သူမ
Vol. 23 Ch. 3.81
"မကောင်းတော့ဘူး!"
"ဒီစပျစ်နွယ်ပင်က မထိန်းနိုင်တော့ဘူး"
"ဒါက ဘယ်လိုဖြစ်တာလဲ? ဒီလိုစပျစ်နွယ်ပင်ကြီးက ဘယ်လိုလုပ် ညှိုးနွမ်းပြီး သေသွားတော့မလို ဖြစ်နေတာလဲ"
လူတိုင်းသည် ဆေးဝါးကျွမ်းကျင်သူများ ဖြစ်ပြီး ၎င်းတို့တွင် သဘာဝအလျောက် ဆေးဝါးများကို နှစ်သက်ကြသည်။ ဤမျှကြီးမားသော စပျစ်နွယ်ပင်ကြီး သေဆုံးနေသည်ကို တွေ့လိုက်ရသဖြင့် မအော်ဘဲ မနေနိုင်တော့ပေ။
"လူတိုင်း မြင်နေရတာ အမှန်ပါပဲ... ကျွန်မတို့ရဲ့ မြေသွေးကြောနှလုံးစပျစ်ပင်က သေပါတော့မယ်။ ကျွန်မနည်းလမ်းတွေ အများကြီး စဉ်းစားပြီးပြီ.... ဒါပေမဲ့ တကယ်ကို နည်းလမ်း မရှိခဲ့ဘူး.... ဒါကြောင့် နည်းလမ်းကောင်းများ ရနိုင်မလားဆိုတာ စောင့်ကြည့်ဖို့ အားလုံးကို အတူတူ လာကြည့်ဖို့ ဖိတ်ခေါ်ခဲ့တာပါ!"
ဆေးဝါးသခင်ချန်၏ မျက်လုံးများမှာ မှေးမှိန်သွားသည်။ မြေသွေးကြောနှလုံးစပျစ်ပင်သည် ဆေးဥယျာဉ် အကိုင်းအခက် တစ်ခု၏ အခြေခံအုတ်မြစ်ဖြစ်ပြီး အပင်သည် အဖိုးမဖြတ်နိုင်ပေ။
ဆေးဥယျာဉ်ကဲ့သို့ အစွမ်းထက်သော စွမ်းအားတစ်ခုပင်လျှင် အလွယ်တကူ မဖယ်ရှားနိုင်ပေ။ နှစ်ပေါင်းများစွာ လွန်လာခဲ့သည့် အကိုင်းအခက်သည် အမှန်တကယ် ပျက်စီးသွားပါက သူသည် သမိုင်းတွင် အပြစ်သား ဖြစ်လာလိမ့်မည်။
"မြေသွေးကြောနှလုံးစပျစ်ပင် အကြောင်း ကျုပ်တို့လည်း သိပ်နားမလည်ဘူး... ဆေးဝါးသခင်ချန်တောင် ကျုပ်တို့လည်း ဘာမှ မလုပ်ပေးနိုင်မှာကို ကြောက်ရတယ်"
အဘိုးကြီး တစ်ယောက်က အဲဒါကို ခဏကြည့်ပြီး ကူကယ်ရာမဲ့ ပြောလိုက်သည်။ သူ့စကားက သူများတွေကိုပါ သဘောတူလာစေ၏။
မြေသွေးကြောနှလုံးစပျစ်ပင်၏ စိုက်ပျိုးနည်း စနစ်ကို ဆေးဥယျာဉ်တွင်သာ တွေ့ရှိနိုင်သည်။ ထိုအရာက လက်မလွှတ်နိုင်သော လျှို့ဝှက်ချက် တစ်ခုဖြစ်သည်။ နှလုံးစပျစ်ပင်၏ ဂုဏ်ရည်များနှင့် အရင်းနှီးဆုံး ဆေးပညာရှင်ချန် ပင်လျှင် မကူညီနိုင်ရင် တခြားသူတွေ ဘာလုပ်နိုင်မှာလဲ။
"စိတ်ဓာတ် မကျပါနဲ့.... ဒီမှာ လူတွေအများကြီး ရှိပြီး ခွန်အားကလည်း ကြီးတယ်။ တစ်ယောက်ယောက်က အဖြေကောင်းကောင်း တစ်ခုတော့ ရလာမှာပါ.... အဲဒါကြောင့် ဆေးဝါးသခင်ချန်က ကျုပ်တို့ကို ဒီကိုခေါ်လာခဲ့တာလေ!" လူအိုတစ်ဦးက ပြောသည်။
"အကြီးအကဲလော့ ပြောတာ မှန်တယ်!"
"လူတစ်ယောက်ရဲ့ ဖြေရှင်းချက်တွေက အမြဲတမ်း ကန့်သတ်နေတယ်.... ငါတို့အားလုံး တစ်ယောက်တစ်မျိုး တွေးကြည့်ရင် ဖြေရှင်းချက် တစ်ခုခုတော့ ရှာတွေ့နိုင်တယ်"
"မြေသွေးကြော နှလုံးစပျစ်ပင် စိုက်ပျိုးနည်းကို မသိပေမယ့် တစ်သက်လုံး ဆေးဖက်ဝင်ပစ္စည်းတွေနဲ့ ဆက်ဆံလာခဲ့တာ... တခြားလူတွေ မသိတဲ့ အတွေ့အကြုံတွေနဲ့ နည်းလမ်းတွေကတော့ အမြဲရှိနေတာပဲလေ။ အဆင်မပြေရင်တောင် အကုန်လုံးကို ထုတ်ပြောပြီး ဆွေးနွေး ကုသလို့ရတယ်"
"ဆေးဖြစ်သရွေ့ အတူတူ ဆွေးနွေးကြည့်ရင် အဖြေတစ်ခုတော့ ထွက်လာမှာပါ!"
အဘိုးအို၏ စကားကိုကြားတော့ အားလုံးက စိတ်ဓာတ်တွေ ပြန်တက်ကြွလာပြီး တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုတွေ အပြည့်ရှိသွားပြန်သည်။
ဆေးဝါးသခင်ချန် ပေးသော ဆုသည် မြင့်မားလွန်းပြီး ယခုတစ်ကြိမ်တွင်သာ ရရှိသော ဤကဲ့သို့ အခွင့်အရေးကောင်းကို မည်သူမျှ လက်မလွှတ်ချင်ကြပေ။
ငါ့နည်းလမ်းက အလုပ်ဖြစ်ပါ့မလား မသိပေမယ့် အောင်မြင်ရင် ဘယ်လိုလုပ်မလဲ။
"ဒါက ပေရွှီးအင်ပါယာ တစ်ခုလုံးမှာ နာမည်ကြီးတဲ့ အဆင့်၇ ဆေးဝါးဆရာ.... ကျွန်တော့်အဖိုးလေ"
အကြီးအကဲလော့၏ စကားကြောင့် နှေးကွေးသော အနေအထားတွင် ရှိနေသူတိုင်းသည် တိုက်ခိုက်ရေး စိတ်ဓာတ်များ ပြန်လည် ဖြည့်တင်းလာသည်ကို တွေ့လိုက်ရသဖြင့် လော့ထောင်းသည် လုရွှမ်အား စိတ်လှုပ်ရှားစွာ မိတ်ဆက်ပေးလိုက်ပါသည်။
"အင်း" လုရွှမ် ခေါင်းညိတ်လိုက်ပြီး စကားသိပ်မပြောဘဲ သူ့ရှေ့က နွယ်ပင်ကြီးကို ဂရုတစိုက် ကြည့်လိုက်သည်။
ဒီကမ္ဘာမှာ မြေသွေးကြောနှလုံးစပျစ်ပင် အကြောင်းကို အသိဆုံး လူသည် သူကလွဲလို့ ဘယ်သူမှ မသိသည်မှာ သေချာပါသည်။
များပြားလှသော အသိပညာသည် စက္ကန့်ပိုင်းမျှသာ ဖြစ်သည်။ အဓိကအချက်မှာ တစ်ချိန်က သူသည် ဆေးဥယျာဉ် ဌာနချုပ်မှ နှလုံးစပျစ်ပင်ကို ခိုးယူခဲ့ပြီး ၎င်းကိုပင် အသက်ရှင်လျက် စိုက်ပျိုးနိုင်ခဲ့ခြင်းပင် ဖြစ်သည်။
ဤစပျစ်နွယ်ပင်ကို နှစ်ပေါင်းငါးရာတိုင် မွေးမြူထားခဲ့သည်။ သူ ဧကရာဇ်နတ်ဆိုး ချုံလူကို တိုက်ခိုက်သောအခါ ၎င်းသည် ကီလိုမီတာရာနှင့်ချီ၍ ရှည်လျားနေပြီ ဖြစ်သည်။
အနှစ်သုံးရာ ကုန်လွန်သွားသော ဤကမ္ဘာမြေကြီး၏ နှလုံးစပျစ်နွယ်ပင်သည် အသက်ရှင်နေသေးသည် ဖြစ်စေ သေဆုံးသည်ဖြစ်စေ သူမသိနိုင်တော့ပေ။ သို့သော် ထိုနှလုံးစပျစ်ပင်ကို ပြုစုပျိုးထောင်ခြင်း၏ အခြေအနေသည် သူ့မှတ်ဉာဏ်ထဲတွင် ကွက်ကွက်ကွင်းကွင်း ရှိနေဆဲဖြစ်ပြီး ၎င်းကို ရှင်းရှင်းလင်းလင်း မှတ်မိနေပါသေးသည်။
"အဲဒီတုန်းက ငါနဲ့အတူ မြေသွေးကြောနှလုံးစပျစ်ပင်ကို မွေးမြူခဲ့သူက သူမပဲ"
မြေသွေးကြောနှလုံး စပျစ်ပင်ကိုတွေးရင်း အတွေးတစ်ခုက ပေါ်လာခဲ့သည်။ လုရွှမ်၏ ငြိမ်သက်ခဲ့သော စိတ်သည် တုန်လှုပ်ချောက်ချားသွားသည်။
နှလုံးစပျစ်နွယ်ပင်ကို ခိုးယူလိုက်သောအခါတွင် သူသည် ကမ္ဘာပေါ်တွင် လူသိများသော အရူးဧကရာဇ် တစ်ယောက် မဟုတ်သေးပေ။
တစ်ချိန်က နှလုံးစပျစ်နွယ်ပင်ကို အစာကျွေးဖို့ သူနဲ့အတူ ပြေးလွှားပြီး မရေမတွက်နိုင်အောင် ကြိုးစားအားထုတ်ခဲ့ကြတဲ့ လူတစ်ယောက် ရှိခဲ့သည်။ နှစ်ပေါင်းရာနဲ့ချီပြီး ပေါင်းသင်းလာခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ် မဖြတ်ခဲ့ကြပေ။
နှမြောစရာ ကောင်းတာက အစမှာ သူက အမြင့်ဆုံးအဆင့်ကိုသာ တက်ချင်နေခဲ့ပြီး သူမရဲ့ကြင်နာမှုကို မမြင်နိုင်ခဲ့ပေ။
နှစ်ရာချီကြာအောင် အတူတူ ရှိနေခဲ့ကြပေမယ့် တစ်ယောက်နဲ့ တစ်ယောက် အကြောင်းပြချက်မရှိသော ပတ်သက်မှုမျိုး မရှိခဲ့ပေ။
နတ်ဆိုးဧကရာဇ် ချုံလူနှင့် တိုက်ပွဲအပြီးတွင် သူသေဆုံးသွားခဲ့သည်။ အနှစ်သုံးရာ ကြာပြီးနောက်တွင် သူမ အသက်ရှင်နေသေး သလား သေသွားသလား? သူမ ဘာဖြစ်သွားလဲ မသိနိုင်ပေ။
ဒါမှမဟုတ် သူ့နှလုံးသားထဲမှာ အဲဒီလူရှိနေတာကြောင့် မင်းသမီး လော့ရုံ၊ လင်ရှောင်းရှောင်းနှင့် ဟန်ရွှယ်တို့ဟာ ထူးချွန်ပေမယ့် သူ့နှလုံးသားထဲကို မဝင်နိုင်သေးတာ ဖြစ်နိုင်သည်။
"မေ့လိုက်ပါ..... အများကြီး တွေးနေဖို့က အသုံးမဝင်ဘူး.... ပထမတာဝန်က ပြင်းပြင်းထန်ထန် လေ့ကျင့်ပြီး လက်စားချေဖို့ပဲ"
အမှတ်တရတွေထဲ နှစ်မြှုပ်ပြီး သိပ်မကြာခင်မှာပဲ လုရွှမ်ဟာ ပြန်လည်ကောင်းမွန်လာပြီး သူ့မျက်လုံးတွေက တင်းမာမှုတွေ ပြည့်နှက်နေပြန်၏။
အခုချိန်မှာ အများကြီးတွေးဖို့က အသုံးမကျပါချေ။ အရေးကြီးဆုံးအရာက ကလဲ့စားချေခြင်းပါပဲ။ ဧကရာဇ်ကျိုးရန်ကို သတ်လိုက်မှသာလျှင် အရူးဧကရာဇ် တစ်ယောက် အနေနဲ့ သူ့အဆင့်အတန်းကို ပြန်လည်ရရှိစေနိုင်မှာ ဖြစ်သည်။ သူမ အသက်ရှင်သည်ဖြစ်စေ သေသည်ဖြစ်စေ နောက်ကျရင် သိလာရလိမ့်မည်။
"ဆေးဝါးသခင်ချန်.... ခင်ဗျားက ကျုပ်တို့ထက် ဒီနှလုံးစပျစ်နွယ်ပင် အကြောင်း ပိုလေ့လာဖူးတယ်.... သူဘယ်တုန်းက နေမကောင်း စဖြစ်တာလဲ? အစက ဘယ်လို လက္ခဏာတွေ ရှိလဲ? ကုသဖို့ ဘယ်လိုနည်းလမ်းတွေ သုံးခဲ့လဲဆိုတာ လူတိုင်းကို ပြောပြပေးနိုင်မလား?"
လူတိုင်း ယုံကြည်မှု ပြန်ရလာသောအခါ အကြီးအကဲလော့က ထပ်ပြောပြန်သည်။
သူ၏ရှေ့တွင်ရှိသော ကြီးမားလှသော နှလုံးစပျစ်နွယ်ပင်ကြီးအား တစ်ချက်ကြည့်လိုက်လျှင် ဖျားနာနေသည်ကို တွေ့မြင်နိုင်ပေသည်။အသီးအရွက်များနှင့် ဆေးပင်ပစ္စည်းများကို ကုသခြင်းသည် လူသားများကို ကုသခြင်းနှင့် အတူတူပင် ဖြစ်သည်။
"ဟုတ်ပါတယ်... ဆေးဝါးသခင်ချန်... မဟုတ်ရင် ကျုပ်တို့ စမ်းတဝါးဝါး ဖြစ်နေလိမ့်မယ်..."
"ဘယ်လိုစဖြစ်လဲ မသိဘူးဆိုရင် ဘာမှလုပ်လို့မရဘူး.... ဆေးဝါးသခင်ချန်က အခြေအနေတွေကို အသေးစိတ် ရှင်းပြနိုင်ရင် ပိုကောင်းတဲ့ နည်းလမ်းကို ရှာတွေ့နိုင်မှာပါ"
အကြီးအကဲလော့၏ စကားကြောင့် အားလုံးက တစ်ချိန်တည်း ခေါင်းညိတ်ကာ တစ်ယောက်ပြီးတစ်ယောက် ပြောလာသည်။
ဆေးဝါးသခင်ချန်၏ ဆုလာဘ်အတွက် လူတိုင်းသည် အကျင့်ပျက်မခံဝံ့ဘဲ အစွမ်းကုန် ကြိုးစားကြမည် ဖြစ်သည်။
"ကောင်းပြီ မြေသွေးကြော နှလုံးစပျစ်ပင်ရဲ့ အခြေအနေကို ပြောပြပါရစေ...."
ထုတ်ပြောရုံမျှဖြင့် လူတိုင်းက နည်းလမ်းကို တွေးတောနိုင်သည်ကို သိထားလျက် ဆေးဝါးသခင်ချန်က ငြင်းဆန်ခြင်း မရှိခဲ့ပေ။
"မြေသွေးကြောနှလုံးစပျစ်ပင်က အမြဲတမ်း စိမ်းလန်းနေခဲ့တာပါ.... မဖျားနာခင်က ဒီစပျစ်ပင်က ဝိုင်းပြီးပြည့်နေပြီး တစ်ကိုယ်လုံးမှာ စိမ်းစိုနေတယ်.... အကိုင်းအခက် အရွက်တွေကလည်း အရမ်းဝေဆာနေခဲတယ် အနားရောက်တာနဲ့ လူတွေကို တက်ကြွလန်းဆန်းတဲ့ ခံစားချက်တွေ ပေးနိုင်တယ်! လွန်ခဲ့တဲ့ သုံးနှစ်လောက်က စပြီး အဲဒီအခြေအနေက ပြောင်းလာခဲ့တယ်...."
"လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဆေးကွင်းစောင့်ဖို့ စေလွှတ်တဲ့ အစေခံက နှလုံးစပျစ်ပင်မှာ အရွက်တွေ အဝါရောင်တွေ ပါနေတာကို သတင်းပို့လာတယ်.... အဲဒီတုန်းက မယုံလို့ ချက်ချင်း ပြေးလာကြည့်တော့ အဝါရောင် အရွက်တွေကို တွေ့လိုက်ရတယ်.... ဆေးဆရာ တစ်ယောက်အနေနဲ့ အသီးအရွက်တွေရဲ့ အရွက်တွေက ရာသီအလိုက် အဝါရောင် ပြောင်းမယ် ဆိုတာကို လူတိုင်း သိကြမှာပါ... အဲဒါကြောင့် အဲဒါကို ကျွန်မ သိပ်ဂရုမစိုက်မိဘူး"
"နှစ်ဝက်လောက်ကြာတော့ ပိုးကူးစက်ခံရပြီး အရင်က အနည်းငယ်ကနေ အရွက် အဝါရောင်တွေ ပိုများလာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ! ဒီအချိန်မှာတော့ တစ်ခုခု မှားနေပြီဆိုတာ သိလိုက်ရတော့ ကျွန်မလည်း ကုသဖို့ကြိုးစားတယ်!"
"အရွက်တွေ အဝါရောင် ပြောင်းသွားတော့ ကျွန်မရဲ့ ပထမဆုံး သံသယက စိုက်ပျိုးရေပြဿနာပါ.... ဒီအပင်တွေ ထွက်ပေါ်လာဖို့ အရေးကြီးဆုံး အချက်က ရေပဲ"
"ဒီအကြောင်းကြောင့်ပဲ.... ထျန်းဟန်တောင်က သန့်ရှင်းတဲ့ရေကို အထူးတလည် ယူဆောင်ပြီး ရေလောင်းလိုက်တယ်... အချိန်ကြာလာတာနဲ့အမျှ အရွက် အဝါရောင်တွေ သက်သာလာလိမ့်မယ်လို့ ထင်ခဲ့တယ်။ တစ်နှစ်ခွဲလောက်ကြာတော့ နှလုံးစပျစ်ပင် တစ်ခုလုံး အဝါရောင်တွေနဲ့ ဖုံးလွှမ်းသွားတယ်... အရွက်တွေ တင်မကပဲ အကိုင်းအခက်တွေလည်း ညှိုးနွမ်းစပြုနေပြီ!"
"အဲဒီအချိန်မှာတော့ နည်းနည်း ထိတ်လန့်သွားခဲ့တယ်။ မြေဆီလွှာ ပြဿနာကို သေချာလေ့လာပြီး စပျစ်နွယ်ပင်ကြီး တစ်ခုလုံးက စုပ်ယူထားတဲ့ မြေဆီလွှာကို အစားထိုးဖို့ စျေးနှုန်းကြီးကြီးမားမား သုံးထားခဲ့ပေမယ့် အဆင်မပြေခဲ့ဘူး. အဲဒီနောက်မှာတော့ နည်းလမ်းအမျိုးမျိုးကို အသုံးပြုပြီးပြီ ရလဒ်တွေက လုံးဝ အဆင်မပြေဘူး.... အခုတော့ ဖုံးကွယ်လို့ မရတော့ဘူး ဒါကြောင့် အားလုံးကို လာကူညီဖို့ တောင်းဆိုရတာပါ!"
ဆေးဝါးသခင်ချန်သည် သူမမျက်လုံးများတွင် အထီးကျန်မှု ခံစားချက်ဖြင့် စကားပြောနေပြီးနောက် ခေါင်းယမ်းလိုက်သည်။