မင်းက သားရဲထိန်းသူလား?
Vol. 22 Ch. 3.73
"ဒီမှာ ငါ့ကို ချီးကျူးနေတာကို ရပ်လိုက်...မင်းဘာလုပ်နေတာလဲ? ယင်းယန်အကယ်ဒမီက ကျောင်းသားတွေက သူတို့လုပ်ချင်တာကို လုပ်ခွင့်ပေးထားတာလား?"
မော့ချုံသည် သူ၏ ချီးကျူးမှုကို နှောင့်ယှက်ကာ သံသယဖြင့် ကြည့်နေလေသည်။
"ဒီကောင်လေးက ကျွန်တော့်လက်အောက် ငယ်သားကို ကျွန်တော့်ရှေ့မှာတင် သတ်ပစ်လိုက်တယ်။ ကျွန်တော့်အာဏာကို ချိုးဖောက်လို့ မရဘူးဆိုတာ သိစေချင်တယ်... ဒါကြောင့် မိန်းကလေးမော့ချုံလည်း ဝင်မစွက်ဖက်ဖို့ မျှော်လင့်ပါတယ်"
လိုင်ယန်က ဆိုသည်။
"အာဏာ?"
"ကျွန်တော်က အကယ်ဒမီရဲ့ အတွင်းခန်းက ယွမ်ချီနယ်ပယ် ကျောင်းသား တစ်ယောက်ပါ... သန်မာကြံ့ခိုင်တဲ့သူတစ်ယောက်... ဒါက ဘာမှမဟုတ်ပါဘူး ဒါပေမဲ့ အဆင့်၉ သားရဲထိန်းသူ တစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့ လှုပ်ရှားမှုတိုင်းက သားရဲခန်းမရဲ့ ဂုဏ်သိက္ခာကို ကိုယ်စားပြုပါတယ်။ မအောင်မြင်သေးတဲ့ သူတွေဆီက အနိုင်ကျင့်ဖို့ ခွင့်ပြုလိုက်ရင် သားရဲခန်းမက မျက်နှာပျက်သွားလိမ့်မယ်"
လိုင်ယန်က ရိုးသားစွာ ပြောလိုက်သည်။
"အဆင့်၉ သားရဲထိန်းသူလား?"
"စီနီယာလိုင်ယန်က အဆင့်၉ သားရဲထိန်းသူ တစ်ယောက်ဖြစ်နေမယ်လို့ မမျှော်လင့်ထားဘူး!"
"သားရဲထိန်းသူက အဂ္ဂိရတ်ဆရာတွေနဲ့ လက်နက် သန့်စင်သူတွေလောက် နာမည်မကြီးပေမယ့် မရေမတွက်နိုင်တဲ့ လူတွေက ကြောက်လန့်တကြား ရှာဖွေထားတဲ့ တည်ရှိမှုမျိုးပဲ.... သူတို့တစ်ဦးချင်းစီက ဝိညာဥ်သားရဲတွေကို တိုက်ခိုက်ဖို့ အမိန့်ပေးနိုင်တယ်။ တူညီတဲ့အဆင့်ရှိတဲ့ လူတွေကတောင် သူတို့ကိုစော်ကား သတ္တိမရှိကြဘူး!"
"အဆင့်၉ သားရဲလေ့ကျင့်ရေး ဆရာတစ်ယောက် အနေနဲ့ သူ့မှာ ပြင်ပလူတွေ စော်ကားလို့မရတဲ့ ကိုယ်ပိုင်အခွင့် အာဏာရှိတယ်"
လိုင်ယန်၏ စကားကိုကြားတော့ အားလုံး အံသြသွားကြသည်။
သားရဲထိန်းသူများသည် အဂ္ဂိရတ်ပညာရှင် နှင့် လက်နက်သန့်စင်သူများကဲ့သို့ နာမည်ကြီးခြင်း မဟုတ်သော်လည်း ၎င်းတို့သည် သားရဲများနှင့် ဆက်သွယ်နိုင်ပြီး သားရဲများကို လူသားများအတွက် အလုပ်လုပ်ဆောင် လိုသောဆန္ဒကို ဖြစ်စေ၏။
ဒီအချက်ကတင် သူတို့ကို မည်သူကမျှ မစော်ကားဝံ့ဘဲ လေးလေးစားစား ဆက်ဆံကြသည်။
ထို့အပြင် တော်ဝင်မိသားစုနှင့် ဂုဏ်သရေရှိသူများသည် ပွဲတော် သို့မဟုတ် ခရီးသွားခြင်းအတွက် သားရဲနှင့် ဝိညာဉ်သားရဲများကို မွေးမြူလိုကြသည်။
သူသည် သားရဲလေ့ကျင့်ပေးသူ ဖြစ်ပြီး လူသိရှင်ကြား ခွဲခြားဆက်ဆံ ခံရသည့်အခါ ဒေါသထွက်ကာ သူ့လူကို ပြောင်ပြောင်တင်းတင်းပင် သတ်လိုက်သောအခါတွင် သူ့ကို စော်ကားခြင်းသာ ဖြစ်လာသည်။
"သားရဲ ထိန်းကျောင်းသူတွေကို လူတွေက သူတို့ရဲ့ ဂုဏ်သိက္ခာကို ဆုံးရှုံးအောင် မလုပ်နိုင်ပါဘူး!"
လိုင်ယန်၏ ဂုဏ်ယူဝင့်ကြွားသော စကားကို ကြားတော့ မော့ချုံက သဘောတူဟန် ခေါင်းညိတ်လိုက်သည်။
"ဟုတ်ပြီ! မိန်းကလေးမော့ချုံ ဝင်စွက်ဖက်မှာ မဟုတ်ဘူးလို့ မျှော်လင့်ပါတယ်!"
လိုင်ယန်က သက်ပြင်းချကာ ကမန်းကတန်း ပြောလိုက်သည်။
"ငါ ဝင်စွက်ဖက်ဖို့ မလိုဘူး!" မော့ချုံက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး
"ဒါပေမဲ့ သားရဲခန်းမမှာ သားရဲထိန်း ဂိုဏ်းဆရာတွေကို ကာကွယ်ဖို့ အခွင့်အရေးနဲ့ တာဝန် ရှိတယ်လို့ မင်းကို သတိပေးချင်တာ... သားရဲဂိုဏ်းဆရာက တခြားသူတွေကြောင့် ထိခိုက်ဒဏ်ရာ ရသွားရင် သားရဲခန်းမမှာ အဲဒီဂိုဏ်းဆရာကို ကာကွယ်ဖို့ တာဝန်ရှိတယ်.... တာဝန်ကျေအောင် အကာအကွယ် ပေးပြီး ထိခိုက်အောင် လုပ်လို့မဖြစ်ဘူး!"
"ဒါ သဘာဝပဲလေ.... စိတ်မပူပါနဲ့ မိန်းကလေးမော့ချုံ.... ဒီကလေးက အပြင်ခန်းက ကျောင်းသားလေးပါပဲ သူက ပုရွက်ဆိတ်လောက်လေးပဲ ရှိတယ် ကျွန်တော့်ကို နာကျင်အောင် လုပ်လို့မရဘူး!"
မော့ချုံက သူ့အတွက် တွေးနေတာလို့ လိုင်ယန်က တွေးမိပြီး သူ့နှလုံးသားက ခံစားချက်အပြည့်နဲ့ စကားတစ်ခွန်းကို စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်သည်။
"အင်း ငါမင်းကိုပြောစရာ ရှိတာတွေ ပြောပြီးသွားပြီ!"
တစ်ဖက်လူက သူမ ဘာကိုဆိုလိုသည်ကို နားမလည်သည်ကို မြင်တော့ မော့ချုံ ဆက်ရှင်းပြခြင်းမရှိပေ။ သူမသည် လုရွှမ်ထံ ခြေလှမ်းအနည်းငယ်လှမ်းကာ မြေပြင်ပေါ်တွင် ဒူးတစ်ဖက် ထောက်လိုက်ပြီး
"ပေရွှီးအင်ပါယာ သားရဲခန်းမခွဲက ဘဏ္ဍာထိန်းမော့ချုံ... ဂိုဏ်းဆရာလုရွှမ်ကို ဂါဝရပြုပါတယ်"
"အာ?"
"မိန်းကလေးမော့ချုံက သားရဲခန်းမမှာ တန်ခိုးကြီးတဲ့ သူတစ်ယောက် မဟုတ်ဘူးလား? လုရွှမ်ကို ဘယ်လိုလုပ် ဦးညွှတ်နိုင်မှာလဲ?"
"ဒါက အားနည်းသူကို အားကြီးသူရဲ့ ရည်မွန်ချက်ပဲ.... လုရွှမ်ကို ဂိုဏ်းဆရာလို့ ခေါ်လိုက်တာ မကြားဘူးလား"
"ဂိုဏ်းဆရာ?"
မော့ချုံရဲ့ လုပ်ရပ်ကို မြင်တော့ အားလုံး လန့်သွားကြသည်။ လိုင်ရန်၏ သဘောထားကို လူတိုင်း မြင်ဖူးကြပြီး သူတို့ ဘယ်လောက်ပဲ မိုက်မဲနေပါစေ သူမရဲ့ အဆင့်အတန်းက မြင့်ကြောင်း နားလည်လိုက်ပြီ။
ဒီလိုလူမျိုးက လုရွှမ်ကို တိုက်ရိုက်ဦးညွှတ်ပြီး သူ့ကို ဂိုဏ်းဆရာလို့ ခေါ်ရတာက ထူးဆန်းလွန်းနေသည်။
"ထပါ!"
မော့ချုံသည် သံသွားသင်းခွေချပ် ကိစ္စကို သူမ မဖြေရှင်းနိုင်သည်ကို နားလည်ထားသင့်ပြီး ဖြေရှင်းနိုင်သည် ဤလူငယ်ကို သူမသည် အလွန်လေးစားမိသော်လည်း လုရွှမ်၏ အမူအရာမှာ ဘာမှမထူးခြားပေ။
"လုရွှမ်.... နင် လက်မှုပညာရှင် ဂိုဏ်းဆရာ ဖြစ်သွားပြီလား?"
"ဂိုဏ်းဆရာ" ဟူသော ခေါင်းစဉ်ကို ကြားတော့ ဘေးနားရှိ မင်းသမီးလော့ရုံ အံ့အားသင့်သွားပြီး မထိန်းနိုင်စွာဖြင့် မေးလိုက်သည်။ ဒီလူငယ်လေးရဲ့ အရည်အချင်းကို သူမ ကောင်းကောင်း သိပါ၏။
"ဘာကို လက်မှုပညာရှင်လဲ... အဂ္ဂိရတ်ပညာရှင် မဟုတ်ဘူးလား!" တစ်ဖက်မှ လင်ရှောင်းရှောင်းကလည်း ပြောသည်။
လုရွှမ်၏ လက်နက် သန့်စင်မှု နည်းပညာကို သူမကိုယ်တိုင် မသိသော်လည်း အဂ္ဂိရတ်ပညာကိုဆော့ သူမ၏မျက်လုံးများဖြင့် မြင်တွေ့ခဲ့ရပြီး အစွမ်းထက်လှသဖြင့် အမီလိုက်နိုင်ရန် အစွမ်းကုန် ကြိုးစားသော်လည်း ၎င်းကို မဖမ်းဆုပ်နိုင်သေးချေ။
"အခင်းအကျင်း ဖွဲ့စည်းရေးဆရာ မဟုတ်ဘူးလား!"
ဟန်ရွှယ်လည်း မျက်မှောင်ကြုတ်လိုက်သည်။
လုရွှမ်၏ အခင်းအကျင်း ဖွဲ့စည်းပုံ စွမ်းရည်အကြောင်း သူမသိသည်။ သူသည် ဟန်ယန်အခင်းအကျင်း ပညာရှင်အဖွဲ့၏ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌလည်း ဖြစ်လာခဲ့သည်လေ။
"ဘာကို လက်မှုပညာရှင်၊ အဂ္ဂိရတ်ပညာရှင်၊ အခင်းအကျင်း ပညာရှင်လဲ? ရှုပ်ကုန်ပြီ!! လုရွှမ်က ငါတို့သားရဲခန်းမက အကဲဖြတ်ခံထားရတဲ့ သားရဲထိန်း ဂိုဏ်းဆရာပဲ"
မော့ချုံက သူတို့နှစ်ယောက်ရဲ့ ထူးဆန်းတဲ့ စကားတွေကို ဖြတ်တောက်လိုက်ပါ၏။
"သားရဲထိန်း ဂိုဏ်းဆရာ?"
မင်းသမီးလော့ရုံ၊ လင်းရှောင်းရှောင်း နှင့် ဟန်ရွှယ်တို့သည် တစ်ယောက်ကို တစ်ယောက် မယုံကြည်နိုင်စွာ ကြည့်နေကြသည်။
ဒီကောင်လေးက သားရဲထိန်းဆရာ ဘယ်တုန်းက ဖြစ်သွားတာလဲ။ ၎င်းသည် ဂိုဏ်းဆရာတစ်ဦး ဖြစ်နေပြီး သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်မှ အစွမ်းထက်သူများပင် မလုပ်ဆောင်နိုင်သည့် အရာဖြစ်သည်။
ဒါကိုတွေးရင်း သူမတို့သုံးယောက်က လုရွှမ်ကို တချိန်တည်း ကြည့်ရင်း မူးဝေသွားကြ၏။
အဂ္ဂိရတ်ပညာ၊ လက်နက်သန့်စင်ခြင်း၊ အခင်းအကျင်း ဖွဲ့စည်းခြင်းနှင့် သားရဲထိန်းကျောင်းခြင်းတို့သည် အခြားသူများနှင့် အတူတူပင် ဖြစ်ပါသည်။ ၎င်းတို့သည် ရာစုနှစ်တစ်ခုအတွင်း မတွေ့ဖူးသေးသော ထူးချွန်ပြောင်မြောက်သူများဖြစ်သည်။
"သားရဲထိန်းဂိုဏ်းဆရာ?"
သူတို့သုံးယောက် စကားမပြောနိုင် ဖြစ်နေကြစဥ် လိုင်ယန်မှာ အလွန်တုန်လှုပ်သွားပြီး မြေပြင်ပေါ်လဲကျလုနီးပါး ဖြစ်နေ၏။ သူက မော့ချုံကို မယုံကြည်နိုင်စွာ လှမ်းကြည့်ရင်း။
"မိန်းကလေးမော့... မင်းသူ့ကို သားရဲထိန်းဂိုဏ်းဆရာလို့ ပြောနေတာလား?"
အဂ္ဂိရတ်ဆရာများကဲ့သို့ သားရဲထိန်းသူ များမှာလည်း အဆင့်များရှိသည်။ အဆင့်တန်းမြင့်သူများကို တိုက်ခိုက်ဝံ့သူများမှာ မနာခံခြင်းနှင့် အတူတူပင် ဖြစ်သည်။
သူ့ရှေ့က ဒီလူကတကယ် သားရဲကို ထိန်းကျောင်းသူ ဂိုဏ်းဆရာဆိုရင် အဆင့်၉လေး သူသည် ဂိုဏ်းဆရာကို နှောင့်ယှက်မိသွားပါက စည်းမျဥ်းတွေကို ဖောက်ဖျက်လိုက်တာနဲ့ တူသွားပြီ။ သားရဲခန်းမက ဝင်စွက်ဖက်ပြီး သူ့ကိုသတ်ဖို့ လွယ်ကူသွားလိမ့်မယ်။
ဒါကိုသိလိုက်သည်နှင့် ချက်ချင်းပင် အေးစက်သော ချွေးများ ထွက်လာပြီး တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။
သားရဲထိန်းဂိုဏ်းဆရာ? ဘယ်လိုဖြစ်ရတာလဲ!
သူ့ခွန်အားသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်သို့ပင် မရောက်သေးပါ။ ထို့ကြောင့် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ရှိ ဝိညာဉ်သားရဲများကို မည်ကဲ့သို့ ထိန်းနိုင်မည်နည်း။
"သူက သားရဲကို ထိန်းကျောင်းနိုင်ရုံ သာမက ခန်းမသခင်ဖုန်းရဲ့ ဧည့်သည်လည်း ဖြစ်တယ်... ငါထွက်လာတုန်းက ခန်းမသခင်ဖုန်းက သူ့ကို အန္တရာယ်ပြုဖို့ သတ္တိရှိတဲ့ လူကို သားရဲခန်းမအတွက် တိုက်ရိုက် သတ်ပစ်သင့်တယ်လို့ ရှင်းရှင်းလင်းလင်း ပြောထားတယ်!"
မော့ချုံက မျက်နှာဗလာနဲ့ ပြောလိုက်သည်။
"ခန်းမသခင်ဖုန်းရဲ့ ဧည့်သည်?"
လိုင်ယန်တံတွေး မျိုချလိုက်ပြီး နှစ်ယောက်ကြား စစ်ပွဲကို ခံစားလိုက်ရသည်။
ပေရွှီးအင်ပါယာ၏ နံပါတ်တစ် သားရဲ ထိန်းသူ ခန်းမသခင်ဖုန်း၊ အဆင့်၆ ဂိုဏ်းဆရာ သားရဲသခင်။ ပေရွှီး တော်ဝင်မိသားစု၏ အမိန့်ကိုပင် မနာခံဝံ့ဘဲ ဤကောင်လေးကို ဧည့်သည်အဖြစ်ပင် ဆက်ဆံခဲ့တယ်လား။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
သူမ စိတ်ထဲမှာ မယုံနိုင်ပေမယ့် မော့ချုံက ဘယ်တော့မှ လိမ်ညာပြောမှာ မဟုတ်ဘူးဆိုတာလည်း သူသိပါ၏။
"အိုး....အစောက မင်းရဲ့အာဏာကို လုရွှမ်က စိန်ခေါ်တယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား? မင်း သူ့ကို တကယ်သတ်ချင်ရင် မင်းလုပ်နိုင်တယ် ဒါပေမဲ့ မင်း သူ့ကို မနာကျင်စေခင် မင်းအရင်ဆုံး ပျော့ဖတ် ဖြစ်သွားလိမ့်မယ်ဆိုတာ ငါအာမခံနိုင်တယ်.... ငါရဲ့ခွန်အားက မင်းလောက်မစွမ်းပေမယ့် ငါတို့က သားရဲခန်းမမို့လို့ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က သန်မာတဲ့လူကို သတ်ဖို့မခက်ပါဘူး!"
မော့ချုံက ဆက်လက်ပြောပြသည်။
"မလုပ်ရဲပါဘူး... ကျွန်တော် မလုပ်ရဲပါဘူး!!"
ဒါကိုကြားတော့ လိုင်ယန်က လည်ပင်းကို ငုံ့ပြီး ကြောက်စိတ်နဲ့ နောက်ဆုတ်လိုက်၏။
အခြားသူများက မော့ချုံသည် ကြွားလုံးထုတ်သည်ဟု ထင်နိုင်ကြသော်လည်း သူကတော့ လုံးဝမှန်ကြောင်း သိသည်။ သားရဲခန်းမ၏ ဘဏ္ဍာထိန်းက ယင်းယန်အကယ်ဒမီသို့ လာသောအခါတွင် သန်မာသော ယောက်ျားများ မရှိလျှင်ပင် နောက်ကွယ်တွင် ဝိညာဥ်သားရဲများ ရှိနေရပေမည်။ သူမသည် လှုပ်ရှားရန် ဝိညာဉ်သားရဲများကို ဆင့်ခေါ်လိမ့်မည်။
သူ လှုပ်ရှားပြီးသည်နှင့် သူတို့ထဲမှ ဆယ်ဦးသည် အလွယ်တကူ ခေါင်းဖြတ်ခံရနိုင်သည်။
ဒါက သားရဲခန်းမရဲ့ ထိတ်လန့်စရာပင်။
"မလုပ်ရဲဘူး ဆိုပြီး ထွက်မသွားသေးဘူးလား?"
မော့ချုံ မျက်ခုံးပင့်လိုက်သည်။
"ဟုတ်ကဲ့ အခုပဲ ထွက်သွားပါတော့မယ်!"
လိုင်ယန်က ရိုင်းစိုင်းတဲ့စကား မပြောဝံ့ဘဲ လက်သီးဆုပ်ပြီး လှည့်ထွက်သွားကာ ခဏလောက်နေဖို့ပင် မဝံ့ရဲတော့ပေ။ အရမ်းနောက်ကျရင် သူသေသွားမှာကို ကြောက်ရသည်။