လူဆိုးကြီး (တတိယပိုင်း)
Vol. 24 Ch. 3.101
ချန်စစ်ယန်၏ ရည်ရွယ်ချက်သည် မည်သို့ပင်ရှိစေကာမူ အခြေအနေအား အနှောက်အယှက် ဖြစ်စေခြင်းအား သူမအောင်မြင်သရွေ့ သူမသည် နတ်ဘုရားမ ဂုဏ်ကို ထိန်းသိမ်းထားနိုင်ပြီး ၎င်းတို့သည်လည်း အနာဂတ်တွင် အခွင့်အရေး ရှိနေဆဲပင်။
"ချန်စစ်ယန်နဲ့ မော့ချုံတို့က ရန်လိုနေကြပေမယ့် သူတို့က ကိုယ့်ဘာသာ လိုက်လျောညီထွေအောင် မနေနိုင်ဘဲ ကိုယ့်ထက် အားနည်းပြီး ငယ်တဲ်ယောက်ျားကို ရှာနေကြတာပဲ!"
တစ်ဖက်မှ ရှောင်းယွင့်ထျန်းလည်း သက်ပြင်းတစ်ချက်ချကာ လေတစ်ချက် ရှူရှိုက်လိုက်၏။
မင်းသမီးလော့ရုံ နှင့် အခြားသူများသည် ချန်စစ်ယန်၏ မျက်လုံးကို ပို၍နှစ်သက်ကြောင်း ချက်ချင်းခံစားလိုက်ရသည်။
"ငါနင်နဲ့ရန်ဖြစ်မှာ မဟုတ်ဘူး... ဒါပေမဲ့ နင့်ကိုကြောက်တယ်လို့ မဆိုလိုဘူး။ ဆေးဥယျာဉ်ကို ကြောက်နေရလို့ပဲ!" သူမ၏ ဒေါသကိုထိန်းကာ မော့ချုံက အံကြိတ်၍
"တကယ်တိုက်ချင်ရင် ဘယ်သူသေပြီး ဘယ်သူ အသက်ရှင်မယ် ဆိုတာ မသေချာဘူး!"
"နင့်ရဲ့ဝိဉာဉ်သားရဲက အစွမ်းထက်တယ် ဆိုတာ ငါသိပါတယ်။ နင်ခေါ်ချင်ရင် ခေါ်လိုက်လေ ငါအဖော်ပြုပြီး ကစားပေးလို့ရတယ်"
ချန်စစ်ယန်သည် သူမ၏ မျက်ခွံများကို ပင့်ထားလိုက်သည်။
"ကောင်းပြီ... အားလုံး ချိုင့်ဝှမ်းကို သွားနေကြတာကို ဒီမှာ ဘာပြောနေကြတာလဲ!!"
အမျိုးသမီး နှစ်ယောက် ငြင်းခုံပြီး အချိန်မရွေး ရန်ဖြစ်တော့မယ် အချိန်မှာတော့ ကြီးကျယ်ခမ်းနားတဲ့ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ အကြီးအကဲ ဖန့်ဝူဆွေ့ ဖြတ်လျှောက်လာခြင်းပင်။
ဒီလူနှစ်ယောက်ထဲက တစ်ယောက်က သားရဲခန်းမက ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ဆေးဥယျာဉ်က။ သူတို့နှစ်ယောက်ကို စော်ကားဖို့ မတတ်နိုင်တဲ့အတွက် သဘာဝအတိုင်း သူတို့ကြားက ပဋိပက္ခတွေကိုလည်း မဖြစ်စေချင်ဘူး။
"အကြီးအကဲဖန့်ကြောင့် ငါ နင်နဲ့ ရန်မဖြစ်တော့ဘူး!"
သူပေါ်လာတာကို မြင်တော့ မော့ချုံလည်း သူတို့နှစ်ယောက် ရန်မဖြစ်နိုင်ဘူး ဆိုတာ သေချာပေါက် သိလိုက်ကြပြီး ချက်ချင်းဆိုသလို ခြေတစ်လှမ်း ဆုတ်ပေးလိုက်သည်။
"ဒါပေမဲ့ ငါဘယ်သူကို ဖိတ်ခေါ်တယ်ဆိုတာ နင်နဲ့ မဆိုင်ဘူး ငါ့တဲကိုလည်း နင်စိတ်ပူနေစရာ မလိုဘူး!"
"လူကဖြင့် နင့်ရဲ့တဲကို မသွားဘူးလို့ ရှင်းရှင်းလင်းလင်း ပြောထားပြီးပြီလေ နင်က အရှက်မဲ့ပြီး အတင်းခေါ်နေသေးတာလား?"
"ငါအတင်းခေါ်တော့ ဘာဖြစ်လဲ?"
မော့ချုံက မျက်ခုံးပင့်လိုက်သည်။
"နင့်ဘာသာ အတင်းခေါ်ခေါ် ငါ့လုပ်ငန်းကို မနှောင့်နှေးစေဖို့ မျှော်လင့်တယ်!"
ချန်စစ်ယန်က သူမလက်ကို ဝှေ့ယမ်းလိုက်သည်။
"နင်လုပ်ချင်တာကို ငါစိတ်မ၀င်စားဘူး! နင့်လောက်လည်း မအားဘူး"
"ဒါဆို ကောင်းပြီ!"
သူမ ဂရုမစိုက်ကြောင်း ကြားတော့ ချန်စစ်ယန်၏ အကြည့်သည် အေးစိမ့်နေသော အကြည့်နှင့် မတူဘဲ ကျောက်စိမ်းမျက်နှာပေါ်မှ အပြုံးဖြင့်
"လူကြီးမင်းလုရွှမ်.... ဒီနေရာက ချိုင့်ဝှမ်းထဲမှာ တည်ရှိနေတာကို လူကြီးမင်းလည်း တွေ့မှာပါ... တဲမရှိရင် ခြင်ကိုက်ခံရရင် အဆင်မပြေဘူး ဒီနေ့ တဲထဲမှာ ဘာလို့မနေတာလဲ? လူကြီးမင်းဆီက ဆေးပညာ ဗဟုသုတတွေကို သင်ကြားချင်ပါသေးတယ်"
ချန်စစ်ယန်၏ အသံသည် ပုလဲများနှင့် ကျောက်စိမ်းများ ပြည့်နေသော ပန်းကန်ပြားကဲ့သို့ ပြတ်သားပြီး ကျယ်လောင်ကာ လူများကို ထူးထူးခြားခြား ပျော်ရွှင်မှုကို ပေးစွမ်းနိုင်သည်။ သူမသည် မော့ချုံကို ရပ်တန့်ရန် မြေကြီးပြိုကွဲစေမည့် အကြောင်းရင်းအချို့ကို ဖော်ထုတ်နိုင်မည်ဟု ထင်မြင်ခဲ့ကြ၏။
အဆုံးတွင် ရလဒ်က ဒီလိုဖြစ်လာလိမ့်မယ်လို့ အမှန်တကယ်ပင် မထင်မှတ်ခဲ့ပေ။
နည်းနည်း ပိုပြောလို့ရမလား? မင်းကပါ လုရွှမ်ကို မင်းရဲ့တဲမှာနေဖို့ ဖိတ်တယ်?? မင်းနောက်နေတာလား?
ဆေးပညာ အကြောင်း သင်ကြားမယ်?
သူသည် ယင်းယန်အကယ်ဒမီ၏ အပြင်ခန်းက အဓိပတိနယ်ပယ်သာ ရှိသော ကျောင်းသားလေး ဖြစ်ပြီး ကြီးကျယ်ခမ်းနားသော ဆေးဥယျာဉ်ရှိ ဆေးဝါးသခင်မချန်ရဲ့ လက်ထောက်အကူက သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၄တောင် ရောက်နေပြီကို လူငယ်လေးဆီက ဆေးပညာဆိုင်ရာ အကြံဉာဏ်ကို တောင်းခံမယ်တဲ့လား။
ဒီအကြောင်းပြချက်က ပိုဆိုးနိုင်သလား?
ပြီးတော့ အရေးကြီးဆုံးကတော့ စကားလုံးကို ပြောင်းလို့ရတယ်လေ။ အပြင်မှာအေးပြီး ခြင်ကိုက်ခံရခြင်း၏ အဆင်မပြေမှုများမှာ မည်ကဲ့သို့ပင် ဖြစ်စေ မိန်းကလေးမော့ချုံ ပြောခဲ့သည့်အတိုင်းပဲ မဟုတ်ပါလား။
အတူတူ ပြောရတာ တကယ် အဆင်ပြေရဲ့လား?
"ငလူး..."
ရှောင်းယွင့်ထျန်းသည် မူလက ပြုံးရုံသာ ရှိပြီး ယခုတောင် သွေးဟောင်းတစ်ခု ပါးစပ်ထဲက ထွက်လာခဲ့ပြန်သည်။
ဒီမျက်နှာကို ရိုက်ခတ်မှုက ပြင်းထန်လွန်းနေပြီ။
သူသည် ကြိုးစားပမ်းစားဖြင့် နတ်ဘုရားမ နှစ်ပါးကို ဖိတ်ခေါ်ရန် အကြော့ဆုံး အမူအရာကို အသုံးပြုခဲ့သော်လည်း ရက်စက်စွာ ငြင်းပယ်ခံခဲ့ရသည်။
နတ်ဘုရားမတွင် ထိုသို့သော အကြံအစည် မရှိခဲ့လျှင် ကောင်းပေလိမ့်မည်။ သို့သော် ယခု သူမတို့သည် ယောက်ျားတစ်ယောက်ကို တစ်ချိန်တည်း ဖိတ်ခေါ်ကာ ရန်ဖြစ်လိုက်သေးသည်။
မင်းတို့နှစ်ယောက်က ငါ့ကို အရှက်ခွဲဖို့ ရောက်နေကြတာလား?
ရှောင်းယွင့်ထျန်း ရူးချင်လာသည်။
"သူက လူကောင်းတစ်ယောက်လို့ ငါထင်ခဲ့တာ...ဒါပေမဲ့ သူက အရူးတစ်ယောက်လို ဖြစ်သွားတာပဲ အရှက်မရှိတဲ့ လူယုတ်မာ လူဆိုးကြီး!"
မင်းသမီးလော့ရုံသည် ဤအလှည့်အပြောင်းကို မမျှော်လင့်ထားပေ။ သူမသည် ဒေါသပေါက်ကွဲ လုနီးပါးဖြစ်နေပြီး သူမ၏လှပသော မျက်နှာသည် ဖျော့တော့သွား၏။
လင်ရှောင်းရှောင်း နှင့် ဟန်ရွှယ်တို့သည်လည်း တစ်ချိန်တည်းတွင် ခေါင်းညိတ်လိုက်ကြသည်။
ချန်စစ်ယန်က မော့ချုံ၏လုပ်ရပ်ကို တားဖို့ သိက္ခာရှိရှိ ပြေးသွားတယ်လို့ ထင်ခဲ့ပေမဲ့ ဒီအမျိုးသမီးက ပိုလို့တောင် အရှက်ကင်းပြီး စိတ်ချလက်ချနဲ့ လုရွှမ်ကို သူမရဲ့ တဲမှာ နေထိုင်ဖို့ ဖိတ်ခေါ်လိုက်ပါသေးသည်။
"အရေးကြီးဆုံးက လုရွှမ်က အရှက်ကင်းမဲ့သူပဲ... သူ နေ့တိုင်း ငါတို့နဲ့ အတူရှိနေပေမယ့် တစ်ချိန်တည်းမှာ ဒီမိန်းမနှစ်ယောက်နဲ့ တွဲနေပြန်ပြီ.... သူက အရူးကောင်ကြီးပဲ"
ဟန်ရွှယ်က ဟစ်အော်လိုက်သည်။
"ဟုတ်တယ်!" လင်ရှောင်းရှောင်းကပါ ဆက်လက် ခေါင်းညိတ်သည်။
အမျိုးသမီး သုံးဦးတို့သည် ဖြောင့်မတ်သော ဒေါသနှင့် ပြည့်နှက်ကာ ဒေါသများ ထွက်လာကြသည်။
မော့ချုံဖြစ်ဖြစ် ချန်စစ်ယန်ဖြစ်ဖြစ် ရုပ်ရည်အရတော့ သူမတို့ထက် မနိမ့်ကျပေ။ သူတို့ရဲ့ ခွန်အားက အဆများစွာ ပိုသန်မာပေမယ့် လုရွှမ်ရဲ့ လှည့်စားမှုကြောင့်သာ မဟုတ်ရင် သူမတို့ရှေ့မှာ ဒီလောက် အရှက်ကွဲမခံဘဲ သူနဲ့နေဖို့ ဘယ်လိုလုပ် ဖိတ်ခေါ်နိုင်မလဲ?
ထို့ကြောင့် အရှက်မဲ့ပြီး အယုတ်မာဆုံးသူမှာ လုရွှမ် ဖြစ်နေဆဲဖြစ်သည်။ ဤအခိုက်အတန့်တွင် သူမတို့၏ နှလုံးသားထဲတွင် အယုတ်မာဆုံးလူသည် အကူအညီမဲ့မှုများနှင့် ပြည့်နေပါ၏။
မိန်းကလေးနှစ်ယောက်၏ ဆိုလိုရင်းကို သူတကယ် နားလည်သည်။
မော့ချုံက သူမနဲ့ အတူ တဲထဲမှာ အနားယူဖို့ ဖိတ်ခေါ်နေတယ်ဆိုတာ သူမက အမှန်အတိုင်း ပြောနေတာပင်။ အဆင့်မြင့်တဲ့ သားရဲတွေကို ထိန်းကျောင်းနိုင်တဲ့ အရည်အချင်းတွေကို သင်ယူချင်တယ်ဆိုရင် သားရဲဘာသာစကားကို သင်ယူခွင့်ရမယ်ဆိုရင် အကောင်းဆုံးပါပဲ။
ချန်စစ်ယန်နဲ့ ပတ်သတ်ပြီး သူမ တဲကို ဖိတ်ရတဲ့ အကြောင်းရင်းက နှစ်ခု ရှိပါသည်။ ပထမ ကတော့ ဆေးပညာ သင်ယူဖို့ နဲ့ ဒုတိယ ကတော့ သူမဟာ မိမိကို ကာကွယ်ဖို့ ဆေးဝါးသခင်မချန်ဆီက အမိန့်ပေးခံထားရတာ ဖြစ်နိုင်သည်။
ဆေးဥယျာဉ်မှ ထွက်လာသောအခါတွင် သူသည် ခြုံခိုတိုက်ခိုက်ခံရပြီး ဤကိစ္စကို တမင်ဖုံးကွယ်ထားခြင်း မရှိပေ။ ဆေးဝါးသခင်မချန် သိရှိရန် အလွန်လွယ်ကူသည်။
ဒီအတွက်သာ မဟုတ်ရင် သူမဟာ အရည်အချင်း အရှိဆုံး လက်အောက်ငယ်သားတွေကို ဒီနေရာကို စေလွှတ်မှာ မဟုတ်ပါဘူး။
"နင်ပြောတော့ ငါက အရှက်မရှိဘူးဆို နင်ကဒီမှာ ပိုပြီး အရှက်မရှိသလိုပဲ!"
မော့ချုံသည် ချန်စစ်ယန်ရဲ့ ကိစ္စက သူမနဲ့မဆိုင်ဘူးလို့ ထင်ခဲ့ပေမယ့် ဒီကိစ္စဖြစ်လာမယ်လို့ သူမမမျှော်လင့်ထားတာကြောင့် ဒေါသတကြီး ဆိုလိုက်သည်။
"မင်း ငါ့လုပ်ငန်းကို ဂရုမစိုက်ဘူးလို့ မပြောနဲ့ ငါလူကြီးမင်းလုရွှမ်ကို ငါ့တဲထဲမှာ နေဖို့ ဖိတ်နေတာ.... ဒါကြောင့် မိုက်မဲတဲ့ စကား ဝင်မပြောနဲ့!"
ချန်စစ်ယန်ကလည်း ပြန်ပြောသည်။
"နင်တော်တော် အရှက်မဲ့တာပဲ"
မော့ချုံ၏ လှပသော မျက်နှာသည် ဒေါသကြောင့် နီရဲသွားသည်။
"တော်လောက်ပြီ! အားလုံးပြန်ကြတော့ ငါဘယ်သူ့တဲမှာမှ မနေဘူး!"
ကောင်မလေးနှစ်ယောက် တင်းမာစွာ ငြင်းခုံနေကြသည်ကို မြင်လိုက်ရတော့ လုရွှမ် သည်းမခံနိုင်တော့ဘဲ ကျယ်လောင်စွာ အော်လိုက်သည်။
အကြပ်အတည်း တစ်ခုသို့ အပြေးအလွှားရောက်ရှိနေပါသည်။ မည်သည့်တဲသို့ သွားသည်ဖြစ်စေ တစ်ဖက်လူ၏ ဖမ်းမိခြင်း ခံရမည်ဖြစ်ပြီး ဗဟုသုတမျိုးစုံကို ရှင်းပြကာ အခြားတစ်ယောက်က ပို၍ပင်ခေါင်းမာလာမည် ဖြစ်သည်။ ထို့ကြောင့် လူတိုင်းကို လျစ်လျူရှုထားလိုက်တာ အကောင်းဆုံးပင်။
ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ ခြင်လို့ခေါ်တဲ့ အရာနဲ့ လေအေးတွေက သူ့အတွက် ဘာမှကို မဖြစ်စေဘူးလေ။
တစ္ဆေအဆင့်လက်နက်နဲ့ ယှဉ်နိုင်တဲ့ ခန္ဓာကိုယ်ကို သာမန်ခြင်တွေ ကိုက်နိုင်ရင် တို့ဟူးတစ်ခြမ်းကို လှီးထုတ်ပစ်သလို သူ့ကိုအလွယ်တကူ သတ်ပစ်နိုင်ပြီပေါ့။
"ကောင်းပါပြီ လူကြီးမင်းလုရွှမ်... ကျွန်မ အရင်ပြန်လိုက်ပါ့မယ်။ လူကြီးမင်း အနားယူချင်ရင် ကျွန်မကို အချိန်မရွေး လာရှာလို့ရပါတယ်"
လူငယ်လေး ဒေါသထွက်လာသည်ကို မြင်တော့ မော့ချုံသည် သူ့စကားကို နားမထောင်ဘဲ မနေဝံ့ပေ။
"သခင်လေး... အနားယူချင်ရင် ကျွန်မဆီကို တိုက်ရိုက်လာလို့ ရပါတယ်... စစ်ယန်က ပြင်ဆင်ပေးထားပါ့မယ်!"
ချန်စစ်ယန်သည် စကား နားမထောင်ဘဲ မနေဝံ့စွာ လှည့်ထွက်သွားခဲ့သည်။
"ပြဿနာတွေ!"
သူတို့ထွက်သွားတာကို မြင်တော့ လုရွှမ်က ခေါင်းခါပြီး သက်ပြင်းချလိုက်တော့သည်။
သူ့အသံ ကျသွားသည်နှင့် အနီးနားရှိ ကျောင်းသားများကို ကြားလိုက်ရပြီး ကျယ်ဝန်းသော နေရာဆီအထိ တိုက်ရိုက် ပျံ့နှံ့သွားခဲ့သည်။
အစ်ကိုရေ ဒါကို ပြဿနာလို့ ခေါ်သလား။
ဒါ ငါတို့အားလုံး အိပ်မက်မက်နေတယ်လို့ ထင်နေတာ မင်းသိလား? ဒါတောင်မင်းက ပြဿနာလို့ ခေါ်နေသေးတယ်ပေါ့။
သူတို့က ယင်းယန်အကယ်ဒမီရဲ့ ကျောင်းသားတွေချည်း ဖြစ်သော်ငြားလည်း ကွာဟချက်ကြီးက ဘယ်လိုလုပ် ဒီလောက်တောင် ကြီးနိုင်ရတာလဲ?