အကြီးအကဲဖန့်အတွက် သင်ခန်းစာ
Vol. 24 Ch. 3.102
ဗုန်း!
မော့ချုံနှင့် ချန်စစ်ယန်တို့ ထွက်ခွာသွားပြီးနောက် လုရွှမ်သည် သူ့ပတ်ဝန်းကျင်ရှိ အကြည့်များကို လျစ်လျူရှုကာ အတားအဆီးကို စတင်ချိုးဖောက်တော့သည်။
ခဏအကြာတွင် သူ့ခန္ဓာကိုယ်ထဲတွင် ဟိန်းဟောက်သံ တစ်ခုထွက်ပေါ်လာပြီး ပထမအဆင့် နန်းတော်ပင်လယ် နှစ်စင်း၏ အတိုင်းအတာသည် တစ်ဖန်တိုးလာခဲ့သည်။ နောက်ပြီး သူ့ရဲ့ခွန်အားတွေလည်း ထပ်ပြီး ဖြတ်ကျော်သွားသည်။
အဓိပတိနယ်ပယ် နှောင်းပိုင်းအဆင့်!
ယခင်ကဲ့သို့ပင် စစ်မှန်သော ဝိညာဥ်စွမ်းအင်၏ စွမ်းအားသည် ၁သိန်း ထပ်မံတိုးလာပြီး ၇သိန်း သို့ ရောက်ရှိသွားသည်။
သာမန် အဓိပတိနယ်ပယ်၏ နှောင်းပိုင်းအဆင့်တွင် စွမ်းအား ၃သိန်း သာရှိပြီး သူ့တွင် ၇သိန်း ရှိနေပြီမို့ နှစ်ဆကျော် ပိုများသည်ဟု ဆိုလို့ရသည်။
နဂါးဆင်ရွှေလက်ဝါး၊ ဆင်သံချပ်ရွှေကိုယ်ထည်နှင့် စိတ်ဝိညာဉ်သခင်၏ စွမ်းအားကို အသုံးမပြုမီ သူသည် အများဆုံး ၂.၉ သန်း ကိုသာ သုံးနိုင်သော်လည်း ယခုအခါ ကန့်သတ်ချက်ကို ကျော်ဖြတ်ပြီမို့ ၃.၀၅ သန်းအထိ ရောက်ရှိသွားပြီ။
ဤသည်မှာ ယွမ်ချီနယ်ပယ်၏ နှောင်းပိုင်းအဆင့်တွင် အားကြီးသောသူများ ပိုင်ဆိုင်သည့် စွမ်းအားဖြစ်နေပြီ ဖြစ်သည်။
အဓိပတိနယ်ပယ် နှောင်းပိုင်းအဆင့်သို့ ရောက်ပြီးနောက် ဝိညာဉ်စွမ်းအင်စုပ်ယူမှု အရှိန်သည် ယခင်ထက် ပိုမိုမြန်ဆန်လာခဲ့သည်။ စိတ်ဝိညာဉ်စွမ်းအား အတိုင်းအတာသည် ၀.၉၉ သာရှိသေးပြီး နောက်ဆုံးအဆင့်သို့ မဖြတ်သေးသော်လည်း ယွမ်ယန်ဝိညာဥ်ချီသည် ပိုမိုလျင်မြန်စွာ ပြေးနေပြီး ဒုတိယနယ်ပယ် တံခါးဖွင့်အဆင့်ကို အောင်မြင်စွာ ဝင်ရောက်လာခဲ့သည်။
အောင်မြင်မှု ပြီးသွားသောအခါတွင် သူသည် သူ၏ လေ့ကျင့်မှုကို အပြည့်အဝ စုစည်းရန် အချိန်အတော်ကြာ လေ့ကျင့်ခဲ့သည်။ လုရွှမ်သည် အသက်ရှူထုတ်ကာ မျက်လုံးများကို ဖွင့်လိုက်သည်။
"သခင်လေး နိုးပြီလား!"
သူ မျက်လုံးဖွင့်လိုက်သည်နှင့် မုယန်ဖုန်းက လျှောက်လာသည်။
"အင်း!"
မထင်မှတ်ဘဲ ခြောက်နာရီ သို့မဟုတ် ခုနစ်နာရီကြာအောင် သူ့လေ့ကျင့်မှုကို ဖြတ်သန်းခဲ့ပြီးနောက် ညဉ့်နက်သွားလေပြီ။
ချိုင့်ဝှမ်းထဲမှာ ညက အုံ့ဆိုင်းနေပြီး ကောင်းကင်မှာ ကြယ်တွေပြည့်နေပြီး ပုရစ်တွေက နေရာတိုင်းကို တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဘာမှမထူးခြားသလို အော်ဟစ်နေ၏။ ရံဖန်ရံခါ အိပ်ပျော်နေတဲ့ ငှက်ရိုင်းတွေက နိုးလာပြီး ကောင်းကင်ဆီသို့ ဟိန်းဟောက်သံနှင့် ပျံသန်းသွားတတ်သေးသည်။
"အကြီးအကဲဖန့်က သခင်လေး ကျင့်ကြံလို့ပြီးရင် သူ့ကိုလာတွေ့ဖို့ ပြောပါတယ်..."
မုယန်ဖုန်းက ဆိုသည်။
"သူ့ကိုတွေ့ရမယ်??"
လုရွှမ် မျက်မှောင်ကြုတ်လိုက်သည်။
အကြီးအကဲဖန့်နဲ့ သူက အဆက်အသွယ် မရှိဘူးလေ။ သူပြောခဲ့တဲ့ စည်းကမ်းတွေကိုလည်း မထိခဲ့ပါဘူး။ ဘာကြောင့် ဒီအချိန်မှာ သူ့ကို တွေ့ချင်နေရတာလဲ။
"ဟုတ်ပါတယ်!" မုယန်ဖုန်း ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ မင်းဒီမှာစောင့်နေ... ငါသွားကြည့်လိုက်မယ်!"
မင်္ဂလာပဲဖြစ်ဖြစ် ကျိန်စာပဲဖြစ်ဖြစ် ဘေးဥပဒ်ပဲဖြစ်ဖြစ် ရှောင်လွှဲလို့ မရပါဘူး။ ထို့အပြင် လုရွှမ်ကတော့ တစ်ဖက်လူရဲ့ တွေးပုံခေါ်ပုံတွေကို စိတ်မ၀င်စားတာကြောင့် စကားအများကြီး မပြောဘဲ လျှောက်သွားခဲ့သည်။
အကြီးအကဲဖန့်သည် ချိုင့်ဝှမ်းတစ်ခုလုံး၏ အလယ်တွင် နေထိုင်သည်။ သူ၏ ကြီးမားသော ခွန်အားဖြင့် ချိုင့်ဝှမ်းတွင် မည်သည့်အရာမျှ ဖြစ်ပျက်နေသမျှ ကာလပတ်လုံး စောင့်ကြည့်နေမည်ဖြစ်ပြီး မည်သူမျှ ရှောင်လွှဲ၍ မရနိုင်ပါ။
ထို့အတွက်ကြောင့် လုရွှမ်သည် သူ့ထံသို့ မရောက်မီ သတိထားမိပြီး မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။
အကြီးအကဲဖန့်သည် အခြားသော ကျောင်းသားများနှင့် မတူပါ။ သူသည်လည်း တဲကို ယူလာခြင်းမရှိဘဲ မြေကြီးပေါ်တွင် တင်ပျဉ်ခွေထိုင်လျက် ကျင့်ကြံနေခဲ့၏။
ဟူ!
သူရှေ့ကိုရောက်တာနဲ့ လုရွှမ်ဟာ သူ့ပတ်ဝန်းကျင်က နေရာလွတ်တွေ ကျဉ်းမြောင်းသွားသလို ခံစားလိုက်ရပြီး အထူးတပ်ဖွဲ့တစ်ခုက စောင့်ကြည့်နေသလိုပင်။
ဤအင်အားသည် အန္တရာယ်မရှိပါ။ စကားဝိုင်းသည် ပေါက်ကြားသွားကာ အခြားသူများ မကြားနိုင်စေရန် ပတ်ဝန်းကျင်ကို ပိတ်ထားရုံသာဖြစ်သည်။
"မင်းနာမည်က လုရွှမ် ဟုတ်တယ်မလား? အကြီးအကဲလုံယွမ်က မင်းကို ဒီကို ကိုယ်တိုင်လာဖိတ်ခဲ့တယ်လို့ ငါကြားတယ်"
အကြီးအကဲဖန့်သည် သူ့ရှေ့က လူငယ်ကို ကြည့်ဖို့ မျက်လုံးကို မော့လိုက်သည်။ သူမလာခင် လုရွှမ်အကြောင်းကို ကြားထားပြီးသားပင်။
ယင်းယန်အကယ်ဒမီကို ရောက်သည်နှင့် တပြိုင်နက် သူသည် ရုန်းရင်းဆန်ခတ် ဖြစ်စေပြီး ရိုင်းစိုင်းသော စကားလုံးများကို ထုတ်ပြောကာ အကြီးအကဲလုံယွမ်ကို လူချင်းတွေ့ရန် တောင်းဆိုခဲ့ကာ အပြင်ဝင်း၏ သခင်သုံးယောက်ကိုပင် ဆက်တိုက်ဆိုသလို ဥပဒေမဲ့ ခေါင်းဖြတ်ပစ်လိုက်သည်။
အခြားသူများက ဤလူသည် ပါရမီရှင်တစ်ဦး၏ မောက်မာမှုနှင့် ရိုင်းစိုင်းမှုတို့ကို ပိုင်ဆိုင်ထားကြောင်း အခြားသူများက ပြောကြသော်လည်း ဤကလေးသည် ဥပဒေမဲ့ပြီး မဆင်မခြင် လွန်ကဲလွန်းသည်ဟု သူခံစားခဲ့ရသည်။
အဲ့ဒါကြောင့် မတွေ့ခင်ကတည်းက နည်းနည်းတော့ သဘောမကျ ဖြစ်မိသည်။
ဒီနေ့ မော့ချုံနဲ့ ချန်စစ်ယန်ကပါ သူ့အတွက် ထပ်ပြီး တိုက်ပွဲဝင်နေတာကို တွေ့ရတော့ သူက သတ္တိရှိရုံ သာမက ညစ်ပတ်တဲ့လူလည်း ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ ဒါက သူ့ကို ပိုလို့တောင် မကျေမနပ် ဖြစ်စေ၏။
"ဟုတ်တယ်!"
လုရွှမ်က သူဘာတွေတွေးနေမှန်း မသိဘဲ ခေါင်းညိတ်လိုက်သည်။
"ဟမ့် မင်းကို ဘယ်သူက ဖိတ်ခေါ်ခဲ့တယ် ဆိုတာကို ငါဂရုမစိုက်ဘူး... လေ့ကျင့်ဖို့ ငါ့နောက်ကို လိုက်တဲ့အခါ မင်း နာခံမှုရှိရမယ် ငါ့ရဲ့ စည်းကမ်းတွေကို မချိုးဖောက်နဲ့ မင်းရဲ့ အဆင့်အတန်းက ဘယ်လိုပဲ ဖြစ်နေပါစေ ငါ မင်းကို သင်ခန်းစာတစ်ခု သင်ပေးဖို့ ဘယ်တော့မှ စိတ်ပျော့နေမှာ မဟုတ်ဘူး!"
သူ့မျက်လုံးများကို မှိတ်ထားရင်း အကြီးအကဲဖန့်က အေးစက်စွာ ဟစ်အော်လိုက်ပြီး သူ့အသံမှာ ထက်မြက် စူးရှလေသည်။
"နားလည်လား??"
"ဒါပဲလား?"
မူလက တစ်ဖက်လူက သူ့ကိုရှာဖို့ ရည်ရွယ်ချက်တစ်ခုခုရှိနေတယ်လို့ သူထင်ခဲ့တာ ဒါကိုကြားတော့ လုရွှမ် ခေါင်းကို ခါယမ်းလိုက်သည်။
"ဘာလဲ? မင်းငါ့စကားကိုတောင် မနာခံချင်ဘူးလား?"
သူ၏ အသွင်အပြင်ကို မြင်လိုက်ရသောအခါ အကြီးအကဲဖန့်သည် မျက်လုံးများကို မှေးကျဉ်းလိုက်ကာ အေးစက်သော အလင်းတန်းတစ်ခုက သူ့မျက်လုံးများထဲတွင် လင်းလက်လာသည်။
စည်းမျဥ်း စည်းကမ်းတွေကို အမြဲတစေ တင်းတင်းကြပ်ကြပ် လိုက်နာစေတတ်သူ တစ်ယောက် အနေနဲ့ သူတို့စည်းကမ်းကို မလိုက်နာရင် ဒေါသအရမ်းထွက်မှာ သေချာပါ၏။
"အဲ့ဒါကို ကျုပ်မလိုက်နာချင်တာ မဟုတ်ဘူး ဒါပေမဲ့ အကြီးအကဲဖန့်ကို တစ်ခုမေးချင်တာ ရှန့်ခုန်းချိုင့်ဝှမ်းအကြောင်း ခင်ဗျားဘယ်လောက်သိလဲ"
လုရွှမ်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
"ငါ ရှန့်ခုန်းချိုင့်ဝှမ်းထဲကို နှစ်ကြိမ် ဝင်ပြီးပြီ ဘယ်လောက်သိလဲ မပြောတတ်ပေမယ့် အရမ်းသိတယ်!"
အကြီးအကဲဖန့်က ဟစ်အော်လိုက်၏။
"ဒါကို နှစ်ကြိမ်ဝင်ပြီးရင် သိသွားရောလား?" လုရွှမ်က ခေါင်းခါလိုက်ပြီး
"ဒါက ရိုးရိုးရှင်းရှင်းလေး ဆိုရင် ချိုင့်ဝှမ်းကို အန္တရာယ်ရှိတဲ့ နေရာလို့ ဘာလို့ခေါ်တာလဲ? ဖွင့်လိုက်တိုင်း မရေမတွက်နိုင်တဲ့ သန်မာသူတွေ ပိတ်မိနေပြီး ဘယ်တော့မှ ပြန်မလာနိုင်ဘူး မဟုတ်လား?"
"ဟမ့်!"
အကြီးအကဲဖန့်က နှာမှုတ်လိုက်သည်။ ကောင်လေးက အမှန်အတိုင်း ပြောနေတာ သူသိပါသည်။
ချိုင့်ဝှမ်း၏ အန္တရာယ်များသော နေရာများသည် အကန့်အသတ် မရှိဟု ဆိုနိုင်သည်။ ၎င်းကို အကြိမ်မည်မျှ ဝင်သည်ဖြစ်စေ အတွင်း၌ ဖြစ်ပျက်နေသည်များကို မည်သူမျှ အသေးစိတ် မပြောနိုင်။
နှစ်ကြိမ်ဝင်ဖူးလို့ သူ့တွင် အတွေ့အကြုံ တချို့ရှိသော်လည်း အားလုံး ဘေးကင်းရန် အာမမခံနိုင်ပါ။ အန္တရာယ်ရှိသော နေရာသို့ ကျရောက်ပါက ကံမကောင်းလျှင် သုတ်သင်ခံရမည် ဖြစ်သည်။ ဤအစမ်းစစ်ဆေးမှုတွင် သူအပါအဝင် မည်သူမျှ ကျန်တော့မည် မဟုတ်ပါ။
"မသေချာဘူး ဆိုမှတော့ ခင်ဗျားပြောခဲ့တဲ့ စည်းကမ်းတွေက ဘယ်မှာ သွားသုံးမှာလဲ? စည်းကမ်းတွေကြောင့် သေသွားရင်ရော? ခင်ဗျားရဲ့ စည်းကမ်းကို လိုက်နာတဲ့ လူတွေကို ချောက်ထဲကျအောင်သာ ပို့ဆောင်မိရင်ရော? အဲ့လိုဆိုရင် ဘယ်လိုသေလို့ သေသွားမှန်းတောင် သိမှာ မဟုတ်ဘူး ခင်ဗျားကျုပ်ကို တင်းတင်းကြပ်ကြပ် ခိုင်းတာကို မလုပ်နိုင်မှာ ကြောက်ရတယ် ရှန့်ခုန်းချိုင့်ဝှမ်းထဲကို ဝင်ပြီးရင် အတွင်းထဲက အခြေအနေအရ ကျုပ်လုပ်ချင်တာကို လုပ်မယ်!"
လုရွှမ်က ပေါ့ပေါ့ပါးပါးလေး ပြောသည်။
"ဟမ့်!"
ကောင်လေးရဲ့ ငြင်းဆိုမှုကို ကြားတော့ အကြီးအကဲဖန့်က မျက်ခုံးပင့်ကာ ဒေါသတကြီး အော်သံများ ထွက်ကျလာပေမဲ့ လှုပ်ရှားခြင်းမျိုး မလုပ်ခဲ့ပါ။
"မင်း အခု အမှားမလုပ်မိသေးပါဘူး မင်းငါ့ရဲ့ စည်းကမ်းတွေကို မချိုးဖောက်သေးဘူး.... မင်းငါ့ကို ဆန့်ကျင်တာအတွက် ငါအခုမင်းကို သင်ခန်းစာမပေးဘူး.... ချိုင့်ဝှမ်းကို ရောက်သွားရင် မင်း နာခံမှုရှိတာ ပိုကောင်းမယ် ဒါက ရှင်းပြချက် မဟုတ်ဘူး သတိပေးတာ!! မဟုတ်ရင် ငါ့ကို အားမနာဘူးဆိုပြီး အပြစ်မတင်နဲ့!"
စကားပြောပြီးနောက် လက်ကိုဝှေ့ယမ်းပြီး
"ပြန်သွား!"
"နှုတ်ဆက်ပါတယ်!"
တစ်ဖက်လူရဲ့ စည်းကမ်းတွေက အရမ်းဟောင်းနေပြီ ဆိုတာ သိထားပေမယ့် သူရှင်းပြလို့ မရရင်တောင် လုရွှမ်ကလည်း ဆက်ရှင်းပြဖို့ စိတ်မ၀င်စားပေ။
တစ်ဖက်လူကို သူချေပတယ်ဆိုတာ သိလျက်နဲ့ တောင့်တင်းတဲ့ တစ်ဖက်က သူ့ကို ကံကောင်းနေတယ်လို့ ထင်နေပုံရ၏။ သူက အမှားမလုပ်ရင် သူ့ကို ပညာပေးဖို့ အရည်အချင်း မရှိသေးဘူးလေ။
"သြော် ဟုတ်သားပဲ အကြီးအကဲဖန့်... ကျွန်တော် မသွားခင် တစ်ခုပြောချင်တယ်!"
ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် လုရွှမ် ရပ်လိုက်ကာ။
"ခင်ဗျားရဲ့ အတွေ့အကြုံ နှစ်ကြိမ်ကို အားကိုးပြီး ချိုင့်ဝှမ်းထဲကို မထိုးဖောက်နိုင်ဘူး.... ဆုံးဖြတ်ချက် မချခင် လိုက်လျောညီထွေဖြစ်အောင် လုပ်ပြီး ပတ်ဝန်းကျင်ကို စောင့်ကြည့်တာ အကောင်းဆုံးပါပဲ မဟုတ်ရင် ဝင်သွားပြီး ပြန်မထွက်လာနိုင်မှာ ကြောက်ရတယ်"
စကားပြီးတာနဲ့ မပြောချင်တော့သည့်နှယ် ခြေဆန့်ပြီး ပြန်ထွက်လာခဲ့လိုက်သည်။
"မင်း!"
မူလက ကောင်လေးကို သင်ခန်းစာကောင်းကောင်းပေးပြီး ကောင်းကောင်း ဆုံးမပေးဖို့ အကြံထုတ်ခဲ့ပေမယ့် ဒီကောင်လေးက သူ့စကားကို နားမထောင်ရုံမက သင်ခန်းစာပါ ပေးခဲ့လိုက်သေးသည်။ အကြီးအကဲဖန့်ဝူဆွေ့ရဲ့ မျက်နှာက ညိုမဲနေပြီး ဒေါသထွက်နေပါပြီ။
"ငတုံး!! မာနကြီးနေဦးပေါ့!"
အချိန်အတော် ကြာပြီးနောက် သူ့ရင်တွင်းက ဒေါသကို မျိုသိပ်လိုက်ပြီး အေးစက်စွာ အော်ဟစ်လိုက်သည်။
အကယ်ဒမီလူကြီး တစ်ယောက် အနေနဲ့ သူ့ကို တခြားလူတွေမြင်ရင် တုန်တုန်ယင်ယင်နဲ့ ဒေါသပင် မထွက်ရဲကြဘူး။ ဒီကလေးကတော့ မနာခံရုံတင် မကဘဲ သင်ခန်းစာပါ ပေးသွား၏။
မိုက်မဲ့လွန်းတယ်၊ မာနကြီးလွန်းတယ်။
"မင်း ငါ့စည်းမျဥ်းတွေကို မချိုးဖောက်မိရင် ပိုကောင်းမယ်!"
အေးစက်သော နှာမှုတ်သံနှင့်အတူ အကြီးအကဲဖန့်သည် သူ့မျက်လုံးများကို ပြန်မှိတ်ထားလိုက်သည်။