← Chapters

သေတဲ့အထိအရိုက်ခံရတယ်

Vol. 22 Ch. 3.68

သေတဲ့အထိအရိုက်ခံရတယ်

Vol. 22 Ch. 3.68

"ဒါက သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၁ရဲ့ ပြီးပြည့်စုံခြင်း အဆင့်ပဲ!"

"သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၁ရဲ့ ပြီးပြည့်စုံခြင်းအဆင့်?? မင်းပြောချင်တာက စီနီယာလုံယိဖျင်က အစောပိုင်းအဆင့်၊ အလယ်အလတ်အဆင့် နှောင်းပိုင်းအဆင့်နဲ့ အထွတ်အထိပ်အဆင့်... အဆင့် လေးခုကို ဆက်တိုက် ဖြတ်ကျော်သွားခဲ့ပြီး ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်သွားတာလား?"

"မှန်တယ်.... ကြောက်စရာ ကောင်းချက်ပဲ အဆင့်တစ်ခုလုံးရဲ့ အောင်မြင်မှုတွေကို ရအောင် စီနီယာလုံက ဝိညာဥ်စွမ်းအင်တွေ အများကြီး စုဆောင်းထားတာပဲ!"

"သူဟာ အပြင်ခြံဝန်းမှာ နှစ်အတော်ကြာအောင် နံပါတ်တစ် ဖြစ်ခဲ့တာ အံ့သြစရာ မဟုတ်ပေမယ့် ထိုးဖောက်ဖို့ မအောင်မြင်ခဲ့ပါဘူး.... ဖောက်ထွက်ပြီးတာနဲ့ သူအရမ်း အစွမ်းထက်လာတာပဲ!"

လုံယိဖျင်ရဲ့ အောင်မြင်မှုကနေ ထွက်ပေါ်လာတဲ့ ရောင်ဝါကို ခံစားလိုက်ရတော့ ခန်းမထဲက လူတိုင်းဟာ ထိတ်လန့်ပြီး စကားမပြောနိုင် ဖြစ်သွားကြသည်။

အခြားသူများ ထိုးဖောက်သွားပါက သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် ပထမအဆင့်၏ အစောပိုင်းအဆင့်ကိုသာ ရောက်ရှိနိုင်သော်လည်း လုံယိဖျင်ကတော့ အဆင့်ငယ်များစွာကို ဆက်တိုက် ဖြတ်ကျော်သွားခဲ့သည်။ ဤတစ်ခုတည်းမှပင် သူ၏စုဆောင်းမှုသည် မည်မျှထူထပ်သည်ကို တွေ့မြင်နိုင်သည်။

"လုရွှမ် တော်တော်မိုက်တာပဲ.... သူအဆင့်တက်နေချိန် အခွင့်ကောင်းယူရင် တကယ်ပဲ အောင်နိုင်လိမ့်မယ်... ဒါပေမဲ့ အခုတော့ မဖြစ်နိုင်လုနီးပါး ဖြစ်နေပြီ!"

"ဟုတ်တယ်.... သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်ရဲ့ သေးငယ်တဲ့နယ်ပယ်မှာ ခွန်အားတွေတိုးလာမှာ မဟုတ်ပေမယ့် သက်တမ်းကတော့ တိုးလာမှာပဲ.... တိုက်ပွဲရဲ့အသိဉာဏ်နဲ့ နားလည်မှု နှစ်ခုစလုံးက ခုန်ပျံကျော်လွှားပြီး တိုးတက်လာမှာ.... လက်ရှိစီနီယာ လုံယိဖျင်က အရင်ကထက် နှစ်ဆ ပိုသန်မာလာပြီ!"

"ဒါက သူ့ဘာသာရှာတဲ့ သေလမ်းပဲ!! တခြားဘယ်သူမှ အပြစ်ပြောစရာ မရှိဘူး!"

"သေရေးရှင်ရေးကို အပြန်အလှန် ရင်ဆိုင်နေရတဲ့ အချိန်မှာ စေတနာနဲ့ ဖြောင့်မတ်မှုတွေက ဘယ်လောက် အရေးပါနိုင်မှာလဲ? ဒီလုရွှမ်က ငယ်ပါသေးတယ်"

အောင်မြင်ပြီးနောက် လုံယိဖျင်၏ ခွန်အားကို သိလိုက်ရသဖြင့် လူတိုင်း ခေါင်းခါမပြနိုင် ဖြစ်ကုန်ကြသည်။

လုရွှမ်က အခုနက ပြသခဲ့တဲ့ ခွန်အားဟာ တကယ်ကို ကြောက်စရာကောင်းပေမယ့် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်အောက်မှာပဲ ရှိပါသေးသည်။ သူက အစောပိုင်းအဆင့်နဲ့ အလယ်အလတ် အဆင့်တွေမှာရှိတဲ့ တိုက်ခိုက်မှုတွေကိုပဲ ခံနိုင်ရည်ရှိနိုင်၏။

ပြီးပြည့်စုံခြင်း အဆင့်နဲ့ ထိပ်တိုက်တွေ့ရင်တော့ သေသွားရမှာ မလွဲဧကန်ပင်။

"ထိုးဖောက်လို့ ပြီးသွားပြီလား?"

လူတိုင်း၏ မှတ်ချက်များကို လျစ်လျူရှုထားပြီး လုံယိဖျင် ထိုးဖောက်အောင်မြင်မှု အပြီးတွင် လုရွှမ်က ခေါင်းကိုမော့ကာ ပြုံးပြလိုက်သည်။

"မင်း ငါ့ရဲ့ ထိုးဖောက်နေချိန်ကို အခွင့်ကောင်း မယူခဲ့ဘူးဆိုတော့... ငါ မင်းအလောင်း တစ်ခုလုံးကို အကောင်းအတိုင်း ထားပေးမယ်!"

သူ့မျက်လုံးထဲတွင် အလင်းတန်း တစ်ခုဖြင့် လုံယိဖျင်က သူ့လက်ကို ဝှေ့ယမ်းပြီး ရက်ရောစွာ ပြောလိုက်သည်။

"အလောင်းတစ်လောင်းလုံး?" လုရွှမ်က ခေါင်းခါလိုက်ပြီး

"မလိုပါဘူး.... မင်းရဲ့အလောင်း တစ်ခုလုံးကိုပဲ ထိန်းထားနိုင်မလား ဆိုတာ စဉ်းစားထားသင့်တယ်!"

"မင်း!"

မထင်မှတ်ပဲ ထိုးဖောက်ဝင်ရောက် အောင်မြင်ခဲ့ပြီးတာတောင် တစ်ဖက်လူက ဒီလိုသဘောထား ရှိနေတုန်းပဲ။ လုံယိဖျင်က သူ့မျက်လုံးတွေကို မှိတ်ထားလိုက်ပြီး

"မင်းက သေချင်နေတော့ ငါမင်းကို ကူညီပေးရမှာပေါ့.... မင်းရဲ့ခွန်အားက မပျော့ဘူးဆိုပေမယ့် တကယ့် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က လူနဲ့ယှဥ်ရင် မင်းက အရမ်းဝေးနေသေးတယ် ဆိုတာ မင်းသိအောင် ပြောပြလိုက်မယ်!"

ဟိန်းဟောက်သံနှင့် အတူ လုံယိဖျင်သည် ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်ပြီး တစ်ချိန်တည်းမှာပင် သူ၏ လက်သီးများကို ဆုပ်ကိုင်ကာ အောက်သို့ ထိုးချလိုက်သည်။

ဗုန်း!

ငရဲဆယ့်ရှစ်ချက် လက်သီးများ၏ တူညီသော လှုပ်ရှားမှုများမှာ ဤအခိုက်အတန့်တွင် စွမ်းအားများ မတူတော့ပါ။

ယခင်က ဓားနှစ်ချောင်းသာ အသွင်ပြောင်းခဲ့သော်လည်း ယခုအချိန်တွင် ဓားခုနစ်ချောင်း၊ လှံများ၊ ဓားပျံများ၊ ဓားမြှောင်များနှင့် ပုဆိန်များသည် စစ်မှန်သောစွမ်းအင်များ ပျံ့နှံ့ရောက်ရှိသွားရာ နေရာ၌ ပေါ်လာသည်။

လက်နက် ခုနစ်လက်သည် လေကို အပိုင်းပိုင်း ခွဲလိုက်သကဲ့သို့ ဖြတ်ကျော်သွားကာ ၎င်းတို့ မရောက်မီတွင် လူများကို အေးခဲသွားစေပြန်သည်။

ခွန်အားတစ်ခုတည်းနဲ့ ပြောရရင် တူညီတဲ့ လှုပ်ရှားမှုဟာ အရင်ကထက် နှစ်ဆပိုပြီး အားကောင်းလာ၏။

ကြောက်စရာကောင်းချက်!

"သခင်လေး!"

ဤလှုပ်ရှားမှုသည် မည်မျှ အစွမ်းထက်သည်ကို မြင်လိုက်ရတဲ့ လျောက်ချင်း ထိတ်လန့်သွားသည်။

မင်းသမီး လော့ရုံ၊ ဟန်ရွှယ်နှင့် ငြိမ်သက်နေသော အခြားသူများပင်လျှင် လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကာ ခေါင်းပေါ်မှ ချွေးအေးများ စီးကျလာသည်။

အခြားသူများ နောက်တစ်ဆင့်သို့ တက်လှမ်းရန်၊ သိုင်းပညာ ပြန်လည် ကောင်းမွန်လာရန် အချိန်အတော်ကြာအောင် လေ့ကျင့်ရန် လိုအပ်ပါသည်။ သူတို့ရှေ့တွင်ရှိ ဤသူသည် ကိုယ်ခံပညာကို ဖြတ်ကျော်ပြီးသည့် နောက်တွင် အလွန်မြန်ဆန်ကြောင်း များစွာနားလည်သဘော ပေါက်လာခဲ့သည်။

သူ့ရဲ့ အရည်အချင်းက အရမ်း အံ့သြဖို့ကောင်းလောက်အောင် မြင့်မားနေတာကို တွေ့လိုက်ရ၏။

ဟူ!

လျောက်ချင်းနှင့် အခြားသူများ၏ စိုးရိမ်သောက မျက်လုံးများဖြင့် ကြည့်နေစဥ် လုရွှမ် လှုပ်ရှားလိုက်သည်။ အရင်လိုအတိုင်း ရှောင်တိမ်းဖို့ မရွေးချယ်ဘဲ ထိပ်တိုက် ပြေးဝင်သွားခဲ့သည်။

"သူ ဒါက... ဘာလုပ်နေတာလဲ?"

လုရွှမ်ဟာ ရှေ့ကို ထိုးထွက်လိုက်တဲ့အခါ အားကောင်းတဲ့ ကိုယ်ခံပညာကို ဆက်လက်အသုံးပြုမယ်လို့ တွေးထားခဲ့ပေမယ့် လက်ဖဝါးကို လုံးဝအသုံးပြုဖို့ ရည်ရွယ်ချက်မရှိဘဲ ရှေ့တည့်တည့်ကို ပြေးသွားတာ တွေ့ခဲ့ရသည်။ သူ့ကိုယ်သူ ခုခံကာကွယ်ဖို့ပင် မစွမ်းသာတဲ့ အခြေအနေနဲ့ ဤကဲ့သို့ ရှေ့သို့ တိုးသွားသည်။

ကိုယ်ခံပညာအရ လှည့်ကွက်တွေ မသုံးရင်၊ မခုခံရင်တောင် ရန်သူ့ဆီသာ တိုးဝင်သွားလိုက်ရင် ကိုယ့်အသက်ကို စွန့်လွှတ်ပြီး တစ်ဖက်လူကို စိတ်လိုလက်ရ သတ်ပစ်စေဖို့ အသင့်ဖြစ်နေပြီးသား ဖြစ်သွားပြီ။

ဒါက မဖြစ်နိုင်ဘူး မဟုတ်လား။

လုရွှမ်၏ လှုပ်ရှားမှု အဓိပ္ပါယ်ကို မသိသောကြောင့် လူတိုင်း အံသြသွားကြသည်။

"ဒါ မင်းဘာသာ သေကြောင်းရှာတာကွ!"

လုံယိဖျင်က လုရွှမ်ဟာ ဒီလိုလှည့်ကွက်မျိုး သုံးလာဖို့ မမျှော်လင့်ထားခဲ့ဘူး။ စိတ်လှုပ်ရှားမှုတွေကြောင့် မျက်လုံးတွေ တောက်ပလာပြီး သူ့လက်ဖဝါးရဲ့ ခွန်အားတွေကို ထပ်ပြီးတိုးလိုက်သည်။

ဗုန်း!

သူ၏ စစ်မှန်သော စွမ်းအင်များ အရှိန်အဟုန်ဖြင့် လိုက်ပါသွားသော ငရဲ ဆယ့်ရှစ်ချက်မှ အသွင်ပြောင်းလာသော လက်နက် အရေအတွက်သည် နောက်ထပ် နှစ်ခု တိုးလာခဲ့သည်။ လက်နက် ကိုးခုသည် လုရွှမ်ကို ဖောက်ခွဲ ဖြတ်လိုသည့် အတိုင်း တပြိုင်နက် ရှေ့သို့ ရွေ့လျားသွားခဲ့သည်။

ဝုန်း!

ငရဲဆယ့်ရှစ်ချက်နှင့် လုရွှမ် တိုက်မိလိုက်ရာ ကြီးမားသော အသံဗလံများ ထွက်ပေါ်လာပြီး လေထုသည် ခန်းမ၏ မာကျောသော ကြမ်းပြင်ကို ဖြိုဖျက်ကာ မီတာဆယ်ဂဏန်း အကွာအဝေးအတွင်း စားပွဲများနှင့် ကုလားထိုင်များကို အမှုန့်အဖြစ်သို့ ပြောင်းလဲသွားစေသည်။

"လုရွှမ်.... သေသွားပြီလား?? ဒါမဖြစ်နိုင်ဘူး!"

လုရွှမ် ထိပ်တိုက်တွေ့ဆုံမှုမှာ ပစ်ပေါက်ခံရမယ်လို့ လူတိုင်းက ထင်ခဲ့ကြပေမယ့် သူတို့ရှေ့က မြင်ကွင်းကို မြင်လိုက်ရတော့ အားလုံးက မယုံနိုင်လောက်အောင် ဖြစ်သွားကြ၏။

ခုခံနိုင်စွမ်း မရှိသော လုရွှမ်သည် ငရဲဆယ့်ရှစ်ချက်၏ လှုပ်ရှားမှုကို တွန်းလှန်ခဲ့သည်ကို မြင်လိုက်ရသည်။ သူ့ခန္ဓာကိုယ်က နဂိုအတိုင်းသာ ဖြစ်ပြီး သူ၏ ရှေ့သို့ အရှိန်လုံးဝမလျော့ဘဲ လုံယိဖျင်ကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။

"ဘာ!!"

လုံယိဖျင်သည် သူ့မျက်လုံးများ မြင်ရသမျှကို မယုံနိုင်ဘဲ သူ့သူအိမ်ငယ်များ ကျဉ်းမြောင်းလာပြီး တစ်ကိုယ်လုံး တုန်ခါသွားကာ သူ့လက်ဖဝါးကို ပြန်ငုံ့ကြည့်လိုက်သည်။

သို့သော်လည်း အချိန်အတော်ကြာ စုဆောင်းထားသော လက်သီး စွမ်းအင်များသည် လုရွှမ်ကို မတားဆီးနိုင်တော့ဘဲ အလျင်စလို လက်ဖဝါးကို အသုံးပြုလိုက်သည်။

ဖျောက်!

အရိုးကွဲသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ လုံယိဖျင် ထွက်ပြေးရန် အချိန်မရှိတော့ဘဲ ဆန့်တန်းထားသော လက်မောင်းကို လုရွှမ်မှ အမှုန့်အဖြစ် ရိုက်ခွဲလိုက်ပြီးနောက် ရင်ဘတ်ကို လက်ဝါးဖြင့် မိတ်ဆက်၍ လူတစ်ကိုယ်လုံးကို နံရံပေါ်က ပစ်ပေါက်လိုက်ပေ၏။

"သေတဲ့အထိ အရိုက်ခံလိုက်ရတာလား?"

"စီနီယာလုံယိဖျင်က သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် ရဲ့ ပထမအဆင့်ကို အောင်မြင်စွာ ဖြတ်ကျော်ပြီး တစ္ဆေ အလယ်အလတ်အဆင့် သိုင်းကွက်ကို သုံးခဲ့တာတောင် သူကတော့ ထိုးနှက်ချက် တစ်ချက်တည်းနဲ့ အနိုင်ယူသွားတယ်လား?"

"ဘာလှည့်ကွက်မှ မရှိ၊ ကိုယ်ခံပညာ မရှိဘဲ၊ သူ့ရဲ့ကိုယ်ခန္ဓာ ခွန်အားတစ်ခုတည်းနဲ့ လူတွေကို သတ်နိုင်တယ်?? ဒါက တကယ်ရုပ်ခန္ဓာ ခွန်အားပဲလား?"

"ငါ မျက်ကန်းသွားတာ မဟုတ်ဘူးမလား?"

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? လူ့ခန္ဓာကိုယ်ကို ဘယ်လို အတိုင်းအတာအထိ လေ့ကျင့်နိုင်မှာလဲ"

ဒီမြင်ကွင်းကို မြင်လိုက်ရတော့ အားလုံးက ရူးသွပ်သွားကြလေ၏။ တစ်ခန်းလုံး တိတ်ဆိတ်သွားပြီး အားလုံးက လည်ချောင်းတွေ ခြောက်ကပ်သွားသလိုမျိုး စကားတောင် မပြောဖြစ်ကြ။

ရှေ့က မြင်ကွင်းက တကယ့်ကို ထိတ်လန့်တုန်လှုပ်စရာ ကောင်းပေ၏။ လူတိုင်း စကားပြတ်သွားလို့ အလွန် အံ့သြသွားကြသည်။

သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်၏ ပထမအဆင့်တွင် တန်ခိုးကြီးသော ပုဂ္ဂိုလ်တစ်ဦးဟာ တိုက်ရိုက် လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည်။

ကိုယ့်မျက်စိနဲ့ မမြင်ရရင် မယုံနိုင်လောက်ပေ။

ခန္ဓာကိုယ်က သန်မာတယ်ဆိုတာ သားရဲမျိုးနွယ်ရဲ့ ထူးခြားတဲ့ လက္ခဏာတစ်ခု မဟုတ်ဘူးလား။ သားရဲမျိုးနွယ် အများအပြားသည် ဤနည်းလမ်းကို အသုံးပြု၍ တိုက်ခိုက်ကြမည်ဖြစ်သည်။ လူသားများသည် ဤအဆင့်အထိ မည်သည့်အချိန်တွင်မှ လေ့ကျင့်နိုင်မည်နည်း။

တကယ် မယုံနိုင် လောက်အောင်ပဲ။

"ငါထွက်သွားဖို့ ပြောနေတုန်းက မင်းနားမထောင်ခဲ့ဘူး!"

လုံယိဖျင်ကို အသေ သတ်ပစ်လိုက်ပြီးတဲ့အခါ လုရွှမ်သည် အသေးအဖွဲ့ အရာတစ်ခုကို လုပ်လိုက်ပုံဖြင့် ဘာမှမထူးခြားစွာ ခေါင်းယမ်းလိုက်သည်။

ထိုစကားကို ကြားပြီးနောက် ကျန်းရှောက်ချန်နှင့်အတူ မြေပြင်ပေါ်တွင် လဲလျောင်းနေသော လုံယိဖျင်တို့ အသားတုံးအဖြစ် ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။ တည်ငြိမ်အေးဆေးသော အမူအရာဖြင့် လုရွှမ်သည် အပြင်ဘက် ခြံဝင်းတစ်ခုလုံးတွင် အန္တရာယ် ကင်းပုံပေါက်သော်လည်း ကြောက်စရာ အကောင်းဆုံးလူ ဖြစ်ကြောင်း လူတိုင်း သိလိုက်ကြရသည်။

All Chapters