အားလုံး ကူကယ်ရာမဲ့ ဖြစ်ကုန်ပြီ
Vol. 23 Ch. 3.82
မြေသွေးကြော နှလုံးစပျစ်ပင်သည် ဆေးဥယျာဉ်၏ အခြေခံအုတ်မြစ် ဖြစ်သည်။ ဆေးပညာရှင် တစ်ယောက်အနေဖြင့် သူ့ကိုယ်ပိုင်ဆေးဥယျာဉ်ကို မကယ်တင်နိုင်ဘူးလို့ ပြောရလျှင် အနည်းငယ် ရှက်စရာ ကောင်းပေလိမ့်မည်။
"အရွက်တွေ အဝါရောင်ပြောင်းလာပြီး အကိုင်းအခက်တွေ ညှိုးနွမ်းကုန်တယ်... သာမာန် အခြေခံမူတွေ အရ အာဟာရချို့တဲ့ရင် ဒါမှမဟုတ် အာဟာရ လွန်ကဲနေတာပဲ... ဆေးဝါးသခင်ချန် စမ်းသပ်ကြည့်ပြီးပြီလား?"
အကြီးအကဲလော့က ပြောသည်။
"ဒါတွေအကုန်လုံး ကျွန်မ ကြိုးစားပြီးပြီ ဒါပေမဲ့ အဆင်မပြေဘူး!"
ဆေးဝါးသခင်ချန် ခေါင်းယမ်းလိုက်သည်။
"ကျုပ်ကို အရင် ပေးကြည့်ပါဦး!"
ထိုရှင်းပြချက်ကို နားထောင်ပြီးနောက် လူအုပ်ထဲမှ အဘိုးကြီး တစ်ယောက် ရောက်လာသည်။
"အကြီးအကဲလျိုပဲ!"
"ဘယ်က အကြီးအကဲလျိုလဲ?"
"ပေရွှီးအင်ပါယာမှာ ဘယ်သူ့ကို အကြီးအကဲလျိုလို့ ခေါ်သေးလို့လဲ သေချာပေါက် ထျန်းယင်မြို့ လျိုအိမ်တော်က ဘိုးဘေးကြီးပဲပေါ့!"
"ချန်၊ ကျူး၊ လျိုနှင့် လော့တို့က ဆေးမိသားစု လေးခုလေ... လျိုမိသားစု ဘိုးဘေးက အဆင့်၇ ဆေးဆရာတွေလို့ ကြားဖူးတယ်... လူကိုယ်တိုင် ရောက်လာမယ်လို့ မထင်ထားဘူး"
"သူသာ မမြင်နိုင်ရင် ငါတို့ ဘာမှလုပ်လို့ မရတော့ဘူး"
လူအုပ်ထဲမှ အဘိုးကြီး ထွက်သွားသည်ကို မြင်လိုက်ရတော့ အားလုံးက အံ့အားသင့်ကာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
ဆေးပညာ၏ မိသားစုကြီး လေးခုသည် ပေရွှီးအင်ပါယာ၏ ဆေးပညာနယ်ပယ်မှ အဆင့်မြင့်ဆုံး တည်ရှိမှုထဲတွင် တည်ရှိပြီး ဆေးသူတော်စင်များ ကဲ့သို့ပင် မရေမတွက်နိုင်သော ပေါ့ပေါ့ပါးပါး ကျင့်ကြံသူများကို မက်မောစွာ ဆွဲဆောင်ထားနိုင်သည်။
သူတော်စင် ကဲ့သို့သော နေရာမှ ဘိုးဘေးတွေ ဒီကို ရောက်နေပြီဆိုတော့ ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေပါတော့မလဲ။
"ဒီလူက နာမည်ကြီးလား?"
လုရွှမ် လော့ထောင်းကို သံသယနဲ့ ကြည့်လိုက်သည်။
"အဟွတ် အဟွတ်.." လော့ထောင်း သူ့တံတွေးနဲ့ ရင်ဆို့လုနီးနီး ဖြစ်သွားသည်။
"အစ်ကိုကြီးလု... ဒီအကြီးအကဲလျိုက လွန်ခဲ့တဲ့ နှစ်သုံးရာလောက် ကတည်းက ပေရွှီးအင်ပါယာမှာ နာမည်ကြီးနေပြီ... တစ်ချိန်က တော်ဝင်မိသားစုရဲ့ တော်ဝင်ဆေးဆရာလည်း ဖြစ်ခဲ့ဖူးတယ်... ကျွန်တော့်အဖိုးက သူ့ကို အကြံဉာဏ် တောင်းခဲ့ဖူးတယ်... ဒါပေမဲ့ အရည်အချင်းအရ အဆင့်၇ ဆေးဝါးပညာရှင် တစ်ဦး ဖြစ်ပေမယ့် သူက ပေရွှီးအင်ပါယာ တစ်ခုလုံးမှာ အသက်အကြီးဆုံး ဆေးဝါးပညာရှင် တစ်ဦးပဲ!"
လော့ထောင်း ရူးလုမတတ် ခံစားလိုက်ရသည်။
ဤညီအစ်ကိုလုသည် ပေရွှီးအင်ပါယာက လူရော ဟုတ်ရဲ့လား။ ပေရွှီးအင်ပါယာမှ ဆေးပညာရှင် တစ်ဦး ဖြစ်နေသရွေ့ အကြီးအကဲလျို၏ တည်ရှိမှု အကြောင်းကို သူမည်သို့ မသိနိုင်မည်နည်း။
"အိုး!" လုရွမ် ခေါင်းညိတ်လိုက်သည်။
"အိုး? ဒါနဲ့ ပြီးပြီလား" လော့ထောင်းမှာ အံ့သြပြီးရင်း အံ့သြနေရသည်။
ပေရွှီးအင်ပါယာ တစ်ခုလုံးရဲ့ ဆေးလောက မှတ်တိုင်တစ်ခု ဖြစ်တဲ့ အကြီးအကဲလျိုပင်။ ဆေးပညာကို လေ့လာဖူးသူတိုင်းက သူ့ကို နှလုံးသားရဲ့ အောက်ခြေကနေ လေးစားသွားမှာပင်။ " အိုး" တစ်လုံးတည်းနဲ့ ငြိမ်သက်နေသော မျက်နှာဖြင့် ဤလူ၏ ပုံမှာ ဘာကိုဆိုလိုသနည်း။
"ဘာဖြစ်နေတာလဲ"
သူ့ထူးဆန်းတဲ့ လေသံကို ကြားတော့ လုရွှမ်က လှည့်ကြည့်လိုက်သည်။
"ဘာမှမဟုတ်ဘူး!"
အပြစ်ကင်းစင်သော သူ့မျက်နှာကို မြင်လိုက်ရတော့ လော့ထောင်း မူးဝေသွား၏။
ထိုမှသာလျှင် သူ့ရှေ့ရှိ လူငယ်သည် ဟန်ဆောင်နေခြင်း မဟုတ်ကြောင်း သိလိုက်ရသည်။ အကြီးအကဲလျို၏ အဆင့်အတန်းနှင့် မည်သူမည်ဝါဖြစ်သည်ကို သူတကယ် မသိခဲ့ပုံပေ။
"ဒီအဘိုးကြီး အရည်အချင်း မပြည့်ဝလို့ နှလုံးစပျစ်နွယ်ပင်ကို မကုနိုင်ပါဘူး!"
သူ့စိတ်ထဲတွင် ကူကယ်ရာမဲ့မှုကို နှိမ့်ချလိုက်သည်။ သူသည် နောင်တစ်ချိန်တွင် ပေရွှီးအင်ပါယာ၏ ဆေးဝါးပညာရှင်များ၏ သမိုင်းကြောင်းကို ညီအစ်ကိုလုထံ များများစေရန် စီစဉ်ခဲ့သော်လည်း ယခု စာကြောင်းကို ကြားလိုက်ရသော အခါတွင် တစ်ကိုယ်လုံး တုန်လှုပ်သွား၏။
လူငယ်သည် စိတ်ပျက်နေသော မျက်လုံးများဖြင့် အကြီးအကဲလျိုကို ကြည့်လိုက်သည်။
စိတ်ပျက်လက်ပျက်နဲ့ အံ့သြသွားတဲ့ လော့ထောင်းက သူ့ရင်ဘတ်တွေ ပွက်ပွက်ဆူလာသလို ခံစားလိုက်ရသည်။ သူသည် ၁၆နှစ်အရွယ် လူငယ်လေးသာဖြစ်ကာ အကြီးအကဲလျိုက ကမ္ဘာတစ်ဝှမ်းမှာ နာမည်ကြီးသူ တစ်ယောက်ပင်။
ဒီလိုလူကတောင် စိတ်ပျက်နေရင် သူက ဘယ်လိုလုပ်တော့မလဲ။
ပြီးတော့ ဒီလေသံ!
တစ်ဖက်ရှိ လော့ထောင်းတစ်ယောက် ရူးတော့မလို ဖြစ်နေချိန် အကြီးအကဲလျိုသည် ထူထပ်သော စပျစ်နွယ်ပင် အနီးကို လှည့်ပတ်သွားနေခဲ့သည်။
"မြေဆီလွှာ၊ ရေအရည်အသွေး၊ လေနဲ့ အာဟာရတို့က ဘာပြဿနာမှ မရှိဘူး"
အကြီးအကဲလျိုမှာ တစ်စုံတစ်ခုကို သံသယဝင်နေမိသော်လည်း မှန်းဆလို့မရသလို မျက်မှောင်ကြုတ်သွားသည်။
ဆေးပင်ပစ္စည်းများကို လေ့လာခဲ့၍ မြေဆီလွှာ၊ ရေအရည်အသွေး စသည်တို့ကို တစ်ချက်ကြည့်ရုံဖြင့် စံချိန်စံညွှန်း ပြည့်မီကြောင်း သိနိုင်သည်။ သူ့ရှေ့ရှိ ဆေးပင်ကို ထိခိုက်စေနိုင်သော အရာများသည် စင်စစ် ကင်းစင်သော်လည်း ဤမျှကြီးမားသော မြေသွေးကြော နှလုံးစပျစ်ပင်သည် သေခါနီးဖြစ်သည်အထိ ထူးဆန်းနေသည်ကို မပြောနိုင်ပေ။
"ဆေးဝါးသခင်ချန်... ဧကန္တ ဒီနှလုံးစပျစ်နွယ်ပင်ရဲ့ သက်တမ်းက ကုန်သွားသွားလား?"
ခဏလောက် စဉ်းစားပြီးနောက် အကြီးအကဲလျိုက ရုတ်တရက် မေးလိုက်သည်။
"သက်တမ်း ကုန်တာလား? မဟုတ်ဘူး!! မြေသွေးကြော နှလုံးစပျစ်နွယ်ပင်တွေက နှစ်သောင်းနဲ့ချီပြီး အသက်ရှင်နေနိုင်တယ်။ ဆေးဥယျာဉ် ဌာနချုပ်ရဲ့ အမြစ်ဟာ အနည်းဆုံး နှစ် ၅သောင်း ကြာတယ်.... ဒီအမြစ်က နှစ်ရာဂဏန်းလောက်ပဲ အသက်ရှင်ရသေးတယ် သက်တမ်းကုန်ဆုံးသွားတာ မဖြစ်နိုင်ဘူး"
ဆေးဝါးသခင်ချန် ခေါင်းယမ်းလိုက်သည်။ ဒီအချက်ကို သူမလည်း စဉ်းစားထားပြီးသား ဖြစ်၏။
"ဒါ့အပြင် သက်တမ်းကုန်သွားရင် အမြစ်ကနေ တဖြည်းဖြည်း ညှိုးနွမ်းပြီး ဆွေးမြေ့လာရမှာ.. ဒါပေမဲ့ အခုဟာက အရွက်တွေက အရင်ဝါရောင်ပြောင်းသွားတယ် အကိုင်းအခက်များ သေဆုံးကုန်သလိုပဲ ဒါက သက်တမ်းကုန်တာ မဖြစ်နိုင်ပါဘူး!"
"ဟုတ်ပါတယ်!"
တစ်ဖက်လူ၏ အတည်ပြုချက်ကို ကြားတော့ အကြီးအကဲလျိုလည်း ခေါင်းခါပြလိုက်သည်။
"ကျုပ် အရည်အချင်းတွေက ညံ့ဖျင်းလို့ စစ်ဆေးပြီးတာတောင် ပြဿနာကို ရှာမတွေ့ခဲ့ပါဘူး.... ခွင့်လွှတ်ပါ ဆေးဝါးသခင်ချန်!"
"အကြီးအကဲလျို ယဥ်ကျေးနေစရာ မလိုပါဘူး!"
သူသည် အစွမ်းအစမရှိဟု ပြောလိုက်သည်ကို မြင်လိုက်ရသဖြင့် ဆေးဝါးသခင်ချန်၏ မျက်လုံးများ အနည်းငယ် မှေးမှိန်သွားသော်လည်း သူမက ယဉ်ကျေးစွာ ပြန်ပြောသေးသည်။
"ကျုပ် မကူညီနိုင်ခဲ့ဘူး! တောင်းပန်ပါတယ်!"
အကြီးအကဲလျိုသည် နောက်သို့ ခြေလှမ်းအနည်းငယ် လှမ်းကာ တစ်ဖက်တွင် ရပ်၍ ပြင်းပြင်းထန်ထန် တွေးနေလိုက်သည်။
သူ့ရှေ့က မြေသွေးကြော နှလုံးစပျစ်ပင်ရဲ့ အခြေအနေက တကယ်ပဲ သူ့အတွက် ပိုကောင်းတဲ့ နည်းလမ်းကို စဥ်းစားလို့ မရပေ။
"အကြီးအကဲလျိုက ဒါကို တကယ်ပဲ မဖြေရှင်းနိုင်တာလား?"
အကြီးအကဲလျိုက သူ့မှာ ဘာမှလုပ်နိုင်တာ မရှိဘူးလို့ တကယ်ပြောနေတာကို မြင်လိုက်ရတော့ လော့ထောင်းမှာ ကောင်လေးနဲ့ ပြောခဲ့တာကို မှတ်မိသွားပြီး မျက်လုံးတွေ ပြူးကျယ်သွားတော့သည်။
သူ အခုမှတွေ့ခဲ့တဲ့ အစ်ကိုလုက နှလုံးစပျစ်နွယ်ပင်ရဲ့ ရောဂါကို အကြီးအကဲလျို မကုသနိုင်ဘူးဆိုတာ တစ်ချက်တည်းနဲ့ မြင်နိုင်စွမ်း ရှိတာလား? ဒါကြောင့် မအံ့ဩခဲ့တာလား။
နောက်တစ်ခုက သူ့ဆေးပညာ အရည်အချင်းက ဘယ်အဆင့်ထိ ရောက်နေပြီလဲ။
"အကြီးအကဲလျိုတောင် အဲဒါကို မလုပ်နိုင်ဘူးဆိုတော့ ကျုပ်လည်း မလုပ်နိုင်မှာ ကြောက်ရတယ် ဒါပေမဲ့ စမ်းကြည့်ဖို့ စဥ်းစားနေမိတုန်းပဲ!"
အကြီးအကဲလော့ ထွက်လာခဲ့သည်။
စပျစ်နွယ်ပင်များရှေ့တွင် ရပ်ကာ ဂရုတစိုက် ပုတ်လိုက်ပြီးနောက် အပိုင်းအစ တစ်ပိုင်းကို ဖယ်ထုတ်ကာ စိတ်တိုင်းကျ ကြည့်လိုက်သည်။ အချိန်အတိုင်းအတာ တစ်ခုအထိ စဉ်းစားပြီးနောက် နောက်ဆုံးတွင် အကြီးအကဲလျို ကဲ့သို့ပင် ခေါင်းယမ်းလိုက်သည်။
ဆေးဝါးများ သုံးစွဲလာသည်မှာ နှစ်အတော်ကြာခဲ့ပြီဖြစ်ပြီး နှလုံးစပျစ်ပင်၏ ရောဂါသည် ယခင်က တစ်ခါမှ မတွေ့ဖူးသော ရောဂါဖြစ်ကြောင်း လျင်မြန်စွာ သိမြင်နိုင်သောကြောင့် သဘာဝအတိုင်း ကုသရန် နည်းလမ်းမရှိပေ။
အကြီးအကဲလျိုနှင့် အကြီးအကဲလော့တို့က မကူညီနိုင်ခဲ့ကြပေ။ အခြားသူများ တစ်ယောက်ပြီး တစ်ယောက် စောင့်ကြည့်လာပြီး အကြံပြုချက်များစွာကို တင်ပြခဲ့ကြသည်။ သို့သော် အဆိုပါ အကြံပြုချက်များကို ဆေးဝါးသခင်ချန် မှ ပယ်ချခဲ့သည်။
ဤနည်းလမ်းများသည် အလွန်အသုံးများသောကြောင့် သူမသည် ယခင်က ၎င်းတို့ကို အသုံးပြုခဲ့ပြီး ထိရောက်မှု လုံးဝမရှိခဲ့ပေ။
နှစ်နာရီအကြာတွင် ဤနေရာသို့ ရောက်လာသော ဆေးဆရာ အများစုသည် နှလုံးစပျစ်နွယ်ပင်ကို စစ်ဆေးပြီးသော်လည်း ပိုကောင်းတဲ့ နည်းလမ်းကို မတွေးနိုင်တော့တာကြောင့် အားလုံး ကူကယ်ရာမဲ့ ဖြစ်ကုန်သည်။
"ရှင်တို့မှာ တခြားအကြံကောင်းတွေ ရှိသေးလား"
ဆေးဆရာများစွာကို ဆင့်ခေါ်ထားသော်လည်း ပြဿနာကို မဖြေရှင်းနိုင်သဖြင့် ဆေးဝါးသခင်ချန်သည် ပို၍ပို၍ စိတ်ပျက်လာသည်။
"တစ်ခုမှ မကျန်တော့ဘူး!"
"ဆေးဝါးသခင်ချန်က ကျုပ်တွေးနိုင်တဲ့ နည်းလမ်းအားလုံးကို စမ်းပြီးပြီ.... တကယ်ကို အလုပ်မဖြစ်ဘူး ထင်တယ်!"
"အကြီးအကဲလျို၊ အကြီးအကဲလော့နဲ့ ဆေးဝါးသခင်ချန်ကတောင် အဲဒါနဲ့ ပတ်သက်ပြီး ဘာမှ မလုပ်နိုင်ဘူး ဆိုတော့ ပိုကောင်းတဲ့ နည်းလမ်းကို ကျုပ်တို့ ဘယ်လိုလုပ် စဉ်းစားနိုင်ပါတော့မလဲ?"
"ဆေးဝါးသခင်ချန်က ဒီလောက်ကြီးကျယ်တဲ့ဆုလာဘ်ကို ပေးခဲ့တာ အံ့သြစရာ မရှိပါဘူး.... ဒီဆုလာဘ်က လူတိုင်းရနိုင်တဲ့ အရာမဟုတ်ဘူး!"
ဆေးဝါးသခင်ချန်၏ မေးခွန်းကို ကြားတော့ အားလုံးက တစ်ညီတစ်ညွတ်တည်း ခေါင်းယမ်းလိုက်ကြသည်။
မြေသွေးကြော နှလုံးစပျစ်နွယ်ပင် ခံစားနေရသော ရောဂါသည် နားမလည်နိုင်လောက်အောင် ဖြစ်နေပြီး ၎င်းကိုမည်သူမျှ လုပ်ဆောင်နိုင်ခြင်း မရှိပေ။
"ဆေးဝါးသခင်ချန်.... ဒါနဲ့ပတ်သက်ပြီး တစ်ယောက်ယောက်မှာ အဖြေရှိမယ်လို့ ထင်တယ်!"
လူတိုင်း ခေါင်းယမ်းနေချိန်တွင် ပျင်းရိပြီး ဆွဲဆောင်မှုရှိသော အသံတစ်ခု ထွက်ပေါ်လာသည်။