← Chapters

မျက်နှာဖြူကျောင်းသားလေးရှောင်း

Vol. 24 Ch. 3.98

မျက်နှာဖြူကျောင်းသားလေးရှောင်း

Vol. 24 Ch. 3.98

"ကောင်းပြီ စည်းကမ်းတွေ ချမှတ်ထားပြီးပြီ.... ငါ ဘယ်သူ့ကိုမှ မချိုးဖောက်စေချင်ဘူး။ လူတိုင်း ပျံသန်းသားရဲ တစ်ကောင်ကို ယူလိုက်... အဆင်သင့်ဖြစ်ရင် ထွက်ကြမယ်!"

အောက်ဖက်ရှိ ငိုကြွေးသံများကို လျစ်လျူရှုကာ အကြီးအကဲဖန့်သည် သူ၏လက်ကို ဝှေ့ယမ်းကာ လေထဲရှိ ပျံသန်းသားရဲ တစ်ကောင်ပေါ်သို့ ဦးစွာ ခုန်တက်လိုက်သည်။

အကြီးအကဲဖန့်သည် သူပြောသမျှကို အမြဲပြောနေမှန်း သိသဖြင့် ပြောင်းလဲရန် မဖြစ်နိုင်တော့ပေ။ အကူအညီမဲ့သော်လည်း ကျောင်းသားများစွာသည် ပျံသန်းသားရဲ၏ နောက်ကျောပေါ်သို့ တစ်ယောက်ပြီး တစ်ယောက် ခုန်တက်လိုက်ကြသည်။

"သွားရအောင်!"

လုရွှမ်လည်း အချက်ပြကာ သူသည် ပျံသန်းသားရဲ၏ နောက်ကျောပေါ်သို့ ဦးစွာ တက်သွားပြီး တောင်ဖောက် သင်းခွေချပ်နဂါးကို လွှတ်လိုက်ကာ အခြားသားရဲနောက်သို့ လိုက်သွားခဲ့သည်။

ဟွာချောင်၊ ဟန်ရွှယ်၊ မင်းသမီးလော့ရုံနှင့် အခြားသူများသည်လည်း နောက်မှ လိုက်လာကြသည်။

ရုတ်တရက် ရင်ပြင်ရှိ ကျောင်းသားအားလုံးသည် ပျံသန်းနေသော သားရဲများပေါ်သို့ တက်သွားကြစဥ် လူတစ်စုသည် ပြင်းထန်သော ပုံစံဖြင့် ရှေ့သို့ ပြေးသွားကြသည်။

ရှန့်ခုန်းချိုင့်ဝှမ်းသည် ပေရွှီးအင်ပါယာ အနောက်မြောက်ဘက် အခြမ်းတွင်ရှိပြီး ကီလိုမီတာ ရာချီထက်မနည်း အကွာအဝေး ရှိသည်။ တောရိုင်းသားရဲများဖြင့် နေ့ရောညပါ ပျံသန်းနေသော်လည်း ဆယ်ရက်ထက်ပို၍ မပျံသန်းလို့ ၎င်းကို ထင်ထားတာထက် စောစော ရောက်ရှိရန် မဖြစ်နိုင်ပေ။

ပျံသန်းချိန်က အရမ်းကြာမယ်မှန်း သိတာနဲ့ လုရွှမ်ဟာ အချိန်ဖြုန်းဖို့ စိတ်မ၀င်စားတော့ပေ။ တခြားကျောင်းသားတွေနဲ့ မတူဘဲ သူက ပျံသန်းသားရဲရဲ့ အနောက်ဘက်မှာ တင်ပျဉ်ခွေ ထိုင်လျက် စတင် လေ့ကျင့်ပါတော့သည်။

ကောင်းကင်တွင် လေတိုက်ခတ်လာသဖြင့် ကျောင်းသားများစွာသည် ကျင့်ကြံမှုတွင် အာရုံမစိုက်နိုင်သော်လည်း သူ့အတွက်ကတော့ ဘာမှမဖြစ်သည့်အတိုင်း ငြိမ်သက်နေ၏။

သုံးရက်သုံးည ဆက်တိုက် ပျံသန်းပြီးနောက် သားရဲများ ဆက်မထိန်းနိုင်တော့တာမို့ အကြီးအကဲဖန့်သည် ဆိတ်ငြိမ်တဲ့ ချိုင့်ဝှမ်းတစ်ခုမှာ ဆင်းသက်ဖို့ လူတိုင်းကို အမိန့်ပေးလိုက်သည်။

"ကောင်းပြီ.... ဒီမှာ တစ်ရက်နားကြမယ်... အားလုံး လျှောက်မပြေးကြနဲ့ ဒီတစ်နာရီပြီးရင် ငါတို့ အချိန်မှန် ထွက်ခွာမယ်!"

အကြီးအကဲဖန့်က အစီအစဥိကို ပြောပြလာ၏။

လုရွှမ်လည်း သူ့ရှေ့က နေရာကို ကြည့်လိုက်ပြီး စိတ်လိုလက်ရ ခေါင်းညိတ်လိုက်သည်။ တကယ်တမ်း ပြောရရင် ဒီအကြီးအကဲဖန့်က နည်းနည်းတော့ ခေတ်မမီပေမယ့် အရမ်းကောင်းတဲ့နေရာကို ရွေးလိုက်တာပဲ။

ချိုင့်ဝှမ်းက ပြန့်ကားပြီး ထွက်ပေါက်တစ်ခုပဲ ရှိ၏။ အချင်းချင်း စောင့်ရှောက်ရတာ အရမ်းအဆင်ပြေပြီး တောရိုင်းသားရဲနှင့် ဝိညာဥ်သားရဲများ၏ ခိုးဝင်တိုက်ခိုက်မှု အတွက် စိတ်ပူစရာမလိုပေ။

ထို့အပြင် ဤနေရာတွင် ရေနေအပင်များပေါများပြီး မွှေးကြိုင်သော တောင်စမ်းရေတွင်းများ ရှိနေပြီး ပျံသန်းသားရဲများသည် အချိန်တိုအတွင်း ပြန်လည်ကောင်းမွန် လာနိုင်သည်။

"သခင်လေး... ကျွန်တော် တဲယူလာဖို့ မေ့သွားလို့ တွင်းပေါက်ထဲမှာပဲ အိပ်ရမယ်ထင်တယ်"

မုယန်ဖုန်းသည် သူ့မျက်နှာပေါ်တွင် ရှက်ရွံ့သောအမူအရာဖြင့် လျှောက်လာ၏။ သူ ထွက်လာတော့ ရတနာတွေနဲ့ ဆေးလုံးတွေ ပြင်ဆင်ထားပေမယ့် တဲတွေနဲ့ တခြားအရာတွေကို မပြင်ဆင်ထားမိခဲ့ဘူး။

သူ့အတွက် အရေးမကြီးပါဘူး။ သခင်လေးက သူနဲ့အတူ ချိုင့်ထဲမှာ အိပ်ရတာ နည်းနည်းရှက်စရာကောင်းတယ်လေ။

"ကိစ္စမရှိပါဘူး!" လုရွှမ်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။

သူ့အမြင်အရတော့ စမ်းတဝါးဝါးနဲ့ အပြင်ထွက်တာဟာ ဘဝနေထိုင်ရေး ကိစ္စမဟုတ်သလို အဲဒီအပေါ်လည်း သိပ်ဂရုမစိုက်ပေ။

"လူတော်တော် များများက အဆင်သင့် ဖြစ်နေပြီ"

သခင်လေးက ဤသို့ပြောလာသော် မုယန်ဖုန်းမှာ ပို၍ပင် အရှက်ကွဲသွားပြီး ရှေ့ကို ညွှန်ပြလိုက်သည်။

ဟုတ်ပါသည်။ လူတော်တော်များများက ရွက်ဖျင်တဲတွေ ယူလာကြ၏။ အဲဒီအချိန်မှာ ချိုင့်ထဲမှာ ထီးတွေလို ရွက်ဖျင်တဲတွေ တစ်ခုပြီးတစ်ခု ဆောက်နေကြလေသည်။

အကယ်၍ သူသည် တဲတစ်လုံးတွင် နေထိုင်ပါက အပြင်တွင် အိပ်ခြင်းထက် များစွာပို၍ အေးချမ်းစွာ အိပ်စက်နိုင်သည်မှာ အမှန်ပင်။

"သခင်လေး... ဒါမှမဟုတ် ကျွန်တော် သွားဝယ်လိုက်ရင်ရော?"

လူများစွာ တဲများခင်းကျင်း ထားသည်ကို မြင်လိုက်ရသဖြင့် မုယန်ဖုန်းက ခေါင်းကုတ်လိုက်သည်။

"မလိုပါဘူး!" လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

တဲတစ်လုံးမှာ မနေထိုင်နိုင်လို့ သူ့မှာ လိုအပ်ချက်တွေ အများကြီး မရှိပါဘူး။

"ကြည့်စမ်း... အဲဒီတဲက အရမ်းကြီးတာပဲ!"

"ဟုတ်တယ်ကွ! ဒီလိုတဲကြီးကြီးကို ဘယ်သူကများ လုပ်လိုက်တာလဲ?"

"မသိဘူး... ဒါပေမဲ့ အရောင်နဲ့ ပုံစံကို ကြည့်ရတာတော့ မိန်းကလေး ဖြစ်လိမ့်မယ်..."

"ငတုံး! အဲဒါက ငါတို့ကို ရှန့်ခုန်းချိုင့်ဝှမ်းကို ခေါ်လာပေးတဲ့ နတ်ဘုရားမ နှစ်ယောက်ထဲက မိန်းကလေးမော့ချုံပဲ!"

"မိန်းကလေးမော့ချုံ?"

နှစ်ယောက်သား စကားတွေ ပြောနေကြစဥ့ အံ့အားသင့်နေသော အသံတွေ ဆက်တိုက် ထွက်ပေါ်လာသည်။ အသံရဲ့ ဦးတည်ရာကို ကြည့်လိုက်တော့ မနီးမဝေးက မြေပြန့်မှာ တဲကြီးကြီး တစ်လုံးကို တွေ့လိုက်ရ၏။

ဤတဲကို လက်ရာမြောက်သော ပစ္စည်းများနှင့် ခိုင်ခံ့သော ဖွဲ့စည်းပုံဖြင့် ပြုလုပ်ထားသည်။ ၎င်းသည် အလျား ခုနစ်မီတာ သို့မဟုတ် ရှစ်မီတာ ကျယ်သည်။ နေထိုင်ရန် အလွန်အဆင်ပြေ၏။

"မော့ချုံ?"

အားလုံးရဲ့ ဆွေးနွေးမှုကို ကြားတော့ လုရွှမ်က ခေါင်းခါလိုက်သည်။

အမျိုးသမီးတွေဟာ တကယ်ကို ဒုက္ခပေးတတ်ကြ၏။ အစမ်းလေ့ကျင့်ဖို့ ထွက်ခွာလာရာတွင် သုံးစရာတွေ လျှော့ယူလာတာက အကောင်းဆုံးပါပဲ။ သက်သာလေလေ အန္တရာယ်ဖြစ်ရင် လွတ်ဖို့ ပိုလွယ်လေလေပဲ။ ဒီလိုတဲကြီးကြီးကို တိုက်ရိုက် ယူဆောင်လာဖို့က မခက်ခဲပေဘူးလား။

သို့သော် အမျိုးသမီးများသည် အလှအပကို နှစ်သက်ကြသည်။ အမျိုးသားများသည် မြက်ခင်းပြင်ပေါ်တွင် ဆန္ဒအလျောက် အိပ်နိုင်သော်လည်း သူမတို့ သေချာပေါက် မအိပ်နိုင်ကြပေ။

ရက်အတော်ကြာအောင် ဆက်တိုက် ပျံသန်းသားရဲ စီးလာကြပြီး လေနဲ့ နေရောင်နဲ့ ထိတွေ့မိလာသောကြောင့် ရေချိုးချင်နေတာ သေချာ၏။ ထို့ကြောင့် တဲကို ပြင်ဆင်ကြသည်။

"ကြည့်စမ်း ဟိုမှာ နောက်ထပ် တဲတစ်လုံး ရှိသေးတယ်!"

"အရမ်းလှတယ်!"

"ဟုတ်တယ်.... အဲဒါက မိန်းကလေးမော့ချုံရဲ့ တဲနဲ့ သိပ်မခြားနားဘူး အရမ်းမိုက်တယ်!"

"အဲဒါဘယ်သူလဲ?"

"နောက်ထပ် ဘယ်သူများ ဖြစ်နိုင်ဦးမှာလဲ။ အဲဒါက ဆေးဥယျာဉ်ထဲက ငါတို့ရဲ့ နတ်ဘုရားမလေး ချန်စစ်ယန်ပေါ့!"

"ချန်စစ်ယန်?? သူမက တကယ်ကို လှပပြီး သူမရွေးချယ်ထားတဲ့ တဲလေးကလည်း လှတယ်"

ဆွေးနွေးနေစဉ်တွင် အခြားသော တဲကြီးတစ်ခုကို ထွက်ပေါ်လာ၏။ ပစ္စည်းသည် မော့ချုံထက် မညံ့ဘဲ ပို၍ပင် လှပလှသည်။

ဆေးဥယျာဉ်နှင့် သားရဲခန်းမများသည် ငွေကြေးပြတ်လပ်မှု မရှိသော နေရာများ ဖြစ်သည်။ ဆေးဝါးကျွမ်းကျင်သူ တစ်ဦးဖြစ်ရန်နှင့် သားရဲထိန်းကျောင်းခြင်းဆိုင်ရာ ကျွမ်းကျင်မှုမှာ လူအများကြားတွင် နဂါးနှင့် ဖီးနစ်တို့လို ဖြစ်သည်။

သူတို့ ပေါ့ပေါ့ပါးပါး နေထိုင်နိုင်သော ရွက်ဖျင်တဲများသည် လူများစွာအတွက် နှိုင်းယှဉ်စရာအရာများ ဖြစ်လာခဲ့သည်။

လူငယ်တစ်ယောက်သည် မော့ချုံ၏တဲဆီသို့ လျှောက်လာသောအခါတွင် သူတို့နှစ်ဦး၏ တဲသည် လူတိုင်း၏ အာရုံစူးစိုက်မှုကို ရရှိလာခဲ့သည်။

ဤလူငယ်သည် အဖြူရောင်ကို ၀တ်ဆင်ထားပြီး သွယ်လျပြီး အချိုးအစားကျသော ခန္ဓာကိုယ်နှင့် ချစ်စရာကောင်းသော စိတ်ထားဖြင့် တစ်ကိုယ်လုံးကို ဆင်မြန်းထားသည်။

"အဲဒါဘယ်သူလဲ?"

"မင်းဒါတောင် မသိဘူးလား? အတွင်းခန်းက တတိယအတန်းက ကျောင်းသား ရှောင်းယွင့်ထျန်းလေ... သူက ယင်းယန်နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်သွားပြီလို့ ကြားတယ်"

"ယင်းယန်နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်?? အစွမ်းထက်လွန်းတယ်!"

"ဒါတင်မကဘူး... သူက ပေရွှီးအင်ပါယာ ရှောင်းမိသားစုရဲ့ မိသားစုဝင် တစ်ယောက်လည်း ဖြစ်တယ်... သူ့ရဲ့ နောက်ခံက ထူးထူးခြားခြားပဲ သူ့ရဲ့ အရည်အချင်းက တုနှိုင်းမရတဲ့ အပြင် သူ့ကို အတွင်းခန်းမှာဆို မျက်နှာဖြူကျောင်းသားရှောင်းလို့ လူသိများတယ်"

"အရမ်းချောတာပဲ..."

ဒီလူငယ်ကို အသိအမှတ်ပြုပြီးနောက် လူတော်တော်များများ ရူးသွပ်သွားပြန်၏။

သူတို့ရှေ့က လူငယ်လေးဟာ သူ့မိသားစုနောက်ခံ ဖြစ်ပါစေ ဒါမှမဟုတ် ဇာတ်ကောင်စရိုက်က ဖြစ်စေ ပထမတန်းစားဖြစ်ပြီး ချို့ယွင်းချက်တွေကို ဘယ်သူကမှ ရွေးထုတ်လို့မရကြချေ။

အထူးသဖြင့် ပါးစပ်ထောင့်မှာ အပြုံးလေးနဲ့ နူးညံ့ပြေပြစ်ပြီး သူ့ကို ကြည့်နေတဲ့သူတိုင်း မနေနိုင်အောင်ကို ကောင်းမွန်စွာ ခံစားချက်ကို ရရှိမှာဖြစ်သည်။

"မိန်းကလေးမော့ချုံ... ကျွန်တော် ရှောင်းယွင့်ထျန်းပါ မိန်းကလေးကို လာရောက်တွေ့ဆုံပါတယ်"

လူတိုင်း၏ မှတ်ချက်များကို လျစ်လျူရှုကာ ရှောင်းယွင့်ထျန်းသည် ပေါ့ပေါ့ပါးပါး ပြုံးကာ ရိုကျိုးယဉ်ကျေးစွာ တဲရှေ့တွင် ရပ်နေလိုက်သည်။

မော့ချုံ တဲထဲက ထွက်လာသည်။

"ဘာကိစ္စလဲ?"

မော့ချုံက မျက်မှောင်ကြုတ်လျက်။

"ဟုတ်ကဲ့... ကျွန်တော် ဟိုဘက်မှာ တဲတစ်ခု ဆောက်ထားတယ်.... မိန်းကလေးမော့ချုံကို လက်ဖက်ရည်သောက်ဖို့ ဖိတ်ခေါ်ရင်း ဝိညာဥ်သားရဲတွေအကြောင်း မေးခွန်းတချို့ မေးချင်လို့ပါ!"

ရှောင်းယွင့်ထျန်းက ဆိုလေ၏။

သူ့မျက်နှာမှာ အပြုံးလေးနဲ့ ရိုကျိုးယဉ်ကျေးစွာ ရပ်နေပုံမှာ ချို့ယွင်းချက်တွေကို ဘယ်သူမှ ရှာမတွေ့ကြပါ။

သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ အလှမယ် မော့ချုံဟာ ဘယ်လောက်ပဲ လျစ်လျူရှုတတ်ပါစေ သူငြင်းမှာ မဟုတ်ဘူး။

"မျက်နှာဖြူရှောင်းက မိန်းကလေးမော့ချုံကို ပိုးပန်းဖို့ စီစဉ်နေပုံပဲ!"

"မိန်းကလေးမော့ချုံက ငါ့ရဲ့နတ်ဘုရားမ.... သူ့ကို ကတိပေးလို့ မရဘူး"

"ဖြစ်နိုင်မယ်လို့ မင်းထင်လား? အဲဒါက မျက်နှာဖြူရှောင်းနော် သူစကားပြောနေသမျှ သူ့ကို စွဲလန်းနေတဲ့ မိန်းကလေးတွေ အများကြီး ရှိတယ်... မိန်းကလေးမော့ချုံက ငြင်းမှာမဟုတ်ဘူးလို့ ငါထင်တယ်!"

"ဒါအမှန်ပဲ... မိန်းကလေးမော့ချုံလည်း သဘောတူလိမ့်မယ် ထင်တယ်"

ရှောင်းယွင့်ထျန်း၏ စကားကို ကြားပြီးနောက် လူအများက သူ့ရည်ရွယ်ချက်ကို သိကြပြီး ခေါင်းယမ်းကာ သက်ပြင်းချလိုက် ကြသည်။

ချောမောယဉ်ကျေးပြီး မိသားစု နောက်ခံရှိ၍ မိမိကိုယ်ကို ပြုစုပျိုးထောင်မှု မြင့်မားသည်။ အဓိကအချက်မှာ ငွေကြေးများစွာ သုံးစွဲနိုင်ခြင်းကြောင့် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ မိန်းကလေးမော့ချုံသည် အကြောင်းပြချက် ငြင်းဆိုမည် မဟုတ်ပေ။

ပြီးပြည့်စုံလွန်းတယ်။ ပြီးပြည့်စုံတဲ့ ယောက်ျားတစ်ယောက်မို့ လူတွေမှာ မိန်းကလေးဘက်က ငြင်းမယ့် အကြောင်းပြချက်ကို ရှာလို့မရဘူး ဖြစ်နေသည်။

All Chapters