မြေသွေးကြောနှလုံးစပျစ်နွယ်ပင်
Vol. 22 Ch. 3.80
"ဒီလူကြီးက တော်တော်အစွမ်းထက်တာပဲ!"
ဆေးဝါးသခင်ချန်၏ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့ လုရွှမ် တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
ခန်းမသခင်ဖုန်းဟာ အဘိုးကြီးတစ်ယောက် ဖြစ်ပြီး ရုပ်ရည်ပိုင်းမှာလည်း မချောပေ။ သို့သော် ဒီလိုကြီးကျယ်ခမ်းနားတဲ့ အမျိုးသမီးကို ရထားခဲ့မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး။
"ဒါက ဆေးဝါးသခင်ချန်လား? အရမ်းလှတာပဲ"
တစ်ဖက်တွင်ရှိ လော့ထောင်း၏ မျက်လုံးများက တောက်ပလာ၏။
"သူမက ဆေးပညာမှာ ယှဉ်လို့မရတဲ့ အရာမှန်းသိပါတယ်.... ဒါပေမဲ့ တကယ်ကို လှပနေမယ်လို့ မမျှော်လင့်ထားဘူး သူက ရိုးရိုးရှင်းရှင်းလေးနဲ့ကို အရမ်းလှတာ"
သူ့တံတွေးတွေ ထွက်လာတော့မှာကို မြင်လိုက်ရတော့ လုရွှမ်က ဒီကောင်လေးရဲ့ သွားရည်တွေ ကူးစက်လာမှာကို ကြောက်တာကြောင့် နောက်ပြန်ဆုတ်ဖို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။
"ဒီနေ့ပွဲကို လာလည်တဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်"
ခန်းမထဲသို့ လျှောက်လာရင်း ဆေးဝါးသခင်ချန်က ပြုံးပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
"ဆေးဝါးသခင်ချန်က ယဉ်ကျေးနေပါပြီ!"
"ဆေးဝါးသခင်ချန်က ပွဲစီစဉ်ပေးတော့ ကျုပ်တို့ မလာဘဲ မနေရဲပါဘူး!"
"မတွေ့တာတောင် ကြာပြီဆိုတော့ အတူတူ စကားလေးဘာလေး ပြောကြတာပေါ့"
လူတိုင်းက ရယ်ပြီး စကားတွေ အများကြီး ပြောကြလေသည်။
"ဒီကိုလာလည်တဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ် ... ထပ်ပြီး ကျွန်မ ချန်ယီးရုံက တကယ်ကို ရှက်မိပါတယ် ဒီတစ်ခါတော့ ပွဲလို့ ခေါ်တဲ့အရာက တကယ်တော့ ဒါက ဘာအတွက်လဲ ဆိုတာ ပြောစရာမလိုအောင် လူတော်တော်များများ မှန်းဆကြပါလိမ့်မယ်။ လူတိုင်း မြေသွေးကြောစပျစ်နွယ်ပင်ရဲ့ အရေးပါမှုကို နားလည်ကြမှာပါ... ယီးရုံရဲ့ အရည်အချင်းတွေက အကန့်အသတ်ရှိပြီး လက်ရှိအချိန်မှာ တခြားနည်းလမ်း မရှိခဲ့ပါဘူး။ လူတိုင်းကို ဒီကိုလာဖို့ ဖိတ်ကြားရတာက နည်းလမ်းကောင်းကို စဉ်းစားပြီး အခက်အခဲတွေကို ကျော်လွှားနိုင်အောင် ကူညီပေးဖို့ ဖြစ်ပါတယ်... အသင့်တော်ဆုံး အကြံပြုချက်လေး ပေးနိုင်ရင် ကျွန်မချန်ယီးရုံက ပေရွှီးဆေးဥယျာဥ်ရဲ့ ခေါင်းဆောင် အနေနဲ့ အဲဒီလူကို ကျွန်မတို့ရဲ့ အရိုးသားဆုံး မိတ်ဆွေ ဖြစ်လာစေမယ်လို့ ဒီနေရာမှာ ကတိပြုပါတယ်.... အနာဂတ်မှာ ဆေးလိုရင် ကျွန်မတို့ဆေးဥယျာဉ်က အားလုံးကို အလကား ပေးပါ့မယ်!"
"ဘာ? လိုအပ်တဲ့ဆေးတွေ အားလုံးကို အလကား ပေးမယ်??"
"ဒီလက်ဆောင်က အရမ်း မကြီးလွန်းဘူးလား?"
"အခမဲ့ ဆေးဝါးက ဒုတိယ.... ဆေးဆရာတွေ အနေနဲ့ ဆေးမလိုချင်ခင် အချိန်တစ်ခုပဲ လိုတော့တယ်... အဓိကက ဆေးဥယျာဉ်ရဲ့ အရိုးသားဆုံး သူငယ်ချင်းဖြစ်ဖို့ပဲ"
"ဟုတ်တယ်.... ဆေးဥယျာဥ်နဲ့ သူငယ်ချင်းဖြစ်ရင် ပေရွှီးရဲ့ တော်ဝင်မိသားစု ဆီကတောင် ကောင်းကောင်း ဆက်ဆံခံရလိမ့်မယ်!"
"ဒါတင်မဟုတ်ဘူး.... မင်းဆေးဥယျာဉ်ရဲ့ သူငယ်ချင်း မဖြစ်ခင် အချိန်တစ်ခုပဲ ရှိသေးတယ်.... သူတို့နဲ့ ဆေးပညာတွေ ဖလှယ်နိုင်တယ်....လက်ရှိ ကန့်သတ်ချက်တွေကို ဖြတ်ကျော်သွားနိုင်တယ်"
ဆေးဝါးသခင်ချန်၏ စကားကိုကြားတော့ လူတိုင်း ချက်ချင်းပဲ ဆူညံသွားသည်။ တစ်ယောက်စီတိုင်း မျက်လုံးများက နီရဲနေခဲ့သည်။
အမြဲတမ်း တည်တည်ငြိမ်ငြိမ် နေတတ်သော မင်းသား ချန်ရှင်းပင်လျှင် အသက်ရှူမဝသလို မျက်လုံးများမှာလည်း စိတ်လှုပ်ရှားမှုကြောင့် နီရဲလာတော့သည်။
သူသည် အရည်အချင်း အားမနည်းသလို အာဏာရ လူများနှင့် အတိုက်အခံ ပါတီများတွင် မြင့်မားသော အသံရှိသူ ဟုတ်သော်လည်း အိမ်ရှေ့မင်းသား ဖြစ်လာနိုင်သည့် အခြေအနေက လက်ရှိဘုရင်၏ စိတ်နှင့် မူတည်နေသေးသည်။
သို့သော်လည်း ဆေးဥယျာဉ်က အကူအညီကို ရရင်တော့ မတူတော့ပေ။
ပြည်မကြီးတွင် သြဇာအရှိဆုံး အင်အားစုများထဲမှ တစ်ဦးအနေဖြင့် ဆေးဥယျာဉ်ကို ၎င်းတို့က အသိအမှတ် ပြုထားပြီး အိမ်ရှေ့မင်းသား ရာထူးမှာ သူမှလွဲ၍ အခြားမည်သူမျှ မလုယူနိုင်ပေ။
"ငါအောင်မြင်ရမယ်!"
တစ်ဖက်မှ လော့ထောင်းမှာလည်း စိတ်လှုပ်ရှားစွာ တုန်လှုပ်နေသည်။
ဆေးမိသားစုကြီး လေးခုထဲက ကလေးတစ်ယောက် အနေနဲ့ ဆေးဝါးသခင်ချန်ရဲ့ ကတိက ဘယ်လောက်ထိ အစွမ်းထက်တယ်ဆိုတာ သဘာဝကျကျ သိပါသည်။ သူအောင်မြင်နိုင်ရင် မိသားစုထဲမှာ သူ့အဆင့်အတန်းက ချက်ချင်း တိုးတက်လာမှာဖြစ်ပြီး သူကတော့ မျိုးဆက်သစ် သခင်လေး ဖြစ်လာမှာပင်။
ဘိုးဘေးများစွာသည် သူ့အား ဆေးပညာကို တတ်မြောက်အောင် သင်ပေးမည်မှာ သေချာသည်။ ထို့ကြောင့် သူသည် သူ့နာမည်နှင့် လိုက်လျောညီထွေစွာ နေနိုင်မည် ဖြစ်သည်။
သူ၏စိတ်လှုပ်ရှားမှုကို နှိမ့်ချကာ လော့ထောင်းသည် သူတွေ့ခဲ့ရသော လူငယ်ကို ကြည့်ရန် ခေါင်းကို လှည့်ကာ တစ်ဖန် သဘောကျမှုဖြင့် ပြည့်နှက်သွားသည်။
သူ၏ပါးပြင်များသည် စိတ်လှုပ်ရှားမှုများဖြင့် နီမြန်းနေပြီး သက်ကြီးရွယ်အို အများအပြားပင် စိတ်လှုပ်ရှားမှုဖြင့် သူတို့၏နဖူးမှ သွေးကြောများ ပေါက်ထွက်နေသော်လည်း ဤလူငယ်မှာ တည်ငြိမ်သော မျက်နှာရှိပြီး လုံးဝ ဂရုမစိုက်သလိုပင်။
"အစ်ကိုလု... မင်းစိတ်မလှုပ်ရှားဘူးလား"
လော့ထောင်းက တကယ်ကို မထိန်းနိုင်ဘဲ မေးလိုက်သည်။
"ဒါက ဆေးဥယျာဉ်တစ်ခုရဲ့ မိတ်ဆွေပဲလေ... ဘာစိတ်လှုပ်ရှားစရာရှိလဲ?"
သူ့အတွက်ကတော့ ဆေးဥယျာဉ် ဌာနချုပ်က သူ့ကို သူငယ်ချင်းအဖြစ် ဆက်ဆံတာတောင် အခက်သေးသေးလေးပဲ ဖြစ်လေသည်။
ပေရွှီးအင်ပါယာသည် သူယာယီနေရန် နေရာတစ်ခုသာ ဖြစ်ပြီး ဘုရင့်နိုင်ငံငယ် တစ်ခုရှိ သူငယ်ချင်းတစ်ဦး ဖြစ်ဖို့ စိတ်လှုပ်ရှား နေစရာမရှိပေ။
"ဆရာကြီး!! ဒါကမှ ဆရာကြီး!"
အတုအယောင် မဟုတ်ဘဲ စိတ်နှလုံးမှ မွေးဖွားလာခြင်းပင်။ သူ၏ လျစ်လျူရှုသော အသွင်အပြင်ကို မြင်လိုက်ရသဖြင့် လော့ထောင်းက သူ့ကို တစ်ဖန် သဘောကျသွားပြန်သည်။
ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီစွမ်းရည်ကို ပိုင်ဆိုင်နိုင်တယ်ဆိုတာ အံ့သြစရာပင်။
"တိတ်တိတ်လေး နေပေးပါ... အခြေအနေတွေကို ကျွန်မလည်း ပြောထားပြီးပြီ... စိတ်ပါဝင်စားရင် ဆေးပညာနယ်ပယ်နဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်း ကြည့်ပြီး ရောဂါရှာဖွေမှုနဲ့ ကုသမှုကို ဆွေးနွေးနိုင်ပါတယ်"
စိတ်လှုပ်ရှားနေသော လူအုပ်ကို နှောင့်ယှက်ရင်း ဆေးဝါးသခင်ချန်က ကျယ်လောင်စွာ ပြောလိုက်သည်။
"ကောင်းပြီ...လမ်းပြပေးဖို့ ဆေးဝါးသခင်ချန်ကို နှောင့်ယှက်ပါရစေ!"
"ကျုပ်တို့အဖြေ မထုတ်ခင် တစ်ချက် ကြည့်လိုက်ရအောင်!"
လူအုပ်ကြီးက ပဲ့တင်ထပ်လာကာ ဆေးဝါးသခင်ချန်၏ နောက်သို့ အနီးကပ်လိုက်ကာ ထွက်လာခဲ့သည်။
ဆေးဥယျာဉ်ရှိ ဆေးပင် လယ်ကွက်များသည် မြေသွေးကြေး နှလုံးစပျစ်နွယ်ပင်၏ ဝိညာဥ်ချီများဖြင့် ကျက်စားသော မြေသြဇာကောင်းသော လယ်ကွင်းဖြစ်သည်။ ဤနေရာတွင် စိုက်ထားသော ဆေးအားလုံးသည် အခြားနေရာများထက် ပိုကောင်းပြီး ပိုသန်မာသည်။
လုရွှမ်သည် လူတိုင်းနောက်သို့ လိုက်ကာ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။
ဆေးလယ်ကွက် အနားကို မရောက်ခင်မှာ ဝိညာဥ်ချီက ပိုအားကောင်းလာပြီး သန်မာတဲ့ တက်ကြွမှုတွေ ပျံ့နှံ့လာတယ်လို့ ခံစားလာရသည်။
ဤတွင် ဆေးဆရာများ သာမက ကျင့်ကြံသူများပင်လျှင် သူတို့၏ဘဝကို နူးညံ့သွားစေလိမ့်မည်။ ဆေးဝါးသခင်ချန်သည် ခန်းမသခင်ဖုန်းထက် များစွာ ငယ်ပုံရသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။ ဒီနေရာရဲ့ ဝိညာဥ်ချီက ခန္ဓာကိုယ်အတွက် အင်မတန် ကောင်းမွန်သည်လေ။
"မဟုတ်သေးဘူး!"
စိတ်ထဲမှာ ထူးဆန်းတဲ့ ခံစားချက်တွေ ခံစားလာရပြီး ဝိညာဉ်စွမ်းအားတွေကို တိတ်တဆိတ် ပျံ့နှံ့သွားစေတဲ့အခါ တစ်ကိုယ်လုံး တုန်ခါသွားသည်။
ဆေးဥယျာဥ်၏ ဧရိယာသည် ကျယ်ဝန်းပြီး လျှို့ဝှက်ချက်များ ပြည့်နှက်နေသော်လည်း ၎င်းသည် လူများကို အသက်မဲ့ခြင်း၏ ခံစားချက်ကို ပေးသည်။
ဒီခံစားချက်က ရေခဲမုန်တိုင်းလို အေးစက်နေပြီး သတိမထားရင် သတိပြုမိဖို့ ခက်လေသည်။
"ဒီမြေသွေးကြော နှလုံးစပျစ်နွယ်ပင်မှာ ပြဿနာကြီး တစ်ခု ရှိနေပုံရတယ်!"
ဒါကိုခံစားလိုက်ရတော့ လုရွှမ်ဟာ ဆေးဝါးသခင်ချန်က ဘာကြောင့် ဒီလိုလက်ဆောင် ကြီးကြီးမားမား ပေးရတယ်ဆိုတာ ချက်ချင်းသဘောပေါက်သွားပြီး ဆေးဆရာများကို ဒီနေရာထိ စရိတ်စက အကုန်ခံ၍ ဖိတ်ခေါ်ရတာလဲဆိုလည်း နားလည်သွားသည်။
ဒီ မြေသွေးကြော နှလုံးစပျစ်ပင်ရဲ့ ပြဿနာက ထင်ထားတာထက် ပိုကြီးပုံရ၏။ ဆေးပင်နားကို လုံးလုံးလျားလျား မရောက်ခင် ဒီသေခြင်း၏ စွမ်းအင်ကို ခံစားနေရပြီ။
သေဆုံးနေသော စွမ်းအင်၏ သိပ်သည်းဆကို တွက်ချက်၍ အချိန်မီ မကုသပါက တစ်နှစ်ပင် အသက်မရှင်နိုင်တော့မှာ ကြောက်ရသည်။
"ဆေးပင်တွေ အများကြီးပဲ.... အဲဒါက အရမ်းအစွမ်းထက်တယ်.... ဒါက ဆေးဥယျာဉ်ထဲက ဆေးနယ်ပယ်ပဲ ကောင်းလိုက်တာကွာ ဒီဟာနဲ့ ယှဉ်ရင် ငါတို့မိသားစုက ဘာမှကို မဟုတ်တော့ပါလား?"
လော့ထောင်းက စိတ်လှုပ်ရှားစွာ ဆိုမိလေ၏။ ကြည့်လိုက်တော့ သူတို့က ဆေးလယ်ကွင်းတွေထဲကို ရောက်နေပြီ။
တစ်ချက် ကြည့်လိုက်တာနဲ့ အဆုံးမသတ်နိုင်သော ဧကထောင်ပေါင်းများစွာ ကျယ်ဝန်းသော ဆေးလယ်ကွင်းကြီးများထဲ ဆေးပင်ပစ္စည်းများကို စိုက်ပျိုးထားကာ အပင် တစ်ပင်ချင်းစီသည် ပြင်းထန်သော ရောင်ဝါများ ထွက်ပေါ်လာပြီး လူ့စိတ်ကို လန်းဆန်းစေလေသည်။
"ဒါက မြေဝိညာဥ်မြက်?? တိတ်ဆိတ်ခြင်းပန်း?? တောငွေရိုက်းမြက်?? ဒါတွေက အပြင်မှာ အရမ်းစျေးကြီးတယ်.... အဲဒါတွေက စျေးကွက်မှာတောင် မရှိဘူး။ ဒီမှာတော့ အများကြီး ရှိနေတာပဲ"
လော့ထောင်းမှာ မျက်ရည်ကျ လုမတတ် ဖြစ်နေပါပြီ။
ဤနေရာတွင် ဆေးပင်ပစ္စည်းများ အမျိုးအစား များစွာရှိရုံ သာမက ရှားပါးပစ္စည်း များစွာလည်း ရှိပါသည်။ ထူးဆန်းပြီး ဆန်းကြယ့သော ဆေးပင်ပစ္စည်းများလည်း အများအပြားရှိပြီး အလှအပအတွက် အပြိုင်အဆိုင် ဖြစ်ချင်သည့် လူတို့ကို အထူးပင် လှပစေနိုင်သည်။
အထူးသဖြင့် ဆေးဝါးများကို တစ်နေ့တာလုံး ကိုင်တွယ်ဖြေရှင်းသော ဆေးဝါးပညာရှင်များသည် ဆေးဘက်ဆိုင်ရာ ပစ္စည်းများ အများအပြားကို ရုတ်တရက် တွေ့လိုက်ရသောအခါတွင် အနည်းငယ် စိတ်လှုပ်ရှား တုန်လှုပ်သွားကြသည်။
"အားလုံး....အရှေ့ကတော့ ကျွန်မတို့ဆေးဥယျာဉ်ရဲ့ အုတ်မြစ် နှလုံးစပျစ်ပင်ပါပဲ...."
ဆေးလယ်ကွင်းတွေထဲ ခဏလောက် လမ်းလျှောက်ပြီးနောက် ဆေးဝါးသခင်ချန်က သူမလက်ညှိုးနဲ့ ရှေ့ကို ညွှန်ပြလေ၏။
သူ့လက်ညှိုးအတိုင်း လှမ်းကြည့်လိုက်တော့ အချင်း ခုနစ်မီတာ ရှစ်မီတာရှိတဲ့ အချင်း ခုနစ်မီတာ ရှစ်မီတာရှိတဲ့ အကိုင်းအခက်တွေနဲ့ အရွက်တွေပါတဲ့ ဆေးခင်းကြီးရဲ့ အလယ်မှာ ရပ်တည်နေတဲ့ စပျစ်နွယ်ပင်ကြီးကို မြင်လိုက်ရပေသည်။
ဤကဲ့သို့သော စပျစ်နွယ်ပင်ကြီးကို လူများစွာမြင်ရခြင်းမှာ ပထမဆုံး အကြိမ်ဖြစ်ပြီး ထိတ်လန့်တုန်လှုပ် သွားခြင်းကိုလည်း မရပ်တန့်နိုင်ခဲ့ပေ။
သို့သော်လည်း တစ်ခုခုတော့ မှားနေပြီ ဆိုတာကို မကြာခင်မှာ သိလိုက်ရ၏။ ဒီထူထပ်တဲ့ စပျစ်နွယ်ပင်ရဲ့ အရွက်အားလုံးဟာ အနည်းငယ်ဝါနေပြီး အချိန်မရွေး သေဆုံးသွားတော့မည့်ပုံ ပေါက်နေသည်။