တန်ပြန်တိုက်ခိုက်မှု (ဒုတိယပိုင်း)
Vol. 23 Ch. 3.91
ရထားထိန်းက မသိသလို သူ့နောက်ကလူက သဘာဝကျကျ မသိတဲ့အတွက် ဒီအချိန်မှာ ရထားအနားကို အနီးကပ်လိုက်ကာ လှုပ်ရှားဖို့ အချိန်ကောင်းကို ရှာနေလိုက်သည်။
ဟူ!
ထိုအရိပ်သည် ရထားလုံး ကိုယ်ထည်နောက်ကွယ်မှ ပြေးလွှား ပျောက်ကွယ်သွားပြီးနောက် လုရွှမ်သည် ကျောက်စိမ်းထဲမှ ထွက်၍ ဖီးနစ်အတောင်များကို ပြန့်ကားလျက် ချက်ချင်းဆိုသလို ပျံသန်း ပြေးလာတော့သည်။
တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် သူ့အနေနဲ့ သဘာဝအတိုင်း ထွက်ပြေးမှာ မဟုတ်ပါဘူး။ ဒီစွမ်းရည်နဲ့ မတိုက်နိုင်ရင်တောင် အလွယ်တကူ ထွက်သွားနိုင်သေး၏။
အတောင်ပံများ တဖျပ်ဖျပ်ခတ်ကာ လုရွှမ်သည် ရထားလုံး ဖြတ်သွားသော လမ်းကြောင်းဆီသို့ ပျံသန်းသွားခဲ့သည်။ ခဏအကြာတွင် ရထားလုံး၏ ကိုယ်ထည်ကို မြင်လိုက်ရပြီး နောက်မှ တိတ်တဆိတ် လိုက်နေသည့်ရုပ်ကိုလည်း တွေ့လိုက်ရသည်။
"လုပ်လိုက်တော့!"
အချိန်အတော်ကြာအောင် လိုက်လာပြီးနောက် လူဆိတ်ရာ အရပ်သို့ ရောက်လာသည့် ရထားလုံးကို မြင်လိုက်ရပြီး အခွင့်ကောင်း ရောက်လာကြောင်း သိလိုက်ရသဖြင့် ချက်ချင်းပင် ယုတ်မာသော အကြည့်ဖြင့် မျက်နှာကို ဆန့်တန်းကာ ဓားရှည်ကို ဆွဲထုတ်လိုက်သည်။
ချွင်း!
ဓားသံသည် မိုးခြိမ်းကဲ့သို့ အလင်းတန်း တစ်ခုဖြင့် ရထားလုံးဆီသို့ တည့်တည့်တိုးဝင်သွားသည်။ ဓားစွမ်းအင်သည် သန်မာတက်ကြွပြီး မရောက်ခင်မှာ တောင်ပြိုကျနေသလို ထိတ်လန့်မှုကို ခံစားရစေသည်။
"အား....."
အရာအားလုံးကို ဖျက်ဆီးပစ်နိုင်တဲ့ ဓားရောင်တောက်နေတာကို မြင်တော့ ရထားထိန်းက ထိတ်လန့်တကြား အော်ဟစ်ပြီး ရထားပေါ်က လှိမ့်ဆင်းသွားလေ၏။
ဗုန်း!
ဓားအလင်းသည် ရထားလုံးကို ထိမှန်ကာ ပြင်းထန်သော ပေါက်ကွဲသံကြောင့် မီးခိုးများနှင့် ဖုန်မှုန့်များ မြင့်တက်လာသည်။
ဝုန်း!
တစ်ချိန်တည်းမှာပင် လုရွှမ်၏ လျှို့ဝှက်မှော်အခင်းအကျင်း တံဆိပ်ပြားသည် ချက်ချင်း အသက်ဝင်လာပြီး မီတာရာနှင့်ချီသော ဧရိယာသည် ချက်ချင်းပင် မြူမှုန်များ ဖုံးလွှမ်းသွားသည်။
"အဆင့်၉ အခင်းအကျင်းလေး တစ်ခုနဲ့ ငါ့ကိုတားဖို့ ကြိုးစားနေတာလား?"
လုရွှမ်သည် ဓားတစ်ချောင်းတည်းဖြင့် အသတ်မခံရနိုင်ဟု ထင်ခဲ့သော်လည်း အခင်းအကျင်းကို အသက်သွင်းလိုက်မည်ဟု မထင်ထားခဲ့ချေ။
ချွမ်း!
လေက စာရွက်တစ်ရွက်လို ကွဲထွက်သွားပြီး မြူတွေ လွင့်စင်သွားကာ သူ့ရှေ့က မြင်ကွင်းက ပြန်လည် ကြည်လင်လာသည်။ လျှိုဝှက်မှော်အခင်းအကျင်းသည် အဓိပတိနယ်ပယ်ကို ထောင်ချောက်ဆင်ရန် လွယ်ကူသော်လည်း သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ကို ရင်ဆိုင်ရန် မလုံလောက်ပါ။
"အချိန်ရောက်ပြီ!"
လုရွှမ်သည် ဤမြင်ကွင်း အားလုံးကို သူ့မျက်လုံးထဲတွင် မြင်လိုက်ရပြီး မျက်လုံးမှိတ်ကာ နီရဲနေသော သစ်သားသည် သူ့ရှေ့တွင် ငြိမ်သက်စွာ လွင့်မျောစေလိုက်သည်။
"သွား!"
တိုးနိမ့်သော အော်ဟစ်သံနှင့်အတူ သစ်သားနီသည် ပုံရိပ်ဆီသို့ တိုက်ရိုက် ဦးတည်ကာ လျှပ်စီးကြောင်းကဲ့သို့ ချက်ချင်း ပြေးသွားသည်။
ခိုးဝင်တိုက်ခိုက်ခြင်းတွင် အောင်မြင်ရန်အတွက် လုရွှမ်သည် ပျံသန်းမှုကို ထိန်းချုပ်နိုင်ခဲ့ပြီး ပြိုင်ဘက်နှင့် မီတာ ၂၀ ထက် မနည်းသော အကွာအဝေးတွင် ရှိနေခဲ့သည်။ သူ စိတ်ပြောင်းသွားသောအခါ သစ်သားနီသည် လျှပ်စီးလက်သလို ရှေ့သို့ ချက်ချင်း ပြေးသွားခဲ့သည်။
ဝှစ်!
အသံ၏အရှိန်သည် လျှပ်စီးကဲ့သို့ အရှိန်ထက်ပင် မြန်လွန်းလှသည်။
"အမ်?"
သစ်သားနီရဲ့ အရှိန်က မြန်ပေမယ့် ပြိုင်ဘက်က သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ရဲ့ တတိယအဆင့် စွမ်းအားပင်။ သူ့ရဲ့ ဝိညာဉ် နဲ့ အသိစိတ် နှစ်ခုလုံးဟာ သေနိုင်တဲ့ ကန့်သတ်ချက်တွေကို ကျော်လွန်ထားပြီး ရန်သူ့လက်နက် သူ့ဆီ မရောက်ခင် သတိရှိပြီးသား ဖြစ်သည်။
သူ!
ခြေဖဝါးကို မြေပြင်ပေါ်တွင် အနည်းငယ် စောင့်နင်းရင်း ပုံသဏ္ဌာန်သည် တစ်ဖက်သို့ လျင်မြန်စွာ ရွေ့လျားသွားသည်။
ဝှစ်!
သူ လျင်မြန်စွာ ရွေ့လျားသွားသည်ထက် နီရဲနေသော သစ်သားသည် ပိုမြန်သည်။ လေထဲတွင် အလိုအလျောက် လမ်းကြောင်း ပြောင်းနိုင်သည်။ အသားထဲသို့ ထိုးဖောက်သွားသည့် လက်နက်သံများ မြည်လာကာ ပုံရိပ်၏ နောက်ကျောသည် အပေါက်ကြီး တစ်ခုအဖြစ် ထိုးဖောက်သွားကာ သွေးများ ပန်းထွက်လာ၏။
ဒီလူရဲ့ ခွန်အားက အားနည်းလွန်းပြီး သူ့တုံ့ပြန်မှုက အရမ်းဆိုးနေတာတော့ မဟုတ်ပေ။ သို့သော် လုရွှမ်ရဲ့ အရှိန်က အရမ်းကောင်းလွန်းနေ၏။
အနောက်ဘက်သို့ တိတ်တဆိတ် ပျံသန်းရင်း တစ်ဖက်လူက သူဘယ်မှာ ရှိနေသည်ကို မသိသောကြောင့် လျှို့ဝှက်မှော်အခင်းအကျင်းကို အသက်သွင်းရန် ကြိုးစားခဲ့ရာ တစ်ဖက်လူ၏ အမြင်အာရုံကို အချိန်တိုအတွင်း ပိတ်ဆို့သွားစေသည်။
ထိုအခါ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှု၏ အောင်မြင်မှုနှုန်းမှာ တိုးတက်လာနိုင်၏။
အကယ်၍ အခြားသူသာဖြစ်လျှင် သန်မာသောစိတ်ရှိသူပင်လျှင် သေဆုံးရဆဲ ဖြစ်သည်။ ကံမကောင်းစွာဖြင့် သူသည် ယင်းယန်နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး လောက၏ ယင်းနှင့် ယန်ကို သဘောပေါက်သွားပြီ ဖြစ်သည်။
ထို့ကြောင့် သူက သာမန်လူတွေထက် အများကြီး ပိုသာလေ၏။ သူသည် အရေးကြီးသော အစိတ်အပိုင်းများကို ချက်ချင်း ရှောင်ရှားခဲ့သည်။
ဒါတောင် အရမ်းနာကျင်နေသေး၏။
"အမ်?"
ရုတ်တရတ် လှည့်ကြည့်လိုက်တော့ လုရွှမ်က လေထဲမှာ ပျံဝဲနေတာကို တွေ့လိုက်ရပြီး သူ့သူအိမ်ငယ်များ ကျုံ့ဝင်သွားတော့သည်။ ပျံသန်းနိုင်တာက မယုံနိုင်လောက်အောင် အံ့သြစေလေသည်။
"မင်းက ဘယ်သူလဲ? မင်းငါ့ကို ဘာလို့ ခိုးပြီး တိုက်ခိုက်နေတာလဲ!"
ပြင်းထန်သော ဝေဒနာကို ခံနိုင်ရည် ရှိသဖြင့် ထိုလူသည် ကျယ်လောင်စွာ ဟောက်လိုက်သည်။
"မင်းငါ့ကိုတောင် မသိဘဲ သတ်ချင်နေတယ်ပေါ့??"
လုရွှမ်သည် လေထဲမှာ ပျံဝဲနေဆဲမှ ပြုံးလိုက်သည်။ ဤလူကို သတ်ရန် အမိန့်ပေးခဲ့ပုံရသော်လည်း သူ့အား တစ်ခါမှ မမြင်ဖူးပေ။
"မင်းက လုရွှမ်လား?"
ထိုလူ၏ မျက်လုံးများ ပြူးကျယ်သွားကာ ကြောက်စိတ်ကြောင့် သေဆုံးလုနီးပါး ဖြစ်သွားသည်။ လူကို သတ်ဖို့ အမိန့်ပေးခဲ့ပေမဲ့ သတ်ရမယ့်လူက ပျံသန်းနိုင်တယ်ဆိုတာ တစ်ခါမှ မကြားခဲ့ဖူးဘူး။
"ငါက မင်းအဘိုးပဲ!"
လုရွှမ်က ပေါ့ပေါ့ပါးပါး ပြုံးပြလိုက်သည်။ သူ အဓိပ္ပါယ်မဲ့ စကားမပြောချင်ဘဲ စိတ်တွေ လှုပ်ရှားနေတော့ နီရဲနေပြီဖြစ်တဲ့ သစ်သားက လွင့်ပျံလာပြီး အောက်ကနေ ခုန်တက်လာ၏။
"ဘာ?"
တစ်ဖက်လူ၏ အမူအရာ ပြောင်းသွားပြီး သူ အမြန် နောက်ဆုတ်သွားခဲ့သည်။
ဝိညာဥ်သခင်များသည် သစ်သားနီများကို ထိန်းချုပ်နိုင်ပြီး သာမန် ကျင့်ကြံသူများ လုပ်ဆောင်နိုင်သည့်ထက် ကျော်လွန်၍ အလိုအလျောက် ပျံသန်းနိုင်သည်။ အကယ်၍ သာမန်သိုင်းသမား တစ်ဦးဆိုလျှင် လက်နက်သည် မြေပြင်ပေါ်သို့ ကျသွားခဲ့လျှင် အသုံးမဝင်ပေ။
သို့သော် ယခုရုတ်တရက် လေထဲသို့ ပျံတက်လာပြီး သူ၏အသက်သွေးကြောများကို ဓားဖြင့်ထိုးလိုက်လျှင် အဆုံးသတ်သွားပြီ။ မည်သို့မကြောက်ဘဲ နေနိုင်မည်နည်း။
"နောက်ဆုတ်!"
ထိုလူငယ်ကို လျှော့တွက်မိကြောင်း ချက်ချင်း သဘောပေါက်သွားပြီး ဆက်လက်၍ ဇွဲမလျှော့ဘဲ အသေသတ်ပစ်မည်ကိုပါ ရိပ်မိလိုက်ရာ ရပ်တန့်မနေဘဲ လှည့်ထွက်ပြေးသွားခဲ့သည်။
"ထွက်ပြေးချင်တယ်ပေါ့ အဲ့လောက် မလွယ်ဘူးကွ!"
လုရွှမ်က ပေါ့ပေါ့ပါးပါး ပြုံးပြီး အနီရောင်သစ်သားကို ထိန်းချုပ်ကာ ဓားအလင်းကဲ့သို့ ပြေးဝင်သွားသည်။
ထန်း!
ယင်းယန်နယ်ပယ်တွင် သန်မာသော လူတစ်ယောက် မျှော်လင့်ထားသည့်အတိုင်း အလောတကြီး ဖြစ်နေတာတောင် သူ၏ဓားရှည်ကို လှည့်လိုက်ပြီး သစ်သားနီ၏ ထွက်ရာလမ်းကြောင်းကို ပိတ်ဆို့ထားလိုက်သည်။
"ဟမ့်!"
သူ့မျက်လုံးများကို မှိတ်ထားရင်း နီရဲနေသော သစ်သားသည် လှည့်ပတ်ကာ တိုက်ခိုက်ရန် အခွင့်အရေးကို ရှာဖွေနေ၏။
ယခု သူသည် ပြိုင်ဘက်နှင့် မီတာ ၂၀ ထက်နည်းသော အကွာအဝေးတွင် ရှိနေပြီ။
"သေစမ်း!"
နီရဲနေသော သစ်သားနီကို သုံး၍ အဆက်မပြတ်တိုက်ခိုက်နေသည့် လူငယ်ကို မြင်လိုက်ရတော့ ထိုလူ၏ အသွင်အပြင်မှာ စိုးရိမ်စိတ်များ ပြည့်နှက်နေသော်လည်း ဘာမှမတတ်နိုင်ပေ။
သူ၏ ခွန်အားနှင့် ဓားစွမ်းပကားဖြင့် သစ်သားနီကို တားဆီးရန် အလွန်လွယ်ကူသော်လည်း ယခုပင် အံ့အားသင့်ဖွယ် တိုက်ခိုက်မှု တစ်ခုကြောင့် ဒဏ်ရာရသွားခဲ့သည်။ သစ်သားနီ၏ တိုက်ခိုက်မှုတိုင်းသည် အင်အား ၁ သန်းအထိ ရောက်ရှိသွားခဲ့သည်။
ရှည်လျားသော ဓားရှည်နှင့် ထိမိတိုင်း ဒဏ်ရာများ ပွင့်ထွက်လာသည်။ သွေးများ စီးကျခြင်းကြောင့် သွေးများ ဆုံးရှုံးမှု ပိုများလာသဖြင့် လူတစ်ကိုယ်လုံး အသက်ရှူသံက တဖြည်းဖြည်း အားနည်းလာသည်။
"ဒီအတိုင်း ဆက်တိုက်နေရင် ငါသေမှာ သေချာတယ်"
ထိုလူသည် ၎င်း၏ လက်သီးများကို ဆုပ်ကိုင်ထားလျက် ကူကယ်ရာမဲ့ ဖြစ်သွားသည်။
သူ့အစွမ်းက ပြိုင်ဘက်ထက် အဆပေါင်းများစွာ သာလွန်နေပေမယ့် ပြိုင်ဘက်က လေထဲမှာရှိပြီး သူ့ကို လုံးဝလက်လှမ်း မမီနိုင်ပါဘူး။ ဒါ့အပြင် သူ့မှာ ထူးဆန်းတဲ့ တိုက်ခိုက်မှု နည်းလမ်းလည်း ရှိပါသေး၏။ သူဆက်ပြီး တိုက်ခိုက်မယ်ဆိုရင် သိပ်မကြာခင်မှာဘဲ သွေးထွက်လွန်ပြီး သေသွားနိုင်သည်။
"ယောက်ျားမှန်ရင် ဆင်းလာပြီး ငါနဲ့ တိုက်ခိုက်စမ်းပါ!"
သူ့အံသွားတွေကို ကိုက်ရင်း ထိုလူက ဟောက်လေ၏။
"ဆင်းလာပြီး မင်းနဲ့ တိုက်ရမယ်? မင်းက ယင်းယန်နယ်ပယ် ငါက အဓိပတိနယ်ပယ်လေ... ငါ့ကို ငတုံးလို့ ထင်နေလား?"
လုရွှမ်က အေးစက်စွာ ပြုံးလိုက်သည်။
မာနကြီးသော်လည်း သူသည် ငတုံးမဟုတ်ပေ။ ထိုသူတို့နှစ်ဦးကြားက ကွာဟချက်က ကြီးမားလွန်းလှပြီး သူ့အလိုလို တရားမျှတမှု ရှိသလို မျှတသော တိုက်ပွဲဖြစ်ရန် မည်သို့ဖြစ်နိုင်မည်နည်း။
ထန်း ထန်း!
သူပြောနေသည့်အတွင်း သစ်သားနီသည် ပြိုင်ဘက်၏ ဓားရှည်ဖြင့် ပိတ်ဆို့ထားသော်လည်း အကြိမ်ပေါင်းများစွာ ဆက်တိုက် ထိုးနှက် တိုက်ခိုက်နေသေးရာ သူ၏သွေးများ တသွင်သွင် ထွက်နေလာ၍ သူ၏ဒဏ်ရာများမှာလည်း ပိုဆိုးလာသည်။
"ဒါဆိုလည်း ငါတို့ အတူတူ သေကြတာပေါ့!"
ဒဏ်ရာက ပိုဆိုးလာပြီး တက်ကြွမှုများလည်း အဆက်မပြတ် ပျောက်ကွယ်သွားသလို ခံစားလာရ၏။ ဒီတစ်ခါတော့ သေရတော့မယ် ဆိုတာ သိလိုက်ရသည်။ သူ့မျက်လုံးတွေ နီရဲလာပြီး လေထဲက လူကို စိုက်ကြည့်ရင်း အရူးအမူး ဟိန်းဟောက်လိုက်၏။
ဗုန်း!
ဟောက်သံနှင့်အတူ သူ့ခန္ဓာကိုယ်အတွင်း ယွမ်ချီတို့သည် တစ်ချိန်ချိန်၌ ပေါက်ကွဲသွားသလိုပင် ဖောင်းကားလာသည်။ တကယ်ပဲ သူ့ကိုယ့်သူ ဖောက်ခွဲပစ်ဖို့ ရွေးချယ်ခဲ့လေသည်။
ကျင့်ကြံမှုသည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်သို့ ရောက်ရှိသွားကာ ခန္ဓာကိုယ် တစ်ခုလုံးသည် မိမိကိုယ်ကို ပေါက်ကွဲပစ်နိုင်သည်အထိ သေဆုံးနိုင်သည့် စွမ်းအားအစစ်အမှန်များဖြင့် ပြည့်နှက်နေပါသည်။
မိမိကိုယ်ကို ဖောက်ခွဲသေဆုံးခြင်းသည် ခန္ဓာကိုယ်တစ်ခုလုံး၏ စွမ်းအားကို ချက်ချင်းထုတ်လွှတ်ခြင်းနှင့် ညီမျှသည်။ သူ့ကို အစိတ်စိတ် အမြွှာမြွှာ ကွဲသွားစေပြီး သူနှင့် တိုက်ခိုက်နေသော ပြိုင်ဘက်ကိုလည်း နာကျင်စေမည်ဖြစ်သည်။
ပြီးနောက် စွမ်းအင်များစွာကို ချက်ချင်းထုတ်လွှတ်ခြင်းသည် အလွန်အစွမ်းထက်လှသည်။
အထူးသဖြင့် ဤလူသည် ယင်းယန်နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် သူကိုယ်တိုင် ဖောက်ခွဲလိုက်သည်နှင့် သူ့ပတ်ဝန်းကျင်မှ မီတာရာနှင့်ချီသော အကွာအဝေးသည် တခဏချင်း ပြာမှုန်များအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။