လူဆိုးကြီး (ဒုတိယပိုင်း)
Vol. 24 Ch. 3.100
ဒီလိုအချိန်မှာ လူတိုင်းက ရူးချင်သလို ခံစားနေရသော်လည်း နတ်ဘုရားမ မော့ချုံဆီကနေ ဖိတ်ခေါ်ခံရတဲ့ လူငယ်လေးမှာ မကျေမနပ် ဖြစ်နေသလိုမျိုး သူ့မျက်ခုံးတွေကို ကျုံ့ထားလေသည်။
အစ်ကိုရေ မင်းကဒါ ဘာဖြစ်တာတုန်း?
အဲဒါ ပေရွှီးအင်ပါယာ တစ်ခုလုံးမှာ ကျော်ကြားလှတဲ့ နတ်ဘုရားမတစ်ပါးနော်။ မင်းရဲ့အကြည့်က ဘာကို ဆိုလိုတာလဲ။
ကောင်မလေးက မင်းကိုလိုက်ရှာပြီး ဖိတ်ခေါ်နေတာကို မင်းရဲ့ကျင့်ကြံမှုကို အနှောင့်အယှက် ဖြစ်စေတယ်လို့ ထင်နေတာလား?
နတ်ဘုရားမက သူ့ကိုရှာနေပြီး တကုတက ဖိတ်ခေါ်တာတောင် စိတ်မရှည် ဖြစ်နေရအောင် ဆေးမှားသောက်မိတာလား။
လူတိုင်း မူးလဲလုမတတ် ဖြစ်သွားသည်။
တကယ်ကို တခြားသူတွေ ရူးသွပ်သွားရတဲ့ အကြောင်းရင်း အတိုင်း လုရွှမ်ဟာလည်း သူ့ရဲ့ ကျင့်ကြံမှုကို နှောင့်ယှက်နေတယ်လို့ ခံစားမိပါသည်။
ရက်အတော်ကြာ အနားယူခြင်းမပြုဘဲ လမ်းပေါ်တွင် သူသည် သန့်စင်ထားသော ဝိညာဥ်ချီဆေး ငါးလုံးနှင့် သန့်စင်ထားသော ဝိညာဉ်ကျောက်တုံး ၂၀ ကျော်ကို မျိုချခဲ့သည်။ ဒီအချိန်မှာ သူ့ခန္ဓာကိုယ်ထဲက စစ်မှန်တဲ့ စွမ်းအင်တွေ တဟုန်ထိုး တိုးလာနေပြီး အသက်ရှုသံက ပြင်းပြနေတာကြောင့် အချိန်မရွေး ဖြတ်ကျော်သွားနိုင်တယ်လို့ ခံစားနေသည်။
သူသည် အဓိပတိနယ်ပယ် အလယ်အလတ် အဆင့်ရဲ့ ခြေချင်းချိတ်တွေကို တစ်ချက်တည်းဖြတ်ဖို့ စီစဉ်နေခြင်းပင်။ နှောင်းပိုင်းအဆင့်ကို ရောက်တော့မယ့် အချိန်မှာ ဒီကောင်မလေး သူ့ဆီရောက်ရာ သူပျော်နေတာကမှ ထူးဆန်းနေလိမ့်မည်။
"အချိန်မရှိဘူး... မသွားဘူး!"
လုရွှမ်သည် သူ့လက်ကို ဝှေ့ယမ်းကာ လူတိုင်း ယိမ်းထိုးကာ လဲကျလုနီးပါး ဖြစ်စေသည့် တစ်စုံတစ်ရာကို ပြောချလိုက်သည်။
"အစ်ကိုရေ.... မင်း အခုချိန်ကစပြီး ငါ့ရဲ့ ချစ်လှစွာသော ညီအစ်ကို ဖြစ်လာလိမ့်မယ်!"
"အရမ်းမိုက်တာပဲ အကယ်ဒမီကို ဝင်လာတဲ့ ကျောင်းအလှမယ် သုံးယောက်ကို ပြောတာမဟုတ်ဘူး... နတ်ဘုရားမမော့ချုံက သူမတဲထဲကို ဖိတ်ခေါ်ခဲ့တာတောင် ငြင်းတယ်တဲ့!"
"ဘာလို့လဲ.... ငါသာဆို အဲ့လိုမလုပ်နိုင်လောက်ဘူး!"
"ဟုတ်တယ်... မင်းသူနဲ့ နည်းနည်းလေးတောင် ယှဥ်လို့ရမှာ မဟုတ်ဘူး... အဲဒါက အရှက်မဲ့မှုပဲ။ ကျန်တာတော့ တခြားသူတွေနဲ့ ယှဉ်ရင် မင်းဖိနပ်ကိုင်ပေးဖို့တောင် မရနိုင်လောက်ဘူး"
"......"
အားလုံးက ဆံပင်ကို စောင့်ဆွဲကာ ရူးတော့မလို ဖြစ်သွားကြ၏။ သူတို့မြင်ရ ကြားရတာတွေက အမှားတွေလား အမှန်လား ဆိုတာကို မသဲကွဲတော့ပေ။
အလှလေးရဲ့ ဖိတ်ခေါ်မှုကို စိတ်မရှည်တာက ထားပါတော့။ ဒါပေမဲ့ အနားယူဖို့ နေရာတောင်မရှိပဲ သူမကို တိုက်ရိုက်ငြင်းဆို လိုက်တဲ့ ဒီလုရွှမ်က တကယ်ကို စရိုက်ကြမ်းလွန်းပေ၏။
အားလုံး ရူးသွပ်သွားကြပြီး တစ်ဖက်မှ မျက်နှာဖြူရှောင်း ဖြစ်သည့် ရှောင်းယွင့်ထျန်းတို့သည် သွေးဟောင်းတစ်လုတ် ထိုးအန်လုနီးပါးဖြစ်ကာ ပွဲချင်းပြီး သေဆုံးသွားတော့မလိုပင်။
ဒီလူငယ်လေးဟာ သာမာန်လို့ ဟန်ဆောင်ပြီး ငြင်းထုတ်လိုက်တာက သူ့မျက်နှာကို ပါးရိုက်လိုက်တာ မဟုတ်လား?
သူမသည် အခြားသူများကို ဖိတ်ခေါ်ရန် ဟန်ဆောင်ခဲ့သလို လျစ်လျူရှု၍ ယောက်ျားတိုင်းကို ဖြုတ်ပစ်မည့် စိတ်ဓာတ်မျိုးရှိနေသည်ဟု ထင်ရသော်လည်း သုံးမိနစ်ကြာပြီးနောက် သူမသည် အခြားအမျိုးသားကို ဖိတ်ခေါ်ရန် ပြေးထွက်သွားခဲ့၏။ အဓိကအချက်မှာ သူမ ငြင်းပယ်ခြင်း ခံခဲ့ရခြင်း ဖြစ်သည်။
မင်းငါ့ကို နည်းနည်း ထပ်ဟန်ဆောင်ပေးလို့ရမလား? နောက်ထပ် သွေးတစ်လုတ်လောက် အန်ရအောင်လို့လေ။
ရှောင်းယွင့်ထျန်းမှာ သူ့မျက်နှာက မြေပြင်ပေါ် တစ်လက်ပြီး တစ်လက်မ ပြုတ်ကျနေသလို ခံစားလိုက်ရသည်။
"ဟင့်! အရှက်မရှိဘူး!"
နတ်ဘုရားမလို့ လူတိုင်းမှတ်ယူကြတဲ့ မိန်းကလေးမော့ချုံသည် လုရွှမ်ကို လာရှာတွေ့ပြီး တဲထဲကို ဖိတ်ခေါ်မယ်လို့ မမျှော်လင့်ထားဘဲ မင်းသမီးလော့ရုံ၏ လှပတဲ့မျက်နှာက ဒေါသတကြီး နီမြန်းလာခဲ့တော့သည်။
လူတိုင်း အနားယူနေကြပြီ။ လူတစ်ယောက်ကို တဲထဲကို ဖိတ်ဖို့ဆိုတာ ဘာကို ဆိုလိုတာလဲ? အရှက်မရှိတာပဲ မဟုတ်လား?
"မှန်တယ်!" လင်ရှောင်းရှောင်းလည်း သူမသွားတွေကို ကြိတ်လိုက်သည်။
"အဲဒီကောင်က လောင်စာ မချွေတာဘူး... နေရာတိုင်းမှာ သူ့ဆွဲဆောင်မှုတွေကို ချိတ်ဆွဲထားတာ... သူက မိန်းကလေးမော့ချုံရဲ့ နှလုံးသားနဲ့ တွဲနေပြီ ထင်တယ် အဲဒါကြောင့် အခု သူက ခပ်ခွာခွာ ဟန်ဆောင်နေတာ!"
ဟန်ရွှယ်က တောက်ပသော မျက်လုံးများဖြင့် ရက်စက်ကြမ်းကြုတ်စွာ သဘောမတူဟန် စိုက်ကြည့်နေသည်။
သူမဟာ ဒီလူငယ်လေး အကြောင်းကို လေးနက်စွာ နားလည်ထားပြီး လှုပ်ရှားမှုတိုင်းက တခြားသူတွေနဲ့ မတူတဲ့ ဆွဲဆောင်မှုတစ်ခု ရှိလေသည်။ သူမကို ဖယ်ရှားပစ်ချင်လေ ပိုလေးနက်လာသလို ခံစားရလေ ဆိုတာကို သူမတွေ့လိုက်ရသည်။
"ဟုတ်တယ် ဒီကောင်က စက်ဆုပ်ရွံရှာစရာပဲ!"
သူမပြောတာကို ကြားတော့ မင်းသမီးလော့ရုံ နဲ့ လင်ရှောင်းရှောင်းက တစ်ချိန်တည်းမှာပဲ သူတို့ရဲ့ နက်နဲတဲ့ သဘောတူချက်ကို ဖော်ပြလိုက်ကြပါ၏။
တကယ်တော့ ကောင်လေးက သူမတို့နဲ့ သိပ်ပြီး မဆက်ဆံချင်ခဲ့ပေမဲ့ အခုတစ်ယောက်နဲ့ကျ မလုပ်နိုင်ဘူးလို့ နှစ်ယောက်သား ခံစားနေကြရသည်။
"အလျင်စလို မငြင်းလိုက်ပါနဲ့!" မော့ချုံက စိတ်ဓာတ်မကျချေ။
"ဒီနေရာက ချိုင့်ဝှမ်းထဲမှာ.... ညဘက်မှာ လေအေးတွေက တိုက်က်လာပြီး အေးခဲနေတတ်တယ်။ ကျွန်မတဲမှာ လေ့ကျင့်ရင် လေအေးကို ရှောင်နိုင်တယ်။ ခြင်ကိုက်လို့ အာရုံစူးစိုက်တာကိုလည်း အနှောင့်အယှက် မဖြစ်စေနိုင်ဘူး"
"မင်းရဲ့ တဲထဲမှာ ငါပါနေရမယ်လို့ ဆိုလိုတာလား?"
လုရွှမ် မျက်မှောင်ကြုတ်လိုက်သည်။
"မှန်ပါတယ် ကျွန်မ တဲကြီးတစ်လုံး ဆောက်ထားတယ်... အဲဒီထဲမှာ လူကြီးမင်းကို နေဖို့ ဖိတ်ဖို့ ရည်ရွယ်ထားပါတယ်!"
မော့ချုံက ပြောသည်။
"ဖူး!"
"အို ဘုရားရေ ..... ငါရူးနေပြီထင်တယ်!"
"အိပ်မက်မက်နေတာလား? ငါ့ကို ရိုက်လိုက်စမ်း!"
"နတ်ဘုရားမက လူတိုင်းကို တန်းတူထားပြီး အိမ်ထောင်ဖက် ရွေးချယ်ဖို့ စိတ်ကူးမရှိဖူးလို့ ထင်ခဲ့ပေမယ့် အခုတော့ သူမနဲ့ အတူနေဖို့ ယောက်ျားတစ်ယောက်ကို ဖိတ်ခေါ်လိုက်တယ်??"
"ငါ့ကိုကူညီပါ.... ငါ ရင်ဘတ်ကနာပြီး သေချင်လာတယ်"
မော့ချုံ၏စကားသည် ကျောက်တစ်လုံးလို ထောင်ပေါင်းများစွာသော လှိုင်းလုံးများကို နှိုးဆော်နိုင်ခဲ့ပြီး လူတိုင်း ရူးသွပ်သွားကြစေသည်။
"အရှက်မရှိဘူး!"
မင်းသမီး လော့ရုံ၊ လင်ရှောင်းရှောင်း နဲ့ တခြားသူတွေ ဒေါသအရမ်း ထွက်လာပြီး ထွက်ပြေးလုနီးပါး ဖြစ်နေကြပြီ။
အရှက်မဲ့လွန်းတယ်။ လူများစွာရှေ့မှာ သူ့တဲမှာနေထိုင်ဖို့ တခြားယောက်ျားကို ဖိတ်ခေါ်နေတယ်။ ကမ္ဘာပေါ်မှာ ဒီလိုမိန်းမမျိုး ဘယ်လိုလုပ် ရှိနိုင်တာလဲ။
ထို့အပြင် အသံလေသံဖြင့် စီရင်ဆုံးဖြတ်ရာတွင် ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်နေသလိုပဲ။
"ခဏလေး!"
လူတိုင်း မူးလဲကျခါနီးတွင် ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာပြီးနောက် သိမ်မွေ့သော ခန္ဓာကိုယ်သည် ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့သည်။
ထိုသူမှာ ဆေးဥယျာဉ် ချန်စစ်ယန်ပင်။ သူမသည်လည်း တဲထဲက ထွက်လာပြီး သူတို့ နှစ်ယောက်ဆီ ရောက်လာ၏။
"ဘာဖြစ်နေတာလဲ? လုရွှမ်ကို ငါ့တဲထဲကို ဖိတ်လိုက်တာက ငါ့ကိုယ်ပိုင်အကြံပဲ.... နင်တို့ရဲ့ဆေးဥယျာဉ်က ဂရုမစိုက်သင့်ဘူး!"
မော့ချုံက အေးစက်စွာ ပြောလိုက်သည်။
သားရဲခန်းမနှင့် ဆေးဥယျာဥ်သည် တစ်ဦးနှင့်တစ်ဦး မဆက်ဆံဘဲ နှစ်ပေါင်းများစွာ ရန်လိုနေခဲ့ကြပါသည်။ သူတို့နှစ်ဦးသည် အကယ်ဒမီမှ ကျောင်းသားများကို ရှန့်ခုန်းချိုင့်ဝှမ်းသို့ တစ်ပြိုင်နက် ပို့ဆောင်ခဲ့ရသော်လည်း စကားမဆုံဖြစ်ခဲ့ကြပေ။
ယခုတော့ ချန်စစ်ယန် တိုက်ရိုက် ပြေးလာသည်မှာ သူမကို ပစ်မှတ်ထားနေသည်မှာ သိသာနေပြီး သူမ၏ စကားများချင်နေသည်မှာ ထင်ရှားလေသည်။
"နင်ဖိတ်တဲ့သူက ဘယ်သူဖြစ်ဖြစ် ငါတို့ ဆေးဥယျာဉ်နဲ့ ဘာမှမဆိုင်ဘူး! နင်ရှာချင်ရင် တခြားတစ်ယောက်ယောက်ကို သွားရှာလိုက်... သခင်လေးလုရွှမ်ကို ရှုပ်ဖို့ အရည်အချင်း နင့်မှာမရှိဘူး!"
ချန်စစ်ယန်ကလည်း ဟစ်အော်လိုက်သည်။
"အရည်အချင်း မရှိဘူး? နင်ကဘာကို ဆိုလိုတာလဲ? တိုက်ချင်တာလား?"
မော့ချုံ မျက်ခုံးပင့်ကာ ဆို၏။
"တိုက်မယ်? သေမျိုးအသွင်ပြောင်းခြင်း အဆင့်၁နယ်ပယ်လောက်နဲ့တော့... နင် နည်းနည်းလောက် ထပ်လေ့ကျင့်လိုက်ဦး"
ချန်စစ်ယန်က ပေါ့ပေါ့ပါးပါးလေး ပြန်ပြောသည်။
"နင်!"
မော့ချုံ၏ အသက်ရှုသံသည် တိုတိုတုတ်တုတ်ဖြစ်ပြီး မြင့်မားသော ရင်ဘတ်တို့သည် နိမ့်ချည်မြင့်ချည် ရွေ့လျားနေပြီး ချေပချင်သော်လည်း ဘာပြောရမှန်း မသိတော့ပေ။
သားရဲထိန်းကျောင်းသူ၏ အစွမ်းအထက်ဆုံး စွမ်းရည်မှာ ဝိညာဉ်သားရဲများကို အောင်နိုင်သောကြောင့် ခွန်အားကို ဂရုမစိုက်အားပေ။ ထို့အပြင် ဆေးဥယျာဉ်တွင် ဆေးဖက်ဝင်ပစ္စည်းများနှင့် ပေါများကြွယ်ဝသော အရင်းအမြစ်များရှိသည်။ သူမ၏ကိုယ်ပိုင် အစွမ်းသတ္တိနှင့် နှိုင်းယှဉ်ပါက သူမရှေ့တွင်ရှိ ချန်စစ်ယန်ထက် အဆပေါင်းများစွာ ယုတ်ညံ့ပါသည်။
ချန်စစ်ယန်သည် သူမနှင့် အသက်အရွယ်တူသော်လည်း တကယ်တော့ သူမသည် သေမျိုး အသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၄ကို ရောက်ရှိနေပြီ ဖြစ်သည်။
အကယ်ဒမီ ခြံဝင်းအတွင်း၌ပင် ဤအစွမ်းသတ္တိမျိုးသည် ဂုဏ်သိက္ခာ ကြီးမားသည်ဟု မှတ်ယူနိုင်ပါသည်။ ပထမအဆင့်လေးသည် အမှန်တကယ် ပြိုင်ဘက် မဟုတ်ပေ။
သို့သော်လည်း သူမကို မရိုက်နှက်နိုင်ခြင်းသည် တစ်ဖက်လူကို ကြောက်သည်ဟု မဆိုလိုပါ။ မော့ချုံ၏ ကိုယ်ပိုင်စွမ်းအားသည် ပထမဆင့်တွင်သာ ရှိသော်လည်း သားရဲခန်းမက သူမ ယဉ်ပါးအောင် ကူညီပေးသော ဝိညာဉ်သားရဲများကို လွှတ်၍ အဆင့်၄ကို သတ်ပစ်ရန်မှာ မဖြစ်နိုင်တာတော့ မဟုတ်ပေ။
"မိုက်တယ်ကွာ!"
"မိန်းကလေးချန်စစ်ယန်က လွှမ်းမိုးနိုင်နေတုန်းပဲ!"
"ဟုတ်တယ်!"
"ဒါတင်မကဘူး.... သော့ချက်ကတော့ နတ်ဘုရားမ မော့ချုံက ကိုယ့်ကိုယ်ကို လိုက်လျောညီထွေဖြစ်အောင် နေနိုင်တာပဲ"
"နတ်ဘုရားမ မော့ချုံက လူတစ်ယောက်ကို သူ့ရဲ့တဲကို ဖိတ်ခေါ်ခဲ့တယ်။ အစတုန်းကတော့ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ပေမယ့် အခုတော့ တစ်ယောက်ယောက်က တားနေပြီဆိုတော့ အဲဒါက ငါလိုချင်တာ အတိအကျပဲ!"
ကောင်မလေး နှစ်ယောက် ရန်ဖြစ်နေကြတာကို မြင်တော့ လူတိုင်း သက်ပြင်းချနိုင် သွားကြပါသည်။
မည်သို့ပင်ဆိုစေကာမူ မော့ချုံသည် နတ်ဘုရားမ တစ်ပါးဖြစ်ပြီး လုရွှမ်သည် သူမ၏တဲသို့ အမှန်တကယ်သွားရန် သဘောတူခဲ့ပါက ဂေါ်ဖီထုပ်ကို ဝက်ကိုက်ခံရခြင်းထက် မဆိုးသွားပေဘူးလား။
ဒါက ဘယ်သူမှ လက်မခံနိုင်တဲ့ အရာလည်း ဖြစ်လေသည်။