ဆရာတင်ခြင်း
Vol. 23 Ch. 3.89
အဲဒါကို ခဏလောက် ကြည့်ပြီးနောက် မြေသွေးကြော နှလုံးစပျစ်နွယ်ပင်က ခံနိုင်ရည်ရှိတဲ့ ကန့်သတ်ချက်ကို ယုံနိုင်သွားသည်။ လူငယ်လေးရဲ့ ဆေးလောကကို နားလည်ထားတဲ့ အရာက ဆေးဝါးသခင်မချန်ပင် နောက်ကျကျန်နေခဲ့လေ၏။
"အဖျားကျစေတဲ့ အင်းဆက်ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်ရင်တောင်မှ မြေသွေးကြော နှလုံးစပျစ်နွယ်ပင်က ပြန်ကောင်းလာဖို့ နှစ်ပေါင်းများစွာ အချိန်ယူရလိမ့်မယ်... သေသွားတဲ့ အကိုင်းအခက်တွေက အချိန်တိုအတွင်းမှာ အညှောက်ပြန်ထွက်ပြီး စိမ်းလန်းလာရတာ ဘာကြောင့်လဲ?"
ခဏတာ စိတ်လှုပ်ရှားပြီးနောက် ဆေးဝါးသခင်မချန်က ဆက်မေးလိုက်သည်။
အကြီးအကဲလော့နှင့် လော့ထောင်းတို့သည် နှလုံးစပျစ်ပင်ကို ပြုစုပျိုးထောင်ရန် မည်မျှ တာဝန်ရှိသည်ကို မသိပေ။
ဆေးဥယျာဥ် အကိုင်းအခက်ကို တည်ထောင်သောအခါတွင် နှလုံးစပျစ်ပင်ကို အစားထိုး စိုက်ပျိုးရန် လိုအပ်သော စျေးနှုန်းမှာ ပေရွှီးအင်ပါယာကိုပင် ဝယ်ယူရန် လုံလောက်ပါ၏။ ဒီလောက် စျေးကြီးတာတောင် နှလုံးစပျစ်နွယ်ပင်က အသက်ရှင်သန်ဖို့ မလွယ်ကူပါ။
မကြာသေးမီက နွေးထွေးသော အင်းဆက်များ၏ ညှဉ်းပန်း နှိပ်စက်မှုအောက်တွင် မြေသွေးကြော နှလုံးစပျစ်ပင်သည် သေဆုံးသွားသော်လည်း ကုသပြီးနောက် ချက်ချင်းပင် ပြန်လည် အသက်ဝင်လာကာ မယုံနိုင်လောက်အောင်ပင် တက်ကြွနေပါသည်။
"ဒီအရာတွေက အချင်းချင်း ဆက်နွယ်နေတယ်လို့ ကျုပ်ပြောခဲ့ပြီးပြီ။ မြေသွေးကြော နှလုံးစပျစ်နွယ်ပင်က မြေကြီးသွေးပြန်ကြောကို မျိုချပြီး နွေးထွေးတဲ့ ပိုးမွှားတွေက မြေကြီးသွေးပြန်ကြောထဲက ပေါက်ဖွားလာကြတာ... သူတို့ရဲ့ အလောင်းကောင်က မြေကြီးကို အကြီးမားဆုံးသော အာဟာရကို ဖြစ်စေတယ်...ဒါက နှလုံးနွယ်ပင် မျိုးဆက်သစ်နဲ့ အပြန်အလှန် သက်ရောက်မှုကို ဖြစ်စေတယ်.... ပိုးမွှားရဲ့အလောင်းကို နှလုံးစပျစ်နွယ်ပင်ရဲ့ ရှင်သန်မှုက ဝါးမျိုသွားခဲ့တာ.... သေသွားပေမယ့် မြန်မြန်ပဲ ပြန်တိုးတက်လာတယ်...ရိုးရိုးသားသား ပြောရရင် မင်းရဲ့ ဆေးဥယျာဉ်ဟာ ကောင်းချီးတစ်ခုပါပဲ.... စပျစ်နွယ်ပင်တွေ အနည်းဆုံး နှစ်ဆ ပြန်ပေါက်ဖို့ အချိန်ကြာမှာ မဟုတ်ဘူး... ဆေးပင်တွေကို ပိုပိုများလာစေပြီး သက်တမ်းလည်း ပိုမြင့်လာလိမ့်မယ်!"
လုရွှမ်က ဆို၏။
ကောင်းကင်နှင့် မြေကြီးသည် သဘာဝအတိုင်း အမှန်တရားကို လိုက်စားသည်။ အသက်ရှိသောအရပ်၌ သေခြင်းရှိ၏။ ဆောက်တည်ရာအရပ်၌ အာဟာရလည်း ရှိ၏။
အသက်ရှိ နွေးထွေးသော ပိုးကောင်များသည် ကမ္ဘာမြေကြီး သွေးကြော နှလုံးစပျစ်နွယ်ပင်၏ အိပ်မက်ဆိုး ဖြစ်သည်။ သို့သော် သေပြီးနောက် အလောင်း သည် နောက်ဆုံးမှာ အကောင်းဆုံး ဆေးများလည်း ဖြစ်သေးသည်။
ထို့အတွက်ကြောင့် မြေသွေးကြော နှလုံးစပျစ်ပင်သည် ဖျားနာခြင်းနှင့် မီးလောင်ကျွမ်းပြီးနောက် လျင်မြန်စွာ ပေါက်ဖွားလာနိုင်ပြီး ပြန်လည်နုပျိုနိုင်သည်။
"ကျွန်မ ပညာတွေ ရလိုက်ပါပြီ"
ဤရှင်းပြချက်ကို ကြားတော့ ဆေးဝါးသခင်မချန်၊ အကြီးအကဲလော့နှင့် အခြားလူများသည် လူငယ်၏ ဆေးပညာအပေါ် နားလည်မှုသည် အဆင့်သို့ မြင့်မားလာနေပြီဖြစ်ပြီး ၎င်းတို့နှင့် ယှဉ်နိုင်သည်ထက် ကျော်လွန်နေပြီ ဖြစ်သည်ကို အမှန်ပင် နားလည် သဘောပေါက်သွားခဲ့သည်။
သက်ပြင်းချပြီးနောက် အကြီးအကဲလော့သည် လော့ထောင်းကို မျက်စိ မှိတ်ပြလိုက်သည်။ လော့ထောင်း ချက်ချင်း နားလည်သွားပြီး လုရွှမ်ဆီ အမြန်လျှောက်သွားကာ။
"အစ်ကိုလု ကျေးဇူးပြုပြီး ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပေးပါ!"
လုရွှမ်၏ ဆေးပညာအဆင့်ကို သိရှိပြီးနောက် ဆရာတစ်ဦး အဖြစ် သင်ယူလိုခဲ့သည်။
"ထပါ ငါတပည့် လက်မခံဘူး... မင်းမှာ အရည်အချင်း မပြည့်မီလို့ မဟုတ်ဘူး.... ငါ့မှာ အချိန်မရှိလို့ပါ!"
လုရွှမ်က သူ့လက်ကို ဝှေ့ယမ်းပြီး
"ဆေးဝါးသခင်မချန်က ဆေးပညာရှင်ပဲ... မင်းသူ့ကို မင်းရဲ့ဆရာအဖြစ် ကိုးကွယ်ရင် မင်း တောက်ပတဲ့ အနာဂတ်ကို ရလိမ့်မယ်!"
သူ၏ အကြီးမားဆုံး ရည်မှန်းချက်မှာ ကလဲ့စားချေခြင်းကို လေ့ကျင့်ရန် ဖြစ်သည်။ သူ၏အမြင်အရ ဆေးပညာသည် သေးငယ်သော ကျွမ်းကျင်မှု တစ်ခုသာဖြစ်ပြီး ၎င်းကို ခက်ခက်ခဲခဲ လေ့လာမည် မဟုတ်ပေ။ ဒီလိုဖြစ်တာကြောင့် တပည့်တွေကို လက်ခံပြီး အချိန်မဖြုန်းချင်ဘူး။
"တပည့်က ဆရာကြီးကို ဂါရဝပြုပါတယ်!"
လော့ထောင်းသည် ငတုံးငအ မဟုတ်ပေ။ လုရွှမ်သည် ဆေးဝါးသခင်မချန်နှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိစေလိုကြောင်း သိသဖြင့် ချက်ချင်းလှည့်ကာ ဆေးဝါးသခင်မချန်ကို ဦးညွှတ်ချလိုက်သည်။
"ထပါ.... ဒီနေ့ကစပြီး မင်းက ငါ့တပည့်ပဲ!"
လုရွှမ်သည် အောင်သွယ်လုပ်သူ အဖြစ် ဆေးဝါးသခင်မချန် မငြင်းနိုင်သဖြင့် ချက်ချင်းခေါင်းညိတ်ပြီး လက်ခံလိုက်သည်။
"ဒါက ကျုပ်လိုအပ်တဲ့ ဆေးဖက်ဝင်ပစ္စည်းပဲ ပြင်ဆင်ပေးပါဦး!"
အရာအားလုံးကို ကောင်းမွန်စွာ ကိုင်တွယ်ပြီးနောက် မြေသွေးကြော နှလုံးစပျစ်ပင်သည် လုံးဝပျောက်ကင်းပြီ။ လုရွှမ်သည် စာရင်းတစ်ခုရေးပြီး ဆေးဝါးသခင်အချန်အား ပေးအပ်လိုက်သည်။
စာရင်းထဲတွင် ကျွယ်ရှင်ပန်း သာမက သူလိုအပ်သော တခြား ဆေးဖက်ဝင် ပစ္စည်းများကိုလည်း ရေးထားသည်။
ဆေးဥယျာဉ်မှာ တခြားအရာတွေ အများကြီး မရှိပေမယ့် ဒါက တစ်ခုတည်းသော ဆေးပင်သာ။ နောက်ထပ် အပင်နည်းနည်း ထပ်တောင်းဖို့ အခွင့်အရေး မယူမိရင် မိမိကိုယ်ကို တကယ် ဝမ်းနည်းမိလိမ့်မည်။
"စိတ်မပူပါနဲ့ လူကြီးမင်း... ကျွန်မ မကြာခင် လူကြီးမင်းကို လာတွေ့ပါ့မယ်!"
လုရွှမ်သည် နှလုံးစပျစ်နွယ်ပင်ကို ကူညီဖြေရှင်းပေးခဲ့ပြီး ဆေးဥယျာဉ်ကို ဂုဏ်ယူစွာ ထိန်းသိမ်းထားနိုင်ခဲ့သည်။ ဆေးဖက်ဝင်ပစ္စည်းများ မည်မျှပင် လိုအပ်နေပါစေ ဤကြင်နာမှုသည် ချဲ့ကားခြင်း မဟုတ်ပေ။
ဆေးပညာရှင် သခင်မချန်သည် ချက်ချင်းပင် မငြင်းဆန်ခဲ့ပေ။ နေ့တစ်ဝက် မကြာမီတွင် လုရွှမ် လိုချင်သည့် အရာအားလုံးကို ရှာဖွေတွေ့ရှိပြီး စုစည်းလိုက်ကြသည်။ အားလုံးပေါင်းလိုက်သော် တောင်ကုန်းကလေး တစ်ခုလိုပင် ဖြစ်သွား၏။
"ကျေးဇူးအများကြီး တင်ပါတယ်!"
လုရွှမ်က အနည်းငယ်ပြုံးပြီး တစ်စုံတစ်ယောက်ကို ရထားလုံးပေါ် တင်ခိုင်းပြီး တစ်ဖက်လူကို နှုတ်ဆက်ဖို့ လှည့်ကြည့်လိုက်သည်။
ဒီကိစ္စက ပြေလည်သွားပြီ။ ကျောင်းအဖွဲ့အစည်းနဲ့ ရှန့်ခုန်း ချိုင့်ဝှမ်းကို သွားရမယ့်အချိန်က ရောက်လုနီးနေပြီမို့ ပြန်ဖို့အချိန်တန်ပြီ။
သူချက်ချင်း ထွက်သွားတော့မယ် ဆိုတာ သိတာနဲ့ ဆေးဝါးသခင်မချန် သူ့ကိုမတားဘဲ သူ့သဘောထားကို ပြသတဲ့အနေနဲ့ သူမကို ကိုယ်စားပြုတဲ့ ဆေးဥယျာဉ်ရဲ့ အမွန်မြတ်ဆုံး ကျောက်စိမ်းတံဆိပ် တစ်ခုကို ပေးလိုက်သည်။
ရထားလုံးထဲသို့ ဝင်ပြီးနောက် လုရွှမ်သည် ဆေးဘက်ဆိုင်ရာပစ္စည်းများကို ကျောက်စိမ်းပြား၏ နေရာထဲသို့ ချက်ချင်း ထည့်လိုက်သည်။
"ဒီဆေးဖက်ဝင် ပစ္စည်းတွေနဲ့ နဂါးသွေးကို တွေ့ရင် ခန္ဓာကိုယ် အပူချိန်ထိန်း ဆီမွှေးကို တိုက်ရိုက်သန့်စင်ပေးနိုင်ပြီ!"
ဆေးဖက်ဝင် ပစ္စည်းများကို သယ်ယူပြီးနောက် လုရွှမ်က ပြုံးပြုံးရွှင်ရွှင်ဖြင့် ရေရွတ်လိုက်သည်။
ဤဆေးများဖြင့် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် သို့မဟုတ် ယွမ်ချီနယ်ပယ်သို့ မရောက်ရှိမီ ၎င်းတို့ကို ထပ်မံ ဝယ်ယူရန် မလိုအပ်တော့ပေ။
"စိတ်ပျက်စရာပဲ.... သူသေရမယ်!! ဘယ်သူမှ ငါ့ကို တားလို့မရဘူး!"
ဟိန်းဟောက်သံနှင့် အတူ မင်းသားချန်ရှင်း၏ မျက်နှာသည် ရက်စက် ကြမ်းကြုတ်မှုဖြင့် ပြည့်နှက်နေသည်။
ယနေ့တွင် သူသည် လူမြင်ကွင်းတွင် ပါးရိုက်ခံရရုံသာမက မျက်နှာပျက်သွားကာ ဆေးဥယျာဉ်တွင်လည်း ခြိမ်းခြောက်ခံခဲ့ရသည်။ ယခုအခါတွင် ဘုရင်မင်းမြတ် ချန်ရှုံသည် မင်းသားအဖြစ်မှ ရာထူးမှ ဖယ်ရှားခဲ့ကာ နန်းတော်မှ နှင်ထုတ်ခံရမည်ဟု အမိန့်ထုတ်ခဲ့သည်။
ဆေးဝါးသခင်မချန်သည် ဆေးဥယျာဉ် ဌာနခွဲတွင်သာ တာဝန်ယူရသော်လည်း ပေရွှီးအင်ပါယာကတော့ မစော်ကားရဲပေ။ မင်းသားဖြစ်ရင်တောင် သူ့အင်အားက မလုံလောက်ဘူး။ ဘုရင်မင်းမြတ် ချန်ရှုံသည် မမိုက်မဲလို့ နှစ်ခုကြားကို မည်သူ့ကို ရွေးချယ်ရမည်ကို သိလေ၏။
ခန့်မှန်းထားသည့် အတိုင်းပင် ထိုနေရာရှိ နှလုံးစပျစ်နွယ်ပင်သည် မပျောက်ကွယ်သွားဘဲ မင်းသားဘွဲ့ကို စွန့်လွှတ်ကာ သာမန်လူအဖြစ်သို့ ရာထူးမှ ဆင်းရန် နယ်ချဲ့အမိန့်ကို ထုတ်ပြန်ထားခြင်းသာ ခံလိုက်ရသည်။
"သေစမ်း သေစမ်း! သူ့ကိုချက်ချင်း သတ်ပစ်မယ်!"
မင်းသားချန်ရှင်းက ထပ်ပြီး အော်ဟစ်ပြန်သည်။ ထိုလူငယ်လေးကြောင့် ဆက်တိုက် အရှက်ရခဲ့ပြီး ယခု မင်းသားရာထူးကိုတောင် ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။
"စိတ်မပူပါနဲ့ အရှင်မင်းသား... ကျုပ်သူ့ကို အခုချက်ချင်း သွားသတ်လိုက်မယ်... ယင်းယန်အကယ်ဒမီကို လုံးဝ မပြန်နိုင်စေရဘူး!"
လူတစ်ယောက်က လက်သီးတွေကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။
နှစ်ပေါင်းများစွာ မင်းသားတစ်ပါး ဖြစ်လာပြီးနောက် ချန်ရှင်းတွင် သစ္စာရှိသော လက်အောက် ငယ်သားများစွာ ရှိခဲ့ပြီး ထိုလူများသည် မင်းသားတစ်ပါးအဖြစ် ရာထူးဆုံးရှုံးသွားသော်လည်း စိတ်နှလုံး မပြောင်းလဲခဲ့ကြပေ။
စကားပြောလိုက်သူသည် ၎င်းတို့ထဲမှ တစ်ဦး ဖြစ်သည်။
"ကောင်းပြီ....အခုသွားရအောင် ဒါပေမဲ့ အဲဒီကောင်လေးက ထူးဆန်းတယ်... ဒါကြောင့် သတိထားပါ သူက အစွမ်းထက်တဲ့ အစွမ်းအစပဲ ရှိသေးပေမယ့် အသက်ကို မြှင့်တင်တဲ့ အထွတ်အထိပ်က လူတောင် ပြိုင်ဘက် မဖြစ်နိုင်ဘူး!" မင်းသား ချန်ရှင်းက ရှင်းပြ၏။
"ပြီးရင်.... သတ်ပစ် သဲလွန်စတွေကိုလည်း ရှင်းပစ်ဖို့ သတိရပါ... ဘယ်သူ့ကိုမှ မတွေ့စေနဲ့!"
ဆေးဝါးသခင်မချန်သည် သူ့ရာထူးအား ဖျက်သိမ်းရန် တော်ဝင်မိသားစုအား ရာဇသံထုတ်နိုင်ခဲ့ပြီး ထိုအချက်က ထိုလူငယ်သည် နှလုံးစပျစ်နွယ်ပင်ကို ကုစားနိုင်မည် ဖြစ်ကြောင်း ပြသခဲ့သည်။
ဤအကြွေး တစ်ခုတည်းကို အခြေခံ၍ ဆေးဥယျာဥ်သည် သူနှင့်ကောင်းမွန်သော ဆက်ဆံရေး ရှိရမည်ဖြစ်ပြီး သူတို့ပြုလုပ်ကြောင်း တွေ့ရှိခဲ့ပါက အခြားသူကို မသတ်ပစ်ခင် ဆေးဥယျာဥ်သည် သူ့ကိုလက်စားချေပြီး သတ်ပစ်မည် ဖြစ်သည်။
ဒါကြောင့် သဲလွန်စတွေ မထားခဲ့ဖို့က အကောင်းဆုံးပါပဲ။
ဘာပဲဖြစ်ဖြစ် ဒီကောင်က လူတော်တော် များများကို စော်ကားထားတာမို့ ခြေရာတွေ မချန်ထားသရွေ့တော့ သံသယရှိရင်တောင် သူ့ကို ဘာမှလုပ်လို့မရပါဘူး။
မင်းသားရာထူးကို ဖျက်သိမ်းရန် လွယ်ကူသော်လည်း ဘုရင်မင်းမြတ် ချန်ရှုံသည် အကြောင်းပြချက်မရှိဘဲ မင်းသားကို ခေါင်းဖြတ်သတ်ခြင်းသည် မလွယ်ကူနိုင်ပေ။
"စိတ်မပူပါနဲ့ အရှင်မင်းသား... သူက အဓိကတိနယ်ပယ်က လူလေးပါပဲ ကျုပ်က သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၃... သူ့ကိုမသတ်နိုင်ရင် ကျုပ် အသက်ရှင်နေဖို့ မလိုအပ်တော့ဘူး"
ထိုလူအရိပ်၏ မျက်လုံးများတွင် ယုံကြည်မှုများစွာ ရှိနေ၏။ တကယ်တော့ သူက သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်ရဲ့ တတိယအဆင့်က သိုင်းပညာရှင်ပင်။
"သွားတော့!"
မင်းသား ချန်ရှင်းက အပိုတွေ မပြောတော့ဘဲ ခေါင်းညိတ်လိုက်သည်။
အဓိပတိနယ်ပယ်သည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်၏ ပထမအဆင့်ကို ခုန်ပျံကျော်လွှားပြီး တိုက်ခိုက်နိုင်စွမ်း ရှိသည်။ ပါရမီရှင် များစွာက ၎င်းကို လုပ်နိုင်သည်မှာ အံ့ဩစရာတော့ မဟုတ်ချေ။
သို့သော် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်ရဲ့ တတိယအဆင့် စွမ်းအားရှင်ကို အဓိပတိနယ်ပယ်က သတ်ချင်နေတာဟာ အိပ်မက်တစ်ခုပါပဲ။ လုံးဝ မဖြစ်နိုင်ပါ။