← Chapters

မဟာမိတ်တချို့ (ဒုတိယပိုင်း)

Vol. 23 Ch. 3.94

မဟာမိတ်တချို့ (ဒုတိယပိုင်း)

Vol. 23 Ch. 3.94

အစပိုင်းမှာတော့ သားရဲခန်းမကို ဆွဲဆောင်ဖို့ ပိုက်ဆံအများကြီး သုံးခဲ့ပြီး အိမ်ရှေ့မင်းသား နေရာကို ရအောင်ယူနိုင်ဖို့ သူတို့ထံက အကူအညီရဖို့ မျှော်လင့်ထားကာ လက်ဆောင်ကြီးကြီးတစ်ခုတောင် ပြင်ဆင်ခဲ့သည်။ သို့သော် သုံးရက်လောက် စောင့်ပြီးတာတောင်မှ တံခါးမဖွင့်ခဲ့ချေ။

အဲဒီကောင်လေးရဲ့ အစွမ်းက သူ့လောက်ပင် မရှိပေ။ အဆင့်အတန်းဆိုလျှင် ပိုဆိုးသွားသေးသည်။ သားရဲခန်းမက သူ့ကို ဘယ်လိုလုပ် အပြည့်အဝ ထောက်ခံပြီး တော်ဝင်မိသားစုကို စော်ကားဖို့ မတွန့်ဆုတ်ဘဲ နေနိုင်တာလဲ။

အဓိက အချက်က အကြီးအကဲကောင်းရဲ့ ချီးကျူးမှုကို ရရှိသွားတာပင်။

အကြီးအကဲကောင်းက ဘယ်သူလဲ?

အဲဒါက ဧကရာဇ်ဖြစ်တဲ့ သူ့အဖေရဲ့ဆရာ။ ဒီလိုလူမျိုးဆီက အရမ်းလေးစား ချီးကျူး ခံရတယ်ဆိုတော့ လုရွှမ်က ဘယ်လောက်တောင် ကံကောင်းနေတာလဲ?

"သားရဲခန်းမရဲ့ ခန်းမသခင်ဖုန်းက ကျွမ်းကျင်ပညာရှင်တွေကို ခေါ်ယူခဲ့ပြီး ဖမ်းမိခဲ့တဲ့ သံသွား သင်းခွေချပ် တစ်ကောင်ကို ယဥ်ပါးစေတဲ့အကြောင်း မင်းသားနဲ့ သခင်မ ကြားဖူးမှာပါ!"

ကောင်းရှန် အကြာကြီး မရပ်ဘဲ ပြောလိုက်သည်။

"အင်း... ဒီအဖြစ်အပျက်က တော်ဝင်မြို့ တစ်ခုလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့တယ်လေ ဘယ်လိုလုပ် မသိဘဲနေမလဲ!"

မင်းသား ချန်ရှင်းက ဟစ်အော်လိုက်သည်။

ခန်းမသခင်ဖုန်းသည် ပေရွှီးမြို့တော် တစ်ခုလုံး၏ ထိပ်ဆုံးတွင်ရပ်နေကာ သူ၏လှုပ်ရှားမှုတိုင်းသည် အာရုံစူးစိုက်မှုကို ရရှိနေပြီသား ဖြစ်သည်။ သူသည် ဝိညာဥ်သားရဲ တစ်ကောင်ကို အတူတကွဖမ်းရန် သန်မာသော လူများစွာကို ဆင့်ခေါ်ခဲ့သည်။ သာမန်လူများသည် ဤအရာများအကြောင်းကို သိပ်မသိကြသော်လည်း အဆင့်အတန်း မြင့်တဲ့လူတွေကတော့ မသိသူ မရှိကြပေ။

ခန်းမသခင်ဖုန်း ဝိညာဥ်သားရဲကို အောင်အောင်မြင်မြင် ဖမ်းမိခဲ့ချိန်မှာတော့ သူ့ကို ဂုဏ်ပြုဖို့တောင် သွားခဲ့ပေမယ့် လှည့်ထွက်ပြန်လာခဲ့ရသည်။

"အဲဒီသံသွားသင်းခွေချပ်က ခန်းမသခင်ဖုန်း အပြင် မရေမတွက်နိုင်တဲ့ သားရဲထိန်းသူတွေတောင် မထိန်းနိုင်ခဲ့ဘူး... အဆုံးမှာတော့ လုရွှမ်က သူ့ကို ယဉ်ပါးစေခဲ့တာ!"

ကောင်းရှန်က ပြောပြသည်။

"ဘာ!! ဒါက ဘယ်လိုဖြစ်တာလဲ? ခင်ဗျား ဆိုလိုတာက အဲဒီကောင်က ဝိညာဥ်သားရဲ တစ်ကောင်ကို ထိန်းကျောင်းနိုင်တယ် ဟုတ်လား?"

မင်းသား ချန်ရှင်းသည် အလွန်ထိတ်လန့်သွားပြီး မူးလဲလုနီးပါး ဖြစ်သွားခဲ့သည်။

အဲဒီကောင်လေးက နှလုံးစပျစ်နွယ်ပင် ပြဿနာကို ဖြေရှင်းလိုက်တာ ဆိုတော့ သူက ဆေးပညာရှင် ဖြစ်သင့်တာမလား။ ဘယ်တုန်းက သားရဲထိန်းကျောင်းတဲ့ ဆရာတစ်ယောက် ဖြစ်လာတာလဲ။

နှစ်ခုလုံးက ဆက်စပ်မှု မရှိဘူး မဟုတ်လား။

"မှန်ပါတယ် သူက သားရဲတွေကို ထိန်းကျောင်းနိုင်ရုံ သာမက စွမ်းအားလည်း ကြီးမားတယ်... ကျုပ်ဆရာ အကြီးအကဲကောင်းတောင် သူ့အဆင့်အတန်းနဲ့ မယှဥ်နိုင်မှာကို ကြောက်ရတယ်"

ကောင်းရှန်က ခေါင်းညိတ်လိုက်သည်။

"အာ? ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? သားရဲထိန်းကျောင်းမှု အဆင့်က အကြီးအကဲလောင်တောင် မယှဉ်နိုင်ဘူး??"

မင်းသားချန်ရှင်းလည်း ထပ်ပြီး မူးလဲလုမတတ် ဖြစ်သွားပြန်၏။ ပေရွှီးအင်ပါယာ တစ်ခုလုံးတွင် ရေတွက်နိုင်သော သားရဲထိန်းဆရာကြီးကောင်း ထိုကဲ့သို့သော လူသည် ဆယ်ကျော်သက် ကောင်လေးနှင့် မနှိုင်းယှဉ်နိုင်သည်မှာ အမှန်ပင်လော။

"အဲဒါကြောင့် တစ်ခုခုဖြစ်သွားရင် သားရဲခန်းမက သူ့ကို အစွမ်းကုန် ကူညီပေးမှာ သေချာပါတယ်... ပြီးတော့ အဲဒီကို သင်ခန်းစာ ပေးပြီး သားရဲကို ထိန်းနိုင်တဲ့ သခင်ကို တိုက်ခိုက်ဝံ့တဲ့အတွက် ဆိုပြီး သတိပေးမှာ!"

ကောင်းရှန်က ဆက်ပြောသည်။

သူ့စကားကို နားထောင်ပြီးနောက် မင်းသားချန်ရှင်းနှင့် သခင်မဟိုင်ထန်တို့ တိတ်ဆိတ်သွားသည်။

ပြည်မကြီးရှိ နာမည်ကြီး အင်အားများ ဖြစ်သည့် အဂ္ဂိရတ်ပညာရှင်အဖွဲ့၊ လက်မှုပညာရှင်အဖွဲ့၊ သားရဲခန်းမနှင့် ဆေးဥယျာဥ်တို့သည် ၎င်းတို့၏ အဖွဲ့ဝင်များကို အလွန်အမင်း အကာအကွယ် ပေးသည်။ မည်သူမဆို ၎င်းတို့ကို နာကျင်အောင် လုပ်ဖို့ သတ္တိရှိလျှင် သူတို့သည် နိုင်ငံတော်ကိုပင် ဖျက်ဆီးပစ်နိုင်ကြ၏။

ကောင်းရှန် ပြောတာမှန်ရင် လုရွှမ်က ဒီစွမ်းရည် တကယ်ရှိပြီး သူနဲ့ တခြားသူတွေက လုရွှမ်ကို သတ်ပစ်ဖို့ သတ္တိရှိတယ်ဆိုရင် ပေရွှီးအင်ပါယာ တစ်ခုလုံး သားရဲခန်းမရဲ့ အမျက်ဒေါသကို ခံရပြီး ပျက်စီးသွားလိမ့်မည်။

"အခု ကျုပ်သူ့ကို သတ်ချင်ခဲ့တာ ကြာပြီဆိုပေမယ့် ဘာလို့ မသတ်သေးတာလဲ ဆိုတာ မင်းသား နားလည်ပြီလား!"

စစ်သေနာပတိ ဟူရှောက်က ဆိုလိုက်သည်။

"ဒါဆို ငါတို့ဘာလုပ်သင့်လဲ? ဧကန္တ လက်စားမချေရတော့ဘူးလား?"

မင်းသားချန်ရှင်း သူ့သွားတွေကို ကြိတ်လိုက်သည်။ ထိုလူငယ်ကြောင့် ကြီးစွာသော စော်ကားမှုကို ခံစားခဲ့ရသည်။ အကယ်၍ ထိုသူအား လက်စားမချေရဘူး ဆိုလျှင် သူ့လုံးဝ သည်းခံနိုင်မှာ မဟုတ်ဘူး။

"သေချာပေါက် မဟုတ်ဘူးပေါ့!"

ကောင်းရှန့်က အေးစက်စွာ ရယ်မောလိုက်ပြီး

"ယင်းယန်အကယ်ဒမီက ပိုင်ရှောင်းကို ကျုပိ တပည့်အဖြစ် လက်ခံခဲ့တယ်။ ပုံမှန်အတိုင်း အကယ်ဒမီမှာ ကျုပ်ရဲ့ မျက်လုံးတွေ ရှိပါတယ်... ဒီနေ့ သတင်းပို့လာတယ်... လုရွှမ်က ရှန့်ခုန်းချိုင့်ဝှမ်း စမ်းသပ်မှုတွေမှာ ပါဝင်ထားတယ်.... မနက်ဖြန်မနက် သွားကြမယ်တဲ့!"

"ရှန့်ခုန်းချိုင့်ဝှမ်း စမ်းသပ်မှု? အဲဒီ အန္တရာယ်ရှိတဲ့ ချိုင့်ဝှမ်းကြီး အကြောင်းကို ပြောနေတာလား။" မင်းသား ချန်ရှင်း အံ့အားသင့်သွားသည်။

"မှန်တယ်... အဲဒီနေရာပဲ!" ကောင်းရှန်က ခေါင်းညိတ်သည်။

"ဟားဟား...ကောင်းကင်က ငါ့ကို ကူညီပေးနေတာပဲ!"

မင်းသားချန်ရှင်းက တစ်ခုခုကို တွေးလိုက်ပြီး သူ့မျက်လုံးတွေက ပိုတောက်ပလာသည်။

"ရှန့်ခုန်းချိုင့်ဝှမ်းက အန္တရာယ်ရှိတဲ့ နေရာတစ်ခု ဖြစ်ပြီး ဝင်သွားရင် သေမင်းရဲ့ ကျဉ်းမြောင်းတဲ့ လမ်းမပေါ် ရောက်သွားသလိုမျိုး ၉ခါသေပြီး ၁ခါပဲ အသက်ရှင်နိုင်လိမ့်မယ် သေမျိုးအသွင်ပြောင်း နယ်ပယ်ရဲ့ အထွတ်အထိပ်တွေတောင် လွတ်မြောက်ဖို့ ခက်တယ်.... ဒါ့အပြင် အတွင်းပိုင်းဧရိယာက ကြီးမားတယ် အထဲမှာ လူတစ်ယောက်ကို ခေါင်းဖြတ်သတ်ပစ်ရင်တောင် ဘယ်သူမှ လုံးဝမသိနိုင်ဘူး... သားရဲခန်းမက အနာဂတ်မှာ သူသေပြီ ဆိုတာ သိသွားရင်တောင် ကျုပ်တို့ကို ပြဿနာ လာရှာလို့ မရတော့ဘူး"

"ဒါကိုပဲ ငါဆိုလိုတာ!" ဟူရှောက်ကလည်း ခေါင်းညိတ်လိုက်သည်။

ချိုင့်ဝှမ်းကဲ့သို့ အန္တရာယ်ရှိသော နေရာသည် သန်မာသော ခွန်အားဖြင့် လွတ်လွတ်လပ်လပ် သွားလာနိုင်သော နေရာမဟုတ်ပေ။ ထိုနေရာတွင် တားမြစ်ထားသော အန္တရာယ်များ အမျိုးမျိုးရှိသည်။ ကံမကောင်းလျှင် ထိုနေရာ၌ သေသွားနိုင်၏။

ထို့အတွက်ကြောင့် မည်သူမဆို ထိုနေရာတွင် သေဆုံးရသည်မှာ ပုံမှန်ပင် ဖြစ်သည်။

လုရွှမ်ကို သားရဲခန်းမနှင့် အခြားသူများက သူသေသွားကြောင်း သိလျှင်ပင် သားရဲခန်းမသည် သူ့အတွက် ဘာမှလုပ်မပေးနိုင်ဘဲ အထဲမှာ သေဆုံးသွားခဲ့ခြင်းသာ ဖြစ်သွားလိမ့်မည်။

နောက်ဆုံးတွင် အန္တရာယ်တောထဲ၌ သေခြင်းအတွက် အကြောင်းပြချက် များစွာရှိသည်လေ။ စွမ်းအားမရှိရင် စည်းမျဉ်းနှင့်အာဏာကို စိန်ခေါ်ဝံ့ခြင်း မရှိနိုင်ပေ။

"ကောင်းပြီ.... ရှန့်ခုန်းချိုင့်ဝှမ်းက လုရွှမ် အသက်ဆုံးရှုံးခဲ့မယ့် နေရာပဲ!"

မင်းသားချန်ရှင်းက စိတ်လှုပ်ရှားစွာ ဟောက်လိုက်သည်။

"ကောင်းပြီ ငါတို့မဟာမိတ်ဆွေ ဖွဲ့ပြီးကတည်းက ငါတို့အားလုံး ရိုးသားမှု ပြဖို့လိုတယ်!" စစ်သေနာပတိ ဟူရှောက်က ခေါင်းညိတ်ပြီး လက်ကိုဝှေ့ယမ်းသည်။

"ငါက တော်ဝင်မြို့ရဲ့ လုံခြုံရေးကို တာဝန်ခံရတာကြောင့် ချိုင့်ဝှမ်းထဲကို ဝင်သွားဖို့ မဖြစ်နိုင်ဘူး... ဒါပေမဲ့ တစ်စုံတစ်ယောက် ငါ့ကိုယ့်စား လိုက်ခဲ့လိမ့်မယ်!"

ဟူ!

သူ့စကားတွေ ကျလာပြီးတာနဲ့ အခန်းထဲမှာ အသွင်အပြင်တစ်ခု ရုတ်တရက် ပေါ်လာ၏။ ဘယ်လို ပေါ်လာမှန်း ဘယ်သူမှ မသိကြချေ။ ကိုယ့်မျက်လုံးနဲ့ မမြင်ရရင် အထဲမှာ ရပ်နေတဲ့ တစ်စုံတစ်ယောက် ရှိနေမှန်း သိကြမှာတောင် မဟုတ်ဘူး။

"စစ်သေနာပတိကြီး!"

အရိပ်တစ်ခု ပေါ်လာပြီး ပတ်ဝန်းကျင်နှင့် ပေါင်းစပ်လိုက်ကာ အချိန်မရွေး ပျောက်ကွယ်သွားသကဲ့သို့ ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေလိုက်သည်။

ဒီလူကို မြင်လိုက်တဲ့အခါ မင်းသားချန်ရှင်းရဲ့မျက်လုံးတွေက တစ်ခုခုကို တွေးလိုက်မိသလိုဖြင့် စိတ်လှုပ်ရှားမှုတွေကြောင့် သူ့ခန္ဓာကိုယ်က တုန်ယင်လာ၏။

"ဒါက အရိပ်တပ်သား... လက်ထောက် စစ်သေနာပတိ ယန့်ဖုံး မဟုတ်လား?"

"တော်ဝင်မင်းသားက ဒီလူကြမ်းကို မှတ်မိနိုင်တယ်ဆိုတော့ ငယ်သားအတွက် ဂုဏ်ယူစရာပါပဲ!"

ယန့်ဖုံးသည် သူ့လက်သီးများကို ဆုပ်ကိုင်ထားသည်။

"လက်ထောက် စစ်သေနာပတိ ယန့်ဖုံး? သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇ သိုင်းပညာရှင်....တစ်ချိန်က ဟော်ထျန်းတောင်ကို လက်ဖဝါးတစ်ဖက်တည်းနဲ့ သုတ်သင်ခဲ့ပြီး လျိုဖော့မြစ်က လူရိုင်း ၈သောင်းကို ခြေတစ်ဖက်တည်းနဲ့ ပြားစေခဲ့တဲ့ လက်ထောက် စစ်သေနာပတိ ယန့်ဖုံး?"

သူ၏ ဝန်ခံချက်ကို ကြားပြီးနောက် သခင်မဟိုင်ထန်သည် သူမ၏ ပါးစပ်ကို ညင်သာစွာ ဖုံးလျက် ဆိုလိုက်သည်။

သာမာန်အချိန်များတွင် သူမ၏ အသွင်အပြင်ဖြင့် ဤလုပ်ရပ်သည် လူများကို ချစ်ခြင်းမေတ္တာနှင့် ကရုဏာအပြည့် ဖြစ်စေမည်မှာ သေချာသည်။ သို့သော် လက်ရှိတွင် သူမသည် မြေပေါ်သို့ လဲကျသွားချင်သော်လည်း သူမကို ကြည့်ရသည်မှာ စက်ဆုပ်ရွံရှာဖွယ် ကောင်းလေလေ ဖြစ်သည်။

"အတိတ်က အသေးအဖွဲ့ ကိစ္စတွေအတွက် စိတ်ထဲထားစရာ မလိုဘူး!"

ယန့်ဖုံးက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ဒါ…” မင်းသား ချန်ရှင်းက မျက်လုံးကိုမှိတ်ပြီး

"စစ်သေနာပတိ ဒီကလေးကို ကျုပ်တို့နဲ့အတူ သတ်ဖို့ လက်ထောက်တပ်မှူးယန့်ကို စေလွှတ်လိုက်တာ သိပ်အလွန်အကျွံ ဖြစ်မနေဘူးလား?"

သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇ သိုင်းပညာရှင်သည် ကောင်းကင်သို့ ပျံတက်ဖို့ မလုပ်ဆောင်နိုင်သော်လည်း တောင်များကို အလွယ်တကူ ဖျက်ဆီးကာ ပင်လယ်ရေကိုပင် အပိုင်းပိုင်း ခွဲပစ်နိုင်သည်။

ဒီလူဟာ ပေရွှီးအင်ပါယာမှာ ကြီးမားတဲ့ ပစ်ခတ်မှုဖြစ်ပြီး သူ့ခြေထောက်ကို နင်းပြီး မြေပြင်ကို အကြိမ်ပေါင်းများစွာ တုန်လှုပ်စေခဲ့သူပင်။

ထိုကဲ့သို့ တန်ခိုးကြီးသော သူနှင့်အတူ စစ်သေနာပတိကြီးသည် အမှန်တကယ်ပင် လုရွှမ်ဟုခေါ်သော လူသိနည်းသည့် ကလေးငယ်ကို ခေါင်းဖြတ်ရန် စေလွှတ်ချင်နေသည်။

"ဒါက မလွန်ပါဘူး! ယန့်ဖုံးတစ်ယောက်တည်းနဲ့ ဒီတာဝန်ကို မပြီးမြောက်နိုင် သွားမှာကိုတောင် ကြောက်ရသေးတယ်!"

သူဒီလို တွေးနေတာကြာပြီ ဆိုတာ သိထားသလိုပဲ စစ်သေနာပတိ ဟူရှောက်က သူ့လက်ကို ဝှေ့ယမ်းပြီး တည်ငြိမ်စွာ ပြောလိုက်ပါ၏။

All Chapters