← Chapters

တာဝန်ခံယွင်

Vol. 24 Ch. 3.106

တာဝန်ခံယွင်

Vol. 24 Ch. 3.106

"ရတနာအဆောက်အအုံ?"

ချန်စစ်ယန်က သံသယတွေ အပြည့်နဲ့ ကြည့်လိုက်သည်။

"ဟုတ်တယ်.... ရတနာအဆောက်အအုံလေ မိန်းကလေး အဲဒါကို မကြားဖူးဘူးလား? အဂ္ဂိရတ်ဆရာအသင်းနဲ့ ဆေးဥယျာဉ်တို့လို ပြည်မကြီးမှာ အင်အားကြီးတဲ့ အင်အားကြီးတစ်ခုက နေရာတော်တော်များများမှာ အကိုင်းအခက်တွေ ခွဲထားတာ ရှိတယ်။ ဒါကြောင့် ရတနာတွေ စုဆောင်းပြီး အကဲဖြတ်တဲ့ လုပ်ငန်းမှာ အထူးပြုပါတယ်။ ရတနာအကဲဖြတ်သူ တစ်ဦးက ထုတ်ပေးတဲ့ လက်မှတ်တစ်ခု ရှိသရွေ့တော့ အစစ်အမှန်ဖြစ်ကြောင်း အာမခံနိုင်ပြီး အတုဖြစ်ရင် အစားထိုးပေးမှာ"

ကောင်လေးက ရှင်းပြ၏။

"ဒီလိုအလုပ်မျိုး ရှိတယ်လား? ငါဘာလို့အဲ့ဒါကို တစ်ခါမှ မကြားဖူးတာလဲ?" ချန်စစ်ယန်မှာ အံ့သြမှု အပြည့်နှင့်။

"ရတနာအကဲဖြတ်သူတွေက ယေဘူယျအားဖြင့် လေလံပွဲကြီးတွေ ဒါမှမဟုတ် အပျက်အစီးများနဲ့ အန္တရာယ်များတဲ့ နေရာတွေ့မှာ စခန်းချလေ့ရှိပြီး သာမန်မြို့ကြီးတွေ့မှာ မတွေ့ရနိုင်ဘူး... တခြားဟာ မပြောဘဲ ပေရွှီးအင်ပါယာကိုပဲ ကြည့်... အဲဒီမှာဆို ရတနာအဆောက်အအုံရဲ့ အကိုင်းအခတ် ဌာနခွဲ မရှိဘူးလေ"

ကောင်လေးက ပြောပါသည်။

ချန်စစ်ယန်လည်း သဘောတူဟန် ခေါင်းညိတ်လိုက်သည်။ ဒါပထမဆုံးအကြိမ် ကြားလိုက်ရပေမယ့် မြန်မြန်ပဲ နားလည်သွားခဲ့သည်။

ကမ္ဘာပေါ်တွင် သူမတို့၏ ဆေးဥယျာဥ်များကဲ့သို့ အလွန်ထူးခြားသော အသက်မွေးဝမ်းကျောင်း ပညာရပ်များစွာ ရှိလေသည်။ နေရာငယ်များစွာတွင် ဌာနခွဲထားခြင်း မရှိသောကြောင့် ၎င်းတို့အကြောင်းကို မည်သူမျှ မသိပေ။

တခြားဘာမှပြောမနေဘဲ ဒီလူငယ်ရဲ့ ကျန်းဝူအင်ပါယာမှာ သားရဲခန်းမ ဒါမှမဟုတ် ဆေးဥယျာဉ်တောင် မရှိဘူးလို့ပဲ ဆိုကြပါစို့။ သားရဲလေ့ကျင့်ပေးသူနဲ့ ဆေးဆရာကို ဘယ်သူမှ သိမှာ မဟုတ်ဘူး။

ရတနာအကဲဖြတ်သူဆို ပိုလို့တောင် မသိနိုင်တော့ပေ။ ဒါဟာ သတင်းအချက်အလက်ကြောင့် မဟုတ်ဘဲ ကန့်သတ်နေထိုင်မှု ပတ်ဝန်းကျင်ကြောင့်ပင် ဖြစ်သည်။

"ရှင်ဆိုလိုတာက ရတနာအဆောက်အအုံက စိစစ်ထားတဲ့ ရတနာ တစ်ခုခုကို ကျွန်မရှာတွေ့နေသရွေ့ အတုအပတွေ ရှိလာမှာ မဟုတ်ဘူးပေါ့?" ချန်စစ်ယန်က မေးသည်။

"ဒီနည်းနဲ့ ထားလို့ရပါတယ်... ဒါပေမဲ့ ဒီလိုစစ်ဆေးပြီးသား ရတနာရဲ့ စျေးနှုန်းကလည်း အရမ်းစျေးကြီးတယ်... ရတမာရဲ့ စုစုပေါင်းစျေးနှုန်းရဲ့ ၂၀% နီးပါး တိုးသွားတယ်လေ အဲ့တော့ လူတော်တော်များများက ပေးချင်စိတ် မရှိကြတော့ဘူး"

ကောင်လေးက ရယ်လျက် ပြောပြသည်။

အားသာချက်များနှင့် အားနည်းချက်များက နေရာတိုင်းတွင် ရှိပါသည်။ ရတနာအကဲဖြတ်သူသည် အဂ္ဂိရတ်ပညာရှင်၊ အခင်းအကျင်း ဖွဲ့စည်းရေးဆရာ၊ သားရဲထိန်းသူနှင့် အတူတူပင်ဖြစ်သည်။ အထူးအသက် မွေးဝမ်းကျောင်း တစ်ခုအနေဖြင့် လူများကို သူ့အတွက် မချန်ဘဲ ကူညီနိုင်မည် မဟုတ်။

ရတနာတစ်ခု၏ ၂၀ ရာခိုင်နှုန်းသည် ရတနာအကဲဖြတ်သူ အတွက် ဆုလာဘ်ဖြစ်သည်။

ရတနာများကို အကဲဖြတ်ခြင်းသည် လွယ်ကူသည် မဟုတ်ပေ။ လုရွှမ်ကဲ့သို့ တစ်ချက်ကြည့်ရုံဖြင့် အဖြေကို ရနိုင်သည်လည်း မဟုတ်ပါ။ အမျိုးမျိုးသော စမ်းသပ်မှုများ ပြုလုပ်ရမည်ဖြစ်ပြီး အမှားအယွင်း ရှိလို့မရချေ။

ရတနာအကဲဖြတ်သူ တစ်ဦးသည် သူ့ဘဝတွင် အမြင်အာရုံ အခွင့်အရေး သုံးကြိမ်သာ ရှိပြီး သုံးကြိမ်လွဲသွားပါက ရတနာအကဲဖြတ် လုပ်ငန်းမှ ဖယ်ရှားခံရပြီး အရည်အချင်း မပြည့်မီတော့ဟု ဆိုလိုသည်။

ဤအချက်ကြောင့် ရတနာအကဲဖြတ်သူသည် အလွန်ချမ်းသာခြင်း မရှိပါက လူများစွာက ပေးဆောင်ရန် ဆန္ဒမရှိသည့် ရတနာအကဲဖြတ်ခကို မြင့်မားစွာ ကောက်ခံရခြင်းမှာ အတိအကျပင် ဖြစ်သည်။

"ပစ္စည်းအစစ်အမှန်ကို မေ့လိုက်ပါ... တာဝန်ခံယွင်ဆီကို မြန်မြန် သွားကြရအောင်... မနေ့က ဒီကို ရောက်လာပြီး သူနဲ့ ချိန်းထားပြီးသား!"

အစေခံ ကောင်လေးသည် ၎င်းတို့ကို စစ်မှန်သော ထုတ်ကုန်ဧရိယာသို့ ခေါ်ဆောင်သွားသည်ကို တွေ့လိုက်ရသဖြင့် ချန်စစ်ယန်က သူ့ကို ရပ်တန့်ခိုင်းလိုက်သည်။

လုရွှမ် နဲ့ တလမ်းလုံး လာခဲ့တာကြောင့် တစ်စုံတစ်ခုကို အမှန်တကယ် ဝယ်ချင်တယ် ဆိုရင်တောင် ကုန်ပစ္စည်းစစ်စစ်လို့ ခေါ်တဲ့ နေရာကို သွားစရာ မလိုသလို အကဲဖြတ်သူရဲ့ အကဲဖြတ်ခြင်းကိုလည်း မလိုအပ်ဘူးဆိုတာ သူမ သိပါသည်။ သေချာတာကတော့ အတုတွေ ဝယ်မိမှာ မဟုတ်ချေ။

"ကောင်းပြီ!"

နှစ်ယောက်သား မသွားချင်တာ မြင်ရတော့ ကောင်လေးလည်း အတင်းမတိုက်တွန်းဘဲ လှည့်ပြီး လှေကားပေါ် တက်သွားခဲ့သည်။

နှစ်ယောက်သား နောက်မှ နီးနီးကပ်ကပ် လိုက်ကာ လှေကားဆီသို့ လျှောက်သွားကာ ဆယ်ထပ်သို့ ခဏအကြာတွင် ရောက်သွားကြသည်။

"တာဝန်ခံယွင်က အရှေ့က အခန်းထဲမှာ ရှိတယ်... ကျွန်တော် ခင်ဗျားတို့ကို လိုက်ပို့မယ်"

ဆယ်ထပ်ကို ဝင်ပြီးနောက် အခန်းများစွာကို ဆက်တိုက် လှည့်ပတ်ကြည့်ရင်း ကောင်လေးက သူ့ရှေ့က ဧည့်ခန်းကျယ်ကြီးကို လက်ညှိုးထိုးပြပြီး ပြုံးပြုံးလေး ပြောသည်။

"ကောင်းပြီ!"

လုရွှမ်နှင့် ချန်စစ်ယန်တို့က မငြင်းဘဲ နောက်သို့ အနီးကပ်လိုက်ကာ ဝင်လာကြသည်။

ဧည့်ခန်းသည် ကျယ်ဝန်းပြီး စတုရန်းမီတာ ထောင်ပေါင်းများစွာ အကျယ်ရှိ၏။ အမျိုးမျိုးသော ဆေးပင်ဆေးရွက်များဖြင့် ပြည့်နှက်နေလို့ ဒါက ၁၀ထပ် ဖြစ်သည်ကို မသိပါက ဆေးဥယျာဉ်တစ်ခုသို့ ရောက်ရှိနေပြီဟု ထင်ကောင်းထင်သွား နိုင်သည်။

ဆေးပင်များ အစုလိုက် အပုံလိုက် ရှိနေပြီး ဆေး၏ရနံ့သည် နေရာအနှံ့ သင်းပျံ့လျက်ရှိသည်။

ဝန်ထမ်းလေးများရဲ့ ဦးဆောင်မှုအောက်မှာ လူတော်တော် များများက လိုချင်တဲ့ဆေးကို ရှာနေကြပြီ။

"တာဝန်ခံယွင်က ဟိုမှာရောက်နေပြီ....ဟိုကိုသွားရအောင်!"

ကောင်လေးက မော့ကြည့်လိုက်ရင်း မျက်လုံးတွေ တောက်ပလာပြီး ရှေ့ကို ညွှန်ပြလာ၏။ သူ့လက်ညှိုးကို လှမ်းကြည့်လိုက်တော့ ဆေးဖက်ဝင် အပင်တစ်မျိုးရှေ့မှာ တောက်ပနေတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရပ်နေတာကို တွေ့လိုက်ရပြီး သူ့ဘေးမှာ လူနှစ်ယောက် ရပ်နေကာ တစ်ယောက်က အစိမ်းရောင်ဝတ်လုံနဲ့ အဘိုးအိုတစ်ဦးဖြစ်ပြီး နောက်တစ်ယောက်ကတော့ လူငယ်တစ်ဦး ဖြစ်လေသည်။

သက်လတ်ပိုင်း အဘိုးအိုသည် အစိမ်းရောင်ဝတ်ထားသော အဘိုးအိုအား တစ်စုံတစ်ခုကို မိတ်ဆက်ပေးနေပုံ ရသည်။

လုရွှမ်နှင့် ချန်စစ်ယန်တို့သည် လူငယ်၏နောက်သို့ အနီးကပ်လိုက်ကာ လူလတ်ပိုင်း လူရွယ်ဆီသို့ လျှောက်သွားကြသည်။

"တာဝန်ခံယွင်... ဒီမိန်းကလေးက မနေ့က တာဝန်ခံယွင်နဲ့ ချိန်းထားတာ ရှိတယ်လို့ ပြောပါတယ်"

အရှေ့ကို ရောက်သည်နှင့် ကောင်လေးက ပြော၏။

"ခဏလေးပါ!"

လူလတ်ပိုင်းအရွယ် အမျိုးသားသည် အစိမ်းရောင်ဝတ်ရုံ အဖိုးအိုနှင့် စကားပြောနေရာမှ ခေါင်းလှည့်၍ ချန်စစ်ယန်ကို ကြည့်ကာ ချက်ချင်းပင် သူမကို မှတ်မိသွားပြီး အနည်းငယ် ပြုံးကာ

"လတ်စသတ်တော့ အလှမယ် ချန်စစ်ယန်ကိုး!"

"တာဝန်ခံယွင်... ကျွန်မလိုချင်တဲ့ မြက်စိမ်းက ဘယ်မှာလဲ? ကျွန်မရဲ့ မိတ်ဆွေပါလာပြီ သူ့ကိုတစ်ချက်လောက် ပေးပြကြည့်ပါလား ပြဿနာမရှိရင် ကျွန်မချက်ချင်း ဝယ်လိုက်မယ်!"

ချန်စစ်ယန်က ဆို၏။

"မြက်စိမ်း.... ဒါ"

သူ့အမေးကိုကြားတော့ သက်လတ်ပိုင်းအမျိုးသားက သူ့မျက်နှာမှာ ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။

"ဘာဖြစ်နေတာလဲ?"

ချန်စစ်ယန် မျက်မှောင်ကြုတ်သွားသည်။

"ဒီလိုပါ.... မနေ့က မင်းကကြည့်ပြီး ထွက်သွားတော့ မဝယ်ချင်ဘူး ထင်လိုက်တာ.... ဒါကြောင့် တခြားသူကို ရောင်းမယ်လို့ ကတိပေးလိုက်ပြီ...."

လူလတ်ပိုင်းအရွယ် အမျိုးသားက ခါးသက်စွာ ပြုံးပြီး ခေါင်းခါရင်း။

"မြက်စိမ်းက ကျုပ်တို့မှာ ဒီတစ်ပင်ပဲ ရှိတာကို မိန်းကလေးလည်း သိမှာပါ"

"ရှင်ဘာကို ဆိုလိုတာလဲ? ကျွန်မအရင် ကြည့်ခဲ့တာလေ... ဒါကြောင့်အရင်လာတဲ့ သူကို ဦးစားပေးရမယ် မဟုတ်လား? ကျွန်မ လူတစ်ယောက်ကို ခေါ်လာပြီး ဝယ်သင့်သလား သိရအောင် ပြန်လာကြည့်မယ်လို့ မနေ့က ပြောခဲ့တယ်လေ... ဘာလို့ ဒီလိုမျိုး တခြားသူကို ရောင်းဖို့ ကတိပေးလိုက်တာလဲ?"

ချန်စစန်၏ မျက်နှာသည် ရုပ်ဆိုးလာ၏။

စိမ့်မြက် ဝိညာဥ်အပင်သည် သူမ၏ လက်ရှိ ကျင့်ကြံမှုအတွက် များစွာအထောက်အကူ ဖြစ်စေပါသည်။ သူမ ၎င်းကိုကောင်းစွာ အသုံးပြုပါက အဆင့်ငယ် တစ်ခုသို့ တက်လှမ်းနိုင်ပြီး ကျိုချငိးနယ်ပယ်ကို ပိုမိုလျင်မြန်စွာ ရောက်ရှိနိုင်မည် ဖြစ်သည်။

ဤအပင်မျိုးသည် ပေရွှီးအင်ပါယာ၏ ဆေးဘက်ဆိုင်ရာ ဥယျာဉ်တစ်ခုလုံးတွင်ပင် တစ်ပင်မျှ မရှိပါ။ ဤနေရာ တစ်ခုလုံးကို ရှာရန် မလွယ်ကူခဲ့သော်လည်း တစ်စုံတစ်ယောက်သည် ဦးစွာရောက်ရှိသွားခဲ့သည်။

အဘယ်ကြောင့် စိတ်မဆိုးဘဲ နေပါတော့မလဲ။

"မိန်းကလေး စိတ်မပူပါနဲ့... တစ်ဖက်လူက ကျုပ်နဲ့ သဘောတူထားပေမယ့် အတည်မပြုရသေးပါဘူး.... အဲဒါက ဒီက အဘိုးကြီးပါပဲ.... မင်းတကယ်ဝယ်ချင်တယ် ဆိုရင် သူနဲ့ ဆွေးနွေးလို့ရတယ်"

သူမစိုးရိမ်နေတာကို မြင်တော့ သက်လတ်ပိုင်းအမျိုးသားက ကမန်းကတန်း ဝင်ပြောလိုက်ပါသည်။

"ကောင်းပြီ!"

သဘောတူညီချက် တစ်ခုသာ ဖြစ်ကြောင်း ကြားတော့မှ ချန်စစ်ယန် သက်ပြင်းတစ်ချက်ချကာ နှစ်ယောက်သား မဝေးသော နေရာကို မျှော်ကြည့်လိုက်သည်။

အဘိုးအိုသည် အစိမ်းရောင်ဝတ်ရုံကို ၀တ်ထားပြီး လက်နှစ်ဖက်ကို သူ့နောက်ကျောသို့ ပစ်ထားလျက် အတော်လေး ခံ့ညားထည်ဝါနေပုံပေါ်သည်။

လူငယ်သည် သူမနှင့် အတူတူပင် ဖြစ်သော်လည်း အသက်နှစ်ဆယ်ကျော်တွင် သူ့ခွန်အားက တဟုန်ထိုး တိုးလာသဖြင့် အနက်ကို တစ်ချက်ကြည့်၍ မပြောနိုင်သောကြောင့် သူမထက် မနိမ့်ကျနိုင်ပေ။

ထိုကဲ့သို့သော ငယ်ရွယ်စဉ်တွင် ထက်မြက်သော သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၄ စွမ်းအားကို ပိုင်ဆိုင်ထားသူဖြစ်ပြီး အလွန်အစွမ်းထက်သော ပါရမီရှင် တစ်ဦးလည်း ဖြစ်ပုံရသည်။

"အကြီးအကဲ... ရှင်ဝိညာဥ်မြက်စိမ်းကို ဝယ်ချင်တယ်လို့ ကြားမိတယ်!" ချန်စစ်ယန်က အံကြိတ်ပြီး ရှေ့ကို နှစ်လှမ်းလှမ်းလိုက်ကာ။

"ကျွန်မ အဲဒီဆေးဖက်ဝင် အပင်ကို အရေးတကြီး လိုအပ်နေလို့ပါ... မနေ့က တာဝန်ခံယွင်နဲ့လည်း သဘောတူညီမှု ရရှိခဲ့ပါတယ်... ကျွန်မကို ပေးလို့ရမလား မေးချင်ပါတယ်"

၀တ်စုံစိမ်းဝတ် အဘိုးကြီးသည် မလှုပ်မယှက် ကျောနောက်သို့ လက်ပစ်ထားလျက် လျစ်လျူရှုထားသည်။ တစ်ဖက်မှ လူငယ်သည် ထိုစကားကို ကြားသောအခါ ရှေ့သို့ ခြေတစ်လှမ်းတက်လာ၍ လက်ကိုဝှေ့ယမ်းကာ သူ့အသံမှာ အနည်းငယ် အလိုမကျ ဖြစ်နေ၏။

"မရဘူး!"

"ဒါပေမဲ့"

ချန်စစ်ယန် ဆက်ပြောခါနီးတွင် လုရွှမ်က သူမစကားကို အနှောင့်အယှက် ဝင်ပေးလိုက်သည်။

"မလောပါနဲ့... မင်းဝယ်ချင်တဲ့ မြက်ပင်က ဘယ်မှာလဲ? သဘောတူညီချက် တစ်ခုပဲဆိုတော့ ပိုက်ဆံလည်း မရှင်းရသေးဘူး မဟုတ်လား? အဲ့တော့ တစ်ချက်လောက် ပေးကြည့်လည်း ကိစ္စမရှိဘူး ဟုတ်??"

လုရွှမ်က ဆို၏။

"ဟုတ်ပါတယ် ကြည့်မယ်ဆိုရင် အဆင်ပြေပါတယ်.... ဟိုဖက်မှာပါ!"

တာဝန်ခံယွင်သည် ရှေ့သို့ ကမန်းကတန်း လက်ပြလိုက်သည်။

လုရွှမ် မော့ကြည့်လိုက်တော့ စိမ်းစိုနေတဲ့ မြက်ခင်းပြင်မှာ မြက်ပင်တစ်ပင်ကို တွေ့လိုက်ရပြီး ၎င်းထံမှ မွှေးရနံ့တွေလည်း သင်းပျံ့နေလေသည်။

စိမ်းလန်းသော ဝိညာဥ်မြက်ပင်သည် ထန်းပင်ကဲ့သို့ ပင်စည်တစ်ဝိုက်တွင် ပြန့်ကျဲနေသော အရွက်များ ထွက်နေမှလွဲ၍ သာမန်အမြင်ဖြင့် ကြည့်လျှင် စိမ့်မြက်လား၊ နှင်းလွင်ပြင်မြက်လား သို့မဟုတ် သဲကန္တာရမြက်လား ဆိုတာ မပြောနိုင်ပေ။

All Chapters