လုံယိဖျင်၏အောင်မြင်မှု
Vol. 22 Ch. 3.67
"မဖြစ်နိုင်ဘူး.... မင်းမှာ ဒီလို စွမ်းအားတွေ ရှိတယ်ဆိုတာ ငါ မယုံဘူး!"
ဗုန်း!
ဟိန်းဟောက်သံနှင့်အတူ လုံယိဖျင်သည် တဖန်ပြန်ထလာပြီး ကောင်းကင်ယံမှ လက်သီးမိုးများ သဲသဲမဲမဲ ရွာချလာတော့သည်။
ဝိညာဥ်စွမ်းအင်နှင့် ပေါင်းစပ်ထားသော လက်သီးများသည် တခါတရံ ဓားများအဖြစ်သို့ ပြောင်းလဲသွားကာ တစ်ခါတစ်ရံတွင် လက်နက်ပုန်းများ အဖြစ်သို့ ပြောင်းလဲသွားပြန်သည်။
"ဒါက တစ္ဆေ အလယ်အလတ်အဆင့် ကိုယ်ခံပညာတစ်ခုပဲ... ငရဲဆယ့်ရှစ်ချက်လို့ ခေါ်တယ်!"
"ငရဲဆယ့်ရှစ်ချက်?"
"မှန်တယ်... ယင်းယန်အကယ်ဒမီမှာ ရှိတဲ့ အလွန်အစွမ်းထက်တဲ့ ကိုယ်ခံပညာတစ်ခုလို့ကြားမိတယ်.... လက်သီးတစ်ချက် ထိုးပြီးရင် စစ်မှန်တဲ့စွမ်းအင်နဲ့ လက်နက် ၁၈ မျိုးကို အသွင်ပြောင်းနိုင်ပြီး ကာကွယ်ရေးကို ထိုးဖောက်ပြီး မမြင်နိုင်တဲ့ လူတွေကိုတောင် သတ်ပစ်နိုင်တယ်တဲ့.. . လုံယိဖျင်ရဲ့ လှုပ်ရှားမှုက ဓားအမျိုးအစား နှစ်မျိုးအဖြစ် ပြောင်းလဲသွားပေမယ့် အဲဒါက ရွေ့လျားမှုရဲ့ အနှစ်သာရကို ကျွမ်းကျင်ပြီး သူ့ စွမ်းအားက မပျော့ညံ့ဘူးလို့ ဆိုလိုတာပဲ"
"တစ္ဆေ အလယ်အလတ်အဆင့် ကိုယ်ခံပညာ... ဒီလိုလှည့်ကွက်မျိုးနဲ့ ခွန်အား တစ်သန်းရဲ့ အစွမ်းထက် နည်းနေရင်တောင် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ရဲ့ ပထမအဆင့်ကို သတ်ဖို့ လုံလောက်ပြီ!"
"အင်း.... လုရွှမ် အန္တရာယ်ရှိနေပြီ!"
ငရဲဆယ့်ရှစ်ချက်သည် လေထဲတွင် ပုံဖော်လာပြီး ဓါးနှင့်တူသော ရောင်ဝါသည် နေရာတိုင်းတွင် ပြန့်ကျဲနေသဖြင့် လူများကို အရေပြား စုတ်ပြဲစေသည့် ခံစားချက်ကို ရရှိလာစေသည်။
တစ္ဆေအဆင့်သို့ ရောက်သည့် ကိုယ်ခံပညာသည် သာမန်ကျင့်ကြံသူများ နားမလည်နိုင်သော စွမ်းအားကို ပိုင်ဆိုင်ခြင်းနှင့် ညီမျှပြီး ရန်သူကိုသတ်ရန် အဆင့်ကို ခုန်ကျော်နိုင်သည်။ လုံယိဖျင်၏ ကိုယ်ပိုင်အစွမ်းသတ္တိသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်၏ ပထမအဆင့် စွမ်းအားကို တိုက်ခိုက်နိုင်သည်။
"ဟမ့်.... ငါ့အတွက် သေလိုက်စမ်း!"
ဝိညာဥ်စွမ်းအင်သည် လွန်ကဲစွာ စုပြုံသွားပြီး လေထဲတွင် စစ်မှန်သော စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားသော လက်နက်သည် လုရွှမ်ထံ တည့်တည့် တိုးဝင်သွားသည်။
ဤလက်နက်များ အားလုံးသည် ဝိညာဥ်စွမ်းအင်၏ ပုံရိပ်ယောင် ဖြစ်နေသော်လည်း ၎င်းတို့သည် အစစ်အမှန် တိုက်ခိုက်နိုင်သည်။ ၎င်းတို့သည် အေးစက်သော အလင်းရောင်ဖြင့် တုန်ခါနေကာ ရန်သူ့ထံသို့ မရောက်မီတွင် လေကိုထိုးခွဲကာ လူများကို ၎င်းတို့၏ ခန္ဓာကိုယ်အနှံ့ ချမ်းအေးသွားစေသည်။
"တစ္ဆေ အလယ်အလတ်အဆင့် ကိုယ်ခံပညာ? မင်းက အပြင်ခြံဝန်းမှာ နံပါတ်တစ် ဖြစ်လာနိုင်တာ အံ့သြစရာတော့ မရှိပါဘူး.... မင်းမှာ သေချာတဲ့ လှည့်ကွက်တွေ ရှိနေတာပဲ!"
လုရွှမ်က မျက်ခုံးပင့်လိုက်ပြီး နောက်မဆုတ်သွားဘဲ သူ့ကိုရင်ဆိုင်ဖို့ လက်ကို မြှောက်လိုက်သည်။
နဂါးဆင်ရွှေလက်ဝါး!
ရွှမ်ချင်ဂိုဏ်း၏ အစွမ်းထက်ဆုံး ကိုယ်ခံပညာသည် ဒုတိယအဆင့်သည် တစ္ဆေအဆင့်သို့ မရောက်သေးသော်လည်း ၎င်းသည် အလွန်ကြောက်စရာ ကောင်းနေသေးသည်။ ယခုအချိန်တွင် သူ၏ အစွမ်းဖြင့် လေထဲတွင် ပြင်းထန်သော တုန်ခါမှုမျိုး ရှိနေသေးသည်။
ကောင်းကင်မှ ဆင်းသက်လာသော နဂါးကြီး ဆင်ကြီးများကဲ့သို့ ကောင်းကင်ကို ဖြတ်လျှောက်ကာ လေထုကိုပင် ချေမှုန်းပစ်နိုင်ဖွယ် ရှိ၏။
ဗုန်း!
ငရဲဆယ့်ရှစ်ချက် လက်သီးနှင့် နဂါးဆင်ရွှေလက်ဝါးတို့ ပြိုင်တူတိုက်မိကာ ကောင်းကင်ယံတွင် လက်နက်များ ပျံ့သွားပြီး စစ်မှန်သော စွမ်းအင်များ ပြန်ကန်ထွက်လာသည်။ လုံယိဖျင်၏ မျက်နှာသည် ဖြူဖျော့သွားကာ အမြန်ပြန်ဆုတ်လိုက်ရ၏။
ဖူး!
သွေးတွေ အန်ထွက်လာပြီး လုံယိဖျင်ရဲ့ အသက်ရှုသံတွေက ဖရိုဖရဲ ဖြစ်သွားသည်။ တူညီသော ကိုယ်ခံပညာဖြင့် သူသည် မယှဉ်နိုင်သေးဘဲ တစ်ချက်တည်းဖြင့် ရှုံးနိမ့်ခဲ့သည်။
"ငါမယုံဘူး!!"
လုံယိဖျင်သည် သူ၏ပြည့်ဝသော မာနဟာ လူရှေ့သူရှေ့တွင် ကွဲကြေသွားသည်ဟု ခံစားလိုက်ရသည်။
သူသည် အကယ်ဒမီ၏ အပြင်ဘက်ခြံဝန်းတွင် နှစ်အတော်ကြာ နံပါတ်တစ်ဖြစ်ခဲ့ပြီး သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်ကို ခြေတစ်လှမ်း တစ်ဝက်သာသာ ကွာဝေးတော့သည်။ ယခု သူသည် အပြင်းထန်ဆုံး ကိုယ်ခံပညာကို ပြသနေတာတောင် ကျောင်းသားအသစ် တစ်ယောက်ဆီက ရှုံးနိမ့်ခြင်းကို အမှန်တကယ် ခံခဲ့ရသည်။
ဗုန်း!
သူ၏ရှည်လျားသော ဟောက်သံနှင့်အတူ သူ့ပတ်ဝန်းကျင်ရှိ ကြီးကျယ်ခမ်းနားသောအငွေ့အသက်တို့သည် ရေဝဲများထဲတွင် စုရုံးလာပြီး တခဏချင်းတွင် လူတစ်ကိုယ်လုံး၏ စိတ်နေစိတ်ထားသည် သေခြင်းမှ အဆုံးမဲ့ မဖြစ်နိုင်သော နတ်ဘုရားများအဖြစ်သို့ ပြောင်းလဲသွားသည်။
"သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်?? ခေါင်းဆောင်လုံက သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ကို တိုက်ရိုက် ဖြတ်ကျော်သွားခဲ့တာပဲ"
"သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ကို တရှိန်ထိုး ဖောက်ထွက်လိုက်ပြီ ဆိုတော့ သက်တမ်းနဲ့ ခွန်အားကို တိုးမြင့်ပေးလိုက်ပြီပေါ့"
"အရမ်းသန်မာလွန်းတယ်... စီနီယာလုံယိဖျင်က အချိန်မရွေး ဖြတ်ကျော်သွားနိုင်ပုံရတယ်... ဒီတစ်ခါတော့ သူတကယ်ကို စိတ်ဆိုးသွားပြီကွ!"
"ဆက်တိုက်ရှုံးတဲ့ ဘယ်သူမဆို စိတ်ဆိုးမှာ သေချာတယ်!"
လုံယိဖျင်ရဲ့ အမူအရာ အပြောင်းအလဲတွေကို မြင်လိုက်ရတော့ အားလုံး အံ့အားသင့်သွားကြသည်။ လုံယိဖျင် ဆိုသည့်အတိုင်း တိုက်ပွဲအတွင်း အဆင့်တစ်ခုကို ဖြတ်ကျော်သွားခဲ့သည်။
"အဆင့်တစ်ခု ဖြတ်ကျော်လိုက်တာနဲ့ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ကို ရောက်တာနဲ့ ခွန်အားနဲ့ တုံ့ပြန်မှုတွေက အများကြီး တိုးလာလိမ့်မယ်... လုရွှမ် အခုအချိန်မှာ အားကောင်းနေရင်တောင်မှ ခဏကြာပြီးရင် ပြိုင်ဘက် မဟုတ်တော့မှာ သေချာတယ်"
"သူ့ရဲ့တစ်ခုတည်းသော နည်းလမ်းက ခေါင်းဆောင်လုံ ထိုးဖောက်နေတဲ့ အောင်မြင်မှုကို ဟန့်တားဖို့.... အခု တိုက်ခိုက်လိုက်ဖို့ပဲ"
လုံယိဖျင်၏ အငွေ့အသက်များ ပိုမိုအားကောင်း လာသည်ကို တွေ့မြင်ရသဖြင့် သူသည် အချိန်မရွေး နဂါးတံခါးကို ခုန်တက်နိုင်ပြီး သူ၏အောင်မြင်မှုများမှာ ထူးထူးခြားခြား သန်မာလာမှာမို့ ကျောင်းသားများစွာ၏ နှလုံးသားထဲတွင် ညည်းညူနေကြသည်။
အခုအခြေအနေကနေ ကြည့်ရင် လုရွှမ်နဲ့ လုံယိဖျင်ဟာ ဟာ လုံးဝ ပြိုင်ဘက်တွေ မဖြစ်နိုင်ဘူးဆိုတာ သိနိုင်ပါသည်။ သူအောင်မြင်သွားရင် ကျရှုံးတဲ့ သူက လုရွှမ်ပဲ ဖြစ်ရမည်။
အောင်မြင်သည်နှင့် တစ်ပြိုင်နက် လုံယိဖျငိ၏ အငွေ့အသက်များသည် ပိုမိုအားကောင်းလာပြီး ၎င်းကို တိုက်လှန်နိုင်စွမ်း မရှိတော့ပေ။
"သခင်လေး...မြစ်လယ်ကို ရိုက်ပြီး သူဖြတ်ကျော်နေချိန် ဝင်တိုက်လိုက်တော့...."
လျောက်ချင်းလည်း ဒါကို သဘောပေါက်ပြီး ကမန်းကတန်း အော်လိုက်သည်။
မြစ်လယ်ကို ရိုက်ခြင်း၏ အဓိပ္ပါယ်မှာ အလွန်ရိုးရှင်းသည်။ ဆိုလိုသည်မှာ ရန်သူစစ်တပ်ကို တိုက်ခိုက်ရန်ပင်။ ရန်သူစစ်တပ်သည် မြစ်တစ်ဝက်ကိုသာ ဖြတ်ကျော်ပြီးချိန် ဝင်ရောက် တိုက်ခိုက်ရပါက မြစ်တစ်ဖက်ကမ်းကို လွတ်မြောက်လိုတဲ့ တွန်းအားက ရန်သူတွေရဲ့ အနေအထားကို အနှောင့်အယှက် ဖြစ်စေပြီး ချေမှုန်းဖို့ အကောင်းဆုံးအချိန်ပဲ။
ဤအချိန်တွင် အော်ဟစ်ခြင်း၏ အဓိပ္ပါယ်မှာ အလွန်ရိုးရှင်းပါသည်။ လုရွှမ်သည် ပြိုင်ဘက်ကို လုံးလုံးလျားလျား မကျော်ဖြတ်မီ အချိန်တွင် တိုက်ခိုက်နိုင်စေရန် ဖြစ်သည်။ ၎င်း၏ အောင်မြင်မှုအပေါ် သက်ရောက်ပါက သူသည် အနိုင်ရရန် အခွင့်အလမ်းရှိသည်။
လျောက်ချင်းသည် ကျန်းဝူအကယ်ဒမီ ဥပဒေအဖွဲ့၏ ခေါင်းဆောင် ဖြစ်ခဲ့ဖူးသည်။ သူသည် လူများနှင့် ကမ္ဘာကြီးအကြောင်း များစွာသိသည်။ လုံယိဖျင် ဖြတ်ကျော်သွားသည့်အခါတွင် သခင်လေးသည် မလွှဲမရှောင်သာ၍ ဒုက္ခရောက်မည်ကို သူသိသည်။
မည်သို့ပင်ဆိုစေကာမူ ရန်လိုသော ဆက်ဆံရေးတစ်ခု ဖြစ်သည်။ အချိန်ကျလာတဲ့အခါ အသည်းအသန် မခုခံဘဲ ကြိုပြီးတားတာက ပိုကောင်းပါ၏။
သူ့မှာ အကြံကောင်းတစ်ခု ရှိပေမယ့် အဝေးက လုရွှမ်က ဒါကို မကြားဘူးသလိုပဲ တည်ငြိမ်တဲ့ မျက်နှာထားနဲ့ မတ်တပ်ရပ်နေသည်။ ဘာမှလုပ်ဖို့ ရည်ရွယ်ချက် မရှိခဲ့ပေ။
"မအော်နဲ့.... နင့်ရဲ့သခင်လေးက ဘယ်လို လူလဲဆိုတာ နင်မသိဘူးလား?"
သူဆက်အော် ချင်သေးတာကို မြင်တော့ မင်းသမီးလော့ရုံက တားမြစ်လိုက်သည်။
လုရွှမ်နဲ့ အဆက်အသွယ် မရတာ ကြာပေမယ့် အခုလက်ရှိလူတိုင်းက သူ့စရိုက်ကို သိပါ၏။ သူဟာ ပုန်ကန်တတ်ပြီး အလွန်မောက်မာတဲ့သူပါ။ သူ့ကိုတိုက်ခိုက်ပြီး ဗီလိန်လိုပြုမူဖို့ အခွင့်အရေးကို မလုပ်ချင်မှာ ကြောက်ရသည်။
"ဒါပေမဲ့....."
လျောက်ချင်းမှာ စိုးရိမ်နေမိဆဲ။
"ဒါပေမဲ့ လုပ်မနေနဲ့... နင်တို့ရဲ့သခင်လေးက မာနကြီးပေမယ့် သူက မတုံးဘူး.... သူငြိမ်ငြိမ်နေဖို့ သတ္တိရှိနေတာက သူ့မှာ သူ့ကိုယ်ပိုင် အကြံဥာဏ်တွေ ရှိရမယ်... စိတ်ပူနေစရာ မလိုဘူး!"
ဟန်ရွှယ်ကလည်း စကားဝင်ပြောသည်။
လုရွှမ်နဲ့အတူ သေရေးရှင်ရေးကို တွေ့ကြုံခဲ့ရပြီး သူဘယ်လို လူစားမျိုးလဲဆိုတာ သိလိုက်ရသည်။ အန္တရာယ် တစ်ခုခုရှိခဲ့ရင် သူအရင်ကတည်းက လှုပ်ရှားခဲ့ပြီ။ သူ့ရဲ့အတွင်းစိတ်မာနကြောင့် ဒီမှာ ဘယ်တော့မှ စောင့်နေမှာ မဟုတ်ဘူး။
"အင်း"
သူတို့ပြောသည်ကို ကြားပြီး သခင်လေးနှင့် သူ၏အတွေ့အကြုံကို သတိရသောအခါ လျောက်ချင်းသည် ခေတ္တရပ်သွားကာ စကား ဆက်မပြောတော့ပေ။
သခင်လေးသည် အသက်ငယ်သော်လည်း ၎င်းတို့အား မည်သည့်အခါမျှ စိတ်ပျက်စေခြင်း မရှိခဲ့ပေ။
ဗုန်း!
အော်ဟစ်နေစဉ်တွင် လုံယိဖျင်၏ ခန္ဓာကိုယ်တစ်ဝိုက်ရှိ ပြင်းထန်သော အငွေ့အသက်များ ရပ်တန့်သွားကာ သူ့တစ်ကိုယ်လုံး အခြေခံကျသော ပြောင်းလဲမှုကို ခံစားခဲ့ရပြီး ပိုမိုအားကောင်းလာခဲ့သည်။
လှုပ်ရှားမှုတိုင်းတွင် သက်တံကဲ့သို့ ရောင်ဝါရှိသော ရေနဂါးကဲ့သို့ သန်မာသော အမျိုးသားတစ်ဦး၏ ထူးခြားသော ရောင်ဝါများလည်း ထွက်ပေါ်လျက်ရှိသည်။
သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်!
ငါးကြင်းသည် နဂါးတံခါးကို ခုန်တက်သွားသကဲ့သို့ လုံယိဖျင်သည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်သို့ ခုန်တက်သွားလေပြီ။
"မင်းက အရမ်းယုံကြည်ချက် ရှိနေပုံရတယ်... ငါ့ကို အဟန့်အတားမရှိဘဲ ဖြတ်ကျော်ခွင့်ပေးလိုက်တာ မင်းဘဝရဲ့ အမိုက်မဲဆုံး ဆုံးဖြတ်ချက်ပဲ ဆိုတာ သေချာသွားအောင် မင်းကို အခု ငါပြောပြမယ်"
ကန့်သတ်ချက်တွေကို ဖြတ်ကျော်ပြီး သူ့ခန္ဓာကိုယ်ထဲက အလွန်အစွမ်းထက်တဲ့ စွမ်းအားတွေကို ခံစားရင်း လုံယိဖျင်ဟာ ကျယ်လောင်စွာ ရယ်မောပြီး စိတ်အလိုကို လိုက်စားနိုင်တဲ့ ပုရွက်ဆိတ် တစ်ကောင်ကို ကြည့်နေသလို လုရွှမ်ကို တစ်ဖန် ပြန်ကြည့်လိုက်သည်။