ခေတ်ဟောင်းအကြီးအကဲ
Vol. 24 Ch. 3.97
"ဒီတာဝန်စမ်းသပ်မှု တစ်လျှောက်မှာ အဖွဲ့ကို အကြီးအကဲဖန့်က ဦးဆောင်လိမ့်မယ်... လူတိုင်းရဲ့ ဘေးကင်းရေးအတွက် သားရဲခန်းမက မိန်းကလေးမော့ချုံ နဲ့ ဆေးဥယျာဥ်က မိန်းကလေးချန်စစ်ယန်ကို အထူးဖိတ်ကြားခဲ့တယ်... သူတို့နှစ်ယောက်က အတူလိုက်ပါလိမ့်မယ်!"
အကြီးအကဲယန်ရွှီး သူ့လက်ကို ဝှေ့ယမ်းလိုက်သော် တာခန်းမထဲကို လှပတဲ့ ရုပ်လွှာနှစ်ခု ဝင်ရောက်လာ၏။ တစ်ယောက်က မော့ချုံဖြစ်ကာ နောက်တစ်ယောက်က ဆေးဝါးသခင်မချန် ဘေးက အကူမိန်းကလေး ဖြစ်ကြောင်း လုရွှမ် မှတ်မိလိုက်သည်။
ရှန့်ခုနိးချိုင့်ဝှမ်းတွင် ဆေးဥယျာဥ်က လူမျယး မလိုအပ်သော်လည်း အဆိပ်ရှိသော အပင်များ အများအပြား ရှိနေပါ၏။ ဤသို့သော ပတ်ဝန်းကျင်တွင် ကောင်းမွန်စွာ နေထိုင်လိုပါက သားရဲလေ့ကျင့်ရေး ဆရာများနှင့် ဆေးဝါးပညာရှင်များသည် မရှိမဖြစ် လိုအပ်လေသည်။
"မိန်းကလေးမော့ချုံကို ငါသိတယ်။ ငါသူ့ကို သားရဲခန်းမမှာ တွေ့ဖူးတယ်... သူမက ယုတ္တိကင်းမဲ့တဲ့ အလှလေးပဲကွ... ဆေးဥယျာဉ်ထဲက အလှမယ် ချန်စစ်ယန်ကလည်း မဆိုးဘူးလို့ ထင်ပါတယ်"
"အထူးသဖြင့် အရမ်းလှတဲ့ ဆေးဝါးသခင်မချန်လိုမျိုး ဆေးဥယျာဉ်မှာ အလှလေးတွေနဲ့ ပြည့်နေတယ်လို့ ကြားမိသားကွ!"
"အလှတရားက ဘာအသုံးဝင်မှာလဲ? အသက်ကြီးနေပြီ။ ငါကတော့ အဲဒီချန်စစ်ယန်ကို ပိုသဘောကျတယ် သူမက နုပျိုပြီး လှတယ်။ အဲဒီမျက်လုံးတွေကို နွေးထွေးတဲ့အလင်းရောင်နဲ့ ကြည့်နေသလိုပဲ.... လမ်းတစ်လျှောက်မှာ သူမနဲ့သာတစ်ခုခု ဖြစ်သွားခဲ့ရင် သေသွားရင်တောင် တန်တယ်!"
"တစ်ခုခု ဖြစ်သွားရင်?? မင်းကလား?? ဟိုကဖြင့် မင်းကို လှည့်တောင်ကြည့်မှာ မဟုတ်ဘူး!"
အလှမယ် နှစ်ယောက် အတူတူ လမ်းလျှောက်လာနေတာကို မြင်တော့ လူတော်တော် များများက စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြသည်။
မိန်းကလေးမော့ချုံသည် သားရဲခန်းမတွင် လူသိများသော အလှလေး ဖြစ်သည်။ သားရဲခန်းမသို့ ရောက်ဖူးသူ အများအပြားက ၎င်းကို သိလုနီးပါးပင် ဖြစ်သည်။ ဤချန်စစ်ယန်ကို ဆေးဥယျာဉ်မှ လူအဖြစ် ပထမဆုံးအကြိမ် မြင်တွေ့ရသော်လည်း သူမသည် ယောက်ျားလေး ကျောင်းသားတွေ၏ အားပေးမှုကို ရရှိထားသည်။
"အဖွဲ့ကို ဦးဆောင်မယ့် အကြီးအကဲယိုဖန့်က ဘယ်သူလဲ?"
ဤအလှတရား နှစ်ပါးအတွက် လုရွှမ်သည် အာရုံစိုက်ရန် မအားလပ်ဘဲ လျောက်ချင်းကို လှည့်ကြည့်လိုက်သည်။
"အကြီးအကဲဖန့်ကို ဖန့်ဝူဆွေလို့ ခေါ်ပါတယ်။ သူက အကယ်ဒမီရဲ့ ထိပ်တန်း အကြီးအကဲ ဆယ်ယောက်အောက်မှာ သြဇာအရှိဆုံး ထဲက တစ်ယောက်လို့ ပြောလို့ရတယ်"
လျောက်ချင်းက ရှင်းပြသည်။
"ဖန့်ဝူဆွေ့?"
"ဟုတ်တယ်... အဲဒီအကြီးအကဲဖန့်က ထူးဆန်းတဲ့ စရိုက်ရှိတယ်.. ပြီးတော့ သူ့မှာ အထူးစိတ်ဝင်စားဖို့ ကောင်းတဲ့ ပုံပြင်တစ်ပုဒ် ရှိတယ်! ငယ်ငယ်တုန်းကတော့ ဒီနာမည် မရှိခဲ့ဘူးလို့ ပြောကြတယ်။ အကြောင်း တစ်ခုခုကြောင့် ထောင်ထဲမှာ မှားယွင်းပြီး နှိပ်စက်ခံခဲ့ရတယ်။ အထဲမှာပဲ သေတော့မယ်လို့ ထင်ခဲ့ပေမယ့် ခေါင်းဖြတ်သတ်တဲ့နေ့မှာ ကံကြမ္မာက ပြောင်းသွားပြီး သခင်တစ်ယောက်က တပည့်အဖြစ် သတ်မှတ်လိုက်လို့ သေဒဏ်ပေးရာကနေ လွတ်သွားခဲ့တယ်!"
"ဒါနဲ့တင် မပြီးသေးပါဘူး... သုံးနှစ်ကြာတော့ သူ့ရဲ့ ခွန်အားတွေ အရမ်းတိုးလာပြီး တရားစီရင်ခံရတဲ့ နေရာကို ပြန်လာခဲ့တယ်။ တကယ့် လူသတ်သမားကို အရာရှိတွေရှေ့မှာ ဖမ်းပြီး သတ်ပစ်လိုက်တယ်။ အဲဒီနောက် ဖန့်ဝူဆွေ့ ( အပြစ်မဲ့သူ) လို့ နာမည်ပြောင်းလိုက်တယ်။ တစ်နည်းပြောရရင် အစအဆုံး ရာဇ၀တ်မှု မရှိဘူးတဲ့... "
ဤကာလအတွင်း လျောက်ချင်းသည် အကြောင်းအရာ များစွာကို မေးမြန်းခဲ့ပါသည်။
"သူက တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့လူပဲ!"
လုရွှမ် ပြုံးလိုက်သည်။
သူ့အမည်ကို ဖန့်ဝူဆွေ့ အပြစ်ကင်းစင်သူ အဖြစ် ပြောင်းလဲလိုက်ခြင်းကြောင့် ဤဖြစ်ရပ်သည် သူ့အပေါ် ကြီးစွာသော သက်ရောက်မှုရှိခဲ့ပြီး ၎င်း၏ဆုံးဖြတ်ချက်ကိုလည်း ပြသခဲ့သည်။
"အကြီးအကဲဖန့်က သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၇ ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်ရှိထားတယ်လို့ ဆိုကြပြီး အဆင့်၈ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ ကွာတော့တယ်တဲ့ ဒီတစ်ကြိမ်မှာ သူက အဖွဲ့ကိုဦးဆောင်ပြီး ချိုင့်ဝှမ်းထဲ ပို့ဆောင်ပေးပေမယ့် နောက်ဆုံးအတားအဆီးကို ထိုးဖောက်ဖို့ အခွင့်အရေး ရှာချင်နေတာလို့လည်း ဆိုကြတယ်!"
လျောက်ချင်းက ဆက်ပြောပြသည်။
"သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇ ပြီးပြည့်စုံခြင်းအဆင့်?"
လုရွှမ် ခေါင်းညိတ်လိုက်သည်။
ဤအင်အားမျိုးသည် အလွန်အားကောင်းပြီး ပေရွှီးအင်ပါယာ ကဲ့သို့ နေရာမျိုးကို တိုးတက်အောင် ဆောင်ရွက်နိုင်သည်။ သူ အဖွဲ့ကို ဦးဆောင်ခြင်းဖြင့် ကျောင်းသားများစွာ၏ ဘေးကင်းမှုကို အာမခံနိုင်မည် ဖြစ်သည်။
"ငါက အကြီးအကဲဖန့်ဝူဆွေ့ပါ... ဒီနေ့ကစပြီး ရှန့်ခုန်းချိုင့်ဝှမ်းမှာ စမ်းသပ်မှု ပြီးဆုံးချိန်အထိ မင်းတို့အားလုံးကို ငါ ဦးဆောင်ခေါ်သွားပေးမယ်!"
အကြီးအကဲယန်ရွှီး စကားပြီးတဲ့အခါ အဘိုးကြီးတစ်ယောက် ထွက်လာသည်။ ဒီအချိန်မှာတော့ အကြီးအကဲဖန့်က အဖွဲ့ကို ဦးဆောင်မည့်အကြောင်း ပြောပြ၏။
ဤလူကြီး၏ အရှိန်အဝါသည် ခံ့ညားထည်ဝါပြီး သူ၏မျက်ခုံးကြားမှ တန်ခိုးအာနုဘော်ဖြင့် လှုပ်ရှားမှုတိုင်းသည် နဂါးကဲ့သို့ အသွင်ဆောင်ကာ အချိန်မရွေး ကောင်းကင်သို့ ပျံတက်ရန် အသင့်ဖြစ်နေသလိုပင်။
"သူက အကြီးအကဲဖန့်လား? စကားပြောရတာ မလွယ်ဘူး!"
"မင်းဒီမှာ လူသစ်ဖြစ်ပုံရတယ်... အကြီးအကဲဖန့်က စကားပြောရခက် ရုံတင်မကဘဲ အရမ်းမာကျောတယ် ရိုးရိုးရှင်းရှင်း ခေတ်ဟောင်းကြီးလိုပဲ!"
"ခေတ်ဟောင်းကြီး?"
"မှန်တယ်!! သူချမှတ်ထားတဲ့ စည်းကမ်းတွေကို ဘယ်သူကမှ ပြောင်းလဲဖို့ မကြိုးစားသင့်ဘူး။ သူလုပ်သမျှ စည်းကမ်းတွေကို နည်းနည်းမှ မလွန်ဆန်ဘဲ တင်းတင်းကျပ်ကျပ် လိုက်နာရတယ်... တစ်ခါက သူနဲ့အတူ အစမ်းလေ့ကျင့်မှုကို သွားကြည့်ဖူးတယ် တကယ်ကို ကျွန်တော် ရူးလုမတတ် ဖြစ်သွားတာပဲ"
"ရူးတော့မလို့?? ပြောကြည့်ပါဦး ဘာဖြစ်တာလဲ"
"အများကြီး မပြောပါဘူး... လူတိုင်းမှာ အရေးပေါ် စည်းကမ်း သုံးချက်ရှိတယ် ဆိုကြပါစို့... အချိန်တန်လို့ သွားချင်ရင် အားလုံးက သွားကြပေမယ့် ဒီတစ်ယောက်ကတော့ သူ့သတ်မှတ်ထားတဲ့ အချိန်အတိုင်း သွားရတယ်။ မဟုတ်ရင် မင်းကို အပြစ်ပေးလိမ့်မယ်!"
"ဘာ!? အရေးပေါ် အခြေအနေမျိုးတောင်မှ စည်းကမ်းသတ်မှတ် ထားတယ်တဲ့လား? ဘဝက တကယ်ကို ခက်ခဲနေပုံရတယ်"
အကြီးအကဲဖန့် ထွက်လာတာကို မြင်တော့ အခြေခံကို သိထားတဲ့ အတွင်းခန်းမှာရှိတဲ့ ကျောင်းသား တော်တော်များများဟာ ဝမ်းနည်းကြေကွဲတဲ့ မျက်နှာတွေနဲ့ ချက်ချင်း ထပြောလာကြ၏။
ဖန့်ဝူဆွေ့သည် ၎င်း၏ နစ်နာမှုများကို လက်စားချေရန် ရန်သူကို ခေါင်းဖြတ်သတ်ပြီးနောက် ဝူဆွေ့ဟူသော အမည်ကို ပြောင်းလိုက်ရာမှ သူသည် အလွန်ပင် တင်းမာပြီး ခေတ်မမီသော လူတစ်ဦး ဖြစ်လာသည်ကို တွေ့နိုင်သည်။
ယခုတစ်ကြိမ် သူဦးဆောင်ဖို့ ဖြစ်လာတာက ၎င်းတို့တွက် တကယ့်ကို သတင်းကောင်း မဟုတ်ပေ။
"အားလုံးပါးစပ်ပိတ်ထား!"
ဆွေးနွေးမှုကို ထပ်မံ မြင်ရသောအခါ အကြီးအကဲဖန့်၏ မျက်နှာသည် မည်းမှောင်သွားပြီး ကျယ်လောင်စွာ အော်ငေါက်လိုက်သည်။
ထိုအသံသည် ကောင်းကင်ကိုးခုမှ ဝရဇိန်ကဲ့သို့ ခွန်အားများ ပါ၀င်ပြီး ကြယ်တံခွန်ကြီး ကောင်းကင်မှ ပြုတ်ကျလာသလို မြေပြင်သည် တုန်လှုပ်သွား၏။
ဘယ်သူကမှ စကားမပြောရဲကြဘဲ ရင်ပြင်တစ်ခုလုံး ခေတ္တတိတ်ဆိတ်သွားကာ အပ်ကျသံကိုပင် မကြားရတော့ချေ။
"အခု အဖွဲ့သားတွေ လိုက်နာရမယ့် စည်းမျဥ်းတွေအကြောင်း ပြောပြမယ်!"
အကြီးအကဲဖန့်က တိတ်ဆိတ်မှုကို ကျေနပ်စွာ ခေါင်းညိတ်သည်။
"ပထမအချက် အရင်ဆုံး ငါ့အမိန့်ကို အတိအကျ လိုက်နာပါ.... မင်းတို့ကို ခွင့်မပြုတဲ့ နေရာကို ဘယ်သူမှ သွားခွင့်မရှိဘူး!"
"ဒုတိယအချက်... မင်းတို့ကို သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ ပြန်လာခိုင်းရင် မင်းတို့ပြန်လာရမယ်။ ဖောက်ဖျက်ကျူးလွန် ရဲရင်တော့ ငါ့ရဲ့ ရက်စက်တဲ့ လက်တွေကို အပြစ်မတင်နဲ့"
"တတိယ... အစမ်းကာလမှာ ကျောင်းသားတွေကို သီးသန့် တိုက်ခိုက်ခွင့် မပေးသလို ရတနာတွေအတွက် ယှဉ်ပြိုင်ခွင့်လည်း မပေးပါဘူး။ တစ်စုံတစ်ယောက် ချိုးဖောက်ခဲ့တာကို သိလိုက်ရတာနဲ့... ငါချက်ချင်း အပြစ်ပေးမယ်!"
မကြာခင်မှာပဲ အကြီးအကဲဖန့်က စည်းမျဉ်းစည်းကမ်း ၂၀ ကျော်ကို ပါးနပ်စွာ အော်ပြနေ၏။ ဒီစည်းကမ်းတွေကို ကြားလိုက်ရတော့ လုရွှမ်ပင် ခေါင်းမခါဘဲ မနေနိုင်တော့ပေ။
ရိုးရိုးသားသား ပြောရရင် ဒီကောင်က တကယ်ကို ခေတ်ဟောင်းကြီးပဲ။
သူပြောခဲ့တဲ့ စကားတွေကို တစ်ယောက်ပြီးတစ်ယောက် လိုက်နာချင်တယ်ဆိုရင် တကယ်စမ်းသပ်လေ့ကျင်မှု တစ်ခုအတွက် သွားကြမှာလား။ လှောင်အိမ်ထဲ သွားကြမှာလား မသဲကွဲတော့ချေ။
တွေးကြည့်တာနဲ့တောင် မူးနေပြီ။
"ဟုတ်ပြီ.... နောက်ဆုံးတစ်ခု အစမ်းလေ့ကျင့်ဖို့ သွားတဲ့အချိန် ယောက်ျားလေးတွေနဲ့ မိန်းကလေးတွေ ချစ်ကြိုက်ဖို့ တင်းကြပ်စွာ တားမြစ်ထားတယ်... တွေ့တာနဲ့ မြန်မြန်ပြန်ဖို့သာ ပြင်တော့!"
အကြီးအကဲဖန့်၏ နောက်ဆုံးစကားကို ကြားတော့ အောက်ကလူတိုင်း ချက်ချင်း ပေါက်ကွဲသွားတော့သည်။
"ငါသွားတော့မယ် ဒီစည်းကမ်းတွေက ဘာလဲကွာ"
"လူတိုင်းက ရတနာအတွက် အစမ်းလေ့ကျင့်ရင်း သွားကြမှာလေ.... အဲဒါကို ဒီအတိုင်း ယူခွင့်မပေးရင် တခြားလူတစ်စုက ရတနာကို တွေ့သွားရင် ဘာလုပ်ကြမလဲ?"
"သတ်မှတ်ထားတဲ့ အချိန်အတွင်း ပြန်လာခဲ့ရမယ်? ရတနာ သဲလွန်စတွေ တွေ့ရင် လိုက်ရှာလို့ မရတော့ဘူးပေါ့"
"သော့ချက်က နောက်ဆုံးတစ်ခုပဲ.... ယောက်ျားနဲ့ မိန်းမကို ချစ်လို့မရဘူး.... အဲဒါဘာလဲကွာ ငါချစ်သည်ဖြစ်စေ မချစ်သည်ဖြစ်စေ အစမ်းလေ့ကျင့်မှုနဲ့ ဘာမှမဆိုင်ဘူး မဟုတ်လား? ယောက်ျားနဲ့မိန်းမ တစ်ယောက်နဲ့ တစ်ယောက် ကြည့်လို့မရဘူးလား? ချောမောလှပတဲ့ မိန်းမတွေကို စကားတောင် သွားပြောလို့ မရတော့ဘူးလားကွာ"
"မင်းမသိဘူးလား? အရင်ကတည်းက အကြီးအကဲဖန့်က အမျိုးသမီးတွေကို ဘောင်ခတ်ထားတာ... သူက မိန်းမတွေကို တစ်သက်လုံး မုန်းတီးလာခဲ့တာလေ... သူ အထီးကျန်နေတဲ့ အချိန် မင်းကသူ့ရှေ့မှာ ချစ်ပြနေတယ်ဆိုရင် သူထမရိုက်တာကမှ ထူးဆန်းနေလိမ့်မယ်!"
"အာ? ဒီလိုမျိုး ရှိသေးလား? ဒါပေမဲ့ သူက ချစ်တတ်တာမှ မဟုတ်တာ... ဒါကြောင့် တခြားသူတွေကိုလည်း ခွင့်မပြုနိုင်တာ သာမန်ပါပဲ... အစကတော့ ဂျူနီယာညီမလေး တစ်ယောက်ရှာပြီး ကာကွယ်ပေးဖို့ စိတ်ကူးခဲ့တာ ပြီးတော့ သူမနဲ့ ရင်းရင်းနှီးနှီး နေမလို့ကို!"
"မင်းက?? ကာကွယ်မယ်?? ဂျူနီယာညီမလေးတွေ မင်းကိုတွေ့ပြီး ထွက်မပြေးရင်တောင် ကံကောင်း!"