ရှန့်ခုန်းအဆောက်အအုံ
Vol. 24 Ch. 3.105
"သခင်လေးက ထက်မြတ်ပါတယ်... စစ်ယန် ဟန်ဆောင်နေတာကို ရပ်လိုက်ပါမယ်!"
လူငယ်က တိုက်ရိုက်ပြောတတ်ပြီး ခက်ခဲစေတဲ့ ကျင့်ထုံးတွေကို ရှောင်ဖယ်နေတာကို မြင်တော့ ချန်စစ်ယန်ဟာ အဓိပ္ပါယ်မဲ့ စကား မပြောတော့ဘဲ သူမရဲ့ နက်မှောင်တဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်သည်။
"ကျွန်မ မကြာသေးခင် ရက်ပိုင်းက အစိမ်းရောင် မြက်ပင်တစ်ပင်ကို မျက်စိကျမိသွားပါတယ်... မနေ့က အဲဒီဝိညာဥ်မြက်ကို ဝယ်ချင်ခဲ့တယ် ဒါပေမဲ့ တစ်ဖက်လူတောင်းတဲ့ ဈေးက အရမ်းမြင့်နေလို့ မတတ်နိုင်ခဲ့ဘူး ဒါကြောင့် သခင်လေးရဲ အမြင်နဲ့ ကူညီပေးဖို့ တောင်းဆိုချင်ပါတယ်!"
ချန်စစ်ယန်သည် ဆေးဝါးသခင်မချန်ပင် မဖြေရှင်းနိုင်ခဲ့သော ပြဿနာကိုပင် လူငယ်လေး၏ အလွယ်တကူ ဖြေရှင်းနိုင်သော အရည်အချင်းကို သိထားလေသည်။ သူမရှေ့မှ လူငယ်သည် ဆေးပညာအရာ၌ ထူးချွန်ကြောင်း သိသောကြောင့် သူမသည် ဤနေရာကို အထူးတလည် အကြံဥာဏ်တောင်းရန် လာခဲ့ခြင်း ဖြစ်သည်။
"မြက်စိမ်း?" လုရွှမ်က ဆို၏။
"မြေကြီးမြက်မှာ မြက်သုံးမျိုးရှိတယ်... စိမ့်မြက်၊ နှင်းတောထဲက မြက်၊ သဲကန္တာရထဲက မြက်တွေပဲ... အဲဒီအထဲမှာ စိမ့်မြက်က အဖိုးတန်ဆုံး... မင်းမြင်ခဲ့တာက ဘယ်လို အမျိုးအစားလို့ တွေးမိလဲ?"
"ဒါက စိမ့်ထဲက မြက်ပင်ဖြစ်မယ်!"
ချန်စစ်ယန်လည်း သိပ်အတည်မပြုဝံ့ပေ။
"ကောင်းပြီ... ငါလည်း လမ်းလျှောက် ထွက်ချင်နေတာဆိုတော့ ဒါဆို ငါ မင်းနဲ့လိုက်ပြီး ငါဝယ်နိုင်တဲ့ တစ်ခုခု ရှိမရှိ လိုက်ကြည့်မယ်....!"
လုရွှမ် ခေါင်းညိတ် သဘောတူလိုက်သည်။
မြေပြင်မြက်သည် ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ပေးသော အထူးအပင်တစ်မျိုး ဖြစ်ပြီး ကြီးထွားရန်အတွက် မြေကြီး၏ ညစ်ညမ်းသောလေကို စုပ်ယူကာ သန့်ရှင်းသောလေကို ထုတ်လွှတ်ပေးသည်။ ၎င်းသည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၄အတွက် များစွာအထောက်အကူ ဖြစ်စေသည်။
သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၄သည် ကျိုချင်းနယ်ပယ် (စိမ်းပြာနယ်ပယ်) ဖြစ်၏။ ခန္ဓာကိုယ်တွင်းရှိ စွမ်းအားသည် ကြည်လင်ပြီး စိမ်းစိုစေပြီး ပိုမိုသန့်စင်စေသည်။
သာမာန် ကျင့်ကြံမှုတွင် သန့်စင်ပြီး စိမ်းစိုသော ယွမ်ချီများကို ပိုင်းခြားရန် အချိန်များစွာယူရသော်လည်း စိမ်းလန်းသော ဝိညာဥ်မြက်ပင်များနှင့် ဆိုလျှင်တော့ ကွဲပြားသွားမည် ဖြစ်သည်။ ဤအရာအား ဆေးဖက်ဝင် ပစ္စည်းများအဖြစ် ပြုပြင်ဖန်တီးထားပြီး သန့်စင်သော နန်းတော်ပင်လယ်ထဲသို့ အလိုအလျောက် ရောနှောသွားမည်ဖြစ်သည်။
ထိုအခါ အကန့်အသတ်မရှိ လျှို့ဝှက်ဆန်းကြယ်သည့် လန်းဆန်းတက်ကြွမှုများ ကြွယ်ဝလာမည် ဖြစ်သည်။
ချန်စစ်ယန်သည် ကျိုချင်းနယ်ပယ်၏ အရေးကြီးသော အဆင့်သို့ ရောက်ရှိနေပြီး ဖြစ်သောကြောင့် ဤဆေးကို လိုအပ်လေသည်။
ဆေးဥယျာဉ်တွင် ကမ္ဘာပေါ်တွင် ဆေးဖက်ဝင်ပစ္စည်းများ အများဆုံးရှိသည်ဟု ဆိုထားသော်လည်း ၎င်းတွင် ဆေးအမျိုးအစား အားလုံး မရှိပါ။ ထို့အပြင် သူမတို့ ဆေးဥယျာဥ်သည် အကိုင်းအခက် တစ်ခုတွင်သာရှိ၍ မြေကြီး စိမ့်မြက်အကြောင်း ကြားသိရသည်မှာ ဒါပထမဆုံးအကြိမ် ဖြစ်မည်။
ထို့အတွက်ကြောင့် သေချာမှု မရှိချေ။
"သွားကြရအောင်!"
ဆုံးဖြတ်ချက်ချပြီးနောက် လုရွှမ်သည် တုံ့ဆိုင်းရန် စိတ်မ၀င်စားဘဲ ချန်စစ်ယန်နဲ့အတူ အကယ်ဒမီဌာနခွဲ၏ နေအိမ်မှ ထွက်ခွာသွားခဲ့သည်။
လမ်းပေါ်ကို တစ်ဖန်ပြန်ရောက်လာသော် ယခင်အချိန်ကဲ့သို့ အသက်ဝင်နေသေးပြီး လူများ ပို၍ပင် စည်ကားလာသည်။
ရှန့်ခုန်းချိုင့်ဝှမ်းဖွင့်ချိန် နီးလာသည်နှင့်အမျှ အရပ်ရပ်မှလူများ ပိုများလာကာ ရှန့်ခုန်းမြို့ကြီး တစ်ခုလုံး ပြည့်ကျပ်နေပြီ ဖြစ်သည်။
ပေရွှီးမြို့တွင် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က သန်မာသူများကို တွေ့ရန်မလွယ်ကူသော်လည်း ဤနေရာတွင် ၎င်းတို့သည် တရုတ်ဂေါ်ဖီထုပ်များ ကဲ့သို့ဖြစ်ပြီး လမ်းပေါ်တွင် ကြုံသလို တွေ့နေရပါသည်။
အဆင့်၄ အဆင့်၅ရှိသော လူများကိုပင် ပေါပေါများများ တွေ့နေရသည်။
"မင်းတို့ နှစ်ယောက် ငါ့ရဲ့ ရွှေချပ်ဝတ်သစ်သားကို လိုချင်လား? စျေးပေါတယ်နော် မင်းဝယ်ထားသရွေ့တော့ အဲဒါက သေချာပေါက် တန်စေရမယ်!"
လမ်းမပေါ်တွင် လမ်းလျှောက်လာရင်း လူငယ်တစ်ယောက်က တားလိုက်သည်။
"ရွှေချပ်ဝတ်သစ်သား?" လုရွှမ် ထိုအရာကို တစ်ချက်ကြည့်လိုက်ပြီး
"ဒါက ရွှေသံရိုင်းသစ်သားပဲ...မင်းတခြား တစ်ယောက်ကိုတော့ လှည့်စားလို့ ရလိမ့်မယ်ထင်တယ်... ငါ့ကိုတော့ မရဘူး!"
"အိုး... သခင်လေးက တကယ်ကို စူးရှတဲ့ မျက်လုံးတွေ ရှိတာပဲ... ဒါက ရွှေသံရိုင်းသစ်သားပါ.... နှုတ်ဆက်ပါတယ် နှုတ်ဆက်ပါတယ်!"
ချက်ချင်း ဖော်ထုတ်ခံလိုက်ရပြီးနောက် လူငယ်သည် လှည့်၍ ရှက်ရွံ့သော အမူအရာဖြင့် ထွက်သွားလေသည်။
"ဘယ်လိုလုပ် သိတာလဲ"
လုရွှမ်သည် တစ်ဖက်လူ၏ ပစ္စည်းသည် ရွှေချပ်ဝတ်သစ်သား မဟုတ်ဘဲ ရွှေသံရိုင်းသစ်သား ဖြစ်ကြောင်း ပြောလိုက်တာကြောင့် ဆေးဥယျာဉ်မှ ချန်စစ်ယန်ပင် တုန်လှုပ်ခြောက်ခြားသွားသည်။
ရွှေချပ်ဝတ်သစ်သားနှင့် ရွှေသံရိုင်းသစ်သားသည် ပုံသဏ္ဌာန်ချင်း အလွန်တူသော်လည်း ၎င်းတို့၏ ထိရောက်မှုမှာ အလွန်ကွာခြားပါသည်။
လက်နက်အဖြစ် တိုက်ရိုက် အသုံးပြုနိုင်သလို ရွှေသံချပ်ကာကဲ့သို့ မာကျောကာ တစ္ဆေနယ်ပယ် အထွတ်အထိပ်အဆင့် လက်နက်ပင် ချိုးဖျက်၍ မရနိုင်ပေ။ ရွှေသံရိုင်းသစ်သားဟု ခေါ်သော်လည်း သစ်သားခြောက်အဖြစ်သာ အသုံးပြုနိုင်ပြီး အိုးကို မီးရှို့ရန်အတွက် မီးဖိုထဲသို့ ပစ်ထည့်လိုက်သလိုပင်။
ဒီနှစ်ခုကြားက ကွာခြားချက်က အင်မတန် ကြီးလေသည်။ ဆေးဥယျာဉ်မှာ သူမသင်ယူခဲ့တဲ့ အထောက်အထားတွေ အရတော့ ဤအရာ၏ အစစ်အမှန်ကို သိရဖို့ အကိုင်းအခက်တွေပေါ်က အရွက်အရေအတွက်ကို သေချာရေတွက်ဖို့ လို၏။
သို့သော် တစ်ဖက်လူက လှည့်စားပြီးကတည်းက အရွက်တွေကို ဖယ်ရှားခဲ့တာ ကြာလေပြီ။ သူတို့ ဖော်ထုတ်ချင်ရင်တောင် အချိန်တော်တော် ယူရမှာဖြစ်ပြီး သဲလွန်စတွေ ချန်ထားနိုင်လား ဆိုတာ သိနိုင်ဖို့ တစ္ဆေအဆင့် လက်နက်ကိုတောင် ရှာဖို့လိုသေးသည်။
သူ့ရှေ့က လူငယ်လေးကတော့ တစ်ချက်ကြည့်လိုက်ရုံနဲ့ သေချာ ပြောနိုင်လေသည်။ ဒီမြင်ကွင်းက ကြောက်စရာ ကောင်းလွန်းပေ၏။
"ရွှေသံချပ်ဝတ်သစ်သားမှာ နဂါး ဒါမှမဟုတ် ငါးတစ်ကောင်လို အကြေးခွံ ပါးပါးလေး ရှိတယ်။ ဒီလို အကြေးခွံ ပါးပါးလေးတွေကို အများအားဖြင့် မမြင်နိုင်ပေမယ့် နေနဲ့ထိတွေ့တဲ့အခါ ရောင်ပြန်ဟပ်ပြီး ယောင်ဝါးဝါးလေး မြင်နိုင်တယ်.... အခုနက သူထွက်လာတော့ ဖျတ်ကနဲဲ မြင်လိုက်တယ် မင်းပါးစပ်ကို ဖွင့်လိုက်တာနဲ့ သူချက်ချင်း ထွက်သွားလိမ့်မယ်!"
လုရွှမ်သည် သူ၏လျှို့ဝှက်ချက်များကို မဖုံးကွယ်ဘဲ အပြုံးဖြင့် ရှင်းပြသည်။
"တစ်ချက်တည်းနဲ့ အလင်းရဲ့ ရောင်ပြန်ဟပ်တာကို မြင်နိုင်တယ်လား?"
ချန်စစ်ယန် လျှာကို လိပ်လိုက်ရသည်။
သူမသည် အလွန်ကြီးကျယ် ခမ်းနားလှသည့် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၄တွင် အားကောင်းသော်လည်း မမြင်ရချေ။ ထိုကဲ့သို့ အမြင် ရူပါရုံရှိသဖြင့် သူမ အထင်ကြီး လေးစားမိလာသည်။
ဤဇာတ်လမ်းတိုလေး ပြီးနောက် လမ်းပေါ်ရှိလူအများအပြားသည် ၎င်းတို့၏ ဘိုးဘေးများမှ မျိုးဆက်ရှစ်ဆက်အထိ ပေးကမ်းခဲ့သော ရှားပါးရတနာမျိုးစုံကို ယူဆောင်လာခဲ့ကြပြီး သေဆုံးခြင်းမှ ကျဉ်းမြောင်းစွာ လွတ်မြောက်ခဲ့ကြသည့် ရတနာများကို ပြသလာကြသည်။
ရလဒ်ကတော့ ၎င်းတို့အားလုံးကို လုရွှမ်မှ ဖော်ထုတ်နိုင်ခဲ့သည်။ လက်နက်အမျိုးအစားများ၊ ဆေးဖက်ဝင်ပစ္စည်းများ၊ သတ္တုရိုင်းများ စသည်တို့ အားလုံး ပါဝင်ခဲ့သည်။
ချန်စစ်ယန်က နောက်ကနေ လိုက်လာပြီး အစမှအဆုံးထိ ထိတ်လန့်တကြားဖြင့် ခြေထောက်တွေပင် ထုံကျင်လာ၏။
ဤလူငယ်သည် လူသားမဟုတ်ဟု ဆိုနိုင်သည်။ သူမသိသော အရာတစ်ခုမျှ မရှိဟု ထင်ရပေသည်။ ၎င်းသည် ရတနာတစ်ပါး ဖြစ်သရွေ့ အမှန်တရားကို တစ်ချက်ကြည့်ရုံနဲ့ ရှင်းရှင်းလင်းလင်း ပြောပြနိုင်သည်။
သူသည် ရတနာကို ဘယ်အချိန်၌ပင် အတုအဖြစ် ပြုလုပ်ခဲ့ကြောင်း ဘယ်လိုနည်းနဲ့ သုံးကြောင်းပါ ပြောပြနိုင်ရာ ပစ္စည်းရောင်းတဲ့လူက ကြောက်လွန်းလို့ ထွက်ပြေးသွားရရှာ၏။
"ရှင်တကယ်ပဲ အသက်၁၇နှစ်လား?"
သူမထက် အများကြီးငယ်တဲ့ လူငယ်လေးရဲ့ မျက်နှာကို ကြည့်လိုက်ရင်း ချန်စစ်ယန် မထိန်းနိုင်ဘဲ ပြောလိုက်မိသည်။
သူမ မျက်လုံးမှိတ်ထားရင် သူ့ဘေးမှာ ရပ်နေတဲ့လူက ဆယ်ကျော်သက် မဟုတ်ဘဲ မကောင်းဆိုးဝါး တစ်ကောင်လို့ သေချာပေါက် ထင်နေမိလိမ့်မည်။
သူ့အသိပညာသည် အလွန်နက်နဲသောကြောင့် သူမနှင့်နှိုင်းယှဥ်လျှင် သူသည် ငယ်စဉ်ကပင် မသိနားမလည်သူလို ဖြစ်သွားရ၏။
"ရောက်ပြီထင်တယ်!"
သူမမေးခွန်းကို မဖြေဘဲ လုရွှမ် အရှေ့ကို မော့ကြည့်လိုက်သည်။ သေချာတာကတော့ သူတို့နှစ်ယောက်ရှေ့မှာ ကြီးမားတဲ့ ကုန်သွယ်မှု ဈေးကွက်တစ်ခု ကဲ့သို့ အဆောက်အအုံကြီး ပေါ်လာ၏။
ရှန့်ခုန်းအဆောက်အအုံ!
ရှန့်ခုန်းမြို့တွင် အကြီးဆုံး ကုန်သွယ်ရာ နေရာဖြစ်ပြီး ဆေးလုံး၊ လက်နက်များ၊ အစီအရင်၀တ်စုံများ၊ တောင်များ၊ ကျွန်များနှင့် အုပ်ထိန်းသူများပင် ရောင်းဝယ်ဖောက်ကား နိုင်ရုံသာမက စျေးတတ်နိုင်သရွေ့ ဒီမှာ လိုချင်တာတစ်ခုကို ဝယ်ယူရရှိနိုင်သည်။
ရှန့်ခုန်းချိုင့်ဝှမ်း၏ မြေပုံကိုပင် ဝယ်ယူနိုင်သည်ဟု ဆိုကြသည်။
"ဒီမှာပဲ!"
ချန်စစ်ယန်သည် တည်နေရာကို ကြိုပြောပြထားလို့ ရောက်သည်နှင့် စိုက်ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
"နှစ်ယောက်သား ဘာဝယ်ချင်လဲ? အကူအညီ လိုသေးလား?"
လမ်းလျှောက်ခါနီးတွင် အစေခံငယ်တစ်ဦး ရောက်လာပြီး အားတက်သရော ပြုံးကာ သူတို့ကိုလာကြို၏။
"တာဝန်ခံယွင်ကို တွေ့ဖို့ ခေါ်သွားပေးပါ!"
ချန်စစ်ယန်သည် စည်းကမ်းများကို သိပုံရပြီး ဝိညာဥ် ကျောက်တုံးကို ပစ်ပေး၍ တည်ငြိမ်စွာ ပြောလိုက်သည်။
"ကောင်းပြီ... ကျေးဇူးပြုပြီး ဒီဘက်ကို ကြွပါ!"
ဝိညာဉ်ကျောက်တုံးကို ဆုအဖြစ် ကမ်းလှမ်းလာတာကို တွေ့တော့ ကောင်လေးက သူဖောက်သည်ကြီး တစ်ယောက်နဲ့ တွေ့ပြီဟုထင်ကာ သူ့မျက်လုံးတွေက စိတ်လှုပ်ရှားမှုတွေနဲ့ တောက်ပလာ၏။ လမ်းကို အမြန်လျှောက်၍ လမ်းပြလေသည်။
ရှန့်ခုန်းချိုင့်ဝှမ်းသည် အလွန်ကြီးမားပြီး ဧကထောင်ပေါင်းများစွာ ကျယ်ဝန်းသည်။ အထပ်ပေါင်း ဆယ့်ရှစ်ထပ်ဖြင့် ပိုင်းခြားထားသေးသည်။ လူများ များပြားလှသဖြင့် လမ်းများပေါ်၍ ရှုပ်ထွေးနေပါသည်။
အကယ်၍ တစ်စုံတစ်ယောက်ကသာ လမ်းမပြပါက နေရာကိုရှာရင်း အချိန်အနည်းငယ် အတွင်း သင် ပျောက်ဆုံးသွားနိုင်သည်။
ဤနေရာတွင် ရောင်းချသော ပစ္စည်းများသည် ရှုပ်ထွေးသလို ပေါများသည်။ ၎င်းတို့သည် လူတို့ တွေးထင်ထားသည့် အရာအားလုံး ရှိသည်။
"လူကြီးမင်းတို့ ဒီမှာရှိတဲ့ပစ္စည်းတွေကို ကြိုက်ကြလား? စိတ်ဝင်စားရင် ကျွန်တော် အစစ်အမှန်တွေကို ရွေးပေးလို့ ရပါတယ်... အဲဒါတွေကို မကြိုက်ရင် ရှေ့က ပစ္စည်းအစစ်အမှန်ကို ခေါ်သွားလို့ ရပါတယ်။ ရှန့်ခုန်းအဆောက်အအုံက ပစ္စည်း အရည်အသွေးက အထူးကောင်းမွန်တာ သေချာပါတယ်"
ကောင်လေးက လမ်းပြရင်း တစ်ဖက်ကလည်း ရှင်းပြသည်။