← Chapters

လူဆိုးကြီး (ပထမပိုင်း)

Vol. 24 Ch. 3.99

လူဆိုးကြီး (ပထမပိုင်း)

Vol. 24 Ch. 3.99

"တောင်းပန်ပါတယ် ကျွန်မ မအားဘူး!"

မော့ချုံ မျက်မှောင်ကြုတ်လျက် ပြက်သားစွာ ဆိုလိုက်သည်။

"ငြင်းလိုက်တယ်?"

"မျက်နှာဖြူ ကျောင်းသားရှောင်းက အငြင်းခံလိုက်ရတာလား?"

အားလုံးက ခဏလောက် ထိတ်လန့်သွားပြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

ဤသည်မှာ ယင်းယန်အကယ်ဒမီ၏ အတွင်းခန်းတွင် ရေတွက်နိုင်သော ချောမောသည့် ယောက်ျားလေးများထဲမှ မျက်နှာဖြူရှောင်း ဖြစ်သည်။ တစ်ဖက်က အခန်းထဲမှ မထွက်ဘဲ ငြင်းဆိုလိုက်သည်မှာ ရိုးရှင်းလွန်းပါသည်။

"အဲ့ဒါဆို ကျွန်တော် တကယ်ကို စိတ်မကောင်း ဖြစ်မိသွားပါပြီ!"

မျက်နှာချင်းဆိုင် ငြင်းဆိုခံရသော ရှောင်းယွင့်ထျန်းသည် လုံးဝ စိတ်ဆိုးပုံမပေါ်ဘဲ ပါးစပ်ထောင့်က ကွေးညွတ်သွား၏။

"ဒါဆို မိန်းကလေးရဲ့ တဲထဲမှာ ကျွန်တော်ထိုင်လို့ရမလား? မိန်းကလေး ခွင့်ပြုပေးမယ်လို့ မျှော်လင့်ပါတယ်... ရတနာတစ်ခု ပြစရာရှိလို့ ကြာကြာမနေပါဘူး!"

တစ်ဖက်လူက သူနဲ့အတူ သူ့တဲထဲကို သွားဖို့ ငြင်းဆန်နေတဲ့အတွက် တစ်ဖက်လူရဲ့ တဲထဲကို ဝင်နိုင်မလားဆိုတာ သိဖို့ သူ့ရဲ့နည်းဗျူဟာကို ပြောင်းလိုက်သည်။

ဘာပဲဖြစ်ဖြစ် အကျိုးသက်ရောက်မှုက အတူတူပါပဲလေ။ တစ်ယောက်တည်းနဲ့ လက်တွဲဖို့ အခွင့်အလမ်းတွေကို ရှာဖွေရမည်။

"ကျွန်မတဲက အပြင်လူကို မကြိုဆိုဘူး.... တခြားဘာမှ မရှိရင် ကျွန်မ အနားယူတော့မယ်!"

မော့ချုံက သူ့ကို အခွင့်အရေး လုံးဝမပေးဘဲ ငြင်းဆန်ရင်း လက်ကို ထပ်ခါတလဲလဲ ဝှေ့ယမ်းကာ တဲထဲပြန်ဝင်သွား၏။

"မှန်ပါတယ်... မိန်းကလေးမော့ချုံက အကြာကြီး ခရီးထွက်လာရတော့ အနားယူရမှာပေါ့... ကျွန်တော် မဆင်မခြင် လုပ်မိသွားပါပြီ!"

ရှောင်းယွင့်ထျန်းသည်လည်း ငတုံး မဟုတ်တာကြောင့် ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်ကာ မော့ချုံ၏ တဲအကွာအဝေးမှ တဖြည်းဖြည်း ထွက်ခွာသွားခဲ့သည်။

"သူက တကယ့်ကို လူကြီးလူကောင်းပဲ!"

"ဟုတ်တယ်!"

ငြင်းပယ်ခံရသော်လည်း သူသည် ပြုံးနေသေးသည်ကို မြင်သောအခါ အပြင်ခန်းနှင့် အတွင်းခန်းမှ ကျောင်းသား အများအပြားက သူ့ကို သဘောကျသွားကြသည်။

ရှပ်ရှပ်ရှပ်!

လူအုပ်ကြီး၏ ချီးမွမ်းသံများ ကြားတွင် လူကြီးလူကောင်း ရှောင်းယွင့်ထျန်းသည် သူ၏တဲသို့ ပြန်မသွားဘဲ မဝေးလှသော အလှလေး ချန်စစ်ယန်၏ တဲဆီသို့ ရောက်လာပြီး ဦးညွှတ်လိုက်သည်။

"ယင်းယန်အကယ်ဒမီ အတွင်းခန်း တတိယတန်းက ရှောင်းယွင့်ထျန်း မိန်းကလေးချန်စစ်ယန်ကို တွေ့ခွင့်တောင်းပါတယ်"

သူ့လုပ်ရပ်ကို မြင်တော့ အားလုံးက အံသြသွားကြသည်။ လတ်စသတ်တော့ ဒီကောင်က မော့ချုံကို မရလို့ မိန်းကလေးချန်စစ်ယန်ကိုပါ လိုက်ဖို့ ကြံစည်နေတာပဲ။

"ဒီကောင်က တကယ်ပျော်စရာ ကောင်းနေတယ်လို့များ ထင်နေတာလား!"

ဒီမြင်ကွင်းကို သူမမျက်လုံးထဲမှာ မြင်လိုက်ရတဲ့ မင်းသမီးလော့ရုံက ဆိုလိုက်သည်။

"ဟုတ်ပ!" လင်ရှောင်းရှောင်းကလည်း ခေါင်းညိတ် သဘောတူ၏။

"အဲဒါကို လူဆိုးလူမိုက်လို့ ခေါ်တယ်!"

တစ်ဖက်မှ ဟန်ရွှယ်ကလည်း ထောက်ခံပြန်သည်။

ကနဦးက ရန်ဖြစ်ခဲ့ကြသော်လည်း ယခု အမျိုးသမီး သုံးဦးသည် တူညီသော တဲအမိုးအောက်တွင် နေထိုင်ကြပြီး ဆက်ဆံရေးမှာ များစွာ ကောင်းမွန်လာခဲ့သည်။

ထိုအချိန်တွင် ချန်စစ်ယန်သည် တဲတံခါးကို ဖွင့်ပြီး ထွက်လာခဲ့သည်။

သူမသည် ဆေးဝါးနှင့် တနေကုန် ထိတွေ့နေသောကြောင့် မော့ချုံထက် ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိသော ပန်းချီကားမှ ထွက်သွားသည့် နတ်သမီးကဲ့သို့ပင် ရောင်ဝါအပြည့် ရှိလေသည်။

မြင်လိုက်တာနဲ့ ချစ်ခြင်းမေတ္တာနဲ့ သနားခြင်းဟူသော ခံစားချက်များကို အလုံးအရင်း ပေါ်ထွက်လာစေသည်။

"ဘာကိစ္စလဲ"

ချန်စစ်ယန်ရဲ့ စရိုက်သည် မော့ချုံထက်တောင် ဘာမှမထူးခြားသလို ဖြစ်ပုံပေါ်သော်လည်း လူတွေကို ကမ္ဘာကြီးထဲက ခုန်ထွက်သွားသလို ခံစားလာရစေသည်။

"ဒီလိုပါ... ဆေးအကြောင်း သိပ်နားမလည်လို့ မိန်းကလေးဆီက အကြံဥာဏ် တောင်းချင်ပါတယ်။ အထဲမှာ ထိုင်လို့ရမလား"

ရှောင်းယွင့်ထျန်း ယသည် လေးနက်သော ရိုးသားမှုဖြင့် သူ၏ လူသတ်သမား အပြုံးကို ထပ်မံပြသလိုက်သည်။

"မရဘူး!"

ချန်စစ်ယန်သည် ရှင်းပြမနေဘဲ လှည့်ကာ တဲဆီသို့ ပြန်ဝင်သွားခဲ့သည်။

"အင်း!"

နံရံကို ထပ်မံထိလိုက်ရသည့်နှယ့် ဒေါသတကြီးပြုံးကာ ခေါင်းခါ၍ သူ့တဲအိမ်သို့ ပြန်သွားခဲ့သည်။

"ဟာဟား မျက်နှာဖြူရှောင်းတော့ ဒီတစ်ခါ နံရံကို ထိသွားပြီ... ဒီနတ်ဘုရားမ နှစ်ယောက်နဲ့ ငါတို့ မရှုပ်နိုင်ဘူး ထင်တယ်!"

"နတ်ဘုရားမဆိုတာ ငါတို့ ဝင်ရှုပ်လို့ရတဲ့ အရာမဟုတ်ဘူး ငါတို့က အဝေးကနေပဲ ကြည့်နိုင်ပြီး အဲဒါနဲ့ ကစားလို့ မရဘူးကွ!"

"ဒါဆို ကောင်းတာပေါ့ လူတိုင်းက ဒါကို နားမလည်နိုင်ဘူး ဆိုရင်တောင် အနည်းဆုံးတော့ သူတို့ နှလုံးသားထဲမှာ ပိုပြီး ဟန်ချက်ညီအောင် ခံစားရနိုင်တယ်လေ!"

"မင်းအဲလိုပြောလိုက်ရင် ငါပိုသက်တောင့်သက်သာ ခံစားလိုက်ရတယ်.... ငါက ရှောင်းယွင့်ထျန်းနဲ့ အဆင့်တူနေတယ် ထင်တယ်"

ရှောင်းယွင့်ထျန်းသည် နံရံများကို တစ်ခုပြီးတစ်ခု တိုက်မိသွားသည်ကို မြင်လိုက်ရပြီး အလှမယ်နှစ်ယောက်အား ပိုးပန်းမှု မအောင်မြင်သည်ကို မြင်လိုက်ရာ အခြားလူများက တစ်ပြိုင်တည်း ရယ်မောလိုက်ကြသည်။

ဒီလူက ပြီးပြည့်စုံတယ်။ သို့သော်လည်း နတ်ဘုရားမ နှစ်ပါးက ဒီလိုလူမျိုးကို ငြင်းဆန်လိုက်တာဖြစ်လို့ သူတို့မှာ မျှော်လင့်ချက် မရှိတော့တာ သဘာဝပါပဲ။

အားလုံးက သူတို့ကိုယ်သူတို့ နှစ်သိမ့်နေကြစဥ် အသံတစ်သံနဲ့အတူ မော့ချုံရဲ့ တဲလေး ပြန်ပွင့်လာပြီး သူမရဲ့ ချစ်စရာကောင်းတဲ့ ခန္ဓာကိုယ်က ထွက်လာ၏။

"သူမ စိတ်ပြောင်းသွားပြီလား?"

သူမ ထွက်လာတာကို မြင်တော့ ရှောင်းယွင့်ထျန်းရဲ့ မျက်လုံးတွေက တောက်ပလာပြီး စိတ်လှုပ်ရှားစွာ ခုန်တက်လာတော့သည်။

သူအခုနက မေးတော့ သူမ အနားယူချင်တယ်လို့ ပြောခဲ့ပေမယ့် အခု သူမ တိုက်ရိုက် ထွက်လာခဲ့ပြီ။ အဲဒါက သူ့တောင်းဆိုမှုကို သဘောတူလိုက်တာ ဖြစ်နိုင်မလား။

သို့သော် သူခဏတာ ပျော်ရွှင်ခဲ့တာကို တစ်ဖက်က လုံးဝမရိပ်မိဘူးဆိုတာ သိလိုက်ရသည်။ အကြောင်းမှာ သွားရမယ့် လမ်းကြောင်းက သူ့ဖက်ကို မဟုတ်ဘဲ လူငယ်တစ်ယောက်ရှေ့မှာ ရပ်သွားလို့ပင်။

"အဲဒီကောင်က ဘယ်သူလဲ? သူက အပြင်ဘက် ဝင်းထဲက ဖြစ်မယ်"

ရှောင်းယွင့်ထျန်း မျက်မှောင်ကြုတ်လိုက်သည်။

"အစ်ကိုရှောင်း... အဲဒီလူရဲ့ နာမည်က လုရွှမ်တဲ့... သူကဒီနှစ် အကယ်ဒမီကို ရောက်တာ လွန်ခဲ့တဲ့ ရက်အနည်းငယ် လောက်ကမှ သူက အပြင်ဝင်းထဲမှာ ထိပ်တန်းသုံးယောက်ကို သတ်လိုက်တာ... အဲ့အထဲမှာ ကျန်းရှောက်ထျန်းရဲ့ ညီလေး ကျန်းရှောက်ချန်လည်း ပါတယ်!"

သူ့နောက်က လူငယ်တစ်ယောက်က ဖြေသည်။

"သူလား?"

ရှောင်းယွင့်ထျန်း ခဏလောက် ထိတ်လန့်သွားပြီး ပေါ့ပါးစွာ ပြုံးလိုက်သည်။

"အဲဒီပုံက ကြည့်လို့ကောင်းတယ်လို့ ထင်ရလို့လား?"

ကျန်းရှောက်ထျန်းသည် အတွင်းခန်း၌ သြဇာအရှိဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်သည်။ သူ့ညီလေး အသတ်ခံခဲ့ရခြင်းက အတွင်းခန်း၌ တုန်လှုပ်ချောက်ချားစရာ ဖြစ်စေခဲ့သည်။ အစကတော့ အားကောင်းတဲ့ လူတစ်ယောက်လို့ ထင်နေခဲ့တာ။ အခုတော့ အရမ်း အတွေးလွန်နေခဲ့ပုံပဲ။

သူကိုယ်တိုင်နဲ့ နှိုင်းယှဥ်ကြည့်ဖို့ မဆိုလိုပါဘူး။ အတွင်းခန်းထဲက ကျောင်းသား တော်တော်များများနဲ့ နှိုင်းယှဉ်ကြည့်မယ် ဆိုရင်တောင် နောက်ကျကျန်နေလိမ့်မည်။

"အစ်ကိုရှောင်းနဲ့ နှိုင်းယှဥ်လိုက်ရင် ချောမောတဲ့ မြင်းလောက်ကို ကြည့်မကောင်းပါဘူး!"

လူငယ်က ပြုံးစိစိဖြင့် ဆိုလိုက်သည်။

"ဟဲဟဲ!"

ဒါကိုကြားတော့ ရှောင်းယွင့်ထျန်းက တဟားဟား ရယ်ပြီး ခေါင်းကို မော့ကာ တစ်ဖက်ကို ဆက်ကြည့်နေလိုက်သည်။ ဒီကောင်လေးကို သူဖိတ်ခေါ်လို့ မရခဲ့တဲ့ နတ်ဘုရားမကို ပြေးရှာတယ်ဆိုတော့ သူမဘာလုပ်ချင်လဲ တကယ်သိချင်လာသည်။

"လူကြီးမင်း..."

လုရွှမ်ထံသို့ ရောက်လာသောအခါ မော့ချုံသည် လေးစားဟန်ဖြင့် ဂါဝရပြုလိုက်သည်။

မရိုမသေ လုပ်တာ မကောင်းပေ။ ဒါကို ခန်းမသခင်ဖုန်းက ထပ်ခါတလဲလဲ ပြောဖူးသည်။ လုရွှမ်ကို မြင်ရင် မြင်တဲ့နေရာမှာ သူ့ကို လေးလေးစားစား ဆက်ဆံရမည်။

ဤအခိုက်အတန့်တွင် ခန်းမသခင်ဖုန်းသည် ဤလူငယ်ကို အဘယ်ကြောင့် အလွန်အလေးပေးသည်ကို သူမ သိသွားပါပြီ။ သူသည် သံသွား သင်းခွေချပကို ယဉ်ပါးရုံ သာမက ခန်းမသခင်ဖုန်းပင် မတတ်နိုင်သော ဒဏ္ဍာရီလာ သားရဲဘာသာစကားကို တတ်မြောက်ထားသူ ဖြစ်လေသည်။

ဤအရာသည် သားရဲခန်းမ၏ ဌာနချုပ်တွင်ပင် တောင့်တသော်လည်း မရနိုင်သော အရာဖြစ်သည်။

"အမ်?"

စိတ်လှုပ်ရှားမှုကို ကြည့်ပြီးနောက် လုရွှမ်သည် ကျင့်ကြံရန် ပြင်လိုက်စဥ် သူမ လမ်းလျှောက်လာသည်ကို မြင်သောအခါ ခေါင်းမော့ကြည့်လိုက်သည်။

"ဘာကိစ္စရှိလို့လဲ”

"ဟင် ဒီလိုပါ!"

လူငယ်လေး၏ လျစ်လျူရှုထားသော စကားများကို ရင်ဆိုင်ရင်း မော့ချုံ၏ လှပသော မျက်နှာသည် နီရဲသွားကာ သူမ ဘာပြန်ပြောရမှန်းကို မသိတော့ပေ။ ရုတ်တရက် အသိစိတ် ပြန်ဝင်လာတော့မှ။

"ကျွန်မဟိုမှာ တဲတစ်လုံး ဆောက်ပြီးပြီ... အဲဒါ လူကြီးမင်းကို အဲဒီနေရာမှာ ထိုင်ဖို့ ဖိတ်ခေါ်ချင်ပါတယ် ဒါကြောင့် ကျွန်မ လူကြီးမင်းကို လာနှုတ်ဆက်တာပါ... ပြီးတော့ ဝိညာဥ်သားရဲတွေအကြောင်း မေးခွန်းတချို့လည်း မေးချင်ပါသေးတယ်"

"ဂါး?"

"ဘာလဲ? ငါကြားတာ မှားသွားလား?"

"ငါ့နားတွေ မပျက်စီးသွားဘူး မလား?"

"မျက်နှာဖြူရှောင်း ပြောခဲ့တဲ့ စကားမဟုတ်လား? သူမဒီကို ရုတ်တရက် ပြေးလာတာက လူတယောက်ကို သူမတဲကို ဖိတ်ခေါ်ဖို့??"

"သူမက အပြင်က လူတွေကို မကြိုဆိုဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား? ဘာလို့လဲ?"

"ခေါင်းမူးကုန်ပြီ.... အဲဒါက အမှန်ပါလို့ ဘယ်သူပြောနိုင်လဲဟင်"

မော့ချုံ၏ အသံက ထိန်းမနိုင် သိမ်းမရမို့ ပတ်ဝန်းကျင်ရှိလူတိုင်း ရှင်းရှင်းလင်းလင်း ကြားနိုင်ကြသည်။ ဤသည်မှာ မျက်နှာဖြူ ရှောင်းယွင့်ထျန်း ပြောသည့်အတိုင်းပင်။

ရှောင်းယွင့်ထျန်းက သူမရဲ့ ထင်မြင်ချက်ကို အခုပဲ တောင်းဆိုခဲ့ပေမယ့် ငြင်းပယ်ခံခဲ့ရသည်။ မျက်စိတစ်မှိတ် အတွင်းမှာ နတ်ဘုရားမက တခြားတစ်ယောက်ကို ရှာတွေ့သွားပြီး သူမတဲထဲ ဖိတ်ခေါ်နေတယ် ဒါက အမှန်ပဲလား?

အဓိကက သူမသည် သားရဲခန်းမ၏ ဂုဏ်သိက္ခာရှိသော သားရဲထိန်း ဂိုဏ်းဆရာ တစ်ဦးဖြစ်သည်။ သားရဲထိန်းကျောင်းခြင်းဆိုင်ရာ အကြံဉာဏ်အတွက် ယင်းယန်အကယ်ဒမီ၏ ပြင်ပရင်ပြင်မှ တပည့်တစ်ဦးကို မေးမယ်တဲ့လား?

နတ်ဘုရားမက ဘာဖြစ်သွားတာလဲ? ဒီကောင်လေးက ရှောင်းယွင့်ထျန်းထက် ပိုကောင်းနိုင်ပါ့မလား။

ဘယ်လိုမှ မဖြစ်နိုင်ဘူး!

လူတိုင်းက သူတို့စိတ်ကို မထိန်းနိုင်ဘဲ ရူးသွပ်သွားတယ်လို့ ခံစားလိုက်ရသည်။

All Chapters