သခင်မဟိုင်ထန်
Vol. 22 Ch. 3.77
"အဲဒါဆို ကောင်းပြီ!"
တစ်ဖက်လူဆီက တိကျတဲ့ အဖြေကို ကြားတော့ လုရွှမ်က အနည်းငယ်ပြုံးပြီး ညုတုတုအမျိုးသမီးကိုကြည့်ကာ
"ငါမင်းနဲ့ဆွေးနွေးစရာရှိလို့ မင်းရဲ့ဖိတ်ကြားလွှာကို ငှားလို့ရမလား"
"ငှားရမယ်? ဟားဟားဟား!"
ညုတုတုအမျိုးသမီးသည် အကောင်းဆုံး ဟာသကို ကြားလိုက်ရပုံဖြင့် လုရွှမ်အား ရွံရှာသောမျက်လုံးများဖြင့် ကြည့်ကာ
"နင်က ဘာမလို့လဲ?"
"မငှားဘူးလား?"
လုရွှမ် တစ်ချက်ကြည့်လိုက်သည်။
"ငါစိတ်မဆိုးခင် ဒီကနေ ထွက်သွား....မယုံချင်ယုံ မယုံချင်နေ ဒီသခင်မကအခုပဲ မင်းကို သတ်ပစ်လို့ရတယ်"
ညုတုတု အမျိုးသမီးက ကြိမ်းမောင်းပြီး သူမ၏ ခန္ဓာကိုယ်မှ စွမ်းအင်များ အလိုအလျောက် ထွက်လာသည်။
သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၁။ အသက်တိုးမြှင့်ခြင်းနယ်ပယ် အလတ်အလတ် အဆင့်။
တကယ်ကို သေမျိုးအသွင် ပြောင်းခြင်းနယ်ပယ်က လူပဲ!
"ကောင်းပြီ!"
သူမထုတ်လွှတ်လိုက်တဲ့ ခွန်အားကို လျစ်လျူရှုလိုက်ရင်း လုရွှမ်း ခေါင်းယမ်းလိုက်သည်။ သူ့ခန္ဓာကိုယ်က ရုတ်တရက် ယိမ်းထိုးသွားပြ နောက်အခိုက်အတန့်မှာတော့ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ အရှိန်အဟုန်နဲ့ ဆွဲဆောင်မှုရှိတဲ့ မိန်းမတစ်ယောက်ရှေ့မှာ ပေါ်လာပြီး လက်သီးကို ထိုးချလိုက်လေ၏။
ညုတုတုအမျိုးသမီး မတုံ့ပြန်နိုင်ခင်မှာ သူမရဲ့မျက်နှာရှေ့က လက်သီးက ပိုကြီးလာပြီး အမှောင်ထုကို မြင်လိုက်ရလေသည်။
ဗုန်း!
စူးရှသောအသံနှင့်အတူ လူတစ်ကိုယ်လုံး ဇောက်ထိုး လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။ မရပ်မနား တုန်လှုပ်သွားစဥ် သူမ၏လက်ထဲတွင် ဖိတ်စာတစ်စောင်သည် လုရွှမ်၏ လက်ဖဝါးပေါ်သို့ ကျရောက်နေပြီဖြစ်သည်။
မိန်းမက ပိုယဉ်ကျေးစွာ ပြောရင် လုရွှမ်လည်း လှုပ်ရှားရမှာ ပျင်းလေ၏။ ဒီမိန်းမက သူ့ကိုယ်သူ သာလွန်ထူးခြားသလို လုပ်နေတော့လည်း သင်ခန်းစာတစ်ခု သင်ပေးရတော့တာပေါ့။
အသက်တိုးမြှင့်ခြင်းနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်ကလူတောင် သူ့အတွက် ပြိုင်ဘက်မဟုတ်တာ အလတ်အလတ် အဆင့်လေးက သူ့ကိုဘာလုပ်နိုင်မှာ မလို့လဲ။
"ငါ့မှာ ဖိတ်စာရှိပြီ... ဝင်လို့ရပြီလား?"
ဖိတ်စာတစ်စောင်ကို လက်ခံရရှိပြီးနောက် လုရွှမ်သည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော အမျိုးသမီးကို လျစ်လျူရှုကာ တံခါးဝက ဧည့်ကြိုကိုကြည့်၍ ဆိုလိုက်သည်။
"အာ"
ဧည့်ကြိုလေးမှာ လန့်ဖျပ်သွား၏။ သူမ၏ မျက်နှာသည် ရှုပ်ထွေးမှုများ ပြည့်နှက်နေသည်။
သူမ လက်ခံရရှိသော အမိန့်မှာ ဖိတ်စာတစ်စောင်ဖြင့် ဝင်ရောက်နိုင်သော်လည်း ဤလူငယ်သည် သူမ၏ မျက်နှာရှေ့တွင် အခြားသူတစ်ဦး၏ လက်မှ အရာကို လုယူသွားခဲ့သောကြောင့် ဝင်ရောက်နိုင်မည်လား မပြောတတ်တော့။
"မင်းအခုနကပြောတော့ ဖိတ်စာတစ်စောင် ရှိနေသရွေ့ ဝင်လို့ရတယ်ဆို ငါ့မှာ ဖိတ်စာတစ်စောင်ရနေပြီ.... နောက်ထပ် အခက်အခဲတွေ ရှိသေးလား?"
"မ မဟုတ်ပါဘူး... ကျေးဇူးပြုပြီး ဝင်ပါ"
ဧည့်ကြိုမှာ အချိန်အတော်ကြာ စဉ်းစားပြီး သူပြောတာ မှန်တယ်လို့ ခံစားမိတဲ့အတွက် ခေါင်းညိတ် သဘောတူလိုက်ရ၏။
"ကျေးဇူးပဲ!" လုရွှမ်က ပြုံးပြီး ဝင်လာခဲ့သည်။
တခြားသူတွေ အတွက်တော့ ဆေးဥယျာဉ် တံခါးဝမှာ ဖိတ်စာတစ်စောင်ကို တိုက်ရိုက်ဆွဲယူတာဟာ အရူးလို ထင်ရာစိုင်းပေမယ့် သူ့အတွက်ကတော့ ဘာမှမဖြစ်ပါဘူး။
ယခင်ဘဝတုန်းက ရွှမ်ချင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးသည် ပွဲကြီးတစ်ခု ကျင်းပခဲ့ပြီး သူ့ကို မဖိတ်ကြားခဲ့ပေ။ ရလဒ်အနေဖြင့် ဂိုဏ်းကြီးကို ဇောက်ထိုးဖြစ်လုနီးပါး ဖြစ်သွားစေခဲ့သည်။ အကြီးအကဲပေါင်း တစ်ဒါဇင်ကျော်ကိုလည်း ဝက်ခေါင်းတွေလို ရိုက်နှက်ခဲ့သေးသည်။
ဒီဥပဒေမဲ့ ဇာတ်ကောင်ကြောင့်သာ မဟုတ်ရင် သူ့ကို "အရူးဧကရာဇ်" လို့ ဘယ်လိုလုပ် ခေါ်ပါ့မလဲ။ ဂိုဏ်းခြောက်ခုက ကြောက်တတ်တာ မြွေတွေနဲ့ ကင်းမြီးကောက်တွေလား။ တစ်ခုမှ မဟုတ်ဘူး။ အဲဒါသူပဲ!။
တခြားဘာမှ မပြောလိုဘဲ ဆေးဥယျာဉ်သည် တိမ်ပင်လယ် နယ်မြေကြီး တစ်ခုလုံးတွင် အလွန်အစွမ်းထက်သော စွမ်းအားတစ်ခုဟု သတ်မှတ်ခံရပြီး သူကတော့ ၎င်းကို ဖြိုခွင်းကာ ဘေးဥပဒ် ဖြစ်စေခဲ့ဖူးသည်။
"မင်း..... မုန်းစရာ ကောင်းလိုက်တာ ငါ မင်းကို သတ်ပစ်မယ်!"
လုရွှမ် ဆေးဥယျာဉ်ထဲဝင်ပြီး သိပ်မကြာခင်မှာပဲ ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးဟာ မူးဝေခြင်းကနေ နိုးထလာပါ၏။ သူ့လက်ထဲမှာ ပျောက်ကွယ်သွားခဲ့တဲ့ ဖိတ်စာတစ်စောင်ကို မြင်တော့ ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
"ဒါကသခင်မ ဟိုင်ထန် မဟုတ်လား? ခင်ဗျားဒီမှာ ဘာလုပ်နေတာလဲ"
ကျိန်ဆဲနေစဉ်တွင် ရှင်းလင်းသော အသံတစ်ခု ထွက်ပေါ်လာပြီးနောက် ရထားလုံး ရပ်သွားကာ ယုံကြည်မှု အပြည့်နှင့် မာနထောင်လွှားသည့် ပုံစံတစ်ခု ထွက်ပေါ်လာသည်။
"ကျွန်တော်မျိုးမ ရန့်ဟိုင်ထန်... မင်းသားချန်ရှင်းကို ဂါဝရပြုပါတယ်"
ထိုရုပ်ပုံလွှာကို မြင်တော့ ညုတုတုအမျိုးသမီး ဟိုင်ထန်သည် ချက်ချင်းပင် သူမ၏ခန္ဓာကိုယ်ကို ဖြောင့်စင်းစေပြီး ချစ်စရာကောင်းသော အလင်းရောင်ကို ပေါ်လွင်စေကာ အနည်းငယ် ပြုံးပြလိုက်သည်။
အရင်က ယင်းယန်အကယ်ဒမီရဲ့ တွေ့ဆုံပွဲကနေ ထွက်ခွာခဲ့တဲ့ မင်းသား ချန်ရှင်းကလွဲလို့ တခြားသူ မဟုတ်ချေ။
ဤမင်းသားသည် အမှန်တကယ် ဆေးပညာရှင်တစ်ဦးဖြစ်ပြီး ဖိတ်စာတစ်စောင် ရရှိခဲ့သည်။
"သခင်မဟိုင်ထန်က ဒီကိုရောက်နေပြီကို ဘာလို့ အထဲ မဝင်တာလဲ" မင်းသားချန်ရှင်းက ပြုံးပြီး ပြောလိုက်သည်။
သခင်မဟိုင်ထန်ဟု လူသိများသော ဤရန့်ဟိုင်ထန်သည် သူမ၏ကိုယ်ပိုင် အစွမ်းသတ္တိမှာ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် ပထမအဆင့်တွင်သာ ရှိသော်လည်း သူမ၏ဂုဏ်သတင်းမှာ အင်မတန် နာမည်ကြီးသူ မဟုတ်ချေ။
သူမသည် ချမ်းသာသော ကုန်သည်တစ်ဦး၏ သမီးဖြစ်ခဲ့ဖူးပြီး ပေရွှီးအင်ပါယာမှ စစ်ဗိုလ်ချုပ်ကြီး တစ်ဦးနှင့် လက်ထပ်ခဲ့သည်။ ကံမကောင်းစွာပဲ ထိုဗိုလ်ချုပ်ကြီးသည် မင်္ဂလာပွဲအပြီး မကြာမီ တိုက်ပွဲတွင် သေဆုံးသွားခဲ့သည်။
နန်းတွင်းရှိ ဂုဏ်သရေရှိ အများအပြားမှာ အချင်းချင်း အရေးကိစ္စများ ရှိခဲ့ကြသည်။ သူတို့၏ ကျော်ကြားမှုသည် ပေရွှီး တော်ဝင်မြို့တော်တစ်ခုလုံးတွင် ကျယ်ပြန့်လာခဲ့သည်။
မင်းသား ချန်ရှင်းသည် အိမ်ရှေ့စံမင်းသား ဖြစ်လိုလျှင် နန်းတွင်း အမှုထမ်းများအား သဘာဝအတိုင်း အနိုင်ယူနိုင်ပေလိမ့်မည်။ ဤရန့်ဟိုင်ထန်သည် ထိုတံတားများထဲမှ တစ်ခုဖြစ်လာခဲ့သည်။ ၎င်းတို့နှစ်ဦးသည် အမြဲတစေ အမျိုးမျိုးသော အရောင်းအဝယ်ကိစ္စများ ရှိခဲ့သည်။
"ကျွန်မရဲ့ဖိတ်စာကို အရှက်မရှိတဲ့ ကောင်ငယ်လေးက လုယူသွားတယ်"
မကြာခင်က ဖြစ်ပျက်ခဲ့တာကို တွေးရင်း သခင်မဟိုင်ထန်သည် ဒေါသတကြီး ထခုန်လုနီးပါးပင် ဖြစ်နေ၏။
"လုယူသွားတယ်လား?" မင်းသား ချန်ရှင်း အံ့သြသွားသည်။
ဒါဟာ သခင်မဟိုင်ထန်ဖြစ်သည်။ သူမရဲ့ကိုယ်ပိုင်အင်အားက သိပ်မကောင်းပေမယ့် ခင်ပွန်းဖြစ်သူက သေပြီးနောက် အဆင့်အတန်း မရှိပေမယ့် သူမမှာ မရေမတွက်နိုင်တဲ့ စွမ်းအားရှင်တွေနဲ့ ပတ်သက်နေပါ၏။ ဒါတစ်ခုတည်းကို အခြေခံပြီး သူသုံးနိုင်တဲ့ စွမ်းအင်က အလွန်အံ့သြစရာကောင်းပါသည်။
ဒီလိုလူကို ဘယ်သူက စော်ကားဝံ့မှာလဲ။
"တော်ဝင်နန်းတော်မှာ ဖိတ်စာတွေ ရှိသေးလား ဒါမှမဟုတ် အဲဒီကောင်စုတ်ကို ခေါ်ထုတ်ပလို့ရလား?"
အစောက ဖြစ်ပျက်ခဲ့တာတွေက အရမ်းရှက်စရာကောင်းမှန်း သိတော့ သခင်မဟိုင်ထန်မှာ စကားအများကြီး မပြောချင်တော့ဘဲ အနည်းငယ်ပြုံးပြီး ပြောလိုက်သည်။
"တခြားသူတွေကို မေးရင်တော့... သူတို့မှာ တစ်ခုမှ ရှိမှာမဟုတ်ဘူး... ငါ့မှာလည်း တစ်ခုပဲ ရှိတယ် ဆေးဆရာပိုင်ချန်က ဒီနေ့မလာဘူး ဆိုတော့ သူ့ဖိတ်စာက ငါ့မှာ ရှိတယ်... သခင်မလိုအပ်ရင် ငှားပေးလို့ရတယ်!"
မင်းသား ချန်ရှင်းက ပြောသည်။
သခင်မဟိုင်ထန်သည် သြဇာကြီးသူများကို အနိုင်ယူရန် အရေးကြီးသော သဲလွန်စတစ်ခု ဖြစ်ပြီး တစ်ဖက်လူများ၏ အားသာချက် အားနည်းချက်များကို သိရှိနိုင်တာကြောင့် စွန့်ပစ်ထားခဲ့ရန် မဖြစ်နိုင်ပေ။
"ကျေးဇူးတင်ပါတယ် မင်းသား!"
ဖိတ်စာတစ်စောင်ကို လက်ခံရရှိပြီးနောက် သခင်မဟိုင်ထန်က သူမမျက်နှာ တစ်ပြင်လုံး ပြုံးပြသော်လည်း လုရွှမ်ပျောက်ကွယ်သွားသည့် လမ်းကြောင်းကို လှမ်းကြည့်လိုက်သောအခါ သူမ၏မျက်လုံးများတွင် အမုန်းတရားများ ပြည့်နှက်လာခဲ့သည်။
ယောက်ျားဖြစ်သရွေ့ သူမကိုမြင်သောအခါ သူမ စကတ်အောက်တွင် ဦးညွှတ်နေမည်ဟု ကျော်ကြားခဲ့သည်။ ဤလူသည် သူမ မျက်နှာကို လက်ဖြင့်ထိုးခဲ့တာကြောင့် ကလဲ့စားမချေလျှင် လူမဟုတ်တော့ပေ။
"သွားမယ်... ဝင်ရအောင်!"
မင်းသား ချန်ရှင်းသည် ဖိတ်စာတစ်စောင်ကို ထုတ်ကာ သူ့ကျေးဇူးကို ရောင်းစားကာ ခြံဝင်းထဲသို့ လျှောက်သွားခဲ့သည်။ သခင်မဟိုင်ထန်သည် နောက်မှ အနီးကပ်လိုက်ကာ လျှောက်သွားခဲ့သည်။
လုရွှမ်သည် သူရိုက်ဖူးသော အမျိုးသမီးသည် မင်းသားချန်ရှင်း နှင့် ရောနှောသွားသည်ကို မသိခဲ့ပေ။ လက်ရှိအချိန်တွင် သူသည် ပုံမှန်စင်္ကြံလမ်းအတိုင်း လျှောက်သွားကာ ခန်းမထဲသို့ ၀င်သွားခဲ့သည်။
ယခုအချိန်တွင် ရာနှင့်ချီသော လူများစွာသည် အခန်းထဲသို့ ရောက်လာကြသည်။
ပွဲမစသေး၍ တစ်စုံတစ်ခု အကြောင်း ပြောနေသကဲ့သို့ ခြောက်ယောက် သို့မဟုတ် ခုနစ်ယောက် စုဝေးနေကြသည်။
"ဆေးသခင်ချန်က ငါတို့ကို ဒီအချိန်ကြီး ဖိတ်တာက ဘာကိစ္စများလဲ? အဲဒါက ညစာစားပွဲလောက်ပဲ မရိုးရှင်းနိုင်ဘူး!"
"မင်းတကယ် မသိဘူးလား?"
"ကျုပ်က နယ်စပ်မြို့ တစ်မြို့မှာ နေပြီး တော်ဝင်မြို့တော်ကို နှစ်အတော်ကြာအောင် မရောက်ခဲ့ဘူး.... ဘယ်လိုလုပ် သိနိုင်မှာလဲ!"
"ဆေးဥယျာဉ်ရဲ့ ရတနာက အပြင်းဖျားပြီး အချိန်မရွေး သေသွားတော့မလို ဖြစ်နေတယ်လို့ ကြားမိတယ်။ ဆေးသခင်ချန်ရဲ့ ပွဲက အတုအယောင်ပဲ... တကယ့်အဓိပ္ပါယ်က နည်းလမ်းရှာဖို့ အတူတကွ ပူးပေါင်းလုပ်ဆောင်ဖို့ပဲ!"
"ဥယျာဉ်ရဲ့ ရတနာ? မင်းပြောနေတဲ့ အပင်က?"
"ရှူး.... မင်းအသံကို လျှော့ထား ငါလည်း အထဲကနေ ဒီသတင်းကို ကြားလာခဲ့တာ!"
"ဒီလိုဖြစ်ရင် ဆေးဆရာကို ကုသပေးဖို့ တိုက်ရိုက် ဖိတ်ခေါ်ရင် ပြီးသွားလိမ့်မယ်.... ဘာကြောင့် ဒီလောက် လျှို့ဝှက်ဆန်းကြယ်ပြီး ညစာစားပွဲအကြောင်း ပြောရတာလဲ?"
"ဆေးဥယျာဉ်ရဲ့ ရတနာက ဘာလဲဆိုတာ သိထားသင့်တယ်... အဲဒီအရာမရှိရင် ဆေးဥယျာဉ်ဟာ တခဏချင်း ပြိုကျမှာပဲ သတင်းကို ဘယ်သူက သတ္တိရှိရှိ ပြောရဲမှာလဲ? ဆေးဆရာကို မတွေ့ရခင် ခေါင်းဖြတ်မယ့် ရန်သူက အရင်လာလိမ့်မယ်!"
"အဲဒါတော့ အမှန်ပဲ!"
လူအုပ်ကြားထဲ လမ်းလျှောက်လာရင်း လုရွှမ် တိုးညှင်းသော အသံဖြင့် စကားစမြည် ပြောဆိုနေသံများကို ကြားလိုက်ရသည်။
ဘာသာပြန် - ယောက်ျားတွေကို ပါးရိုက်ပြီး မိန်းမတွေကျ လက်သီးနဲ့ထိုးတဲ့ကောင်