မင်းသား၏ ပူးပေါင်းကြံစည်မှု
Vol. 22 Ch. 3.79
လုရွှမ် ပြောတဲ့စကားက အမှန်တရားပါပဲ။ သို့သော် လော့ထောင်း ကြားလိုက်တာနဲ့ သူ့မျက်လုံးထဲက ကြယ်ပွင့်တွေ ထွက်လာတော့သည်။
သူက ဘယ်အဆင့်လို့ ပြောလိုက်တာနဲ့ အဲ့အဆင့်ပဲလို့ ပြောလိုက်တာလား? ဒါဆို ပိုမြင့်တဲ့အဆင့်ကို ရောက်နေပြီဆိုတာ သက်သေပြလိုက်တာပဲ မဟုတ်လား။
တောက်ပနေတဲ့ မျက်လုံးတွေနဲ့ တွေးကြည့်ရင် မယုံနိုင်စရာတွေ ဖြစ်လာသည်။ ဒီအရွယ်မှာ ဒီလိုစွမ်းရည်မျိုး ရှိနေတာ တကယ်ကို ပြင်းထန်လွန်းတာပဲ။
သူ့ကို ဆေးသခင်ချန်တစ်ယောက် ဖိတ်ကြားခဲ့တာ အံ့သြစရာ မဟုတ်တော့ပေ။ သူသည် အကြီးအကဲတွေနဲ့သာ လိုက်ပါနိုင်ခဲ့သူ ဖြစ်လေသည်။
"အစ်ကိုကြီးလုက အရမ်းတော်တာပဲ... ကျွန်တော် အစ်ကိုကို လေးစားတယ်!"
ဒါကိုတွေးပြီး လော့ထောင်း မနေနိုင်ဘဲ ဦးညွှတ်လိုက်သည်။
"အင်း!"
ဒီလူက ဘာလို့ရုတ်တရက် ဒီလိုသဘောထား ရလာမှန်း မသိပေမယ့် လုရွှမ်က သူ့အရင်ဘဝတုန်းက ကမ္ဘာပေါ်မှာ ထိပ်တန်း၌ ရပ်တည်ခဲ့ဖူးပြီး ဘယ်မြင်ကွင်းကိုမှ သူမမြင်ဖူးတာ မရှိဘူး။ ဒါကြောင့် မျက်နှာမှာ အံ့သြတာမရှိသလို ထူးခြားတဲ့ မျက်နှာအမူအရာ လှိုင်းလုံးတွေလည်း မရှိပေ။
လော့ထောင်း၏ မျက်လုံးများထဲတွင် သူက ပို၍ပင် အစွမ်းထက်လာသည်ဟု ခံစားရသည်။ သူတို့နှစ်ယောက် စကားစမြည် ပြောနေကြစဉ် မင်းသား ချန်ရှင်းနှင့် သခင်မဟိုင်ထန်တို့ ဝင်လာခဲ့သည်။
အခန်းထဲ ဝင်လာသည်နှင့် တပြိုင်နက် သူမကို ရိုက်သော ကလေးစုတ် ဘယ်ရောက်သွားသည်ကို ရှာဖွေရန် ကြိုးစားတော့သည်။
"ဘာမှားလို့လဲ?"
သူမ၏ အသွင်အပြင်ကို မြင်လျှင် မင်းသား ချန်ရှင်းက တည်ငြိမ်စွာ မေးလေသည်။
"ကျွန်မဖိတ်စာ ခိုးသွားတဲ့ကောင်ကို ပြန်ရှာနေတာ!"
သခင်မဟိုင်ထန်သည် ဒေါသတကြီး ပြင်းပြင်းထန်ထန် ဟစ်အောင်ရင်း သူမ၏ မုန်းတီးမှုကို ဖော်ပြနေသည်။
ထိုအချိန်တွင် သူမသည် အလွန်ရှက်စရာကောင်းပြီး လူရှေ့သူရှေ့တွင် ပါးရိုက်ခံခဲ့ရကာ ဖိတ်ခေါ်မှုကို လုယူသွားခဲ့သည်။
"တကယ်ပဲ ခိုးသွားတာကိုး?" မင်းသားချန်ရှင်း အံ့အားသင့်သွားသည်။
တစ်ဖက်လူက အဲဒါကို အကျယ်တဝင့် မပြောခဲ့ဘူး။ သူက ဆင်ခြေသက်သက်လို့ ထင်ပေမယ့် တကယ် လုယူခံထားရဖို့ မမျှော်လင့်ထားဘူး။ ဒီလောက် ရဲရင့်တဲ့သူက ဘယ်သူလဲ။ ဖိတ်စာတစ်စောင် ရှိလျှင်ပင် အရည်အချင်း အစစ်အမှန် မရှိလျှင် ၎င်းကိုဆေးသခင်က မြင်နိုင်ဆဲဖြစ်သည်ကို မသိပါတကား။
"အင်း!"
သခင်မဟိုင်ထန်၏ မျက်နှာသည် ညိုမှိုင်းကာ သူမသည် ပတ်ဝန်းကျင်ကို လှမ်းကြည့်ရင်း ရုတ်တရက် မျက်လုံးများ တောက်ပလာ၏။
"ဒီကောင် ဟိုမှာ ရှိနေတာပဲ!"
သူမ တွေ့လိုက်ရသည်ကို မြင်လိုက်ရသဖြင့် မင်းသားချန်ရှင်းသည် သူ့အကြည့်ကို မလွှဲဘဲ မနေနိုင်ဘဲ သခင်မဟိုင်ထန်၏ ဖိတ်ကြားစာကို လုယူရဲသည့် သတ္တိကောင်းလွန်းသူ မြင်လို၍ အကြည့်လွှဲလိုက်သည်။
"သူ?? သူ ဘာလို့ ဒီကိုရောက်လာတာလဲ?"
သခင်မဟိုင်ထန်၏ ဖိတ်ကြားစာကို လုယက်တဲ့ သူကတော့ သူ့အသိအကျွမ်းပဲ ဖြစ်ပါ၏။ မနေ့ က ယင်းယန်အကယ်ဒမီ၏ တွေ့ဆုံပွဲတွင် ကျောင်းသားဟောင်းများရှေ့ သေခါနီးအထိ မျက်နှာကို အကြိမ်ကြိမ် ပါးရိုက်ခံခဲ့သည်။
ဒီကောင် ဒီကိုလာဖို့ မမျှော်လင့်ထားဘူး!
"သခင်မဟိုင်ထန်.... ခင်ဗျားရဲ့ ဖိတ်စာကို လုယူသွားတယ်လို့ ပြောတယ်မလား? ဒါကြောင့် သူ့မှာ ဖိတ်စာမရှိရင် သူက ဆေးပညာရှင် မဟုတ်ဘူးပေါ့"
မင်းသား ချန်ရှင်းက ထွက်သွားခါနီး သခင်မဟိုင်ထန်ကို ဖမ်းဆုပ်ပြီး တားထားလိုက်သည်။
"ဆေးဆရာ? သူက ဆိုးဆိုးရွားရွား ဆေးဆရာပဲ ဖြစ်မှာပဲ... ဒီအရွယ်နဲ့?? မိခင်နို့ တိုက်ကျွေးနေတဲ့ အချိန်ကတည်းက လေ့ကျင့်ထားလို့ ဒီအရွယ်မှာ ဆေးဆရာဖြစ်မှာလား? သူ့အဆင့်လောက်နဲ့ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က ဝိညာဥ်ဆေးပင်ကို ပြုစုပျိုးထောင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး!"
သခင်မဟိုင်ထန်သည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး
"မင်းသား... ကျွန်မကို မတားပါနဲ့! ကျွန်မဒီကောင်ကို အခုချက်ချင်း ထုတ်ပြီး သင်ခန်းစာကောင်းကောင်း ပေးပစ်မယ်"
"သခင်မ မလောပါနဲ့"
"ဘာလဲ? တော်ဝင်မင်းသားက ကျွန်မကို တားချင်နေတာလား? ဒါမှမဟုတ် ဒီကောင်လေးနဲ့ အဆက်အဆံ ရှိနေလို့လား?" သခင်မဟိုင်ထန်က မျက်မှောင်ကြုတ်လိုက်သည်။
"သခင်မက ဟာသတွေ ပြောနေပါပြီ... ဒီကောင်က ကျွန်တော်နဲ့ ရန်ငြိုးရှိတယ်.... သူ့အသားကို စားပြီး သူ့အရိုးတွေကို ချိုးပစ်ချင်နေတာ!" မင်းသားချန်ရှင်းက အေးစက်စွာ ဆိုလိုက်သည်။
"ဒါဆို မင်းသားက ဘာလို့ကျွန်မကို တားထားတာလဲ?"
"သခင်မ သူ့ကို အခုချက်ချင်း ဖော်ထုတ်လိုက်ရင် ဒီကောင်က လှည့်ပြီး ထွက်သွားလိမ့်မယ်.... ဒါ ဆေးဥယျာဉ်မို့ ခင်ဗျားလူတွေကို သတ်လို့မရဘူး မဟုတ်လား" မင်းသား ချန်ရှင်းက ပြောသည်။
"ဒါ…" သခင်မဟိုင်ထန်က စကားမပြောနိုင် ဖြစ်သည်။
တစ်ဖက်လူ ပြောတာက မှန်လေသည်။ ဆေးဥယျာဉ်ဟာ အခင်းအကျင်း ပညာရှင်အဖွဲ့လောက် ပြင်းထန်တဲ့ စည်းကမ်းတွေ မရှိပေမယ့် တိုက်ကြီးတစ်ခုလုံးရဲ့ အထွတ်အထိပ် အင်အားစုတွေထဲက တစ်ခုလည်း ဖြစ်ပါသည်။
ဤတွင် ဆေးဆရာ အများအပြားသည် ဆေးဥယျာဉ်၏ ဧည့်ခန်းထဲတွင် ရှိနေသေးသည်။ တိုက်ရိုက် လူသတ်လိုက်ပါက ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ဆေးဆရာတွေရဲ့ အမြင်မကြည်တာတွေ ဖြစ်လာစေပြီး တိုက်ရိုက် ကန်ထုတ်ခံရနိုင်သည်။
အချိန်တန်လာတဲ့အခါ ကိုယ့်အတွက်ကို လက်စားချေပြီး နာမည်ပျက်ရင် တကယ်ကို ရှက်စရာ ကောင်းလိမ့်မည်။
"ဒါ့အပြင် ခင်ဗျားအခုပဲ တိုက်ရိုက် လှုပ်ရှားလိုက်မယ် ဆိုရင် ခင်ဗျားရဲ့ ဖိတ်စာကို လုယက်ခံရတယ်ဆိုတဲ့ သတင်းက မကြာခင် ပြန့်သွားမှာ ဖြစ်ပြီး အဲဒီအချိန်မှာ ရယ်မောစရာတွေ ဖြစ်သွားလိမ့်မယ်!" မင်းသား ချန်ရှင်းက ဆက်ပြောပါ၏။
"ဒါက......"
သခင်မဟိုင်ထန်လည်း စကားရပ်သွားသည်။
ကိုယ့်ထက်ငယ်တဲ့ လူတစ်ယောက်ဆီကနေ မျက်နှာကို လက်သီးနဲ့ထိုးပြီး ဖိတ်စာ လုယူခံရတာက ဂုဏ်ယူစရာတော့ မဟုတ်ပေ။
တကယ်တမ်း ပြောရရင် အဲဒီကောင်လေးဟာ အမည်မသိ အငယ်တန်း တစ်ယောက်သာ ဖြစ်ပြီး သူမလည်း ထိုလူအား မသိချေ။ ပေရွှီးအင်ပါယာရဲ့ ဆေးပညာရှင် လောကမှာ သူမသိတဲ့ လူတွေမှ အများကြီးပင်။
"ဒါဆို ဘယ်လိုလုပ်ရမှာလဲ? ဒီကလေးကို ဒီအတိုင်း လွှတ်ထားမိရင် ကျွန်မတကယ် တံတွေးတောင် မျိုချနိုင်မှာ မဟုတ်ဘူး!"
သခင်မဟိုင်ထန် သူ့သွားတွေကို အံကြိတ်လိုက်၏။
"ဒါက ရိုးရိုးရှင်းရှင်းပါပဲ.... အခုတော့ ပျော်ရွှင်ပါစေဦး.... ခင်ဗျားနဲ့ကျွန်တော်ပဲ ဒီနေ့ ဖြစ်ပျက်ခဲ့တာကို သိတာ။ အဲဒါက လျှို့ဝှက်ချက် မဟုတ်ဘူး။ ဆေးဝါးသခင် ရောက်လာရင် ကျွန်တော်တို့ သူ့ကို မြှောက်ပင့်ပေးလို့ရတယ်။ သူက ဆေးဝါးပညာရှင်တောင် မဟုတ်ဘူးဆိုတော့ ဖွက်ထားတဲ့ ခြေထောက်က ချက်ချင်း ပေါ်လာမှာပဲ....ဟားဟား နောက်ပိုင်းကိုတော့ ကျွန်တော် ပြောဖို့မလိုဘူး ခင်ဗျား သိမှာပါ.... နောက်ပြီး ကျွန်တော် သိရသလောက် အဲဒီကလေးက သားရဲလေ့ကျင့်ရေးဆရာရဲ့ ခန်းမသခင်နဲ့ ဆက်ဆံရေးကောင်း ရှိတယ်တဲ့ ဒါကြောင့် သူ့ကို ပေါ့ပေါ့ဆဆ နှိုးဆော်လိုက်တာနဲ့ သူဒီနေ့ အပြင်မထွက်နိုင်တော့မှာ ကြောက်ရတယ်"
မင်းသား ချန်ရှင်း၏ မျက်လုံးများ တောက်ပလာသည်။
မနေ့က သူ အရှက်ရပြီးနောက် လုရွှမ်အကြောင်းကို စုံစမ်းစစ်ဆေးဖို့ တစ်စုံတစ်ယောက်ကို စေလွှတ်ခဲ့၏။ မနေ့က မော့ချုံဟာ သူ့ကို ကယ်တင်ခဲ့တဲ့အကြောင်း သိခဲ့ပြီးနောက် သူက ခန်းမသခင်ဖုန်းနဲ့ ဆက်ဆံရေးကောင်းကြောင်း သိဖို့အတွက် သဲလွန်စတွေကို လိုက်ရှာခဲ့သည်။
သားရဲဘာသာစကားနဲ့ ပတ်သက်ပြီးတော့ ခန်းမသခင်ဖုန်းက စကားဝှက်တစ်ခု ထုတ်ထားပြီးဖြစ်လို့ အပြင်လူတွေက မတွေ့နိုင်ပေမယ့် တခြားအရာတွေဖြစ်တဲ့ မင်းသားတစ်ယောက် အနေနဲ့တော့ ရှာရမခက်ခဲပါ။
ခန်းမသခင်ဖုန်းနှင့် ဆေးဝါးသခင်ချန်တို့ ကြားက ကိစ္စကို လူတော်တော်များများ မသိကြသော်လည်း မင်းသားတစ်ပါးနှင့် သခင်မဟိုင်ထန်ကဲ့သို့ ဆေးဝါးပညာရှင်များ အတွက် လျှို့ဝှက်ချက် မဟုတ်ပေ။
"မဆိုးဘူး.... အကြံကောင်းပဲ တော်ဝင်မင်းသားလို့ကို မပြောရဘူး တကယ့်ကို အံ့သြစရာပဲ!"
မူလက မင်းသားချန်ရှင်းက သူမကို တားဆီးသောကြောင့် အနည်းငယ် မကျေမနပ် ဖြစ်ခဲ့သော်လည်း အစီအစဉ်ကို ကြားလိုက်သောအခါတွင် သူမ၏ မျက်လုံးများသည် စိတ်လှုပ်ရှားစွာ တောက်ပလာ၏။ သူမရှေ့တွင် ချောမောပြီး ဉာဏ်ရည်ထက်မြက်သော မင်းသားကို စိုက်ကြည့်ကာ ခြေထောက်များကြားက နေရာမှ စိုလာသလို ခံစားလာရတာကြောင့် အလိုအလျောက် ပူးထားလိုက်မိသည်။
"ဟဲဟဲ.... ဒါက အသေးအဖွဲ့ ကိစ္စပဲလေ... ဆေးဝါးသခင်ချန်က သူ့အထောက်အထားကြောင့် သူ့ကို မသတ်ခဲ့ရင်တောင် သူ့ကိုသတ်ဖို့ တစ်ယောက်ယောက်ကို စေလွှတ်လိုက်လိမ့်မယ်.... စိတ်မပူပါနဲ့ ဒီကလေး သေကို သေလိမ့်မယ်!"
လူငယ်က သူ့ကို စော်ကားခဲ့တာကို တွေးမိပြီး မင်းသားချန်ရှင်းက သူ့သွားတွေကို ကြိတ်လိုက်သည်။
"ဒါဆို မင်းသားကို ကျေး ဇူးတင်ချင်ပါတယ်... ကျွန်မသူ့ကို တကယ် သတ်ချင်နေတာ ဒီအတိုင်းဆို လက်စားချေဖို့ ခက်မယ်ထင်လိုက်တာ အခုတော့ မင်းသားလက်ထဲ အပ်လိုက်ပါပြီ"
သခင်မဟိုင်ထန်သည် မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း ဖော်မပြနိုင်သော ကျက်သရေရှိမှုကို ထုတ်ဖော်ပြသလိုက်သည်။
သူမသည်လည်း ကိုယ်ပိုင်အလှတစ်ခု ရှိပြီး သူမ၏ ဆွဲဆောင်မှုအား ဖြည့်ရန် အခက်အခဲများစွာကို ဖြတ်သန်းခဲ့ရသူ ဖြစ်သည်။ မဟုတ်ပါက သူမသည် နန်းတော်တစ်ခွင်လုံးတွင် ကျော်ကြားနေမည် မဟုတ်ပေ။ ယခုအချိန်တွင် မင်းသားချန်ရှင်းသည် ဒေါသအလွန်ထွက်ကာ စောင့်မနေနိုင်တော့ပေ။
သို့သော် ဤမမြဲသော အလှကို ချက်ချင်း အပြစ်ပေးလိုက်ချင်သေးသည်။
"ခစ်ခစ်...."
သခင်မဟိုင်ထန်က သူဘာတွေ တွေးနေလဲဆိုတာကို မမြင်နိုင်ဘဲ ပေါ့ပေါ့ပါးပါး ပြုံးပြပြီး အဖန်ဖန် ချစ်ဖို့ကောင်းအောက် လုပ်ပြလာတဲ့အခါ မင်းသားချန်ရှင်းမှာ သည်းမခံနိုင်တော့ပေ။
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း ရှုပ်ပွနေတဲ့နေရာကို အချိန်မရွေး ရှာတော့မယ့် အချိန်မှာပဲ ကျယ်လောင်သော အသံက ခန်းမတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။
"ဆေးဝါးသခင်ချန်.... ရောက်ရှိလာပါပြီ!"
စကားသံနှင့်အတူ အသက်သုံးဆယ်ကျော်အရွယ် အလှလေးတစ်ယောက် ဖြတ်ကျော် ဝင်ရောက်လာခဲ့သည်။ သူမ၏မျက်လုံးထောင့်များတွင် အရေးအကြောင်း အချို့ရှိသော်လည်း နှစ်ပေါင်းများစွာ ကြာအောင် သူမ၏အလှကို မဖုံးကွယ်ထားနိုင်ခဲ့ပေ။
အသွင်အပြင်နဲ့ ပြောရရင် သခင်မဟိုင်ထန်က နာမည်ကြီးပေမယ့် သူမထက် အများကြီး ပိုဆိုးလှသည်။