← Chapters

ရှန့်ခုန်းမြို့ (ပထမပိုင်း)

Vol. 24 Ch. 3.103

ရှန့်ခုန်းမြို့ (ပထမပိုင်း)

Vol. 24 Ch. 3.103

နောက်တစ်နေ့ မိုးလင်းတော့ အားလုံး ခရီးဆက်ထွက်ပြန်၏။

ယခုတကြိမ် အခက်အခဲ အများအပြား မရှိခဲ့ဘဲ ရှေ့တလမ်းလုံး ခရီးဆက်ရင်း အနားယူရင်းဖြင့် ရက်ပေါင်း ၂၀ ကျော် အဆက်မပြတ် နှင်ခဲ့သည်။

လွန်ခဲ့သည့် ရက်၂၀ တွင် လုရွှမ်သည် တောင်ဖောက် သင်းခွေချပ်နဂါးကို နောက်ထပ် အသွင်ပြောင်းမှု နှစ်ခုကို ပြီးမြောက်အောင် ကူညီပေးခဲ့ပြီး ခန်းမသခင်ဖုန်းမှ ပြင်ဆင်ထားသမျှ အရာများ လုံး၀ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

အသွင်သဏ္ဌာန် ပြောင်းလဲပြီးနောက်တွင် တောင်ဖောက်နဂါး၏ ဝိညာဥ်စွမ်းအင်သည် ပိုမိုအားကောင်းလာခြင်း မရှိသော်လည်း ပိုးအိမ်ထဲတွင် ထုပ်ပိုးထားသကဲ့သို့ ဖြစ်နေသည်။

အရင်က ထက်ထက်ရှည်တဲ့ ဓားတစ်လက် ဖြစ်ခဲ့ရင် အခု ဓားအိမ်တစ်ခုနဲ့ပင် တူနေ၏။

ပြောင်လက် တောက်ပသော အစွန်းများ မရှိသော်လည်း အခွံထဲက ထွက်လိုက်သည်နှင့် ၎င်းသည် ပိုမိုကြီးမားသော ခြိမ်းခြောက်မှုနှင့် လူများကို ပိုမိုကြောက်ရွံ့စေသည်။ ခွန်အားတွေ ထပ်ပြီး တိုးလာတယ်လို့ ပြောရမည်။

အသွင်ပြောင်းခြင်း အောင်မြင်ပြီးနောက်တွင် တောင်ဖောက်နဂါးသည် ၎င်းအား လုံးလုံးထိန်းကျောင်း ပေးခဲ့သော လုရွှမ်၏ အမိန့်ကို နာခံခဲ့သည်။

အသက်ရှူနှုန်းကို နားထောင်၍ အကြီးအကဲဖန့်ပင်လျှင် ၎င်း၏ခွန်အားက မည်မျှရှိသည်ကို မသိခဲ့ဘဲ မော့ချုံတစ်ယောက်သာ အသိဆုံး ဖြစ်နိုင်သည်။

တောင်ဖောက်နဂါး အသွင်ပြောင်းရန် ကူညီပေးရာတွင် သူသည် လုံး၀ မလေ့ကျင့်ခဲ့ပေ။ သူ၏ ကျင့်ကြံမှုကို တိုးတက်စေမည့် အဂ္ဂိရတ်ဆေးကို မသန့်စင်မီ ဝိညာဉ်ကျောက်တုံးကို သပ်သပ်ရပ်ရပ် သန့်စင်ခဲ့သည်။

နောက်ဆုံးတော့ လွန်ခဲ့တဲ့ သုံးရက်လောက်က အဆင့်တစ်ခုကို ထပ်ပြီး ကျော်ဖြတ်ခဲ့ရာ အဓိပတိနယ်ပယ် အထွတ်အထိပ် အဆင့်ကို ရောက်ရှိလာခဲ့သည်။

သူ၏စစ်မှန်သော စွမ်းအင်သည် ၈သိန်း အထိ ရောက်ရှိခဲ့ပြီး သူ၏ ပြည့်စုံသော စွမ်းအားသည် ၃.၂ သန်းအထိ ရောက်ရှိခဲ့သည်။

တောင်ဖောက်နဂါး၏ အသွင်ပြောင်းထားသော နဂါးတစ်ကောင်၏ သွေးသည် သူ့ခန္ဓာကိုယ်အတွက် ဆေးအဆီဖြင့် သန့်စင်ထားသော်လည်း ဤနဂါးသွေးစစ်စစ်သည် သူ့အပေါ် အနည်းငယ်သာ သက်ရောက်မှုရှိတော့သည်။ ဆင်သံချပ် ရွှေကိုယ်ထည်သည် အဆင့်၃ ကျွမ်းကျင်မှု အဆင့်အထိသာ ရောက်ရှိကာ ဆက်လက် မထိုးဖောက်တော့ပေ။

ဒါကို တိုးတက်မှု အများကြီး ရတယ်လို့ မှတ်ယူနိုင်ပါ၏။ အဆင့်တစ်ဆင့်ပြီး တစ်ဆင့် လေ့ကျင့်မယ်ဆိုရင် သုံးလအတွင်းမှာ အဆင့်၃ အောင်မြင်မှုအဆင့်ကို ရောက်သွားနိုင်ပြီး ကြံ့ခိုင်မှုလည်း ထပ်ပြီး တိုးလာလိမ့်မည်။

နဂါးသွေး၏ ပံ့ပိုးမှုမရှိဘဲ ဖြတ်ကျော်လိုပါက အအေးနှင့်အပူကို နှစ်အတော်ကြာ ခံနိုင်ရည်ရှိအောင် မလုပ်ဘဲ ဖြတ်ကျော်ရန် မဖြစ်နိုင်ပေ။

သူသည် ခွန်အားများစွာ တိုးတက်လာသော်လည်း အတိုးတက်ဆုံးသော သူများသည် မင်းသမီးလော့ရုံ၊ မုယန်ဖုန်း နှင့် အခြားသူများဖြစ်သည်။

သူ့တွင် ယခင်က ညွှန်ကြားပြသရန် အချိန်မရှိခဲ့သော်လည်း ယခုအခါ လုံလုံလောက်လောက် အချိန်ပေးကာ အတူနေခဲ့ကြပြီး တစ်သက်တာ ပြုစုပျိုးထောင်မှု အတွေ့အကြုံအရ ယခင်က ဆေးလုံး အမြောက်အမြားနှင့် ပေါင်းစပ်ကာ လင်ရှောင်းရှောင်း၊ ဟန်ရွှယ်၊ ဟွာချောင်၊ လျောက်ချင်းစသော သူ့နောက်သို့ လိုက်လာသူ အားလုံးသည် ၎င်းတို့၏ စိတ်ဓာတ်များ မည်သို့ပင်ရှိစေကာမူ အရည်အသွေးဆိုင်ရာ အပြောင်းအလဲများကို ကြုံတွေ့ခဲ့ရပြီး ၎င်းတို့၏ ခွန်အားမှာလည်း မထင်မှတ်ဘဲ လျင်မြန်စွာ ခုန်တက်ကာ အရှိန်မြှင့်လာခဲ့သည်။

မင်းသမီးလော့ရုံ နှင့် လင်ရှောင်းရှောင်းတို့ကို နမူနာအဖြစ် ယူကြည့်ရလျှင် ကျန်းဝူအကယ်ဒမီမှ ထွက်ခွာသောအခါ ဖိရွှယ်နယ်ပယ်တွင်သာ ရှိသေးသည်။ ယင်းယန်အကယ်ဒမီတွင် ပိုမိုမြန်ဆန်စွာ လေ့ကျင့်ခဲ့ကြလို့ ထုံးရွှမ်နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ထိုကဲ့သို့ တိုတောင်းသော လေ့ကျင့်မှုဖြင့် ရက်ပေါင်း ၂၀ ကျော်အတွင်း နယ်ပယ်များစွာကို ဖြတ်ကျော်ခဲ့ပြီး ဖြစ်သည်။ ယခု အတုတံဆိပ်နယ်ပယ်ကို ဖြတ်ကျော်ကာ ဂိုဏ်းဆရာနယ်ပယယ်၏ အစောပိုင်းအဆင့်သို့ ယမန်နေ့ကပင် ဖြတ်ကျော်သွားခဲ့သည်။

ဟန်ရွှယ်၊ ဟွာချောင်နှင့် အခြားသူများသည် ဂိုဏ်းဆရာနယ်ပယ် ပြီးပြည့်စုံမှုအဆင့်ကို အထပ်ထပ်အခါခါ ထိုးဖောက်မှုများ ပြုလုပ်ခဲ့ကြသည်။ ၎င်းတို့၏ စွမ်းအင်မျယးကို လုံးလုံးလျားလျား ပေါင်းစည်းထားသရွေ့ ၎င်းတို့အား အဓိပတိအဂ္ဂိရတ်ဆေးများကို ပေးအပ်သွားမည် ဖြစ်ပါသည်။

မရေမတွက်နိုင်သော ဆေးလုံးများ၏ အကူအညီဖြင့် ယခင်က အလယ်အလတ်အဆင့်သို့ ရောက်ရှိခဲ့သော မုယန်ဖုန်းအတွက်မူ လုရွှမ်ကဲ့သို့ပင် အဓိပတိနယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။

သို့သော် အထွတ်အထိပ်အဆင့် ဖြစ်သော်လည်း သူ၏ ခွန်အားသည် လုရွှမ်ထက် များစွာ ဆိုးရွားနေသေးသည်။ သူ၏ လက်ရှိခွန်အားဖြင့် ခိုးဝင်တိုက်ခိုက်ရန် စိတ်ဝိညာဉ်သခင် စွမ်းအင်ကို အသုံးမပြုဘဲ ယွမ်ချီနယ်ပယ်ရှိ သန်မာသောသူများကို တိုက်ထုတ်နိုင်ပြီး ပိုင်ရှောင်း၊ ကျန်းရှောက်ချန်နှင့် လုံယိဖျင်တို့လို အဓိပတိနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်တွေပင် သူ့ပြိုင်ဘက် မဖြစ်နိုင်တော့ချေ။

ဒါတောင်မှ မုယန်ဖုန်း အရမ်းကျေနပ်နေပြီ ဖြစ်သည်။ ထိုကဲ့သို့သော အချိန်တိုတိုအတွင်း လျင်မြန်စွာ တိုးတက်လာမှုသည် သူစိတ်ကူးထားတာထက် ကျော်လွန်နေပြီ ဖြစ်သည်။

သူတို့ရဲ့ အရည်အချင်းက လုရွှမ်ထက် ပိုမြင့်တာတော့ မဟုတ်ပေ။ လုရွှမ်ရဲ့ စုစည်းမှုက အရမ်းထူပြီး စစ်မှန်တဲ့ စွမ်းအင်ကို ရေနဲ့ နှိုင်းမယ်ဆိုရင် တခြားသူတွေက ရေပုံးတစ်ပုံးနဲ့ ချီတက်နိုင်ပေမယ့် သူ့မှာ မြစ်တစ်စင်းလို ချီတက်သွားနိုင်၏။

ထိုသို့သော ခိုင်မာသော စုဆောင်းမှုဖြင့် သူ၏ ကျင့်ကြံမှု အရှိန်ကို နှောင့်နှေးစေခဲ့သည်။

"အားလုံး သတိထားပါ.... ရှေ့ကမြို့ကို ရှန့်ခုန်းမြို့လို့ ခေါ်တယ်.... အဲဒီနေရာက ရှန့်ခုန်းချိုင့်ဝှမ်း မဖွင့်ခင်မှာ နေထိုင်ခဲ့တဲ့ နေရာဖြစ်တယ်.... အချိန်ကြာလာတာနဲ့အမျှ မြို့တစ်ခု ဖြစ်ပေါ်လာခဲ့တာ"

အကြီးအကဲဖန့်သည် ပျံသန်းနေသော သားရဲ၏ နောက်ကျောတွင် ရပ်ကာ ရှေ့ကို ညွှန်ပြလာသည်။

သူ့လက်ညှိုး ထိုးပြရာကို လှမ်းကြည့်လိုက်တော့ သူ့ရှေ့မှာ ကြီးကျယ်ခမ်းနားတဲ့ မြို့တစ်မြို့ ပေါ်ထွက်လာ၏။

ဤမြို့သည် ပေရွှီးမြို့ထက် အနည်းငယ် နိမ့်ကျသော်လည်း အဆောက်အဦများ အားလုံးသည် ရှေးဟောင်း အိမ်များဖြစ်ပြီး ရှည်လျားသောသမိုင်းကြောင်းများ ရှိနေဟန်ပင်။

"ရှန့်ခုန်းချိုင့်ဝှမ်း ပွင့်လာတော့ အကျိုးကျေးဇူးတွေ ရချင်သူတွေ မရေမတွက်နိုင်အောင် များပြားနေပြီ... ငါတို့ပေရွှီးအင်ပါယာရဲ့ ယင်းယန်အကယ်ဒမီက ကျောင်းသားတွေတင် မကဘူး... နန်းဟိုင်အင်ပါယာ၊ တုံးရှန့်အင်ပါယာ၊ ရှီးချီအင်ပါယာနဲ့ ထျန်းသုန်းအင်ပါယာက အကယ်ဒမီ ကျောင်းသားတွေလည်း ဒီကိုရောက်နေကြလောက်ပြီ... ပြီးတော့ လေလွင့်ကျင့်ကြံသူ၊ မိသားစုကြီးတွေ၊ တော်ဝင်မိသားစုနဲ့ ဂိုဏ်းအသီးသီးက လူတွေကလည်း တိမ်တွေလို ပေါများနေတဲ့ နေရာပဲ!"

"ရှန့်ခုန်းချိုင့်ဝှမ်းပွင့်ဖို့ အချိန်တစ်ခု လိုသေးတယ်....မြို့ထဲကို ဝင်ပြီးရင် သတိထားနေတာ အကောင်းဆုံးပဲ... အဲဒီမာနကြီးတဲ့ ပါရမီရှင် နှလုံးသားကို ဖယ်ထုတ်ပြီး လူတွေရဲ့ စိတ်ဆန္ဒကို မစော်ကားမိစေနဲ့ မဟုတ်ရင် ဘယ်လိုသေရမှန်း မသိဘဲ သေသွားရလိမ့်မယ်... အကယ်ဒမီကို ဒုက္ခဖြစ်စေမယ့် ဒီလိုဒုက္ခမျိုးကို ကာကွယ်ဖို့ စိတ်မ၀င်စားဘူး!"

အကြီးအကဲဖန့်က အေးစက်စွာ ရှင်းပြသည်။

"ဟုတ်ကဲ့!"

"အကြီးအကဲဖန့် စိတ်မပူပါနဲ့... ကျွန်တော်တို့ သတိထားပါ့မယ်!"

"သေချာပေါက် ဒုက္ခမရောက်စေရဘူး!"

ကျောင်းသား အများအပြား တစ်ချိန်တည်းမှာပင် အော်ဟစ်လာကြသည်။

ပေရွှီးအင်ပါယာ ယင်းယန်အကယ်ဒမီတွင် ဝင်ခွင့်ရသည့် ရှားပါးသော ပါရမီရှင်တစ်ဦး ဖြစ်သော်လည်း လူတိုင်းက ၎င်းတို့သည် ကောင်းကင်နှင့်မြေကြီးတွင် တစ်ဦးတည်းသောသူများဖြစ်သည်ဟု ခံစားမိကြသည်။

တိမ်ပင်လယ် နယ်မြေကြီး တစ်ခုလုံးက တကယ်ကို ကြီးမားလွန်းသည်။ ကျန်းဝူအင်ပါယာလို အောက်နိုင်ငံတွေမှာ လူဦးရေ ၃၆,၀၀၀ လောက်ရှိပြီး ဝူယန်အင်ပါယာလို အလယ်အလတ် နိုင်ငံတွေမှာ ပါရမီရှင် ၈,၀၀၀ လောက် ရှိတယ်လို့ ပြောလို့ရ၏။

ပေရွှီးအင်ပါယာ ကဲ့သို့ အဆင့်အတန်း မြင့်သော နိုင်ငံတစ်ခုတွင် စုစုပေါင်း ၃၀၀၀လောက်သာ ရှိနိုင်သည်။

ထို့ကြောင့် မရေတွက်နိုင်သော သန်မာသူများ ရှိပါသောကြောင့် ဘာပဲလုပ်လုပ် အမြဲသတိထားတာ အကောင်းဆုံး ဖြစ်သည်။

"သတိထားတာ အကောင်းဆုံးပဲ!"

လူတိုင်းနီးပါးက သဘောတူလိုက်ကြပြီး အကြီးအကဲဖန့်ကလည်း ခေါင်းညိတ်လိုက်သည်။

"ရှန့်ခုန်းချိုင့်ဝှမ်းက ငါတို့ ပေရွှီးအင်ပါယာနဲ့ အနီးဆုံး ဖြစ်လို့ ဒီနေရာမှာ ငါတို့ယင်းယန်အကယ်ဒမီရဲ့ အကိုင်းအခက် တစ်ခုရှိတယ်... အဲဒါက အရမ်းကြီးမားတဲ့ ဝင်းကြီးဖြစ်ပြီး လူပေါင်း ၈၀၀ ကျော် နေလို့ရတယ်....ရောက်ပြီးလို့ တစ်ခုခုကြည့်ချင်ရင် အပြင်ထွက်လို့ရပေမယ့် မမှောင်ခင် ပြန်လာရမယ်! ဒါက အမိန့်နဲ့ စည်းကမ်းပဲ"

"ဟုတ်!" အားလုံးက တစ်ပြိုင်တည်း ပြန်ဖြေကြသည်။

"ကောင်းပြီ ဆင်းရအောင်!"

ပြောစရာ လိုသမျှကို ကြိုပြောထားပြီးသား ဖြစ်လို့ အကြီးအကဲ ဖန့်ဝူဆွေ့သည် အပိုစကားတွေ ပြောနေခြင်းကို ရပ်လိုက်ပြီး သူ၏ခြေဖဝါးကို ထိလိုက်ကာ သူ၏ခြေဖဝါးအောက်မှ ပျံသန်းနေသော သားရဲကြီးသည် ရှေ့ကမြို့ထဲသို့ တန်းတန်းမတ်မတ် ပြေးသွားလေသည်။

ရှန့်ခုန်းမြို့သည် ရှေးကျသော အသွင်များရှိပြီး ပတ်ဝန်းကျင်ရှိ နံရံများသည် ပေရွှီးမြို့ကဲ့သို့ အကာအကွယ်ပုံစံများ မပါရှိပါ။ ၎င်းတို့သည် အလွန်ရိုးရှင်းသော သာမန်အပျက်အစီးများဖြင့် စုပုံထားသလို ဖြစ်သည်။

သို့သော် ထိုကဲ့သို့ ကြမ်းတမ်းသော မြို့ရိုးဖြင့် ကာရံထားတာတောင် ရက်စက်ကြမ်းကြုတ်သော သားရဲများ သို့မဟုတ် ဝိညာဥ်သားရဲများ၏ တိုက်ခိုက်ခံရခြင်းမျိုး မရှိပါ။

အဘယ်ကြောင့်ဆိုသော် ထိုသားရဲကြီးများသည် မြို့ထဲတွင် ငါးနှင့် နဂါးများ ရောနှောနေသလို လူမျိုးစုံ ရှိနေကြသည်ကိုလည်း သိကြသောကြောင့် ခိုင်ခံ့သော အချက်မှာ မြို့ရိုးများ သို့မဟုတ် ဖွဲ့စည်းတည်ဆောက်မှုများတွင်မဟုတ်ဘဲ ကျင့်ကြံသူများ အပေါ်တွင်သာ ဖြစ်လေသည်။

မြို့ထဲသို့ဝင်ပြီးနောက် လူတိုင်းသည် ယင်ကောင်များကို လွှတ်လိုက်သကဲ့သို့ လမ်းများပေါ်တွင် လျှောက်သွားကြတော့သည်။

တစ်မြို့လုံးသည် နေရာအရပ်ရပ်မှ စီးပွားရေးသမားများနှင့် ပြည့်နှက်နေပြီး အလွန်အသက်ဝင် စည်ကားလှသည်။

ရှန့်ခုန်းချိုင့်ဝှမ်းဟာ အန္တရာယ်ရှိတဲ့ နေရာတစ်ခုပင်။ တချို့လူတွေက ကိုယ့်အစွမ်းအစကို သိပြီး အဲဒီနေရာကို ဝင်ဖို့ လုံးဝ မစီစဉ်ကြချေ။ သူတို့အားလုံးက စီးပွားရေးလုပ်ဖို့နှင့် အမြန်ငွေရှာဖို့ ဒီမှာ အခြေချ နေထိုင်ကြခြင်းသာ ဖြစ်သည်။

All Chapters