← Chapters

အမည်စာရင်းပေးခြင်း

Vol. 22 Ch. 3.70

အမည်စာရင်းပေးခြင်း

Vol. 22 Ch. 3.70

ဤလိုင်ယန်သည် ယွမ်ချီနယ်ပယ်၏ ပြီးပြည့်စုံသောအဆင့်သို့ ရောက်ရှိသွားပြီ။ ဆိုလိုသည်မှာ သူ၏ခွန်အားသည် ၄ သန်းအထိ ရောက်ရှိနေပြီ ဖြစ်သည်။ သူ့အသက်အရွယ်အရ ကြည့်လျှင် သူသည် အသက်၂၀ ကျော် ခန့်သာရှိသေးသည်။

"တိတ်တိတ်နေမယ်!"

တာဝန်ခန်းမ အလယ်တွင် ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာ၍ ၎င်းတို့နှစ်ဦး စကားပြောဆို နေကြပြီးနောက် အဖိုးအိုတစ်ဦး လှမ်းထွက်လာသည်။

အဘိုးအို၏ အသက်ရှုသံများ တဖျတ်ဖျတ်ခတ်ကာ ကျားမျက်လုံးများ ကဲ့သို့ စူးစူးဝါးဝါး တောက်ပလျက် မြင်လိုက်သူတိုင်းရဲ့ နှလုံးသားထဲတွင် တုန်တုန်ယင်ယင် ဖြစ်လာစေသည်။

"သူ့ခွန်အားက အကြီးအကဲလုံယွမ်ထက် မနိမ့်မှာကို ကြောက်ရတယ်!"

ကြည့်လိုက်ပြီးနောက် လုရွှမ် ခဏအတွင်း နားလည်သွားသည်။

ဤအဘိုးအို၏ ခွန်အားသည် အကြီးအကဲလုံယွမ်ထက် မနည်းတော့ဘဲ သူသည် အသွင်ကူးပြောင်းခြင်း နယ်ပယ်၏ အထွတ်အထိပ်တွင် ရပ်တည်နေသည့် ပုဂ္ဂိုလ်ဖြစ်နေပြီ။

"ဒါက တာဝန်ခန်းမရဲ့ အကြီးအကဲ ရောင်းရွှီးပါ...အကယ်ဒမီရဲ့ ထိပ်တန်း အကြီးအကဲ ဆယ်ယောက်ထဲက တစ်ယောက်" လျောက်ချင်းက ရှင်းပြသည်။

"လူတိုင်း စုစည်းလိုက်ပါ.... တစ်ယောက်ယောက်က သတင်းလွင့်ပြီးသား ဖြစ်မှာပါ!"

ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး အကြီးအကဲ ရောင်းရွှီးက ကျယ်လောင်စွာ ပြောလိုက်ပါ၏။

အသံသည် ရှင်းလင်း ပြက်သားစွာ ထွက်လာပြီး အောက်မှမည်သူမျှ အဓိပ္ပါယ်မရှိသော စကားများကို မပြောဝံ့ကြပေ။ ခဏတာမျှသာ တာဝန်ခန်းမ တစ်ခုလုံးတွင် ပဲ့တင်ထပ်နေသည့် သူ့စကားများကိုသာ ကြားနိုင်လေသည်။

"မှန်တယ်.... ဒါဟာ အနှစ်တစ်ရာမှာ တစ်ကြိမ်သာ ပွင့်တဲ့ ရှန့်ခုန်းချိုင့်ဝှမ်း ဖြစ်တယ်... ရှန့်ခုန်းချိုင့်ဝှမ်းက ပေရွှီးအင်ပါယာရဲ့ နယ်ပယ်အတွင်း အန္တရာယ်အရှိဆုံး နေရာဖြစ်ပြီး အဲဒီထဲမှာ အန္တရာယ်တွေ အများကြီး ရှိတယ်။ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အထွတ်အထိပ် ရောက်ထားရင်တောင် ဝင်သွားပြီးရင် အပြင်ထွက်ဖို့ ခက်လိမ့်မယ်!"

အကြီးအကဲရောင်းရွှီး သူ့လက်ကို ဝှေ့ယမ်းပြသည်။

"ဒါပေါ့.... အန္တရာယ်တွေ ရှိသလို အခွင့်အလမ်းတွေလည်း အတူတူ ရှိနေတယ်.... အဲဒီထဲမှာ မရေမတွက်နိုင်တဲ့ ရတနာတွေရှိတယ် အဲဒါတွေက ပညာရှင်တွေရဲ့ အိပ်မက်တွေပဲ။ ဒီရတနာတွေက ပိုအားသန်တိုင်း ရနိုင်တာ မဟုတ်သလို တခါတရံ များများရနိုင်တယ်... ကံတရားနှင့် ကျင့်ကြံမှုတို့ ဆက်စပ်နေတယ်... တချို့ ရတနာတွေကို သေမျိုး အသွင်ကူးပြောင်းခြင်း နယ်ပယ် အထွတ်အထိပ် အဆင့်ကလူတွေ မရရှိနိုင်ပေမယ့် သူတို့ကို ခွန်အားနည်းပါးတဲ့ ကျင့်ကြံသူတချို့ကလည်း ရနိုင်ကြတယ်... ဒါကြောင့် ဝင်သွားတဲ့ လူတိုင်းမှာ အခွင့်အရေးရှိတယ်!"

"ငါတို့ရဲ့ ယင်းယန်အကယ်ဒမီက အခုလေ့ကျင့်ဖို့အတွက် မင်းတို့ကို အခွင့်အရေး ပေးမယ်... ဝင်ရောက်လိုရင် လာပြီး စာရင်းပေးသွင်းကြပါ... အဲဒီအချိန်ရောက်ရင် မင်းတို့ကို ညီညီညာညာ စေလွှတ်လိုက်ပါမယ်။ အဲ့ထဲမှာ အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ အဲဒါက မင်းတို့အပေါ်မှာပဲ မူတည်တယ်.... ဒါကိုတော့ အကယ်ဒမီက တာဝန်မယူတော့ဘူး"

ယင်းယန်အကယ်ဒမီသည် ပြိုင်ပွဲများကို အာရုံစိုက်ထားပြီး ကျောင်းသားများကို တိုက်ခိုက်ခြင်းမပြုရန် မတားမြစ် ထားသည့်အပြင် ကျောင်းသားများကို အန္တရာယ်ရှိသောနေရာများသို့ ဝင်ရောက်ခြင်းကိုလည်း တားမြစ်ထားခြင်း မရှိပေ။

ထို့ကြောင့် မရေမတွက်နိုင်သော ပါရမီရှင်များကို ပြုစုပျိုးထောင်နိုင်ပြီး ကမ္ဘာကို ရင်သပ်ရှုမောဖွယ်ဖြစ်စေကာ တိမ်ပင်လယ်နယ်မြေ တစ်ခုလုံးတွင် ရေတွက်နိုင်သော အင်အားကြီးမားသော စွမ်းအားတစ်ခု ဖြစ်လာခဲ့သည်။

"ကျောင်းက ကန့်သတ်ထားတာ မရှိပေမယ့် ခွန်အားက အဓိပတိနယ်ပယ် အထွတ်အထိပ် အဆင့်တောင် မရောက်သေးရင် မဝင်တာ အကောင်းဆုံးပါပဲ.... မဟုတ်ရင် သူတို့ထဲက ဘယ်ဝိညာဥ်သားရဲနဲ့ မဆို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး... အနှေးနဲ့အမြန်ဆိုသလို သားရဲမျိုးနွယ်အတွက် အစာဖြစ်သွားလိမ့်မယ်!"

အကြီးအကဲ ရောင်းရွှီးက အကုန်ရှင်းပြသည်။

သူ့စကား အဆုံးသတ် လိုက်သည်နှင့် အမည်စာရင်းသွင်းရန် တန်းစီစောင့်ဆိုင်းနေသော လူတန်းရှည်ကြီးတစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။

အကြီးအကဲရောင်းရွှီးက အန္တရာယ်တွေ အများကြီးရှိတယ်လို့ ပြောခဲ့ပေမယ့်လည်း လူတော်တော်များများက ဝင်ကြည့်ဖို့ မျှော်လင့်ကြပြီး တစ်ကြိမ်လောက်တော့ အောင်မြင်မှုရအောင် လုပ်ချင်ကြပါသေးသည်။

သာမာန်ကျင့်ကြံမှု၏ တိုးတက်မှုတိုင်းသည် ကြီးမားသော စျေးနှုန်းဖြင့် ကုန်ကျမည်ဖြစ်သည်။ ရှန့်ခုန်းချိုင့်ဝှမ်းသည် အန္တရာယ်ရှိသော နေရာဖြစ်သော်လည်း သတိနှင့် သတိထားနေသရွေ့ အသက်ကို ကယ်တင်နိုင်လောက်သည်။

ကံကောင်းပြီး ရတနာများ ရရှိသောအခါတွင် ခုန်ပျံကျော်လွှားပြီး သေချာပေါက် တက်လှမ်းနိုင်လိမ့်မည်။

"အရင်တစ်ခေါက် သားရဲတောင် ပွင့်တော့ ကြောက်လို့ဆိုပြီး မဝင်သွားခဲ့ဘူး.... ကျောင်းရောင်ဆိုတဲ့ ကောင်လေးက ဝင်သွားတယ် သူပြန်ထွက်လာတော့ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်ကို တိုက်ရိုက်ဖြတ်ကျော်ပြီး အတွင်းခန်းရဲ့ တပည့်ဖြစ်သွားခဲ့တယ်!"

"ပိုင်ချုံးလည်း ဒီလိုပါပဲ... သူက ကျုပ်ကို သွားဖို့ ဖိတ်ခေါ်ပေမယ့် ကျုပ် မသွားခဲ့ဘူး။ သားရဲတောင်မှာတုန်းက သူ့ရှေ့ကလူတွေ သူ့ကိုချန်ထားခဲ့တော့ ဂူထဲကို ပြုတ်ကျပြီး မရေမတွက်နိုင်တဲ့ ဆေးလုံးတွေနဲ့ ရတနာတွေ ရခဲ့တယ်တဲ့ အံ့သြစရာပဲ!"

"ဟုတ်တယ်... ကောင်းကင်ဘုံနဲ့ ကံကြမ္မာကို ပြောင်းလဲဖို့ ကျင့်ကြံသူဟာ ဘယ်လို အန္တရာယ်များ ရှိနိုင်မှာလဲ? သူက အရင်ကလို ကြောက်လန့်ပြီး အန္တရာယ်ရှိတဲ့ နေရာတွေကို ဝင်ရမှာ ကြောက်ပြီး ကောင်းကင်နဲ့ ပြိုင်ဖို့ သတ္တိမရှိရင် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ကို ဖြတ်ကျော်လို့ မရဘူး!!”

"ဒါအမှန်တရားပဲ... ငါဆို အဓိပတိနယ်ပယ် ပြီးပြည့်စုံခြင်စ အဆင့်မှာ ငါးနှစ်ကျော် ပိတ်မိနေခဲ့ပြီး နောက်ဆုံးအဆင့်ကို ဘယ်တော့မှ မလျှောက်နိုင်ခဲ့ဘူး... ဒီချိုင့်ဝှမ်းကို သွားတဲ့ခရီးက တစ်ခုခုတော့ ပေးစွမ်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။"

အားလုံးက တန်းစီပြီး ဆွေးနွေးကြတော့သည်။

တချို့လူတွေက ရတနာတွေ၊ တချို့လူတွေက အန္တရာယ်ကို တွေ့ကြုံခံစားပြီး နောက်ဆုံးအဆင့်ကို အောင်မြင်စွာ ဖြတ်ကျော်ချင်ကြသည်။ သူတို့ဟာ အဆင့်တစ်ခုမှာ အကြာကြီး ပိတ်မိနေခဲ့၏။

ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ချိုင့်ဝှမ်းကြီးဟာ ပွင့်လာပြီး မရေမတွက်နိုင်တဲ့ လူတွေရဲ့ အာရုံစိုက်မှုကို ခံနေရပြီ။

"သခင်လေး... ကျွန်တော် သွားလို့ရမလား?"

လုရွှမ်သည် ရှန့်ခုန်းချိုင့်ဝှမ်းသို့ သေချာပေါက် သွားမည်ကို သိသဖြင့် လျောက်ချင်းက သူနှင့်အတူ လိုက်လို့ရနိုင်မလားဟု မေးချင်သည်။

သူ့ရဲ့ ခွန်အားဟာ အတုတံဆိပ်နယ်ပယ်ကို ရောက်နေပြီ ဖြစ်သလို အဓိပတိနယ်ပယ်ကို သွားရမယ့် ခရီးက ဝေးနေပါသေးသည်။ တကယ်လို့ ထိုနေရာက အန္တရာယ်များလွန်းရင် သူ့အတွက် လုံးဝ အသုံးမဝင်ပါဘူး မသွားဘဲ နေရင်လည်း နောင်တရသလို ခံစားရလိမ့်မည်။

သူ့မေးခွန်းကိုကြားတော့ မင်းသမီးလော့ရုံ၊ လင်ရှောင်းရှောင်းနှင့် ဟန်ရွှယ်တို့ကလည်း မျှော်လင့်ချက် အပြည့်နဲ့ အလျင်အမြန် လှမ်းကြည့်လာ၏။

သူတို့လည်း သွားကြည့်ချင်ကြကြောင်း သိသာလေသည်။

ဟန်ရွှယ်သည် သန်မာပြီး အခြားသူများထက် များစွာသာလွန်သော်လည်း မင်းသမီးလော့ရုံ နှင့် လင်ရှောင်းရှောင်းတို့သည် နောက်ကျ ကျန်နေပါသေးသည်။

"ကြည့်စရာ မလိုဘူး.... မင်းတို့လည်း ငါနဲ့လိုက်ခဲ့သင့်တယ် မင်းတို့ရဲ့ လက်ရှိအင်အားက အရမ်းအားနည်းနေတယ်..... ချိုင့်ဝှမ်းထဲက ထွက်လာတဲ့အခါ မင်းတို့ ပိုသန်မာလာလိမ့်မယ်... ဒါမှ ငါ့ကိုကူညီဖို့ လုံလောက်မှာ!"

လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

သူ့အရင်ဘဝက ရှန့်ခုန်းချိုင့်ဝှမ်းထဲကို တစ်ခါမှမ၀င်ဖူးပေမယ့် ဒီအန္တရာယ်ရှိတဲ့ နေရာအကြောင်းကို အတိအကျ လေ့လာဖူးသည်။ ဒီချိုင့်ဝှမ်းကြောင့် ကမ္ဘာပေါ်က ဘယ်သူသိလဲဆိုရင် သူတစ်ယောက်တည်းပဲ ဖြစ်နိုင်ပါ၏။

ဒီလိုအန္တရာယ်ကြီးတဲ့ နေရာနဲ့ ပတ်သက်တဲ့ ဂိုဏ်းကြီးခြောက်ခုရဲ့ မှတ်တမ်းတွေ အားလုံးကို ဖတ်ခဲ့ရသည်။ အဲဒါနဲ့ပတ်သက်တဲ့ အရာအားလုံးကို သိဖို့ မပြောဘဲ အနည်းဆုံး လူတချို့ကို ခေါ်ဆောင်သွားရင်တောင် သူဆန္ဒရှိသရွေ့ အန္တရာယ်လည်း သိပ်များနေမှာ မဟုတ်ပေ။

ထို့အပြင် မင်းသမီးလော့ရုံ၊ လင်ရှောင်းရှောင်း ၊ လျောက်ချင်းတို့ အတွက် အသုံးဝင်သည့် အရာအချို့လည်း ရှိသည်ကို သူသိသည်။ ၎င်းတို့ကို ရရှိပြီးသည်နှင့် သူတို့၏ ကျင့်ကြံမှုသည် အရှိန်အဟုန်ဖြင့် တိုးတက်လာမည် ဖြစ်သည်။

"ကောင်းပြီ အခုပဲ စာရင်းသွင်းလိုက်ရအောင်!"

လုရွှမ်၏ သဘောတူသံ ကြားတော့ မင်းသမီး လော့ရုံနှင့် အခြားသူများအားလုံး ဝမ်းသာသွားကြသည်။

ဒီလူငယ်လေးဟာ သူတို့အသက်ထက် ငယ်ပေမယ့် စည်းမျဉ်းစည်းကမ်းတွေနဲ့ အရာရာကို လိုက်လျောညီထွေ ဖြစ်အောင် လုပ်တတ်ပါ၏။

"သခင်လေး.... နာမည်စာရင်း သွင်းတာ ကျွန်တော် ကူညီပေးမယ်!"

လျောက်ချင်းသည် လျင်မြန်စွာ ခေါင်းညိတ်လိုက်ပြီး လူအုပ်ထဲသို့ ဝင်လာခဲ့သည်။ အားလုံးရဲ့ စိတ်လှုပ်ရှားမှုကို မြင်ရတော့ လုရွှမ်က အနည်းငယ်ပြုံးပြီး နောက်ကနေ လိုက်သွားခဲ့သည်။

လူတန်းက ရှည်ပေမယ့် စာရင်းသွင်းဖို့ အချိန်အများကြီး မယူဘဲ မကြာခင်မှာ လူတိုင်းအလှည့်ကျလာပါပြီ။

အမည်စာရင်း သွင်းခြင်းကို ကျောင်းသားတချို့က တာဝန်ယူထားသည်။ ကျောင်း၏ အထောက်အထားကို ယူကာ စာရင်းပေးခြင်း ပြုလုပ်ရတာကြောင့် အလွန်ရိုးရှင်းပါသည်။

"ကျွန်တော်တို့ အားလုံးကို အမည်စာရင်း သွင်းပေးပါ!"

ရှေ့သို့ ရောက်သောအခါ လျောက်ချင်းသည် လုရွှမ်နှင့် အခြားသူများ၏ လက်ဖဝါးပေါ်က သင်္ကေတကို ကိုင်ထားစဥ် အနောက်မှ ခြေသံတစ်သံ တဟုန်ထိုး ပြေးလာကို ကြားလိုက်ရသည်။

"ဖယ်စမ်း! ဖယ်စမ်း!"

ထို့နောက် ချက်ချင်းပင် သူတို့နောက်တွင် တန်းစီနေသော အသွင်အပြင်များသည် အရပ်ရပ်သို့ ပြန့်ကျဲသွားကာ ရုပ်ပုံများစွာ ရွေ့လျားလာသည်။

တစ်ချက် ကြည့်လိုက်ရုံဖြင့် လုရွှမ်သည် တစ်ဖက်လူ အတွင်းခန်းက လူတွေဖြစ်ကြောင်း သိလိုက်သည်။

လိုင်ယန်ဟာ သူတို့အထဲမှာ မပါဝင်ပေမယ့် ဒီလူတွေဟာ အစွမ်းထက်တဲ့ အရိပ်အယောင်တွေ ထွက်ပေါ်လာပြီး သူတို့အားလုံးဟာ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ရဲ့ ပထမအဆင့်မှာ သိုင်းပညာရှင်တွေ ဖြစ်ကြသည်။

"ကန်းနေလားကွ!! ဟိုဘက် သွားစမ်း!"

ရှောင်တိမ်းဖို့ နှေးလွန်းတာကြောင့် ကျောင်းသားတစ်ဦးကို လူငယ်တစ်ဦးက ချက်ချင်း ဖယ်ထုတ်ပစ်လေ၏။ ထိခိုက်ဒဏ်ရာ ရခြင်း မရှိသော်လည်း ပြင်းထန်စွာ စော်ကားခံခဲ့ရသည်။

"အပြင်ဘက် ဝင်းထဲက သေးငယ်တဲ့ အရာလေးတစ်စုကလည်း ရှန့်ခုန်းချိုင့်ဝှမ်းကို သွားချင်ကြတယ်ပေါ့?? ဘယ်လို အသက်ရှင်ရမလဲ သေရမလဲ ဆိုတာ တကယ်ကို မသိကြဘူးပဲ!"

လူများကို ကန်ထုတ်လိုက်ပြီး လူငယ်သည် မျက်စောင်းထိုးကာ ပြင်းပြင်းထန်ထန် ဟစ်အော်လိုက်သည်။

All Chapters