တာဝန်ခန်းမ
Vol. 22 Ch. 3.69
"အစ်ကိုကြီးလု..... နောက်ပိုင်း ကျွန်တော့်ကို အမိန့်ပေးစရာရှိရင် ပြောပါ!! မီးနဲ့ရေ ဖြတ်ရရင်တောင် တာဝန်ကို သေချာပေါက် ထမ်းဆောင်ပါ့မယ်!"
"သခင်လေးလု... မင်း အကယ်ဒမီကို ရောက်တာနဲ့ အဲဒါက မလွယ်မှန်း သိပါတယ်... အခု မင်းရဲ့ စွမ်းအားကို တကယ် ထုတ်ပြနေပြီဆိုတော့ မင်းရဲ့ စွမ်းအားက အကန့်အသတ် မရှိနိုင်ဘူး!"
"သခင်လေးလုကို အရင်က တွေ့ဖူးတယ်... လုံယိဖျင်နဲ့ ကျန်းရှောက်ချန်က သခင်လေးလုနဲ့ မယှဉ်ဘူးဆိုတာ သိပြီးသားပါဗျာ"
ခဏတိတ်ဆိတ် သွားပြီးနောက် လူတစ်ဒါဇင်ကျော် ပြေးချလာပြီး လုရွှမ်ကို ခမ်းနားစွာ ချီးမွမ်းကြသည်။
လုံယိဖျင်၊ ကျန်းရှောက်ချန် နှင့် ပိုင်ရှောင်း စသည့် အပြင်ခြံဝန်း အတွင်းရှိ ထိပ်တန်း သုံးဦးစလုံး ခေါင်းဖြတ်ခံရပြီးနောက် သူတို့ရှေ့တွင် သြဇာအရှိဆုံးသူသည် မည်မျှပင် မိုက်မဲနေပါစေ သူ့ကမ္ဘာဖြစ်လညမည်ကို သိနေကြသည်။
ထို့ကြောင့် အပြေးအလွှား လာရောက်ချီးမွမ်းနေကြခြင်း ဖြစ်လေသည်။
အထူးသဖြင့် ယခင်က အမိန့်နာခံပြီး လုရွှမ်ကို ဝိုင်းရံထားခဲ့သူများသည် ပါးစပ်နည်းနည်းဖွင့်ကာ အသုံးမဝင်သော စကားများ ပြောဆိုနိုင်စေရန် ဆန္ဒရှိနေသောကြောင့် လုရွှမ် ဂရုမစိုက်ပေ။
"လျောက်ချင်း... မင်း ကိုင်တွယ်လိုက်!"
လုရွှမ်သည် သူတို့၏ စကားလုံးများနှင့် အမူအရာများကိုသာ စောင့်ကြည့်နေသည့် ဤလူများကို ဂရုမစိုက်ဘဲ သူ့လက်ကို ပေါ့ပေါ့ဆဆ ဝှေ့ယမ်းကာ လျောက်ချင်းအား တာဝန်ပေးအပ်လိုက်သည်။
"ဟုတ်ကဲ့ သခင်လေး!"
လျောက်ချင်း ခပ်မြန်မြန် ခေါင်းညိတ်လိုက်သည်။
ရိုးရိုးသားသား ပြောရလျှင် သူသည် ယခုအချိန်အထိ တုန်လှုပ်နေဆဲ ဖြစ်သည်။ သခင်လေးကို ပထမဆုံး မြင်ရသည်မှာ လွန်ခဲ့သည့်လအနည်းငယ်ကသာ ရှိသေးသော်လည်း ထိုအချိန်တွင် ဖိရွှယ်နယ်ပယ်တွင်သာ ရှိခဲ့၏။ ယခုအခါ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က ပထမအဆင့်ကို တစ်ကြိမ်တည်းဖြင့် သတ်ခဲ့သည်။
သူမြင်ခဲ့ရတာတွေက အစစ်အမှန် ဆိုတာကို မယုံနိုင်သေးချေ။ ကိုယ့်မျက်စိနဲ့ မြင်ရင်တောင် မယုံနိုင်သေးဘူး။
အရင်ကတော့ ယင်းယန်အကယ်ဒမီလို ကြီးမားတဲ့ နေရာတစ်ခုကို ရောက်နေပြီလို့ သူထင်ခဲ့တာမို့ သန်မာသူတွေကို မစော်ကားမိအောင် သတိထားခဲ့ရပေမယ့် အခုတော့ သခင်လေးရဲ့ရှေ့မှာ အရာအားလုံးဟာ တိမ်တွေလို လွင့်မျောနေမှန်း သူသိလိုက်ပါပြီ။
အပြင်ဘက် ခြံဝန်းမှာ နံပါတ်တစ်၊ နံပါတ်နှစ်၊ နံပါတ်၃ဆိုတာ ဘာမှ အရေးမကြီးပါဘူး။ သခင်လေးကို စော်ကားရင် သွားရမယ့်လမ်းက တစ်ခုတည်းပဲ။ အဲဒါက သေခြင်းပင်။
"လုရွှမ်.... မင်းသားချန်ရှင်းက ငါတို့ကို မလွှတ်ပေးမှာ ကြောက်ရတယ်"
ဟန်ရွှယ် သူ့ထံသို့ ရောက်လာသည်။
လုံယိဖျင်နဲ့ ကျန်းရှောက်ချန်တို့ဟာ မင်းသားချန်ရှင်း သဘောကျလာစေဖို့ ဒီကို လာခဲ့ကြတာ ဖြစ်သည်။ အခု သူတို့ အရိုက်ခံရလို့ သေပြီဆိုတော့ မင်းသားလေးက ဒေါသတကြီး ဖြစ်ကာ ဘယ်တော့မှ မလွှတ်ပေးလောက်ပေ။
"စိတ်မပူပါနဲ့.... သူ ယင်းယန်အကယ်ဒမီမှာ လာမရှုပ်ရဲဘူး!"
လုရွှမ် သူ့လက်ကိုသာ ဝှေ့ယမ်းကာ ဂရုမစိုက်ပေ။
ယင်းယန်အကယ်ဒမီသည် ပေရွှီးအင်ပါယာ၏ နယ်မြေအတွင်းတွင် ရှိသော်လည်း ၎င်း၏ဌာနချုပ်သည် တိမ်ပင်လယ်နယ်ပယ်တစ်ခုလုံး၏ ကြီးမားသော စွမ်းအားကို ပိုင်ဆိုင်ထားသည့် ဗဟိုအင်ပါယာတွင် တည်ရှိသည်။ သူသည် မင်းသား တစ်ပါးသာဖြစ်ပြီး အပြင်ဝင်းအတွင်း၌ သူ၏စွမ်းအားကို ပြသထားသည်။
ယင်းယန်အကယ်ဒမီ အတွင်းတွင်တော့ သေသေချာချာ ချိန်ဆထားရမှာ ဖြစ်သည်။
"ဒါပေမဲ့ အကယ်ဒမီက ထွက်ပြီးရင်ရော?"
ဒါကို ဟန်ရွှယ်လည်း သိနေတော့ သူမ မမေးဘဲ မနေလိုက်နိုင်ဘူး။
"အကယ်ဒမီက ထွက်ပြီးရင် ငါနဲ့လာမရှုပ်ရင် အကောင်းဆုံးပဲ.... ငါနဲ့လာရှုပ်ရင်တော့ သူက မင်းသား ဖြစ်နေရင်တောင် လုံယိဖျင်ထက် အများကြီး သာလွန်စေရမယ်လို့ ငါအာမခံတယ်"
လုရွှမ်၏ မျက်လုံးများ အေးစက်နေ၏။ ဒါကိုကြားတော့ ဟန်ရွှယ်ရဲ့ နှလုံးသားတွေ တုန်လှုပ်သွားခဲ့သည်။
တခြားသူတွေသာ ဒီလိုပြောရင် သူမဟာ ရူးသွပ်ပြီး ရိုင်းစိုင်းတဲ့ စကားလုံးတွေလို့ သေချာပေါက် ခံစားမိလိမ့်မည်။ သို့သော် လုရွှမ်က သဘာဝကျကျနဲ့ ချောချောမောမော ပြောတတ်သလို သူ့ရှေ့က ဒီကောင်လေးက ဒီစွမ်းရည် တကယ်ရှိတယ်လို့ သူမသိထားသည်လေ။
မင်းသား ချန်ရှင်းနဲ့ လုံယိဖျင်တို့ရဲ့ ဇာတ်ကြောင်းကြောင့် ပွဲဟာ အရင်ကလို မတက်ကြွတော့ဘဲ အချိန်တိုအတွင်းမှာ ရပ်တန့်သွားသည်။
"အားလုံး....ကျေးဇူးပြု၍ အကယ်ဒမီရဲ့ တာဝန်ခန်းမကို သွားကြပါ.... အကယ်ဒမီက ကြေငြာဖို့ တာဝန်တွေ ရှိပါတယ်!!"
ပွဲပြီးသွားတော့ လူကြီးတစ်ယောက် ဝင်လာပြီး အသံကျယ်ကျယ်နဲ့ အော်ပြောလိုက်သည်။
"လာပြီပေါ့!"
ဒါကိုကြားတော့ လုရွှမ်ဟာ သူတစ်ညလုံး စောင့်နေခဲ့တာက နောက်ဆုံးတော့ သူ့ဆီ ရောက်လာပြီဆိုတာ သိလိုက်ရသည်။ မဆိုင်းမတွဘဲ လူတိုင်းနောက်ကိုလိုက်ပြီး တာဝန်ခန်းမဆီ လျှောက်သွားလိုက်သည်။
ယင်းယန်အကယ်ဒမီသည် ကျောင်းနှင့်တူသော်လည်း ဂိုဏ်းတစ်ဂိုဏ်းနှင့် ခပ်ဆင်ဆင် တူသေးသည်။ အပြင်ဘက်နှင့် အတွင်းခန်းများတွင် ကျောင်းသားများအပြင် ခန်းမများစွာကိုလည်း ပိုင်းခြားထားသည်။
အကယ်ဒမီမှ အမှတ်တံဆိပ်တစ်ခု ရလိုပါက ပထမဦးစွာ လုံလောက်သော အမှတ်များ ရှိရမည်။ အမှတ်များရရှိရန် နည်းလမ်းသုံးမျိုးရှိပါသည်။ ပထမဦးစွာ အတန်းများကို အန္တရာယ်ကင်းစွာ သင်ယူခြင်း။
အတန်းများအားလုံး ပြီးမြောက်ပြီး လိုအပ်ချက်များနှင့် ကိုက်ညီရမည်။ ဒုတိယ၊ အကယ်ဒမီရှိ စစ်ဆေးရေးဂိတ် အမျိုးမျိုးကို ဖြတ်ကျော်ပြီး ပိုအောင်မြင်လေ၊ စစ်ဆေးရေးဂိတ်များ များများဖြတ်လေ ရမှတ်များ မြင့်မားလေဖြစ်သည်။
တတိယအနေဖြင့် အကယ်ဒမီမှ အမျိုးမျိုးသော တာဝန်များကို ရယူခြင်းပင်။ တာဝန်များကို ပြီးမြောက်ပါက အမှတ်များလည်း ရယူနိုင်သည်။
တာဝန်ခန်းမသည် အကယ်ဒမီမှ ကျောင်းသားများအား အမျိုးမျိုးသော တာဝန်များ လက်ခံရယူစေပြီး အမှတ်များ ရယူရာ နေရာဖြစ်သည်။
ဤနေရာတွင် အလုပ်မျိုးစုံရှိပြီး ကျောင်းသားများသည် အမှတ်များများရရှိရန် တတ်နိုင်သမျှ လုပ်ဆောင်နိုင်သည်။ အမှတ်များသည် အကယ်ဒမီမှ အသိအမှတ် ပြုခြင်း ရရှိရုံသာမက အခြားသူများနှင့်လည်း ငွေအဖြစ် ရောင်းဝယ်နိုင်သည်။
တွေ့ဆုံပွဲ အစည်းအဝေးတွင် ချိုင့်ဝှမ်းအရေးကို အသေးစိတ် ဆွေးနွေးလိမ့်မည်ဟု ယခင်ကပြောခဲ့သော်လည်း ယခုအခါ ၎င်းကို တာဝန်ခန်းမသို့ ပြောင်းရွှေ့လိုက်ပုံရသည်။
တာဝန်ခန်းမနှင့် ဧည့်ခန်းမသည် မဝေးလှပေ။ လုရွှမ် အထဲသို့ ရောက်လာသောအခါတွင် လူများပြည့်နေပြီ ဖြစ်သည်။ အပြင်ခန်းမှ တပည့်များစွာသာမက အတွင်းခန်းမှ ကျွမ်းကျင်သူများစွာလည်း ရောက်နေ၏။
ယင်းယန်အကယ်ဒမီ၏ အတွင်းခန်း အတွင်းသို့ ဝင်ရောက်နိုင်သူများသည် ပြင်းထန်သော ရောင်ဝါရှိသည့် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်မှ ကျွမ်းကျင်သူများ ဖြစ်သည်။
အပြင်ခန်းမှ တပည့်များသည်လည်း ဤလူများ မည်မျှ တန်ခိုးကြီးသည်ကို သိသောကြောင့် ၎င်းတို့အား အနှောင့်အယှက် မပေးလိုဘဲ နေရာလွတ်ကို အလိုအလျောက် ထွက်သွားကြသည်။
"သခင်လေး... ယင်းယန်အကယ်ဒမီရဲ့ အတွင်းခန်းမှာ အဆန်း ခြောက်တန်းရှိပြီး အတန်း၆က အသန်မာဆုံးပဲ.... အားလုံးနီးပါးဟာ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၆က လူတွေ.... ကျန်းရှောက်ချန်ပြောတဲ့ သူ့အစ်ကို ကျန်းရှောက်ထျန်းက အတန်း၆က ဖြစ်လိမ့်မယ်..."
"အတန်း၆က ကျောင်းသားတွေဟာ များသောအားဖြင့် အကယ်ဒမီမှာ မရှိကြဘူး။ အမျိုးမျိုးသော တာဝန်တွေကို လက်ခံယူကြပြီး သူတို့ရဲ့ ကျင့်ကြံမှုကို ထက်မြက်လာအောင် လုပ်ဆောင်ဖို့ အန္တရာယ်ရှိတဲ့ နေရာ အမျိုးမျိုးကို သွားနေကြတာ။ ပြီးခဲ့တဲ့လက ကျန်းရှောက်ထျန်းက ပုံမှန်အချိန် တွက်ချက်မှုအရ အပြင်ထွက်ရတယ်ဆိုတဲ့ သတင်းကို ကြားလိုက်ရပါတယ်.... နှစ်လလောက်မှ ပြန်ရောက်နိုင်တယ်!"
လျောက်ချင်းက သူ့ဆီလာပြီး အသံတိုးတိုးနဲ့ ပြောလိုက်သည်။
လက်အောက်ငယ်သား တစ်ယောက်အနေဖြင့် လုရွှမ်က ဘာမှပြန် မပြောသော်လည်း လျောက်ချင်းသည် သူစုံစမ်းရမည့်အရာကို သိသည်။
ကျန်းရှောက်ထျန်းသည် သူ၏သခင်လေးက ညီဖြစ်သူအား သတ်ဖြတ်ခြင်းကို ကြားသိပါက ကလဲ့စားချေမည် ဖြစ်သောကြောင့် ၎င်းအကြောင်းကို သဘာဝကျကျ မေးမြန်းထားရမည်။
"အင်း!" လုရွှမ် ခေါင်းညိတ်လိုက်သည်။
သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၆သည် အားကောင်းသော်လည်း ၎င်းသည် ယင်းယန်အကယ်ဒမီ အတွင်း၌သာ ဖြစ်ပြီး လုရွှမ်ကတော့ အလေးအနက် မထားပေ။
"အဲဒီလူတွေက ဘယ်အတန်းလဲ"
လုရွှမ်က သူ့ရှေ့မှာ ရပ်နေတဲ့ အတွင်းခန်းက ကျောင်းသားတွေကို လက်ညှိုး ထိုးပြလိုက်သည်။
"သူတို့အားလုံးက ပထမတန်းနဲ့ ဒုတိယတန်းတွေပါ.... ဒီအချိန်မှာ ချိုင့်ဝှမ်းကြီးဖွင့်တာက အတော်လေးကို အလျင်စလို ဖြစ်သွားတယ်... အတန်းမြင့်သူတွေ အားလုံးနီးပါး ထွက်သွားပြီး ပြန်မလာကြသေးဘူး။ အဲဒီအစား အတွင်းခန်းက အတန်းနိမ့်တွေက အခွင့်အရေးကို အခွင့်ကောင်းယူပြီး သွားကြမှာ!"
လျောက်ချင်းဟာ ဒီသတင်းကို အမြန်မေးလာခဲ့သည်။
"သခင်လေး... ဟိုးက အရပ်ရှည်တဲ့ ကောင်လေးကို သတိထားပါ... သူ့နာမည်က လိုင်ယန်... သူက ကျန်းရှောက်ထျန်းရဲ့ လူလို့ ကြားတယ် ဒုတိယတန်းမှာ ပထမအဆင့် ကျောင်းသားပဲ... သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၂ရဲ့ ပြီးပြည့်စုံခြင်း အဆင့်ရှိတယ်"
လျောက်ချင်း ညွှန်ပြသည့် အရပ်တွင် ခြံဝင်းအတွင်းရှိ ကျောင်းသား အများအပြားကြားတွင် ပြောင်ပြောင်တင်းတင်းနှင့် ခန္ဓာကိုယ်အနှံ့ ကြွက်သားများရှိပြီး ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများ ထွက်ပေါ်နေသည့် အရပ်ရှည်ရှည် လူငယ်တစ်ဦး ရှိနေသည်။
"သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၂ရဲ့ ပြီးပြည့်စုံခြင်း အဆင့်??" လုရွှမ် ခေါင်းညိတ်လိုက်သည်။
သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်၏ ဒုတိယအဆင့်မှာ ယွမ်ချီနယ်ပယ် ဖြစ်သည်။ ဝူအဆင့်များသည် ကျင့်ကြံသောအခါ စစ်မှန်သော ဝိညာဥ်ချီများကို စုပ်ယူတတ်သလို သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် တွင်တော့ ယွမ်ချီများကို စုပ်ယူစုဆောင်းကြသည်။
ကောင်းကင်နှင့် မြေကြီး၏ ချီဖြစ်သော ယွမ်ချီသည် စိတ်ဝိညာဉ်ကို အာဟာရ ကျွေးမွေးနိုင်ပြီး ခန္ဓာကိုယ် ခွန်အားကို ထိန်းပေးကာ လူတို့၏ခန္ဓာကိုယ်နှင့် ဝိညာဉ်စွမ်းအား အတိုင်းအတာကို ပိုမိုကြည်လင် ပြတ်သားစေကာ ကောင်းကင်နှင့် မြေကြီး၏ အခြေခံမူများနှင့်ညီသည်။
သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်၏ ပထမအဆင့် အသက်မြှင့်တင်ခြင်း နယ်ပယ်သည် သက်တမ်းကို တိုးစေရုံသာမက ခွန်အားကိုလည်း တိုးစေသည်။ သူသည် ယွမ်ချီနယ်ပယ်သို့ ရောက်ရှိသောအခါတွင် ကွဲပြားသွားပြီး ခွန်အား ၁ သန်း၏ ကြီးမားသော စွမ်းအားသည် တစ်ဖန် တိုးလာမည်။
ပုံမှန်အခြေအနေအရ ယွမ်ချီနယ်ပယ်၏ အစောပိုင်းအဆင့်တွင် ခွန်အား ၂ သန်း၊ အလယ်အလတ် အဆင့်တွင် ၂.၅သန်း၊ နှောင်းပိုင်းအပိုင်းအဆင့် ၃သန်း၊ အထွတ်အထိပ်အဆင့် ၃.၅သန်းနှင့် ပြီးပြည့်စုံခြင်း အဆင့်တွင် ၄သန်းတို့ရှိသည်။
သေးငယ်သော အဆင့်တစ်ခုစီတွင် ခွန်အား ၅သိန်း တိုးလာပေသည်။