ…”

“ ထုတ်လုပ်ရေး အသင်းရဲ့ စည်းမျဉ်းတွေအရဆို ငါတို့ ဒီနေ့ ကျိုးဟိုင်ကို ပြန်ကြမယ်… သူလည်း လေယာဉ်လက်မှတ် အရေးတကြီး ဖြတ်ပြီး အဲ့ဒီကို အပြေးလာနေပြီ…ဆိုတော့…. သူ ဒီည အစောပိုင်းလောက် ကျိုးဟိုင်ကို ရောက်မယ်ထင်တာပဲ…”

“ မင်း ပြောတဲ့ အတိုင်း ငါလုပ်ပေးပြီးပြီနော်… မစ္စတာလင်း … မင်း ငါ့အသက်ကိုတော့ ချမ်းသာပေးမယ်မလား..”

လင်းရီ ပျင်းရိစွာဖြင့် အညောင်းဆန့်လိုက်ပြီး “ ခဏနေကျရင် အထုပ်ပိုး ပြင်ပြီး ငါနဲ့ လိုက်ခဲ့… မင်း ဒီညကျရင် ဇာတ်ပို့နေရာ နေရဦးမယ်…”

All Chapters