မဟာမိတ်တချို့ (တတိယပိုင်း)
Vol. 23 Ch. 3.95
"သူ ဒီကိစ္စကို မပြီးမြောက်နိုင်မှာ ကြောက်ရတယ်? ဘာကိုဆိုလိုတာလဲ??"
မင်းသား ချန်ရှင်း ခဏလောက် ထိတ်လန့်သွားပြီး သူနားလည်လိုက်သည်။
"သားရဲခန်းမနဲ့ ဆေးဥယျာဉ်ထဲက လူတွေက လုရွှမ်ကို ကာကွယ်ဖို့ ချိုင့်ဝှမ်းထဲကို သူနဲ့အတူ လိုက်ပို့ပေးမှာကို စစ်သေနာပတိက စိုးရိမ်နေတာလား?"
"ဟုတ်တယ်!" စစ်သေနာပတိ ဟူရှောက်က ခေါင်းညိတ်လိုက်သည်။
"ဒီလိုဖြစ်ရင် ဒုက္ခများလိမ့်မယ်!"
မင်းသားချန်ရှင်းလည်း မျက်မှောင်ကြုတ်လိုက်သည်။
ကောင်းရှန် ပြောတာသာ အမှန်ဆိုရင် အဲဒီလုရွှမ်မှာ သားရဲတွေကို ထိန်းကျောင်းနိုင်တဲ့ အစွမ်းထက်တဲ့ အရည်အချင်းရှိပြီး သူ့ကို ကာကွယ်ဖို့ တစ်ယောက်ယောက်ကို သားရဲခန်းမက စေလွှတ်တာက ပုံမှန်ပင်။
သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၇သည် အစွမ်းထက်သော်လည်း သားရဲခန်းမနှင့် ယှဥ်လျှင် အတော် အလှမ်းဝေးနေသေးသည်။
"ဒါဆို ကျုပ်တို့ဘာလုပ်ရမလဲ? စစ်သေနာပတိမှာ အစီအစဉ်ကောင်း ရှိလား"
မင်းသားချန်ရှင်း တွေးရင်း ခေါင်းမထောင်နိုင်ဘဲ အနည်းငယ် စိတ်ပျက်လာသည်။
"နည်းလမ်းကောင်း မရှိပါဘူး.... မင်းသားလေးအနားမှာ သစ္စာရှိပြီး အကာအကွယ်ပေးတဲ့ ဆရာတစ်ယောက် ရှိနေတယ်လို့ ကျုပ်ကြားပါတယ်... သူ့ရဲ့ခွန်အားက သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ ရောက်နေပြီဆို... သူ့ကိုကူညီဖို့ တောင်းဆိုနိုင်မလားလို့ပါ... သူသာ ယန့်ဖုံးနဲ့ ပူးပေါင်းရင် ခန်းမသခင်ဖုန်း ဘယ်လောက်ပဲ ပြင်ဆင်ထားပါစေ သူတို့ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး"
ဟူရှောက်က ဆို၏။
"ကျုပ်ဆရာအကြောင်း ခင်ဗျား ဘယ်လိုသိလဲ?"
စစ်သေနာပတိ ဟူရှောက်ရဲ့ စကားကိုကြားတော့ မင်းသား ချန်ရှင်း၏ မျက်ခုံးများက တွန့်ချိုးသွားတော့သည်။
သူ့တွင် သစ္စာရှိပြီး အကာအကွယ် ပေးနိုင်သော ဆရာတစ်ဦးရှိ၍ သေမျိုးအသွင်ပြောင်းခြင်း အဆင့်ရှစ်သို့ အစောကတည်းက ရောက်ရှိနေပြီ ဖြစ်သော်လည်း မည်သူကိုမျှ မပြောခဲ့ဖူးသလို အခြားမည်သူမျှ မသိနိုင်ပေ။ သူ့ရှေ့ရှိ စစ်သေနာပတိ ဟူရှောက်က မည်သို့သိနိုင်မည်နည်း။
"ကျုပ်က ဧကရာဇ်အစောင့်တွေကို အုပ်ချုပ်ရတဲ့သူလေ.... မသိတာ ဘာမှမရှိဘူး။ မင်းရဲ့ဆရာကြောင့် မဟုတ်ရင် ဘုရင်မင်းမြတ်က မင်းကို ဘယ်လိုလုပ် ဒီလောက်အထိ တန်ဖိုးထားနိုင်မှာလဲ"
"ဒါ...."
ထိုမှသာ မင်းသားချန်ရှင်း နားလည်သွားသည်။ သူ့ပါးစပ်ကို ကျယ်ကျယ်ဖွင့်ကာ မယုံနိုင်အောင် ဖြစ်သွားသည်။
"ကောင်းပြီ အခု ဒီအရာတွေကို ပြောဖို့က အသုံးမဝင်ဘူး.... ပေရွှီးအင်ပါယာက သားရဲခန်းမက အားမနည်းပေမယ့် သူတို့ရဲ့ တိကျတဲ့ အစွမ်းသတ္တိကို ငါသိထားတယ်... သူတို့ထဲမှာ အပြင်းထန်ဆုံးကတော့ ခန်းမသခင်ဖုန်းပဲ.... သူနဲ့ မင်းရဲ့ ဆရာက အတူတူပဲ သူတို့နှစ်ယောက်စလုံး သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ရဲ့ အဆင့်၈ ရှိနေကြတယ်။ ခန်းမသခင်ဖုန်းသာ သူ့ကို မကာကွယ်ပေးထားရင် အဲဒီလုရွှမ် အစောကတည်းက အသက်မရှင်နိုင်တော့ဘူး"
စစ်သေနာပတိ ဟူရှောက်က သူ့ကို လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
"ဒါပေမဲ့ ကျွန်တော့်ဆရာက ကျွန်တော့်ကို ကာကွယ်ပေးတယ် ဆိုပေမယ့် ပုံမှန်ဆိုရင် ဆရာက လွယ်လွယ်နဲ့ ထွက်မတိုက်တတ်ဘူး!"
တစ်ဖက်လူ ပြောသည့်စကား မှန်ကန်ကြောင်း သိလိုက်ရသော်လည်း မင်းသား ချန်ရှင်းသည် ခေါင်းယမ်း၍ မတတ်နိုင်ပေ။
သူ့တွင် သေမျိုး အသွင်ပြောင်းခြင်း နယ်ပယ်က ပြင်းထန်သော အဆင့်၈ ဆရာတစ်ဦး ရှိသော်လည်း သူ့ဖက်က အမိန့်သွားပေးလို့ မရချေ။ နောက်ဆုံးအနေနဲ့ သူ့ကို အသတ်မထံရအောင်သာ အကာအကွယ် ပေးနိုင်၏။
"ဒါကို ငါသိတယ်... တကယ်တော့ သူ့ကို ထွက်လာခိုင်းဖို့က အရမ်းရိုးရှင်းပါတယ်... မင်းလုပ်ရမှာက ရှန့်ခုန်းချိုင့်ဝှမ်းကို လူကိုယ်တိုင် လိုက်သွားကြည့်ဖို့ပဲ... လုရွှမ်က သူ့ပတ်ဝန်းကျင်မှာ ကျွမ်းကျင်တဲ့ ကာကွယ်မှုတွေ ရှိနေရင် ယန့်ဖုံးလည်း မကာကွယ်နိုင်ရင် မင်းအန္တရာယ် ဖြစ်လိမ့်မယ်။ အဲဒီအချိန်မှာ မင်းရဲ့ဆရာက မင်းကိုဖိတ်ဖို့တောင် မလိုတော့ဘူး!... ကျွမ်းကျင်တဲ့ အကာအကွယ် မရှိရင် ယန့်ဖုံး တားဆီးနိုင်တယ် ဒါကြောင့် အဲဒီအခါ သူ့ကိုခေါ်ဖို့ မလိုဘူး!"
စစ်သေနာပတိ ဟူရှောက်မှာ အကြံတစ်ခု ရှိနေပြီဖြစ်ပြီး ပေါ့ပေါ့တန်တန် ပြောလိုက်သည်။
"အင်း! ကောင်းပြီ ကျွန်တော် သဘောတူတယ်!"
ထိုအကြောင်းကို စဉ်းစားပြီးနောက် မင်းသား ချန်ရှင်း ခေါင်းညိတ်လိုက်သည်။ လုရွှမ်ကို သတ်ချင်ရုံသာမက သူ့ရှေ့မှာ ဒူးထောက်ကာ သနားညှာတာဖို့ တောင်းပန်စေချင်သေး၏။
အကယ်၍ လုရွှမ်သည် ရှန့်ခုန်းချိုင့်ဝှမ်းတွင် သေဆုံးရန် ရည်မှန်းထားသည် ဆိုလျှင် သူသေချာကြည့်ရန် ထိုနေရာသို့ သွားရမည် ဖြစ်သည်။
"အရှင်မင်းသား... ကျွန်မလည်း လိုက်ခဲ့မယ် အဲဒီကလေး ကျွန်မရှေ့မှာ သေသွားတာကို သေသေချာချာ မြင်ချင်သေးတယ်!"
သခင်မဟိုင်ထန်က ဆို၏။
"ကျုပ်လည်း လိုက်မယ်!"
ကောင်းရှန်ကပါ ပြောလညသည်။
"ကောင်းပြီ... အခု ဆုံးဖြတ်လိုက်ပြီ ငါတို့ ဒါကို ရှန့်ခုန်းချိုင့်ဝှမ်းထဲမှာ လုပ်ပြီးတော့ အဲဒီကလေးကို သတ်ပစ်မယ်!"
တချို့သော အသေးစိတ် အချက်အလက်များကို ဆွေးနွေးပြီးနောက် မင်းသား ချန်ရှင်းက ၎င်းတို့၏ ပူးပေါင်းဆွေးနွေးတဲ့ ကိစ္စကို အပြီးသတ်ခဲ့သည်။
ဆေးဥယျာဉ်နှင့် သားရဲခန်းမ၏ အကာအကွယ်ဖြင့် ပေရွှီးမြို့တော်တွင် ၎င်းကို သတ်ပစ်ရန် မဖြစ်နိုင်ပေ။ ရှန့်ခုန်းချိုင့်ဝှမ်းသည်သာ ချောင်းမြောင်း သတ်ဖြတ်ရန် အကောင်းဆုံးနေရာဖြစ်သည်။
"ယန့်ဖုံး... ဒီနေ့ကစပြီး မင်းသားရဲ့ အနားမှာနေပြီး သူ့အမိန့်ကိုနာခံပြီး ဒီကလေးကို သတ်ပြီးရင် ပြန်လာခဲ့!"
စစ်သေနာပတိ ဟူရှောက်က အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့!"
ယန့်ဖုံး ခေါင်းညိတ်လိုက်သည်။
လုရွှမ်ကို အာဃာတ ထားခဲ့သော လူအများအပြားသည် လုံးဝ စည်းလုံးသွားခဲ့ကြသည်။
မင်းသား ချန်ရှန်း၊ စစ်သေနာပတိ ဟူရှောက်နဲ့ တခြားသူတွေ စည်းလုံးသွားပြီး လုရွှမ်ကို ဘယ်လိုသတ်ရမလဲ ဆိုတာကို ဆွေးနွေးနေချိန်မှာ လုရွှမ်ကတော့ သားရဲခန်းမကို ထပ်ရောက်သွားလေပြီ။
"ကျုပ်မှာ ကျွယ်ရှင်ပန်းပွင့် ပါလာတယ် ဒီတောင်ဖောက်ထားတဲ့ သင်းခွေချပ်နဂါးကြီးကို ခေါ်သွားလိုက်တော့မယ်!"
ခန်းမသခင်ဖုန်ူရဲ့ သေးငယ်တဲ့ ဝင်းထဲကို လာရင်း လုရွှမ်က တည်ငြိမ်စွာ ပြောလိုက်သည်။
"လူကြီးမင်းကို အလုပ်ပိုစေမိပါပြီ!"
လုရွှမ်က သူ့ကို ဒီဝိညာဥ်သားရဲကို ထိန်းကျောင်းဖို့ ကူညီပေးနေတာကို သိလိုက်ရတော့ ခန်းမသခင်ဖုန်းက မငြင်းဘဲ ခေါင်းညိတ်ပြပြီး လျင်မြန်စွာ စကားပြန်လိုက်သည်။
"လူကြီးမင်း.... မနက်ဖြန် ရှန့်ခုန်းချိုင့်ဝှမ်းထဲ သွားတော့မယ်လို့ ကြားတယ် အဲဒီနေရာက အန္တရာယ်တွေနဲ့ ပြည့်နေတာ... ကျုပ် တစ်ခေါက် ရောက်ဖူးတယ်...လူကြီးမင်းအတွက် လမ်းပြပေးပါ့မယ်!"
"လမ်းပြမယ်? မလိုအပ်ပါဘူး!"
လုရွှမ်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး
"ခင်ဗျားရဲ့ သားရဲခန်းမက အရမ်းအလုပ် များနေတယ်လေ... ဒါကြောင့် ကျုပ်ကို လမ်းပြနေစရာ မလိုဘူး!"
ချိုင့်ဝှမ်းထဲကို တစ်ခါမှ မဝင်ဖူးပေမယ့် စာအုပ်အမြောက်အမြားကို လေ့လာခဲ့ပြီး တစ်ဖက်က နေရာရဲ့ အခြေအနေနဲ့ နားလည်မှုတွေကြောင့် လမ်းညွှန်စရာ မလိုပါချေ။
ထို့အပြင် လျှို့ဝှက်နေရာ များစွာ ရှိပါသေးသည်။ သူကိုယ်တိုင် ထိုနေရာသို့ သွားရန်စီစဉ်ထားပြီး အခြားသူများကို မသိစေလိုပါ။
"ဒါပေမဲ့ ချိုင့်ဝှမ်းက အရမ်းအန္တရာယ်များတယ်။ လူကြီးမင်းက ကျုပ်ကို လိုက်မပို့စေဘူး ဆိုရင်တော့ လူကြီးမင်းရဲ့ ဘေးကင်းမှုကို ကာကွယ်ဖို့ တစ်ယောက်ယောက်ကို အတူထည့်လိုက်ပါ့မယ်"
ခန်းမသခင်ဖုန်းက ကမန်းကတန်း ပြောလိုက်သည်။
သူ့ရှေ့က ကောင်လေးက သားရဲဘာသာစကားပြောတတ်ပြီး သားရဲခန်းမရဲ့ စည်းစိမ်ဥစ္စာကို ပိုင်ဆိုင်ထားတာကြောင့် ဘာမဆို လုပ်ပေးနိုင်သည်။ ဒါ့အပြင် တစ်ဖက်လူက တောင်ဖောက် သင်းခွေချပ်နဂါးကို ယဥ်ပါးနိုင်အောင် ကူညီပေးနေသေးတဲ့ အတွက် သူ့ကိုဘာမှမဖြစ်စေလိုပေ။
"အကာအကွယ်လား? ခင်ဗျား ပို့တဲ့လူတွေက တောင်ဖောက် သင်းခွေချပ်နဂါး နဲ့ ယှဉ်နိုင်ပါ့မလား"
လုရွှမ်က ပြုံးလိုက်သည်။
"ဒါ..."
ခန်းမသခင်ဖုန်း စကားမပြောနိုင် ဖြစ်သွားသည်။ သင်းခွေချပ်နဂါးကို စဖမ်းခဲ့စဥ်က သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈က လူတွေ ပူးပေါင်းဆောင်ရွက်မှုဖြင့် ၎င်းကို ဖမ်းဆီးနိုင်ခဲ့သည်။ တစ်ယောက်တည်း တိုက်ခိုက်လျှင် သူပင် မယှဉ်နိုင်ပေ။ လုရွှမ်ကို ကာကွယ်ရန် အကောင်းဆုံးဟု ပြောရလျှင် သဘာဝအတိုင်း ၎င်းပင် ဖြစ်သည်။
သူနှင့်အတူ လူများများ စေလွှတ်ခြင်းသည် အမှန်တကယ်ပင် အသုံးမဝင်ပေ။
"ဒါဆို လူကြီးမင်း သတိထားပါ!"
ခန်းမသခင်ဖုန်း နောက်ဆုံးတွင် သက်ပြင်းချလိုက်သည်။
"အင်း!"
လုရွှမ်က စကားသိပ်မပြောဘဲ သူ့လက်ဖဝါးကို ပွတ်ဆွဲလိုက်ပြီး တောင်ဖောက် သင်းခွေချပ်နဂါး၏ လှောင်အိမ်ကြီးကို ဖွင့်ပေးလိုက်သည်။
ဟောက်!
ဟောက်သံနှင့်အတူ သင်းခွေချပ်နဂါးသည် ထွက်လာကာ လုရွှမ်ထံသို့ ပြေးလာ၍ ၎င်း၏ကြီးမားသော ဦးခေါင်းကို လုရွှမ်ခန္ဓာကိုယ်နှင့် ပွတ်တိုက်လိုက်သည်။
"ကောင်းပြီ သွားကြစို့!"
အဓိပ္ပါယ်မဲ့ စကားတွေပြောဖို့ အရမ်းအားမနေဘဲ လုရွှမ်ဟာ တောင်ဖောက် သင်းခွေချပ်နဂါးကို တိုက်ရိုက် ခေါ်ထုတ်လာခဲ့၏။ လေပြင်းတိုက်ခတ်ပြီးနောက် လုရွှမ်တို့ ခြံဝင်းထဲကနေ ထွက်ခွာသွားသည်။
ဤတောင်ဖောက် သင်းခွေချပ်နဂါးသည် ခန်းမသခင်ဖုန်း အတွက် ယခင်က ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲခဲ့သော်လည်း ယခုအခါ ပထမကုသမှု၏ သွေးလမ်းကြောင်းမှ အဆင့်တိုးလာခဲ့ပြီး သူ၏ ခွန်အားသည် ပို၍ပင် အားကောင်းလာခဲ့သည်။ အရှိန်က မုန်တိုင်းကဲ့သို့ မြန်ပြီး သူ့အတွက် အမီလိုက်ရန် ခက်ခဲသည်။
"မှန်ပါတယ်.... သင်းခွေချပ်နဂါးက အကာအကွယ် ပေးထားရင် တစ်ခုခုဖြစ်သွား စိတ်ပူစရာ မလိုဘူး"
သင်းခွေချပ်၏ သဘောထားကို ကြည့်ရင်း လုရွှမ်သည် သူ့နောက်ကျောတွင် အလွယ်တကူ ထိုင်ချလိုက်ပြီး ခန်းမသခင်ဖုန်းက သူ၏ မုတ်ဆိတ်မွေးကို လက်ဖြင့် ပွတ်သပ်ရင်း ရယ်မောလိုက်သည်။
ယင်းယန်အကယ်ဒမီ၏ ဝမ့်ထျန်းနန်းဆောင်သို့ ပြန်လာသောအခါ လုရွှမ်သည် ဧည့်ခန်းထဲတွင် စောင့်ဆိုင်းနေကြသော လူများစွာကို တွေ့လိုက်ရသည်။
"လုရှုန်း (ညီအကိုလု) မင်း ရှန့်ခုန်းချိုင့်ဝှမ်းကို သွားမယ်လို့ ကြားတယ်... ငါတို့နာမည်ကိုလည်း စာရင်းသွင်းထားတယ် မင်း ငါတို့ကို ခေါ်သွားရမယ်နော်"
ဧည့်ခန်းထဲသို့ လျှောက်သွားသောအခါ ဟွာချောင်၊ လျိုချိုင်းနှင့် အခြားသူများ အပြုံးများဖြင့် လျှောက်လာကြလေသည်။
"အတူတူ သွားကြတာပေါ့!"
လုရွှမိ ခေါင်းညိတ်လိုက်သည်။
ဤအနည်းစုသည် ဝူယန်အင်ပါယာ၌ ဆုံတွေ့ခဲ့ကြပြီး ဘဝ၏ သေရေးရှင်ရေးကို အတူတကွ တွေ့ကြုံခံစားခဲ့ကြရသည်။ သူတို့သည် ဤချိုင့်ဝှမ်းသို့ ခရီးထွက်ချင်သောကြောင့် သူနှင့်အတူ လိုက်ချင်သည်မှာ သဘာဝကျပါသည်။
"သခင်လေး... ကျွန်တော်လည်း လိုက်ခဲ့မယ်!" မုယန်ဖုန်းလည်း လျှောက်ဝင်လာသည်။
"မင်းလည်း လိုက်ခဲ့!! ရှန့်ခုန်းချိုင့်ဝှမ်းမှာ မင်းကို အခွင့်အလမ်းကောင်း တစ်ခုပေးနိုင်တဲ့ နေရာတစ်ခု ရှိတယ်ဆိုတာ ငါသိထားပြီ... ကောင်းကောင်းလုပ်ရင် လက်ရှိခြေချင်းချိတ်တွေကို ကျော်ဖြတ်ပြီး သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်ကို ရောက်အောင်သွားနိုင်မယ်"
တစ်ချက်စဉ်းစားရင်း လုရွှမ်သည် မုယန်ဖုန်းကို ပြုံးပြုံးကြီး ကြည့်နေသည်။