ဆေးဥယျာဉ်
Vol. 22 Ch. 3.75
သားရဲဌာနခွဲမှူးမှ ခန်းမသခင် ဖြစ်လာပြီး ဆေးဥယျာဉ်တာဝန်ခံကို ဆေးသခင်ဟု ခေါ်သည်။
တကယ်တော့ ဆေးဝါးဆေးပင် ပြုစုပျိုးထောင်ခြင်းသည် အသိပညာ တစ်မျိုးဖြစ်ပြီး အသေးစိတ် ဆေးဝါးပညာရှင်၊ ဆေးဆရာစသည်ဖြင့် အဆင့်များလည်း ရှိပါသည်။
ကျင့်ကြံသူများကို စံနမူနာယူ၍ ဆေးဆရာများသည် တိုက်ခိုက်ရေး ကျင့်ကြံသူများနှင့် ဆက်ဆံကြပြီး ဆေးပညာရှင်များသည်လည်း ကျင့်ကြံသူများနှင့် အဆက်အဆံ ပြုကြသည်။ ဆေးဆရာများသည် သားရဲထိန်းဂိုဏ်းဆရာ များနှင့် အတူတူပင် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်၌ ရှိသော ဆေးပင်များကို ပြုစုပျိုးထောင်နိုင်သည်။
ဆေးသခင်ဟု ခေါ်သော အမည်မှာ အဆင့်သတ်မှတ်ချက်ကို မဆိုလိုဘဲ ဆေးဥယျာဉ်မှူးကို ရည်ညွှန်းပါ၏။
သို့သော် အဆင့်တစ်ခုကို ကိုယ်စားမပြုသော်လည်း ဌာနခွဲတစ်လုံးအပေါ် ကိုယ်စားပြုလေသည်။ ယေဘုယျအားဖြင့် ၎င်းသည် ဆေးဖက်ဆိုင်ရာပစ္စည်းများနှင့် အမြင့်ဆုံးအဆင့်ကို အနက်ရှိုင်းဆုံး နားလည်နိုင်သော ဆေးပညာရှင်တစ်ဦးသည် အမြင့်ဆုံးအဆင့် ရှိသူ ဖြစ်သည်။
ခန်းမသခင်ဖုန်း၏ နိဒါန်းမှ တဆင့် လုရွှမ်သည် နောက်ဆုံးတွင် နားလည်သွားသည်။
ငယ်စဉ်အခါက ခန်းမသခင်ဖုန်းသည် ပေရွှီးအင်ပါယာ တစ်ခုလုံးတွင် အသက်အငယ်ဆုံး သားရဲကို ထိန်းကျောင်းနိုင်သူ ဖြစ်လာခဲ့သည်။ သူသည် အားမာန်နှင့် စိတ်ဓာတ်များ အပြည့်ရှိသည်။ ဆေးဥယျာဉ်၏ ဆေးသခင်ကြီးမှာလည်း တုနှိုင်းမရတဲ့ ပါရမီရှင်တစ်ဦး ဖြစ်သည်။
ထို့နောက် သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ချစ်မိသွားကြပြီး အကြောင်းတစ်ခုကြောင့် လမ်းခွဲခဲ့ကြသည်။ ခန်းမသခင်ဖုန်း မပြောချင်တာကြောင့် လုရွှမ်လည်း မမေးတော့ပေ။
ဒီဆက်ဆံရေးကြောင့် ခန်းမသခင်ဖုန်းဟာ ဆေးဖက်ဝင် ပစ္စည်းတွေကို ဝယ်ဖို့ နေနေသာသာ သူမကို ရှာဖို့ မျက်နှာတောင် လှည့်မသွားခဲ့တော့ချေ။
"အဲဒီတုန်းက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေအတွက် ကျုပ်မှာ တာဝန်ရှိပြီး သူမကို သွားမတွေ့ရတော့တာ အမှန်ပါပဲ.... သားရဲခန်းမက ဒီနှစ်တွေအတွင်းမှာ ကျုပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီး သူမနဲ့ ဘာမှ မပတ်သက်ခဲ့ဘူး... လူတိုင်းက တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် မဆက်ဆံကြတဲ့အခါ တိတ်တဆိတ် နားလည်မှုတစ်ခု ဖြစ်လာခဲ့တယ်။ အခု သူမဆီ ရောက်သွားရင် နှစ်ဖက်စလုံး မျက်နှာပူစရာ ဖြစ်လာမှာ ကြောက်ရတယ်"
ခန်းမသခင်ဖုန်းသည် ရုပ်ဆိုးသောအမူအရာဖြင့် ခေါင်းယမ်းသည်။
"ကောင်းပြီ... ခင်ဗျား မျက်နှာပူနေရင်လည်း မေ့ပစ်လိုက်ပါ.... ဘာပဲဖြစ်ဖြစ် သင်းခွေချပ်နဂါးက ယဉ်နေသလား မယဉ်ဘူးလားဆိုတာ ကျုပ်အတွက် အရေးမကြီးဘူး!"
လုရွှမ်က ပေါ့ပေါ့ပါးပါး ပြောလေ၏။
တစ်ဖက်သားရဲ့ ကိုယ်ရေးကိုယ်တာ နစ်နာမှုတွေကို သူဂရုမစိုက်ပါဘူး။ ကျွယ်ရှင်ပန်းကို ရှာမတွေ့ရင်တော့ ဝိညာဥ်သားရဲကို မွေးထားဖို့ အဆင်မပြေနိုင်ဘူးလေ။
"မ မလုပ်ပါနဲ့... ဆရာကြီးလုရွှမ်... ကျေးဇူးပြုပြီး တောင်းဆိုပါတယ် ကျုပ်ကတကယ် အဆင်မပြေလို့ပါ... ဒီလိုဆိုရင်ရော ဘယ်လိုလဲ? မင်းက သားရဲခန်းမက လူမဟုတ်ဘူး.... ကျွယ်ရှင်ပန်းကို သွားဝယ်ပေးနိုင်မလား ဒီလိုဆို ကျုပ်ကူညီပေးနိုင်တဲ့ အခြေအနေ မှန်သမျှ ကူညီပေးပါ့မယ်"
သင်းခွေချပ်နဂါးကို မထိန်းနိုင်တော့ဘူးလို့ ပြောတာကို ကြားတော့ ခန်းမသခင်ဖုန်းက သူ့လက်ကို အမြန်ဆန့်ကာ တားလိုက်သည်။
ပိုက်ဆံတွေ အများကြီးကုန်ပြီး သူ့မိသားစုတစ်ခုလုံး အကုန်နီးပါး အကုန်အကျ ခံခဲ့ရတာကို ဒီအချိန်မှာ ရပ်ပစ်လိုက်လို့ ဘယ်ဖြစ်မလဲ? သူ့ကိုနောက်နေတာလား?
"မအားဘူး!"
လုရွှမ်သည် ရှည်ရှည်ဝေးဝေး မပြောနေဘဲ သူ့လက်များကို ဝှေ့ယမ်းလိုက်သည်။
သူသည် တစ်ဖက်လူ၏ လက်အောက်က မဟုတ်ပါ။ သူ၏လေ့ကျင့်မှုကို စုစည်းပြီး အဓိပတိနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရန် အချိန်လိုအပ် နေသေးသောကြောင့် ဤနေရာတွင် သူနှင့်အတူ အချိန်ဖြုန်းရန် အချိန်မရှိပါ။
"ဆရာကြီး.... အလျင်စလို မငြင်းလိုက်ပါနဲ့.... ဒီအရာကို အရင်ကြည့်ပါဦး!"
သူ့ငြင်းဆိုချက်ကို ကြားတာနဲ့ ခန်းမသခင်ဖုန်း အံကြိတ်ကာ လှည့်ကြည့်၍ အခန်းထဲက ကျောက်စိမ်းပုလင်းကို ထုတ်ယူလာကာ လွှဲပေးလိုက်သည်။
ကျောက်စိမ်းပုလင်းကို ယူပြီးနောက် ပေါ့ပေါ့ဆဆ ခြစ်ထုတ်လိုက်ရာ ရုတ်ချည်း ကြီးမားသော ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။ လုရွှန်၏ မျက်လုံးများ ချက်ချင်းဆိုသလို တောက်ပလာ၏။
"မြေနဂါးတောာင်ပံ သားရဲရဲ့သွေး??"
"ဟုတ်ပါတယ်!" ခန်းမသခင်ဖုန်း ခေါင်းညိတ်လိုက်သည်။
"မတော်တဆ ရလိုက်တာပါ... အခုချိန်ထိ သိမ်းထားခဲ့ပြီး တစ်ခါမှ ထုတ်မသုံးချင်ခဲ့ဘူး။ ဆရာကြီးက နဂါးသွေး ဝယ်ချင်တယ်လို့ ကြားတော့....ဆရာကြီးကို ကူညီနိုင်လိမ့်မယ် ထင်လို့ပါ!"
"မဆိုးပါဘူး ကျုပ်အတွက် အဆင်ပြေတယ်!"
လုရွှမ်က ကျေနပ်စွာ ခေါင်းညိတ်သည်။
မြေနဂါးတောင်ပံ၏ အဆင့်သည် တောင်ဖောက်နဂါးထက် မမြင့်သော်လည်း ၎င်းသည် ပျံသန်းနိုင်သော နဂါးမျိုးရိုးမှ ဆင်းသက်လာသူဖြစ်သည်။ ၎င်း၏အသွေးကို ခန္ဓာကိုယ် ဒေါသကို ထိန်းညှိပေးနိုင်သော နဂါးအဆီအနှစ်အဖြစ် သန့်စင်ပေးနိုင်ပါက သူ၏အမြန်နှုန်းကို တိုးတက်လာစေနိုင်၏။
ထို့အပြင် ၎င်းသည် မြေနဂါးတောင်ပံ သားရဲ၏သွေး အနှစ်သာရဖြစ်ပြီး အာနိသင်သည် ယခင်က သင်းခွေချပ်နဂါး၏ ဝမ်းဗိုက်မှထွက်သော သွေးထက် များစွာ တန်ဖိုးရှိသည်။
"ကျွယ်ရှင်ပန်းက သေမျိုးနယ်ပယ် အဆင့်၈ ဆေးပင်ပဲ.... အရမ်းအဖိုးတန်လို့ ပေရွှီးအင်ပါယာရဲ့ ဆေးဥယျာဥ်မှာတောင် အများကြီး မရနိုင်ဘူး.... ကောင်းပြီ ကျုပ်ခင်ဗျားအတွက် သွားဝယ်ပေးမယ်!"
မြေနဂါးတောင်ပံ၏ သွေးကို ရရှိလိုက်တဲ့အခါ လုရွှမ်လည်း တစ်ဖက်လူကို သဘောတူလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဆရာကြီး!"
သူ့ကတိကို ကြားတော့ ခန်းမသခင်ဖုန်းက စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်သည်။
ကျွယ်ရှင်ပန်းအကြောင်း သူ တစ်ခါမှ မကြားဖူးပေ။ တခြားလူတွေကို စေခိုင်းဖို့ကလည်း စိတ်မချရတဲ့အပြင် သားရဲခန်းမမှာရှိတဲ့ လူအားလုံးနီးပါးကို ဆေးဥယျာဉ်ထဲမှာ နာမည်ပျက်စာရင်းသွင်းခံခဲ့ရလေသည်။
မည်သို့ပင်ဆိုစေကာမူ လုရွှမ်သည် အကောင်းဆုံး ကိုယ်စားလှယ်လောင်း ဖြစ်သည်။
"ဒါ့ဖြင့် ခင်ဗျား သွားပြီးတော့ ဒီဆေးဖက်ဝင်ပစ္စည်းတွေကို ပြင်ထားပေးပါ!"
တစ်ဖက်လူကို သဘောတူပြီးနောက် လုရွှမ်သည် နောက်ထပ် စာရင်းတစ်ခုကို ချရေးခဲ့သည်။
နဂါးခန္ဓာစွမ်းအင် ဆေးကိုပြုလုပ်ရန် စာရင်းပါ ဆေးပစ္စည်းများသည် အဖိုးတန်သည် မဟုတ်ဘဲ ဝယ်ရလွယ်ကူပါသည်။ မကြာမီပင် ခန်းမသခင်ဖုန်းက ဆေးပစ္စည်း အစုံပေါင်းများစွာကို ပြင်ဆင်ပေးခဲ့သည်။
"တိတ်တိတ်ဆိတ်ဆိတ် ရှိတဲ့ အခန်းကို ရှာပေးပါ!"
ဆေးပင်ပစ္စည်းများ အားလုံး အဆင်သင့်ဖြစ်သဖြင့် လုရွှမ်သည် တိတ်ဆိတ်သော အခန်းကို ပြင်ဆင်ရန် ခန်းမသခင်ဖုန်းကို တောင်းဆိုခဲ့သည်။
ကျွယ်ရှင်ပန်းတွေ ဝယ်ဖို့ ဆေးဥယျာဉ်ကို သွားရမယ် ဆိုရင်တောင် ခဏလောက် အလျင်လို နေစရာမလိုပါဘူး။ ဆေးကိုပဲ အရင်သန့်စင်ကြည့်ရအောင်။
ယခင်အတွေ့အကြုံနှင့် ခန္ဓာကိုယ်ပေါ်တွင် နဂါးပုံစံ ပေါင်းစပ်ထားသောကြောင့် နဂါး၏သွေးကို ပြန်လည်သန့်စင်ရန် ပိုမိုလွယ်ကူသွားပါသည်။ တစ်ရက်မပြည့်မီတွင် သွေးအနှစ်သာရ တစ်စက်သည် လုံးဝသန့်စင်သွား၏။
ဟူ ဟူ ဟူ!
စွမ်းအားများ လည်ပတ်မှုနှင့်အတူ၊ ခန္ဓာကိုယ်မျက်နှာပြင်ပေါ်ရှိ နဂါးပုံစံများသည် ပိုမိုထူထပ်လာသည်။ ဖီးနစ် အတောင်ပံများကို ဖြန့်ကျက်လိုက်ရာ မူလက မီးတောက်များကဲ့သို့ တောက်လောင်နေသည့် ဖီးနစ်၏ တောင်ပံများပေါ်တွင် ရှုပ်ထွေးသော လိုင်းများ ပေါ်လာသည်။
အုန်း!
တိတ်ဆိတ်သော အခန်းထဲ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည်နှင့် နောက်တစ်ဖက်တွင် ပေါ်လာသည်။
"အရမ်းမြန်တယ်!"
လုရွှမ်၏ မျက်လုံးများ တောက်ပလာသည်။
မြေနဂါးတောင်ပံ ဝိညာဥ်သားရဲ၏ သွေးကို သန့်စင်ထားသော ဆေးသည် ယခင်က မျှော်လင့်ထားသည့်အတိုင်း အရှိန်အဟုန်မှာ သိသိသာသာ တိုးတက်လာခဲ့ပြီး သူ၏အမြန်နှုန်းသည် အဓိပတိနယ်ပယ် ပြီးပြည့်စုံမှုအဆင့်ထိသာ ရောက်ရှိထားသော်လည်း ယခုအခါတွင်မူ အရှိန်တစ်ခုတည်းကိုသာ အားကိုးကာ ယွမ်ချီနယ်ပယ်ရ သန်မာသောလူနှင့် တွေ့လျှင်ပင် အားမနည်းတော့ပေ။
တစ်နည်းဆိုရသော် သူသည် လိုင်ယန်နှင့် ထပ်မံတွေ့ဆုံပါက ခွန်အားကို မယှဉ်နိုင်သေးရင်တောင် ပြိုင်ဘက်ကို အရှိန်ဖြင့် အလွယ်တကူ ရှောင်တိမ်းနိုင်မည် ဖြစ်သည်။
"အင်အားလုံးဝ မတိုးလာတာ နှမြောစရာပဲ... ခွန်အား ၁ သန်းက အရမ်းအားနည်း နေသေးတယ်!"
အရှိန်ကို ခံစားမိပြီးနောက် လုရွှမ်က ခေါင်းခါလိုက်သည်။ မြေနဂါးတောင်ပံသားရဲ သွေးကို သန့်စင်ခြင်းသည် ခန္ဓာကိုယ် မျက်နှာပြင်ရှိ နဂါးပုံစံများ အရေအတွက်ကို တိုးစေသော်လည်း စွမ်းအားမှာ တိုးမလာပေ။ ၎င်းသည် ၁ သန်းသာ ရှိသေးသည်။
ဒီခံစားချက်ကို သူများတွေသိအောင် ပြောပြရင် သူ့ကို လည်ပင်းညှစ်သတ်ဖို့ ဆန္ဒပေါက်ဖွားလာမှာ သေချာပေ၏။
ခွန်အား၁သန်းရှိသော ကိုယ်ထည်ဖြင့် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၆နှင့် အဆင့်၇ စွမ်းအားရှင်များပင်လျှင် ၎င်းကို မရောက်နိုင်သည့် အင်အားဖြစ်သော်လည်း သူသည် အဓိပတိနယ်ပယ်သာ ရှိကာ မကျေနပ်နိုင်သေးချေ။
တံခါးကိုတွန်းပြီး ထွက်လာတော့ ခန်းမသခင်ဖုန်းက သူ ဆေးဥယျာဉ်ကို သွားတော့မယ်ဆိုတာ သိတာကြောင့် အားလုံး အဆင်သင့် ဖြစ်အောင်ပြင်ထားသည်။
လုရွှမ်လည်း ပြင်ဆင်ထားသော ရထားလုံးပေါ်သို့ တက်ကာ ဆေးဥယျာဉ်ဆီသို့ တိုက်ရိုက် ထွက်ခွာသွားခဲ့သည်။
ဆေးဥယျာဉ်သည် အနည်းငယ် အလှမ်းဝေးသော ပေရွှီးမြို့၏ ဘေးတွင်ရှိသည်။ ရထားလုံးပေါ်၌ ထိုင်နေရင်း လုရွှမ်သည် အချိန်ဖြုန်းမနေဘဲ ဝိညာဉ်ကျောက်တုံးကိုထုတ်ကာ ဝိညာဉ်စွမ်းအင်ကို ဝါးမြိုပစ်လိုက်သည်။
ယခင်က အကြီးအကဲကောင်းသည် ကောင်းရှန်အတွက် ဝိညာဉ်ကျောက်တုံး တစ်ထောင်ကို လျော်ကြေးအဖြစ် ပေးခဲ့ပြီး ပြန်လာပြီးနောက် အားလုံးကို ထုတ်ယူရန် မုယန်ဖုန်းအား တောင်းဆိုခဲ့၏။
ဤဝိညာဥ် ကျောက်တုံးများ၏ အကူအညီဖြင့် သူ၏ ကျင့်ကြံမှု အရှိန်မှာလည်း မကြာသေးမီကပင် များစွာ အရှိန်မြှင့်လာခဲ့သည်။
အဓိပတိနယ်ပယ်ကို ဖြတ်၍ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်များ၏ ကန့်သတ်ချက်သို့ ရောက်သောအခါ အရှိန်သည် ယခင်လို မမြန်နိုင်တော့ပါ။ လူများစွာသည် အဆင့်ငယ်တစ်ခုပင်လျှင် နှစ်အနည်းငယ်အတွင်း အဆင့်တိုး၍ မရပေ။
အဆင့်မြှင့်တင်မှု အရှိန်နှေးသွားတော့ လုရွှမ်သည် စိတ်မရှည်တော့ဘဲ သူ့ခန္ဓာကိုယ် အတွင်းရှိ စစ်မှန်သော စွမ်းအင်ကို အကြီးကျယ်ဆုံး အတိုင်းအတာအထိ ပေါင်းစပ်နိုင်စေရန် နည်းစနစ်တကျ လုပ်ဆောင်နေ၏။
"လူတိုင်းက ဝူအဆင့်တွေမှာ အဆင့်ကိုးခုရှိတယ်လို့ ပြောကြတယ်။ ဒါက မရေမတွက်နိုင်တဲ့ ဘိုးဘေးတွေနဲ့ အနှစ်ချုပ်ထားတဲ့ အတွေ့အကြုံ တစ်ခုလည်း ဖြစ်တယ်... ဒါပေမဲ စစ်သည်တွေဟာ တကယ်တော့ ဆယ်ဆင့်ရှိတယ် ဆိုတာ ငါသိထားတယ်...အဲဒါက ကိုးကွင်းနယ်ပယ်လိုပဲ အောင်မြင်ဖို့ဆိုတာ မရေတွက်နိုင်အောင် ခက်ခဲတယ်.... နှစ်တွေကြာလာတော့ ဘယ်သူမှ အောင်မြင်အောင် မလုပ်နိုင်ခဲ့လောက်ဘူး!"
ရထားလုပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေသော လုရွှမခသည် ရွှမ်ချင်ဂိုဏ်းတွင် သူဖတ်ဖူးသော ရှေးဟောင်းစာအုပ် တစ်အုပ်ထဲက အကြောင်းအရာတွေကို တွေးမိသည်။